အရက္၊ ေဆးဝါးေၾကာင့္ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္ခံရမႈမွ ကာကြယ္ႏိုင္ေစဖို႔အတြက္

0
86

ျမန္မာႏိုင္ငံမွာ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္ခံရမႈ အမ်ားဆံုးဟာ အမ်ိဳးသမီးေတြျဖစ္ေနၿပီး သုေတသနစာရင္း တိတိက်က်မရွိေပမယ့္ တေန႔တျခားျမင့္တက္ေနပါတယ္။ အထူးသျဖင့္ သၾကၤန္လိုေပ်ာ္ပြဲရြင္ပြဲနဲ႔ ခ်စ္သူရည္းစားက႑၊ အေပါင္းအသင္းက႑ ေတြမွာ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္ခံရမႈ အမ်ားဆံုးျဖစ္ေနၿပီး အရက္နဲ႔ေဆးဝါးေၾကာင့္ ကိုယ့္ကိုယ္ကိုကာကြယ္ႏိုင္စြမ္း ပိုမိုက်ဆင္းရပါတယ္။ အရက္ဟာ လူတစ္ေယာက္ရဲ႕႐ုပ္ပိုင္း၊ စိတ္ပိုင္းစြမ္းရည္ကို တားဆီးႏိုင္သလိုပဲ
စိတ္ၾကြမႈနဲ႔ အသိစိတ္လြတ္မႈေၾကာင့္ ယခုလိုအျဖစ္ေတြၾကံဳေတြ႕ေနရတာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အရက္နဲ႔ေဆးဝါးေၾကာင့္ အၾကမ္းဖက္ခံရႏိုင္မႈကေန ကာကြယ္ႏိုင္ဖို႔အတြက္ ယခုအခ်က္ေတြက အေထာက္အကူျဖစ္ေစမွာပါ။ တကယ္လို႔အေပါင္းအသင္းေၾကာင့္ မေသာက္မျဖစ္ေသာက္ရတယ္ဆိုရင္ေတာင္မွ ေဘးကင္းလံုျခံဳဖို႔အတြက္နဲ႔ အႏၱရာယ္ကိုေလ်ာ့က်ေစမွာပါ။

သူငယ္ခ်င္းေတြကို ေစာင့္ၾကည့္ဖို႔မေမ့ပါနဲ႔
ဘယ္လိုေပ်ာ္ပြဲရြင္ပြဲမွာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားတဲ့အခါ အခ်ိန္တိက်စြာနဲ႔ စံုညီစြာေရာက္ရွိေနဖို႔ လိုပါတယ္။ တကယ္လို႔သင္ေစာေစာျပန္မယ္ဆိုရင္ေတာင္မွ စိတ္ခ်ရတဲ့သူငယ္ခ်င္းေတြကို သင္ျပန္မည့္အေၾကာင္းသိရွိပါေစ။ ပါတီပြဲေတြမွာဆိုရင္လည္း သူငယ္ခ်င္းအခ်င္းခ်င္း သတိရွိရွိတြဲေနဖို႔လိုပါတယ္။ တကယ္လို႔ သင့္စိတ္မွာစႏိုးစေနာက္ျဖစ္စရာ တခုခုရွိရင္ သူငယ္ခ်င္းေတြကိုအသိေပးပါ။ သူငယ္ခ်င္းေတြရဲ႕ လံုျခံဳမႈအတြက္လည္း ဂ႐ုစိုက္ေပးပါ။

backup plan ရွိပါေစ
တခါတေလမွာ အစီအစဥ္ေတြကို လွ်င္ျမန္စြာေျပာင္းေပးဖို႔လိုပါတယ္။ ပံုမွန္မဟုတ္တဲ့ အေျခအေနတစ္ခုကို ခံစားမိတဲ့အခါ သင္လုပ္ရမယ့္အစီအစဥ္ကို အလွ်င္အျမန္ေျပာင္းလဲဖို႔ ဆံုးျဖတ္ပါ။ ဥပမာ အခ်ိန္ၾကာျမင့္တဲ့အထိ သူငယ္ခ်င္းေတြက ဆြဲထားရင္ေတာင္မွ အားမနာပဲျပန္ဖို႔ကိုစီစဥ္ပါ။ ကိုယ့္ရဲ႕ဖုန္းကို အျမဲတမ္းအားရွိေနဖို႔လိုပါတယ္။ တကၠစီစီးတဲ့အခါတိုင္း ဖုန္းကေန location share ျခင္း ကားနံပါတ္အား မိသားစုကို မက္ေဆ့ခ်္ပို႔ျခင္းတို႔ကို ေဆာင္ရြက္ပါ။

သင္ဘာကိုေသာက္ေနတယ္ဆိုတာကို သိရွိပါေစ
သင္ေသာက္ေနတဲ့ အခ်ိဳရည္ထဲမွာ အရက္ေရာထားတယ္ဆိုရင္ေတာင္ အဆိုပါအရက္ရဲ႕ အယ္ကိုေဟာပါဝင္မႈပမာဏကို သိရွိေနဖို႔လိုပါတယ္။ ဒီလိုသိရွိႏိုင္ဖို႔အတြက္ အင္တာနက္ကေနရွာေဖြႏိုင္ပါတယ္။ ဘယ္အရာကိုမွလက္လြတ္စပါယ္မေသာက္ပဲ သတိထားေသာက္ျခင္းျဖင့္ သိရွိႏိုင္ပါတယ္။

ကိုယ့္ရဲ႕စိတ္ကိုႏိုးၾကားေနပါေစ
တကယ္လို႔သင့္စိတ္မွာ မလံုျခံဳမႈ၊ စႏိုးစေနာက္နဲ႔ ၊ သကၤာမကင္းမႈ၊စိုးရိမ္မႈတစ္ခုခုကို အလိုလိုခံစားရရင္ အဆိုပါခံစားခ်က္ကို မသိက်ိဳးကၽြံမျပဳလိုက္ပါနဲ႔။ သင္ယံုၾကည္ရတဲ့သူကို ဘယ္ေနရာမွာျဖစ္ျဖစ္ ခ်က္ခ်င္းရွာေဖြပါ၊ ဥပေဒစိုးမိုးမႈရွိတဲ့ ဘယ္အရာကိုပဲျဖစ္ျဖစ္ ဆက္သြယ္ဖို႔မေမ့ပါနဲ႔။

ေသာက္ေနဆဲခြက္ကို မထားခဲ့ပါနဲ႔
တကယ္လို႔ သန္႔စင္ခန္းသြားတာပဲျဖစ္ျဖစ္ ဖုန္းေျပာရင္ပဲျဖစ္ျဖစ္ ေသာက္လက္စခြက္ကို ေမ့ေလ်ာ့ၿပီးမေနပါနဲ႔ ၊ ထားခဲ့မယ္ဆိုရင္ေတာင္ လက္က်န္ေတြကိုသြန္ပစ္ခဲ့ပါ။ ျပန္ေသာက္တဲ့အခါ ထိုခြက္နဲ႔ျပန္မေသာက္ပဲ ခြက္အသစ္နဲ႔ေသာက္ပါ။

သင္မသိတဲ့သူ၊ မယံုရတဲ့သူတိုက္တာကို မေသာက္ပါနဲ႔
သင္မသိတဲ့သူေတြတိုက္တဲ့အရာေတြကို မေသာက္မိေအာင္ေရွာင္က်ဥ္ပါ။ တကယ္လို႔ေသာက္မယ္ဆိုရင္ေတာင္မွ သူတို႔ငွဲ႔ေပးတာကို ဂ႐ုစိုက္ၾကည့္ၿပီး ကိုယ့္ဘာသာယူၿပီးေသာက္ပါ။

ကိုယ့္ကိုယ္ကို သတိထားပါ
” ကိုယ့္ limit ကိုယ္သိဖို႔” ဆိုတဲ့စကားကို သင္ၾကားဖူးပါလိမ့္မယ္။ သင္ပံုမွန္ပဲေသာက္ေသာက္ တခါတေလပဲေသာက္ေသာက္ ကိုယ့္ရဲ႕ခံစားခ်က္နဲ႔ စိတ္ကို အျမဲတမ္းဆန္းစစ္ေနဖို႔လိုပါတယ္။ တကယ္လို႔သင္မူးေနတယ္လို႔ ခံစားမိတာနဲ႔ သူငယ္ခ်င္းကိုေျပာၿပီး အိမ္လိုက္ပို႔ခိုင္းပါ။ ဒီလိုအခ်ိန္မွာ ဘယ္သူကပဲ ေသာက္ဖို႔ေျပာေျပာ လံုးဝျငင္းပါ။

သင့္ခႏၶာကိုယ္ရဲ႕ ခံစားခ်က္ကို ဂ႐ုစိုက္ပါ
သင့္ခႏၶာကိုယ္က ႐ုတ္တရက္ေျပာင္းလဲမႈေတြကို သိရွိေနဖို႔လိုပါတယ္။ သက္ေတာင့္သက္သာထက္ ပိုမူးယစ္သလို ခံစားေနရလားဆိုတာ ဆန္းစစ္ပါ။ တခ်ိဳ႕ေဆးဝါးေတြဟာ အနံ႔၊အရသာ နဲ႔ အေရာင္မရွိၾကပါဘူး၊တကယ္လို႔သင္ေသာက္ေနတဲ့ အခ်ိဳရည္ထဲမွာ ေရာလိုက္ရင္ေတာင္ သင္သတိမထားမိႏိုင္ပါဘူး။ တကယ္လို႔ သင့္ခႏၶာကိုယ္က ပံုမွန္မဟုတ္ဖူးလို႔ ခံစားမိရင္ သူငယ္ခ်င္းကိုေျပာၿပီး လံုျခံဳတဲ့ေနရာကို ပို႔ခိုင္းပါ။

တကယ္လို႔သင့္သူငယ္ခ်င္းကလည္း ေဆးခတ္ခံရတယ္လို႔ သံသယရွိရင္ ရဲစခန္းကိုဖုန္းဆက္ပါ။ တကယ္လို႔ သင္အရက္ေသာက္မိတာေၾကာင့္ လိင္ပိုင္းအၾကမ္းဖက္ခံရရင္ေတာင္မွ သင့္အမွားမဟုတ္ဖူးဆိုတာကို သတိရပါ။ သင္တစ္ေယာက္တည္း ယခုလိုျဖစ္ခဲ့တာမဟုတ္ပါဘူး။ မတရားခံရမႈကို ေရငံုႏႈတ္ပိတ္ၿပီးမေနသင့္ပဲ မိဘေတြနဲ႔ သက္ဆိုင္ရာကို အသိေပးဖို႔လိုပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

အရက်၊ ဆေးဝါးကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှ ကာကွယ်နိုင်စေဖို့အတွက်
မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု အများဆုံးဟာ အမျိုးသမီးတွေဖြစ်နေပြီး သုတေသနစာရင်း တိတိကျကျမရှိပေမယ့် တနေ့တခြားမြင့်တက်နေပါတယ်။ အထူးသဖြင့် သြင်္ကန်လိုပျော်ပွဲရွင်ပွဲနဲ့ ချစ်သူရည်းစားကဏ္ဍ၊ အပေါင်းအသင်းကဏ္ဍ တွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု အများဆုံးဖြစ်နေပြီး အရက်နဲ့ဆေးဝါးကြောင့် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်စွမ်း ပိုမိုကျဆင်းရပါတယ်။ အရက်ဟာ လူတစ်ယောက်ရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းစွမ်းရည်ကို တားဆီးနိုင်သလိုပဲ စိတ်ကြွမှုနဲ့ အသိစိတ်လွတ်မှုကြောင့် ယခုလိုအဖြစ်တွေကြုံတွေ့နေရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရက်နဲ့ဆေးဝါးကြောင့် အကြမ်းဖက်ခံရနိုင်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ယခုအချက်တွေက အထောက်အကူဖြစ်စေမှာပါ။ တကယ်လို့အပေါင်းအသင်းကြောင့် မသောက်မဖြစ်သောက်ရတယ်ဆိုရင်တောင်မှ ဘေးကင်းလုံခြုံဖို့အတွက်နဲ့ အန္တရာယ်ကိုလျော့ကျစေမှာပါ။
သူငယ်ချင်းတွေကို စောင့်ကြည့်ဖို့မမေ့ပါနဲ့
ဘယ်လိုပျော်ပွဲရွင်ပွဲမှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အခါ အချိန်တိကျစွာနဲ့ စုံညီစွာရောက်ရှိနေဖို့ လိုပါတယ်။ တကယ်လို့သင်စောစောပြန်မယ်ဆိုရင်တောင်မှ စိတ်ချရတဲ့သူငယ်ချင်းတွေကို သင်ပြန်မည့်အကြောင်းသိရှိပါစေ။ ပါတီပွဲတွေမှာဆိုရင်လည်း သူငယ်ချင်းအချင်းချင်း သတိရှိရှိတွဲနေဖို့လိုပါတယ်။ တကယ်လို့ သင့်စိတ်မှာစနိုးစနောက်ဖြစ်စရာ တခုခုရှိရင် သူငယ်ချင်းတွေကိုအသိပေးပါ။ သူငယ်ချင်းတွေရဲ့ လုံခြုံမှုအတွက်လည်း ဂရုစိုက်ပေးပါ။

backup plan ရှိပါစေ
တခါတလေမှာ အစီအစဉ်တွေကို လျှင်မြန်စွာပြောင်းပေးဖို့လိုပါတယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ခံစားမိတဲ့အခါ သင်လုပ်ရမယ့်အစီအစဉ်ကို အလျှင်အမြန်ပြောင်းလဲဖို့ ဆုံးဖြတ်ပါ။ ဥပမာ အချိန်ကြာမြင့်တဲ့အထိ သူငယ်ချင်းတွေက ဆွဲထားရင်တောင်မှ အားမနာပဲပြန်ဖို့ကိုစီစဉ်ပါ။ ကိုယ့်ရဲ့ဖုန်းကို အမြဲတမ်းအားရှိနေဖို့လိုပါတယ်။ တက္ကစီစီးတဲ့အခါတိုင်း ဖုန်းကနေ location share ခြင်း ကားနံပါတ်အား မိသားစုကို မက်ဆေ့ချ်ပို့ခြင်းတို့ကို ဆောင်ရွက်ပါ။

သင်ဘာကိုသောက်နေတယ်ဆိုတာကို သိရှိပါစေ
သင်သောက်နေတဲ့ အချိုရည်ထဲမှာ အရက်ရောထားတယ်ဆိုရင်တောင် အဆိုပါအရက်ရဲ့ အယ်ကိုဟောပါဝင်မှုပမာဏကို သိရှိနေဖို့လိုပါတယ်။ ဒီလိုသိရှိနိုင်ဖို့အတွက် အင်တာနက်ကနေရှာဖွေနိုင်ပါတယ်။ ဘယ်အရာကိုမှလက်လွတ်စပါယ်မသောက်ပဲ သတိထားသောက်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

ကိုယ့်ရဲ့စိတ်ကိုနိုးကြားနေပါစေ
တကယ်လို့သင့်စိတ်မှာ မလုံခြုံမှု၊ စနိုးစနောက်နဲ့ ၊ သင်္ကာမကင်းမှု၊စိုးရိမ်မှုတစ်ခုခုကို အလိုလိုခံစားရရင် အဆိုပါခံစားချက်ကို မသိကျိုးကျွံမပြုလိုက်ပါနဲ့။ သင်ယုံကြည်ရတဲ့သူကို ဘယ်နေရာမှာဖြစ်ဖြစ် ချက်ချင်းရှာဖွေပါ၊ ဥပဒေစိုးမိုးမှုရှိတဲ့ ဘယ်အရာကိုပဲဖြစ်ဖြစ် ဆက်သွယ်ဖို့မမေ့ပါနဲ့။

သောက်နေဆဲခွက်ကို မထားခဲ့ပါနဲ့
တကယ်လို့ သန့်စင်ခန်းသွားတာပဲဖြစ်ဖြစ် ဖုန်းပြောရင်ပဲဖြစ်ဖြစ် သောက်လက်စခွက်ကို မေ့လျော့ပြီးမနေပါနဲ့ ၊ ထားခဲ့မယ်ဆိုရင်တောင် လက်ကျန်တွေကိုသွန်ပစ်ခဲ့ပါ။ ပြန်သောက်တဲ့အခါ ထိုခွက်နဲ့ပြန်မသောက်ပဲ ခွက်အသစ်နဲ့သောက်ပါ။

သင်မသိတဲ့သူ၊ မယုံရတဲ့သူတိုက်တာကို မသောက်ပါနဲ့
သင်မသိတဲ့သူတွေတိုက်တဲ့အရာတွေကို မသောက်မိအောင်ရှောင်ကျဉ်ပါ။ တကယ်လို့သောက်မယ်ဆိုရင်တောင်မှ သူတို့ငှဲ့ပေးတာကို ဂရုစိုက်ကြည့်ပြီး ကိုယ့်ဘာသာယူပြီးသောက်ပါ။

ကိုယ့်ကိုယ်ကို သတိထားပါ
” ကိုယ့် limit ကိုယ်သိဖို့” ဆိုတဲ့စကားကို သင်ကြားဖူးပါလိမ့်မယ်။ သင်ပုံမှန်ပဲသောက်သောက် တခါတလေပဲသောက်သောက် ကိုယ့်ရဲ့ခံစားချက်နဲ့ စိတ်ကို အမြဲတမ်းဆန်းစစ်နေဖို့လိုပါတယ်။ တကယ်လို့သင်မူးနေတယ်လို့ ခံစားမိတာနဲ့ သူငယ်ချင်းကိုပြောပြီး အိမ်လိုက်ပို့ခိုင်းပါ။ ဒီလိုအချိန်မှာ ဘယ်သူကပဲ သောက်ဖို့ပြောပြော လုံးဝငြင်းပါ။

သင့်ခန္ဓာကိုယ်ရဲ့ ခံစားချက်ကို ဂရုစိုက်ပါ
သင့်ခန္ဓာကိုယ်က ရုတ်တရက်ပြောင်းလဲမှုတွေကို သိရှိနေဖို့လိုပါတယ်။ သက်တောင့်သက်သာထက် ပိုမူးယစ်သလို ခံစားနေရလားဆိုတာ ဆန်းစစ်ပါ။ တချို့ဆေးဝါးတွေဟာ အနံ့၊အရသာ နဲ့ အရောင်မရှိကြပါဘူး၊တကယ်လို့သင်သောက်နေတဲ့ အချိုရည်ထဲမှာ ရောလိုက်ရင်တောင် သင်သတိမထားမိနိုင်ပါဘူး။ တကယ်လို့ သင့်ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဖူးလို့ ခံစားမိရင် သူငယ်ချင်းကိုပြောပြီး လုံခြုံတဲ့နေရာကို ပို့ခိုင်းပါ။ တကယ်လို့သင့်သူငယ်ချင်းကလည်း ဆေးခတ်ခံရတယ်လို့ သံသယရှိရင် ရဲစခန်းကိုဖုန်းဆက်ပါ။ တကယ်လို့ သင်အရက်သောက်မိတာကြောင့် လိင်ပိုင်းအကြမ်းဖက်ခံရရင်တောင်မှ
သင့်အမှားမဟုတ်ဖူးဆိုတာကို သတိရပါ။ သင်တစ်ယောက်တည်း ယခုလိုဖြစ်ခဲ့တာမဟုတ်ပါဘူး။ မတရားခံရမှုကို ရေငုံနှုတ်ပိတ်ပြီးမနေသင့်ပဲ မိဘတွေနဲ့ သက်ဆိုင်ရာကို အသိပေးဖို့လိုပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here