အရက်မူးပြီး အိမ်သော့ မျိုးချမိလို့ သေလုနီးပါး ဖြစ်ခဲ့ရတဲ့ တရုတ်အမျိုးသား

0
324
အရက်မူ;

များသောအားဖြင့် လူငယ်တော်တော်များများဟာ ရက်သတ္တပတ်တစ်ခုလုံး လုပ်ငန်းခွင်မှာ ပင်ပန်းလာသမျှ တစ်ခါတလေ သူငယ်ချင်းတွေနဲ့အတူ ဆိုင်ထိုင်ပြီး စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့ (သောကြာနေ့)က Guangdong မြို့မှာ နေထိုင်တဲ့ Chang အမည်ရှိ အသက် ၂၆နှစ်အရွယ် တရုတ်အမျိုးသားဟာလည်း အလုပ်ကအပြန် သူငယ်ချင်းတွေနဲ့အတူ ဆိုင်ထိုင်ပြီး သောက်စားကြပါတယ်။

-Advertisement-

သောက်စားပြီးလို့ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ညဥ့်နက်ပိုင်းလောက် အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်တံခါးဖွင့်ဖို့ သော့ပျောက်နေခဲ့ပါတယ်။ အရက်အလွန်မူးနေတဲ့အတွက် အိမ်ထဲဝင်ဖို့ မကြိုးစားတော့ပဲ အိမ်ဝ နားမှာပဲ အိပ်ပျော်သွားခဲ့ပါတယ်။ အဲ့ဒီနောက် အိပ်ရာက နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့ ရင်ဘက်တစ်ခြမ်းက အရမ်းနာကျင်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

ဝေဒနာမခံနိုင်တဲ့အစုံ ဆေးရုံကို သွားကြည့်ပြီး X-Ray ရိုက်ကြည့်တဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သော့တစ်ချောင်း ဝင်နေတာကို တွေ့ခဲ့ရပါတယ်။ သူ့အနေနဲ့ သော့ဟာ သာမန်ကျကျန်ခဲ့တယ်လို့ပဲ ထင်ပေမဲ့ တကယ်တမ်းတော့ အရက်အလွန်မူးပြီး အိမ်သော့ကို မျိုချခဲ့မိတာပဲဖြစ်ပါတယ်။ Chang အနေနဲ့ အရက်အမူးလွန် နေတဲ့အတွက် အဲ့ဒီညက ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိတော့ဘူးလို့ဆိုပါတယ်။ ဆရာဝန်ကလည်း မယုံနိုင်လောက်အောင် သူ့အဖြစ်ကို အံ့သြမိပြီး ခန္ဓာကိုယ်ထဲက သော့ကို အမြန်ဆုံး ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ရပါတယ်။

အညစ်အကြေးအဖြစ် စွန့်ထုတ်ဖို့ကျတော့ အစာပြွန်ကို ထိခိုက်မှာဆိုးတဲ့အတွက် အတင်းအကြပ်လဲ လုပ်ဖို့လည်း အဆင်မပြေလောက်ပါဘူး။ ဒါပေမဲ့ ကံအားလျှော်စွာ အဲ့ဒီအချိန်က အားလပ်ရက်ဖြစ်တဲ့အတွက် ခွဲစိတ်ဆရာဝန်လည်း အဆင့်သင့်ရောက်လာတာကြောင့်Chang မျိုချထားတဲ့ သော့ကို သေချာခွဲစိတ်ပြီး ထုတ်ပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ lifestyle Myanmar ပရိတ်သတ်ကြီးလည်း လူငယ်သဘာဝ သောက်စားမိတဲ့ အခါ အပျော်ကနေ အပျက်မဖြစ်စေရအောင် ဗဟုသုတအနေနဲ့ မျှဝေပေးရခြင်းဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သေလုနီးပါးဖျားနာနေတဲ့ စွန့်ပစ်ကလေးကို မိခင်တစ်ဦးလို ပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုလေး

Zawgyi Fonts

အရက္မူးၿပီး အိမ္ေသာ့ မ်ိဳးခ်မိလို႔ ေသလုနီးပါး ျဖစ္ခဲ့ရတဲ့ တ႐ုတ္အမ်ိဳးသား
မ်ားေသာအားျဖင့္ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ ရက္သတၱပတ္တစ္ခုလုံး လုပ္ငန္းခြင္မွာ ပင္ပန္းလာသမၽွ တစ္ခါတေလ သူငယ္ခ်င္းေတြနဲ႔အတူ ဆိုင္ထိုင္ၿပီး စိတ္ထြက္ေပါက္ရွာတတ္ၾကပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ ၇ရက္ေန႔ (ေသာၾကာေန႔)က Guangdong ၿမိဳ႕မွာ ေနထိုင္တဲ့ Chang အမည္ရွိ အသက္ ၂၆ႏွစ္အရြယ္ တ႐ုတ္အမ်ိဳးသားဟာလည္း အလုပ္ကအျပန္ သူငယ္ခ်င္းေတြနဲ႔အတူ ဆိုင္ထိုင္ၿပီး ေသာက္စားၾကပါတယ္။

ေသာက္စားၿပီးလို႔ သူငယ္ခ်င္းေတြကို ႏွုတ္ဆက္ၿပီး ညဥ့္နက္ပိုင္းေလာက္ အိမ္ျပန္ေရာက္တဲ့အခါမွာေတာ့ အိမ္တံခါးဖြင့္ဖို႔ ေသာ့ေပ်ာက္ေနခဲ့ပါတယ္။ အရက္အလြန္မူးေနတဲ့အတြက္ အိမ္ထဲဝင္ဖို႔ မႀကိဳးစားေတာ့ပဲ အိမ္ဝ နားမွာပဲ အိပ္ေပ်ာ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ အိပ္ရာက နိုးလာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ့ ရင္ဘက္တစ္ျခမ္းက အရမ္းနာက်င္မွုဒဏ္ကို ခံစားခဲ့ရပါတယ္။

ေဝဒနာမခံနိုင္တဲ့အစုံ ေဆး႐ုံကို သြားၾကည့္ၿပီး X-Ray ရိုက္ၾကည့္တဲ့အခါ သူ႔ရဲ့ ခႏၶာကိုယ္ထဲမွာ ေသာ့တစ္ေခ်ာင္း ဝင္ေနတာကို ေတြ႕ခဲ့ရပါတယ္။ သူ႔အေနနဲ႔ ေသာ့ဟာ သာမန္က်က်န္ခဲ့တယ္လို႔ပဲ ထင္ေပမဲ့ တကယ္တမ္းေတာ့ အရက္အလြန္မူးၿပီး အိမ္ေသာ့ကို မ်ိဳခ်ခဲ့မိတာပဲျဖစ္ပါတယ္။ Chang အေနနဲ႔ အရက္အမူးလြန္ ေနတဲ့အတြက္ အဲ့ဒီညက ျဖစ္ပ်က္ခဲ့တာေတြကို မမွတ္မိေတာ့ဘူးလို႔ဆိုပါတယ္။ ဆရာဝန္ကလည္း မယုံနိုင္ေလာက္ေအာင္ သူ႔အျဖစ္ကို အံ့ၾသမိၿပီး ခႏၶာကိုယ္ထဲက ေသာ့ကို အျမန္ဆုံး ဖယ္ရွားဖို႔ လုပ္ေဆာင္ခဲ့ရပါတယ္။

အညစ္အေၾကးအျဖစ္ စြန္႔ထုတ္ဖို႔က်ေတာ့ အစာႁပြန္ကို ထိခိုက္မွာဆိုးတဲ့အတြက္ အတင္းအၾကပ္လဲ လုပ္ဖို႔လည္း အဆင္မေျပေလာက္ပါဘူး။ ဒါေပမဲ့ ကံအားေလၽွာ္စြာ အဲ့ဒီအခ်ိန္က အားလပ္ရက္ျဖစ္တဲ့အတြက္ ခြဲစိတ္ဆရာဝန္လည္း အဆင့္သင့္ေရာက္လာတာေၾကာင့္Chang မ်ိဳခ်ထားတဲ့ ေသာ့ကို ေသခ်ာခြဲစိတ္ၿပီး ထုတ္ေပးနိုင္ခဲ့ပါတယ္။

ကၽြန္ေတာ္တို႔ lifestyle Myanmar ပရိတ္သတ္ႀကီးလည္း လူငယ္သဘာဝ ေသာက္စားမိတဲ့ အခါ အေပ်ာ္ကေန အပ်က္မျဖစ္ေစရေအာင္ ဗဟုသုတအေနနဲ႔ မၽွေဝေပးရျခင္းျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here