အမှီအခိုကင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် သင်ကိုယ်တိုင် သက်တောင့်သက်သာခံစားရဖို့ သင်ယူရပါမယ်။ ဒီသဘောအရ တစ်စုံတစ်ယောက်ဟာ မူပိုင်လုပ်လိုတဲ့ တွယ်တာမှုတွေကို စွန့်လွှတ်နိုင်တဲ့အခါ အမှီအခိုကင်းတယ်လို့ ဆိုလိုနိုင်ပါတယ်။ ငယ်စဉ်ကလေးဘဝအတွင်း ကျွန်တော်တို့ဟာ မိဘတွေရဲ့ ဆက်ဆံရေးအပေါ် မူတည်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ထူးခြားသော ပင်ကိုယ်လက္ခဏာအသစ်တွေ ရရှိလာပါတယ်။ အမှီအခိုကင်းသူဟာ self-esteem ကောင်းရပါမယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ဟာ အမှီအခိုကင်းသူဖြစ်ခြင်းအတွက် လက်တွေ့ကျသော အကြံပြုချက် ၈ခုကို သုံးသပ်ပါလိမ့်မယ်။
အမှီအခိုကင်းသူတစ်ယောက်ဖြစ်ဖို့ အသုံးဝင်တဲ့ အကြံပြုချက်များ
၁။ စိတ်ခံစားမှုဆိုင်ရာ အသိအမှတ်ပြုမှုက သင့်အား အမှီအခိုကင်းတဲ့ လူတစ်ယောက် ဖြစ်လာစေဖို့ ကူညီပေးပါတယ်
အမှီအခိုကင်းတဲ့လူတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွယ်တာမှုတွေ မဖြစ်ပေါ်စေဘဲ အခြားသူတွေနဲ့ ပတ်သတ်ဖို့ စီမံကြပါတယ်။ ဒီသဘောဖြင့် အခြားသူတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။

၂။ အိမ်မှုကိစ္စတွေမှာ ပါဝင်ပါ
လွတ်လပ်မှုက ဘဝအခြေအနေအားလုံးနဲ့ သတ်ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေကို ဂရုစိုက်တဲ့ အလေ့အထရှိခြင်းက ကိုယ်အစွမ်းအစကို အကျိုးပြုပါတယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုက သင့်ကို အမှီအခိုကင်းသူတစ်ယောက် ဖြစ်အောင် ကူညီပေးပါတယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက ကျွန်တော်တို့ကို အမှီအခိုကင်းသူဖြစ်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် မိမိရဲ့ အရည်အချင်းကို ယုံကြည်ချက်ရှိသူတွေဟာ ထိန်းချုပ်ထားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပါတယ်။
Self-confidence (မိမိကိုယ်ကို ယုံကြည်မှု) ကို သေးငယ်တဲ့ အောင်မြင်မှုတွေ ဖြစ်ပေါ်လာစေခြင်းဖြင့် ရရှိနိုင်ပါတယ်။ ဥပမာ လက်တွေ့ကျတဲ့ ပန်းတိုင်တွေ သတ်မှတ်ပြီး ရေတိုအတွင်း အောင်မြင်အောင် ပြုလုပ်ခြင်းက ကျွန်တော်တို့အား ပရောဂျက်အသစ်တွေအတွက် လှုံ့ဆော်ပေးပါတယ်။

၄။ တခြားသူတွေရဲ့ အမြင်တွေကို လက်ခံပါ
ဒီအချက်က အမြဲတမ်းမှန်နေဖို့ ဆန္ဒမပြင်းပြတာကို ရည်ညွှန်းပါတယ်။ ပဋိပက္ခထဲမဝင်ဘဲ မတူညီတဲ့အမြင်တွေကို လက်ခံနိုင်တယ်ဆိုတာ နားလည်ခြင်းက လွတ်လပ်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ မတူညီတဲ့ အကြောင်းတရားတွေပေါ်မှာ သင့်အမြင် ကျယ်ပြန်လာစေဖို့ ဆန္ဒရှိတာက အရေးကြီးပါတယ်။

၅။ self-motivated ဖြစ်ခြင်းက အမှီအခိုကင်းသူတစ်ယောက် ဖြစ်လာအောင် ကူညီပေးပါတယ်
တစ်ချို့လူတွေက သူတို့အား လှုံ့ဆော်မှုပေးတဲ့ စကားပြောပေးဖို့အတွက် တခြားသူတွေကို လိုအပ်တတ်ပါတယ်။ သို့သော်လည်း လွတ်လပ်မှုဆီကို လျှောက်လှမ်းနေကြသူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်ဖို့ သူတို့ကိုယ်သူတို့ self-motivate လုပ်နိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကို လှုံဆော်ဖို့ ထိရောက်တဲ့ နည်းလမ်းက မှန်ထဲမှာ ကြည့်ကာ အပြုသဘောဆောင်တဲ့ စကားလုံးတွေ (သို့) ကတိသစ္စာတွေကို ထပ်ခါတလဲလဲပြောခြင်း ဖြစ်ပါတယ်။

၆။ လိုချင်တာကို အမြဲတမ်းမရနိုင်ဘူးဆိုတာ လက်ခံပါ
စိတ်ပျက်အားငယ်မှုကို အတိုင်းအတာတစ်ခုအထိ သည်းခံခြင်းက သင့်ကို အမှီအခိုပိုကင်းစေပါတယ်။ စိတ်ပျက်စရာတွေကို ကျော်လွှားနိုင်တဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်ငြိမ်သက်မှုက အောင်မြင်မှုပေါ်မှာပဲ မူတည်တာ မဟုတ်ပါဘူး။ ရလဒ်တွေအပေါ် မှီခိုမှုနည်းစေဖို့ အတွေ့အကြုံတွေကနေ သင်ယူမှုအပေါ် ပိုအာရုံစိုက်ဖို့ အရေးကြီးပါတယ်။
၇။ သင်ရရှိတဲ့ အချက်အလက်တွေကို အမြဲစစ်ဆေးပါ
အမှီအခိုကင်းတဲ့ လူတွေဟာ တခြားသူတွေပြောတာကို လက်မခံခင် အချက်အလက်ကို စိစစ်ရတာ ပိုကြိုက်ပါတယ်။ ဒီသဘောအရ အချို့သောအကြောင်းအရာတွေကို သုတေသနလုပ်တာက ကျွန်တော်တို့အား စီရင်ချက်ချခြင်းရဲ့ အမှီအခိုကင်းမှုကို ရရှိစေပါတယ်။ တနည်းဆိုရသော ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တွယ်ဖက်မနေတော့ပါဘူး။
၈။ အမှီအခိုကင်းသူဖြစ်ဖို့ သင့်အပြောအဆိုကို တသမတ်တည်း ထားပါ
မတည်နိုင်တဲ့ ကတိတွေကို ပေးတဲ့အခါ ကျွန်တော်တို့ဟာ ကျွန်တော်တို့စကားလုံးတွေရဲ့ ကျွန်တွေ ဖြစ်လာပါတယ်။ အပြောအဆို တသမတ်တည်းရှိခြင်းက သိမြင်မှုကွဲလွဲတာကို ရှောင်ကြဉ်ပါတယ်။ ဆိုလိုတာက အတူယှဉ်တွဲနေထိုင်ဖို့ ကြိုးပမ်းတဲ့ ဆန့်ကျင်ဘက်အတွေးတွေ ရှိမှာမဟုတ်ဘူးလို့ ဆိုလိုပါတယ်။
Lifestyle_Myanmar
LM_Nandar
Source- steptohealth