အမှိုက်စွန့်ပစ်ခြင်းကို လူသားအားလုံး လျစ်လျှူမရှုထားသင့်ကြောင်းဖော်ပြနေတဲ့ ပုံရိပ်အချို့

0
349
စွန့်ပစ်အမှိုက်
စွန့်ပစ်အမှိုက်

စွန့်ပစ်အမှိုက်တွေထဲမှာ အဆိုးရွားဆုံးအမှိုက်ကတော့ ပလက်စတစ်အမှိုက်တွေပဲဖြစ်ပါတယ်။ ဒီပလက်စတစ်အမှိုက်တွေကြောင့် လူအများအပြားဒုက္ခရောက်နေကျတဲ့အပြင် နှစ်စဉ်နှစ်တိုင်း ပင်လယ်နေသတ္တဝါ ၁သိန်းလောက် သေဆုံးပျက်စီးမှုတွေဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူသားတွေအနေနဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကို ပြုပြင်ထိန်းသိမ်းဖို့ အရေးကြီးလာပါပြီး။ ကျွန်တော်တို့တွေရဲ့ စွန့်ပစ်အမှိုက်တွေကြောင့် သတ္တဝါတွေ ဘယ်လိုဒုက္ခနဲ့ ကြုံတွေ့နေရလဲဆိုတာ အောက်က ပုံလေးတွေကို ကြည့်ကြည့်ရင် သိရှိနားလည်လာနိုင်မယ်လို့ ထင်ပါတယ်။

၁။ ပင်လယ်ထဲ စွန့်ပစ်ထားတဲ့ ဘောလုံးအကွဲကြောင့် ဒုက္ခရောက်နေရှာတဲ့ ပင်လယ်ဂဏန်း

၂။ စွန့်ပစ်အမှိုက်တွေများပြားလာတာနဲ့အမျှ အစာရှာဖို့ အခက်တွေပြီး ပလက်စတစ်အမှိုက်တွေကိုသာ အစာအဖြစ်မှတ်ယူ စားသုံးနေတဲ့ တောငန်းတွေဟာ ယခုဆိုရင် အမှိုက်တွေစားသုံးမှုကြောင့် မျိုးသုဉ်လုနီးပါးရှိနေပါပြီ။

၃။ လူတွရဲ့ မဆင်မခြင် ကမ်းခြေပေါ်မှာ အမှိုက်တွေ စွန့်ပစ်သွားမှုကြောင့် ထိုအမှိုက်တွေကို စားသုံးနေတဲ့ ပင်လယ်ဖျံလေး။

၄။ အမှိုက်တွနဲ့ မြောင်ပုတ်တွေကြားမှာ နေထိုင်နေရတဲ့ အခြေခံလူတန်းစားတို့အတွက် ကျန်းမာရေးအရ စိုးရိမ်ဖွယ်ရှိတဲ့ အိန္ဒိယနိုင်ငံ Danapur မြို့ရဲ့ တံတားအောက်မြင်ကွင်း။

၅။ အမှိုက်အိတ်ကို အစာအဖြစ် ချီသွားတဲ့ ကနေဒါနိုင်ငံက အနက်ရောင် ဝက်ဝံကလေး။

၆။ ဖုန်မှုန့်တွေ အမှိုက်တွေကြောင့် လေထုညစ်ညမ်းလို့ စစ်မှုထမ်းအကုန်လုံး နှာခေါင်းစည်းတပ်ထားရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၄ရက်တုန်းက မြင်ကွင်း။

၇။ အာရေဗျပင်လယ်ကမ်းခြေတစ်ခုမှာ မြင်တွေ့ရတဲ့ ပြန်သုံးလို့ရတဲ့ အမှိုက်တွေကို လိုက်လံစုဆောင်းနေတဲ့ ကလေးငယ်။

၈။ အမှိုက်တွေအများအပြားကို မီးရှို့မှုကြောင့် လေထုညစ်ညမ်းရုံပါမက တစ်လမ်းလုံး မီးခိုးငွေ့တွေ ဆိုင်းနေရလို့ လမ်းသွားဖို့ အခက်အခဲဖြစ်နေတဲ့ ပါကစ္စတန် ရဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ မြင်ကွင်း။

၉။ အမှိုက်တွေပြစ်နှက်နေတဲ့ မြစ်ထဲကနေ ပြန်အသုံးပြုလို့ ရမဲ့ ပလက်စတစ်အမှိုက်တွေကို လေတစ်စင်းနဲ့ လိုက်လံ ကောက်နေကြတဲ့ အင်ဒိုနီးရှား ကလေးငယ် ၂ဦး။

၁၀။ Nairobi ရဲ့ အမှိုက်အထူထပ်ဆုံးနဲ့ ညစ်ညမ်းတဲ့ နေရာတစ်ခု။

၁၁။ ညစ်ညမ်းတဲ့ လေထုကြောင့် မျက်နှာဖုံးများတပ်ဆင်ပြီး သွားလာလှုပ်ရှားနေရတဲ့ ဆိုးလ်မြို့ရဲ့ ၂၀၁၉ ခုနှစ် မတ်လ ၅ရက်နေ့ မြင်ကွင်း။

၁၂။ ငါးဖမ်းပိုက်ကွန်အတိုအစတွေနဲ့ လည်ပင်ကို ရစ်ပတ်ခြင်းခံထားရရတဲ့ အသက်ဘေးကြုံတွေနေရတဲ့ ပင်လယ်ဖျံတစ်ကောင်ရဲ့ မြင်ကွင်း။

၁၃။ လေထုညစ်ညမ်းမှု့ကြောင့် စုံတွဲတွေတောင် နှားခေါင်းစည်းတပ်ပြီး Selfie ဆွဲရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရဲ့ အဖြစ်အပျက်။

၁၄။ မနီလာမြို့ရဲ့ စွန့်ပစ်အမှိုက်တွေပြည့်နှက်နေတဲ့ ချောင်းဘေးမှာအိမ်ဆောက်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဒုက္ခ။

၁၅။ သန္တာကျောက်တန်းတွေနဲ့ လှပနေရမဲ့အစား စွန့်ပစ်အမှိုက်တွေနဲ့ အကျီးတည်စေတဲ့ ပင်လယ်ကြီးရဲ့ မြင်ကွင်း။

၁၆။ အမှိုက်တွေကြားမှာ ရေကူးသွားလာနေရတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာပင်လယ်အော်က လူတစ်ဦးရဲ့ မြင်ကွင်း။

၁၇။ ကမ်းခြေရဲ့ အလှအပတွေကို လုံးဝဖျက်စီးပစ်လိုက်တဲ့ ဟောင်ကောင်မြို့က ကမ်းခြေတစ်ခု။

#Lifestyle_Myanmar

#Thar_Nage

နိုင်ငံတကာနဲ့ မတူညီနိုင်တဲ့ ထူးထူးခြားခြား အလေ့အထတွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ

LEAVE A REPLY

Please enter your comment!
Please enter your name here