အမှန်တကယ်ယဥ်ကျေးတဲ့ လူတစ်ယောက်ရဲ့အပြုအမူများ

0
187
- Advertisement -

ယဥ်ကျေးပြီးတော့ရိုးရှင်းတဲ့လုပ်ရပ်တွေက သင့်ဘ၀ကို တိုးတက်စေနိုင်ပါတယ်။ သင်က ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရှိခြင်း၊ လေးစားမှုရရှိခြင်းနှင့် သင့်ရဲ့ယုံကြည်မှုနှင့် လေးစားမှုတွေကိုလည်း တိုးမြှင့်နိုင်ပါတယ်။ ရိုင်းစိုင်းခြင်းက ဘ၀ကို ပိုခက်ခဲစေနိုင်ပါတယ်။

-Advertisement-

သင့်အနေနဲ့ ယဥ်ကျေးမှုတွေကို အလေးအနက်ထားတဲ့ (သို့) မျှော်လင့်ထားတဲ့ မိသားစုတွေမှာ ကြီးပျင်းခဲ့မယ်ဆိုရင် သင့်မှာ သင့်လျော်တဲ့အပြုအမူတွေနှင့် အလေ့အထတွေတော့ရှိနေမှာပါ။ အခြားတစ်ဖက်မှာလည်း သင့်က ယဥ်ကျေးခြင်းရဲ့အရေးကြီးမှုကို သင်ကြားခြင်းမခံခဲ့ရဘူးဆိုရင် တစ်ချို့သောလူမှုရေးပြဿနာတွေရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီကနေ့မှာ ကျွန်တော်တို့အနေနဲ့ သိမ်မွေ့တဲ့လူတွေရဲ့ အလေ့အကျင့် ၁၀မျိုးကို မျှ၀ေပေးလိုက်ပါတယ်။

၁။ ယဥ်ကျေးသူတွေဟာ အလွန်ကောင်းမွန်တဲ့နားထောင်သူတွေဖြစ်တယ်

ယဥ်ကျေးသူတွေဟာ အမြဲတမ်းကောင်းမွန်တဲ့နားထောင်ခြင်းစွမ်းရည်တွေရှိနေတယ်။ တက်ကြွစွာနားထောင်ခြင်းဆိုတာ တစ်ဖက်လူသူပြောသမျှကိုအပြည့်အ၀အာရုံစိုက်ခြင်း၊ နားလည်ခြင်း၊ တုံ့ပြန်ခြင်းနှင့် မှတ်မိခြင်းတို့ပဲ ဖြစ်ပါတယ်။ တက်ကြွစွာနားထောင်သူတွေဟာ တစ်စုံတစ်ယောက်ကို စကားပြောဖို့တိုက်တွန်းကြတယ်။ သူတို့က သူတို့ပြောဖို့ထက် လူတွေရဲ့အတွေးတွေကို ပျံ့လွှင့်ခွင့်ပေးတယ်။

သင့်ရဲ့ နားထောင်ခြင်းစွမ်းရည်တိုးတက်လာစေဖို့ ဖော်ပြပေးမယ့်အရာတွေကို ပြုလုပ်ပါ။ သင်နဲ့ စကားပြောနေတဲ့လူတွေကို အပြည့်အ၀ဂရုစိုက်ပါ။ သင့်ရဲ့ အာရုံပျံ့လွှင့်မှုကို ပြန်ဆွဲယူပါ။မျက်လုံးချင်း ဆက်သွယ်ထားပါ။ ခေါင်းညိတ်ခြင်းနှင့် အပြုသဘောဆောင်တဲ့ ကိုယ်ခန္ဓာဘာသာစကားကိုအသုံးပြုခြင်းဖြင့် သင်နားထောင်နေကြောင်း ပြပါ။ စပီကာရဲ့ စကားတွေကို ပြန်လည်တွေးတောဆင်ခြင်ပြီးတော့ သင့်လျော်တဲ့ တုံ့ပြန်ချက်ကိုပေးပါ။ အရေးကြီးဆုံးကတော့ လုံး၀မလိုအပ်ဘဲကြားဖြတ်မလုပ်ပါနဲ့။

၂။ သူတို့က မကြာခဏပြုံးကြတယ်

တစ်ခါတလေမှာ သင့်ရဲ့ရွှင်လန်းမှုက သင့်အပြုံးရဲ့အရင်းအမြစ်ဖြစ်ပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ သင့်ရဲ့အပြုံးတွေက သင့်ပျော်ရွှင်မှုရဲ့အရင်းအမြစ်လည်းဖြစ်နိုင်ပါတယ်။

တစ်ယောက်ယောက်က ပြုံးနေတာကိုမြင်တဲ့အခါမှာ သင့်အနေနဲ့ ဘယ်လိုထင်လဲ။ ဟုတ်ပါတယ် အဲ့ဒီ့လူအများစုလိုပဲပြုံးချင်တယ်။ တစ်ယောက်ယောက်က သင့်ကိုပြုံးပြလာတဲ့အခါ ဘာကြောင့်ပြန်ပြုံးပြချင်ရတာလဲလို့ စဥ်းစားဖူးပါလား။ တကယ်တော့ ပြုံးခြင်းက ယဥ်ကျေးတဲ့အပြုအမူတစ်ခုဖြစ်တဲ့အပြင် ပြုံးခြင်းက ကူးစက်တတ်လို့ပါတဲ့။

၃။ သူတို့က complainမလုပ်ကြဘူး

ဟုတ်ပါတယ်။ အပြုသဘောဆောင်တဲ့ complainတွေအတွက် အချိန်နဲ့နေရာရှိပါတယ်။ ယခင်က နစ်နာမှုတွေ ထုတ်ပြောခြင်းကို စကားပြောဆိုတဲ့ကိရိယာတစ်ခုအဖြစ်အသုံးပြုတယ်။ အဆုံးစွန်ဆုံးအရာက အဆင်မပြေမှုတိုင်းကို ညည်းညူနေတယ်ဆိုရင် အစွန်းရောက်တဲ့လူတစ်မျိုးဖြစ်လာပါလိမ့်မယ်။

တစ်ခုခုကို complainတက်နေမယ့်အစား သင်ကျေးဇူးတင်ရမယ့်အရာသုံးခုကို ကျေးဇူးတင်ကြောင်း ရေးပါ။ အဲ့ဒီ့စာရင်းကို သင့်အိပ်ကပ်ထဲမှာထည့်ထားပါ။ တစ်ခုခုcomplainတက်တော့မယ်လို့ စဥ်းစားမိတိုင်း သင့်ရဲ့စာရင်းကို ဖတ်ပါ။

၄။ သူတို့က မပြောခင်စဥ်းစားတယ်

ကျွန်တော်တို့အားလုံးဟာ အရွယ်ရောက်သူတွေဖြစ်ပြီးတော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်စွမ်းရည်တွေရှိကြပါတယ်။ တကယ်တော့ ဒီစွမ်းရည်တွေဟာ တာ၀န်၀တ္တရားတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မပြောခင်အရင်စဥ်းစားပါ။ ဒီလိုရိုးရှင်းတဲ့ အကြံညဏ်တွေကို လိုက်နာခြင်းမရှိတာကြောင့် အငြင်းပွားမှုတွေ၊ နှလုံးကြေကွဲမှုတွေနှင့် ဆက်ဆံရေး ပျက်ပြားသွားစေပါတယ်။ ယဥ်ကျေးတဲ့သူတွေဟာမပြောခင်အရင်စဥ်းစားကြတယ်။

ဒေါသထွက်နေတဲ့အခါ စကားမပြောပါနဲ့။ အသက်ကို ပြင်းပြင်းရှူပါ။ စိတ်ကို ငြိမ်းချမ်းအောင် အရင်လုပ်ပါ။ မပြောခင်စဥ်းစားပါ။

၅။ သူတို့က နာမည်တွေကို မှတ်မိကြတယ်

သင့်အနေနဲ့ တစ်စုံတစ်ဦးရဲ့နာမည်ကို မမှတ်မိဘူးဆိုရင် ရှက်စရာကောင်းတဲ့အခိုက်အတန့်ကို ကြုံရပါလိမ့်မယ်။ ဒါကြောင့် နာမည်နေရာမှာ အခြားတစ်ခုခုနဲ့ ဖြည့်ပေးရပါမယ်။ ဥပမာ- ဟေး နေကောင်းလား၊ မတွေ့တာကြာပြီနော်၊ အဆင်ပြေရဲ့လား၊ ဘာတွေလုပ်နေလဲ စသည်ဖြင့်ပေါ့။

ယောင်၀ါး၀ါးနဲ့ စကားပြောနေတာမျိုးမကြုံရစေဖို့ အမည်တွေကို စတင်မှတ်မိဖို့ ကြိုးစားပါ။ တက်ကြွစွာနားထောင်ပါ။ နာမည်စာရင်းတွေပြန်လုပ်ပါ။ ဆန္ဒရှိရင် ချရေးပါ။ အဲဒီ့လူရဲ့ အမည်၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ်ကိုယ်ရည်ကိုယ်သွေးစရိုက်နဲ့ တွဲဖက်ပါ။

၆။ သူတို့က အတင်းအဖျင်းမပြောတတ်ကြဘူး

အတင်းအဖျင်းဟာ အရွယ်ရောက်ပြီးသူတိုင်း မပြုလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အတင်းအဖျင်းပြောတတ်တဲ့မည်သူမဆို အဓိပ္ပာယ်မရှိခြင်း၊ စွမ်းအင်ယိုစီးမှုနှင့် အနှောင့်အယှက်နဲ့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် ကျေးဇူးပြုပြီးတော့ အတင်းအဖျင်းမပြောပါနဲ့။ ဒါဟာတစ်စုံတစ်ဦးကို နာကျင်စေရုံသာမက သင့်ရဲ့ကိုယ်ပိုင်စွမ်းအင်နှင့် အပြုသဘောကိုလည်း ညှစ်ထုတ်နေပါတယ်။

၇။ သူတို့ဟာယုံကြည်ချက်တွေကို မပြောင်းလဲကြဘူး

ယုံကြည်ချက်တွေနှင့် ထင်မြင်ယူဆချက်တွေထားခြင်းက အဆင်ပြေပါတယ်။ သင့်ရဲ့ ယုံကြည်ချက်တွေ (သို့)ထင်မြင်ချက်တွေကို အခြားသူတစ်ဦးဦးအပေါ်မှာ အတင်းအကျပ်ဖိအားပေးခြင်းက အဆင်မပြေနိုင်ပါဘူး။ သင်ကိုယ်တိုင်လည်း တစ်ခြားသူတစ်ယောက်ယောက်ရဲ့ ဒီလိုဖိအားတွေနဲ့ရှင်သန်ချင်မှာမဟုတ်ပါဘူး။ ယဥ်ကျေးသူတွေဟာ တစ်စုံတစ်ရာသောအကြောင်းကြောင့် ဘယ်တော့မှယုံကြည်မှုနဲ့ ထင်မြင်ယူဆချက်တွေကိုပြောင်းလဲမှာ မဟုတ်ပါဘူး။

၈။ သူတို့က ပုဂ္ဂိုလ်ရေးနယ်နိမိတ်တွေကို လေးစားတယ်

အမှန်တကယ်တော့ တစ်စုံတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးရာကို အတားအဆီးဖြစ်စေဖို့ ကြိုးစားခြင်းက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ပြင်းထန်တဲ့ အသွင်သဏ္ဍာန်တစ်ခုနဲ့ အပြစ်ပေးခြင်းပါ။ ယဥ်ကျေးတဲ့လူတစ်ဦးရဲ့ ကိုယ်ပိုင်နေရာကိုချိုးဖောက်ခြင်းက ဆန့်ကျင်ဘက်လမ်းကြောင်းအတွက် သိမ်မွေ့တဲ့ခြေလှမ်းကို လှမ်းစေနိုင်ပါတယ်။

၉။ လူတိုင်းကို တန်းတူဆက်ဆံတယ်

သင့်အနေနဲ့ Warren Buffettကို သိကောင်းသိပါလိမ့်မယ်။ ဒေါ်လာဘီလီယံ၉၀၀န်းကျင်ပိုင်ဆိုင်ပြီးကတည်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ ဘတ်ဖတ်ဟာ လိမ္မာပါးနပ်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ပေမယ့်လည်း မယုံနိုင်လောက်အောင် ကျိုးနွံတတ်သူတစ်ယောက်ဖြစ်ပါတယ်။ Buffetရဲ့ နောက်လိုက်တစ်ချို့က သူ့အကြောင်းရေးကြတဲ့အခါ အပြစ်အနာအဆာကင်းမဲ့တဲ့အမူအကျင့်တွေနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ်ညည်းညူရလောက်တဲ့အထိပါပဲ။ ”ဘတ်ဖတ် မင်းက အရမ်းယဥ်ကျေးတယ်”

Buffetဟာ အဆင့်အတန်းလို့ခေါ်တဲ့ ဘယ်နေရာမှာမဆို သူနဲ့တွေ့တဲ့လူတိုင်းအပေါ်မှာ ဂုဏ်သိက္ခာရှိရှိ လေးလေးစားစားပဲ ဆက်ဆံပါတယ်။ ယဥ်ကျေးတဲ့သူတွေဟာ တခြားသူတွေကို လေးလေးစားစားဆက်ဆံတယ်။

၁၀။ တစ်ခြားသူတွေကို မ၀ေဖန်ဘူး

အမှန်ပါပဲ။ ယဥ်ကျေးတဲ့သူတွေဟာ တစ်ခြားသူတွေကို ဘယ်တော့မှ ၀ေဖန်လေ့မရှိကြပါဘူး။ အကြောင်းရင်းကတော့ရှင်းပါတယ်။ တစ်ခြားလူတွေရဲ့ အကြောင်းကို သူတို့တွေအပြည့်အစုံမသိနိုင်လို့ပါ။ သူတို့ရဲ့ ၀ေဖန်မှု၊ ဆုံးဖြတ်ချက်တခုခုကြောင့် တစ်ခြားသူတစ်ဦးဦးတစ်ခုခုဖြစ်မှာ မလိုလားကြပါဘူး။ ပြဿနာတစ်ခုခုဆိုရင် အရင်းခံအကြောင်းတရားကိုသာရှာဖွေတတ်ဖို့ပဲ တွန်းအားပေးတတ်ကြပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-powerofpositivity

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here