အရက်သေစာ သောက်စားပြီး ကားမောင်းမိလို့ သမီး၃ယောက်လုံး သေဆုံးခဲ့ရဲ့ ဖခင်ရဲ့ အဖြစ်

0
86

အသက် ၂၆နှစ်အရွယ် Somchai Lurak ဆိုသူ အမျိုးသားဟာ အရက်သေစာ သောက်စားပြီးနောက် မိသားစုနဲ့ အတူ ကားမောင်းထွက်ရင်း ယာဉ်တိုက်မှုနဲ့ ကြုံခဲ့ရပါတယ်။ သူဟာ ကားကို သာမန်ထပ်ပိုပြီး တစ်နာရီကို မိုင် ၈၀နှုန်းလောက်နဲ့ မောင်းနှင်ခဲ့တဲ့ အတွက် အခုလို ယာဉ်တိုက်မှု အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ယာဉ်မောင်းဖြစ်သူ ကာယကံရှင် ကိုယ်တိုင်လည်း ကား အက်စီးဒန့်ကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၅နှစ်အရွယ် Emma Weigand လည်း လက်မောင်းနဲ့ နံရိုးမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးက အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ သူတို့ရဲ့ သမီးလေး ၃ဦးကတော့ ဆုံးပါးသွားခဲ့ရပါတယ်။

အသက် ၆နှစ်၊ ၅နှစ် နဲ့ ၃နှစ်အရွယ်သာ ရှိသေးတဲ့ သမီးလေး ၃ဦးဆုံးပါသွားခဲ့တာြဖစ်ပြီး ဖခင်ဖြစ်သူကတော့ အရက်သေစာသောက်စားပြီး ကားမောင်းရင်း လူသတ်မှု ဖြစ်ခဲ့တာကြောင့် ဥပဒေအရ အရေးယူဖို့ရှိတယ်လို့ အာဏာပိုင်တွေရဲ့ အဆိုအရ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး Somchai ရဲ့ အစ်ကိုဖြစ်သူ အသက် ၃၄နှစ်အရွယ် Anthony Smock က The Sun ကို အခုလို ရင်ဖွင့်ခဲ့ပါတယ်။

“ဒီလို အဆိုးဆုံးအချိန်ကို ပြန်တွေးမိတိုင်း မျက်ရည်ကျမိပါတယ်။ ငါ့တူမလေးတွေရဲ့ လှပတဲ့ အပြုံး၊ ရယ်ရွှင်နေတဲ့မျက်နှာလေး၊ တွေ့တိုင်း ပွေ့ဖက်အနမ်းပေးလေ့ရှိတဲ့ သူတို့ အမူအကျင့်လေးတွေကို အခုချိန်ထိ မေ့လို့ မရနိုင်ဘူး” ဖြစ်နိုင်ရင် “သူတို့လေးတွေကို ပြန်လာစေချင်တယ်၊ ညီလေးကိုလည်း သူရဲ့ သမီးတွေနဲ့အတူတူ ရှိစေချင်တယ်”လို့ ဝမ်းနည်းဖွယ် ရင်ဖွင့်ထားပါတယ်။

လက်ရှိမှာတော့ Somchai ဟာ လည်ပင်မှာရှိတဲ့ အရိုး ၇ဆစ် ပျက်စီးသွားပြီး အောက်ပိုင်းခြေထောက်တွေ လှုပ်ရှားလို့ မရသေးပါဘူး။ ပြန်ကောင်းလာဖို့အတွက် ဆေးဝါးကုသစရိတ် အတော်လေး ကုန်ကျမှာဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်းတွေရဲ့အကူအညီနဲ့တော့ ဆေးကုသဖို့အတွက် ဒေါ်လာ ၅သောင်း အလှူငွေရရှိထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

အရက္ေသစာ ေသာက္စားၿပီး ကားေမာင္းမိလို႔ သမီး၃ေယာက္လုံး ေသဆုံးခဲ့ရဲ့ ဖခင္ရဲ့ အျဖစ္
အသက္ ၂၆ႏွစ္အရြယ္ Somchai Lurak ဆိုသူ အမ်ိဳးသားဟာ အရက္ေသစာ ေသာက္စားၿပီးေနာက္ မိသားစုနဲ႔ အတူ ကားေမာင္းထြက္ရင္း ယာဥ္တိုက္မွုနဲ႔ ၾကဳံခဲ့ရပါတယ္။ သူဟာ ကားကို သာမန္ထပ္ပိုၿပီး တစ္နာရီကို မိုင္ ၈၀ႏွုန္းေလာက္နဲ႔ ေမာင္းႏွင္ခဲ့တဲ့ အတြက္ အခုလို ယာဥ္တိုက္မွု အျဖစ္ဆိုးနဲ႔ ၾကဳံေတြ႕ခဲ့ရတာပါ။

ယာဥ္ေမာင္းျဖစ္သူ ကာယကံရွင္ ကိုယ္တိုင္လည္း ကား အက္စီးဒန္႔ေၾကာင့္ ေအာက္ပိုင္းေသသြားခဲ့ၿပီး ဇနီးျဖစ္သူ အသက္ ၂၅ႏွစ္အရြယ္ Emma Weigand လည္း လက္ေမာင္းနဲ႔ နံရိုးမွာ ျပင္းထန္တဲ့ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ သူတို႔ႏွစ္ဦးစလုံးက အသက္ရွင္က်န္ရစ္ခဲ့ေပမဲ့ သူတို႔ရဲ့ သမီးေလး ၃ဦးကေတာ့ ဆုံးပါးသြားခဲ့ရပါတယ္။

အသက္ ၆ႏွစ္၊ ၅ႏွစ္ နဲ႔ ၃ႏွစ္အရြယ္သာ ရွိေသးတဲ့ သမီးေလး ၃ဦးဆုံးပါသြားခဲ့တာျဖစ္ၿပီး ဖခင္ျဖစ္သူကေတာ့ အရက္ေသစာေသာက္စားၿပီး ကားေမာင္းရင္း လူသတ္မွု ျဖစ္ခဲ့တာေၾကာင့္ ဥပေဒအရ အေရးယူဖို႔ရွိတယ္လို႔ အာဏာပိုင္ေတြရဲ့ အဆိုအရ သိရပါတယ္။ အဆိုပါ ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး Somchai ရဲ့ အစ္ကိုျဖစ္သူ အသက္ ၃၄ႏွစ္အရြယ္ Anthony Smock က The Sun ကို အခုလို ရင္ဖြင့္ခဲ့ပါတယ္။

“ဒီလို အဆိုးဆုံးအခ်ိန္ကို ျပန္ေတြးမိတိုင္း မ်က္ရည္က်မိပါတယ္။ ငါ့တူမေလးေတြရဲ့ လွပတဲ့ အျပဳံး၊ ရယ္ရႊင္ေနတဲ့မ်က္ႏွာေလး၊ ေတြ႕တိုင္း ေပြ႕ဖက္အနမ္းေပးေလ့ရွိတဲ့ သူတို႔ အမူအက်င့္ေလးေတြကို အခုခ်ိန္ထိ ေမ့လို႔ မရနိုင္ဘူး” ျဖစ္နိုင္ရင္ “သူတို႔ေလးေတြကို ျပန္လာေစခ်င္တယ္၊ ညီေလးကိုလည္း သူရဲ့ သမီးေတြနဲ႔အတူတူ ရွိေစခ်င္တယ္”လို႔ ဝမ္းနည္းဖြယ္ ရင္ဖြင့္ထားပါတယ္။

လက္ရွိမွာေတာ့ Somchai ဟာ လည္ပင္မွာရွိတဲ့ အရိုး ၇ဆစ္ ပ်က္စီးသြားၿပီး ေအာက္ပိုင္းေျခေထာက္ေတြ လွုပ္ရွားလို႔ မရေသးပါဘူး။ ျပန္ေကာင္းလာဖို႔အတြက္ ေဆးဝါးကုသစရိတ္ အေတာ္ေလး ကုန္က်မွာျဖစ္ၿပီး မိတ္ေဆြ သူငယ္ခ်င္းေတြရဲ့အကူအညီနဲ႔ေတာ့ ေဆးကုသဖို႔အတြက္ ေဒၚလာ ၅ေသာင္း အလွူေငြရရွိထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here