အမြွှာလေး မွေးဖို့ အခွင့်အရေးပိုများအောင် ဘယ်လိုပြုလုပ်နိုင်လဲ

0
1400

ကိုယ္ဝန္ေဆာင္ျခင္းဟာ အိမ္ေထာင္ရွင္အမ်ိဳးသမီးတိုင္းရဲ႕ အလွပဆုံးအိမ္မက္တစ္ခုျဖစ္ၿပီးေတာ့ ကေလးရွိလာတဲ့အခါမွာ မိသားစုဘဝေလးကို ပိုမိုသာယာခ်မ္းေျမ့လာေစပါတယ္။ ကေလးတစ္ေယာက္ကို ေကာင္းမြန္စြာႀကီးျပင္းလာဖို႔ ျပဳစုပ်ိဳးေထာင္ရတာ မလြယ္ကူေပမယ့္ မိခင္အေတာ္မ်ားမ်ားကေတာ့ ကိုယ္ဝန္ေဆာင္တဲ့အခါ အႁမႊာေလးျဖစ္ဖို႔ ဆႏၵရွိေနၾကပါတယ္။ တကယ္ေတာ့ အႁမႊာေလးရရွိဖို႔ဆိုတာ ကံနဲ႔လည္းဆိုင္တယ္လို႔ ေျပာရမလိုပါပဲ။

အေမရိကန္မွာရွိတဲ့ အိမ္ေထာင္ရွင္ အမ်ိဳးသမီး ၃ ရာခိုင္ႏႈန္းေလာက္ဟာ အႁမႊာေလးေတြ ေမြးၾကၿပီး တျခားႏိုင္ငံေတြမွာလည္း ယခုစံႏႈန္းေလာက္ပဲ ရွိၾကေၾကာင္းသိရပါတယ္။
BMI ျမင့္မားၿပီး ဝတဲ့အမ်ိဳးသမီးေတြဟာ ပိန္တဲ့အမ်ိဳးသမီးေတြထက္ အႁမႊာရႏိုင္ေျခ ပိုမ်ားၿပီး အရပ္ျမင့္တဲ့မိန္းကေလးေတြဟာ ပုတဲ့မိန္းကေလးေတြထက္ အႁမႊာရႏိုင္ေျခ ပိုမ်ားေၾကာင္း သိရွိရပါတယ္။


မိခင္ေတြအေတာ္မ်ားမ်ား ဘာေၾကာင့္အႁမႊာေလးလိုခ်င္ရတာလဲ ဆိုတာကို သုံးသပ္ၾကည့္တဲ့အခါ တခ်ိဳ႕ကအခ်ိန္တခုတည္းနဲ႔ ကေလးႏွစ္ေယာက္ရရွိတဲ့အတြက္ ကိုယ္ဝန္ေဆာင္ဒုကၡသက္သာျခင္း၊ တခ်ိဳ႕ကကိုယ့္ရဲ႕ကေလးမွာ သူနဲ႔ခြၽတ္စြပ္တူတဲ့ညီေလးညီမေလးတစ္ေယာက္ ရွိေစလိုျခင္း၊ စတဲ့အေျဖေတြကို ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကံေကာင္းတာတစ္ခုက သင့္ကိုအႁမႊာေလးရရွိႏိုင္ဖို႔ အခြင့္အလမ္းပိုမ်ားေစမယ့္ နည္းလမ္းေတြလည္း ရွိေနပါတယ္။ ယခုနည္းလမ္းေတြကို ႀကိဳးစားၾကည့္ရင္း အႁမႊာလိုခ်င္တဲ့မိခင္တိုင္း အႁမႊာေလးေတြ ရရွိၾကပါေစ။

မ်ိဳး႐ိုးဗီဇဟာ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့ အခန္းက႑ကပါဝင္ေနၿပီး မ်ိဳး႐ိုးမွာ အႁမႊာေမြးခဲ့သူရွိရင္လည္း အႁမႊာရႏိုင္ေခ် ပိုမ်ားပါတယ္။ အထူးသျဖင့္ မိန္းကေလးရဲ႕အေမျဖစ္သူဖက္က အႁမႊာေမြးခဲ့သူရွိရင္ သားသမီးမွာလည္း အႁမႊာရႏိုင္ေခ်ရွိပါတယ္။

ကိုယ္ဝန္တားေဆးဟာ ကိုယ္ဝန္ေဆာင္ျခင္းကို ကာကြယ္ဖို႔အတြက္ အသုံးျပဳၾကၿပီး ပုံမွန္မသုံးျခင္းေၾကာင့္ ကိုယ္ဝန္ရသြားတဲ့အခ်ိန္မွာ တာေဆးမသုံးပဲ ကိုယ္ဝန္ေဆာင္သူေတြထက္ အႁမႊာေလးရဖို႔ အခြင့္အေရးပိုမ်ားေၾကာင္း သိရွိရပါတယ္။

ကေလးေမြးၿပီးေနာက္ အခ်ိန္အၾကာႀကီးထိ ကေလးမယူပဲ ကိုယ္ဝန္ျပန္ေဆာင္ျခင္းဟာလည္း အႁမႊာရရွိဖို႔ အခြင့္အေရး ပိုမ်ားပါတယ္။ ႏို႔တိုက္ေနတဲ့အခ်ိန္မွာ မ်ိဳးဥေပၚေပါက္မႈ ရပ္တန္႔ေနတဲ့အတြက္ ဒီလိုအခ်ိန္မွာ ကိုယ္ဝန္မရႏိုင္ဘူးလို႔ ယုံၾကည္ၾကေပမယ့္ တကယ္ေတာ့ ဒါဟာ မွားယြင္းတဲ့အယူအဆတစ္ရပ္ျဖစ္ပါတယ္။ တကယ္လို႔ သင္အႁမႊာေလးရရွိဖို႔ ႀကိဳးစားခ်င္တယ္ဆိုရင္ေတာ့ ႏို႔တိုက္ေနစဥ္အတြင္းမွာ ပဋိသႏၶယူဖို႔ ႀကိဳးစားသင့္ပါတယ္။

အေနာက္အာဖရိကမွာေနထိုင္ၾကတဲ့ Yoruba လူမ်ိဳးေတြဟာ အႁမႊာေမြးမႈမ်ားျပားတဲ့ ပမာဏရွိၾကၿပီး ကမာၻမွာ စံခ်ိန္တင္ေနတဲ့ လူမ်ိဳးေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြဟာ ပိေလာပီနံဥနဲ႔ ေမ်ာက္ဥကို အလြန္အက်ဴးစားၾကတာေၾကာင့္လို႔ အႁမႊာေမြးႏႈန္းျမင့္တက္ေနရတာျဖစ္ေၾကာင္း ပညာရွင္ေတြက မွတ္ခ်က္ေပးၾကပါတယ္။

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ မွီဝဲေပးျခင္းကလည္း အႁမႊာေမြးမႈ အခြင့္အေရးကို ပိုမ်ားေစပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အႁမႊာေလးေတြ ရဖို႔ဆိုတာ ကံနဲ႔လည္းအရမ္းဆိုင္ၿပီး ႀကိဳးစားၾကည့္ရမွာေတာ့ ကိုယ့္တာဝန္ပဲျဖစ္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ သားအိမ္ကိုအားေပးၿပီး မိခင္အတြက္ အာဟာရျဖစ္ေစမယ့္ ဗီတာမင္ေတြ၊ ေဖာလစ္အက္ဆစ္ေတြကို ဂ႐ုစိုက္မွီဝဲေပးဖို႔ လိုပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

Unicode

အမြွှာလေး မွေးဖို့ အခွင့်အရေးပိုများအောင် ဘယ်လိုပြုလုပ်နိုင်လဲ
ကိုယ်ဝန်ဆောင်ခြင်းဟာ အိမ်ထောင်ရှင်အမျိုးသမီးတိုင်းရဲ့ အလှပဆုံးအိမ်မက်တစ်ခုဖြစ်ပြီးတော့ ကလေးရှိလာတဲ့အခါမှာ မိသားစုဘဝလေးကို ပိုမိုသာယာချမ်းမြေ့လာစေပါတယ်။ ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းလာဖို့ ပြုစုပျိုးထောင်ရတာ မလွယ်ကူပေမယ့် မိခင်အတော်များများကတော့ ကိုယ်ဝန်ဆောင်တဲ့အခါ အမြွှာလေးဖြစ်ဖို့ ဆန္ဒရှိနေကြပါတယ်။ တကယ်တော့ အမြွှာလေးရရှိဖို့ဆိုတာ ကံနဲ့လည်းဆိုင်တယ်လို့ ပြောရမလိုပါပဲ။ အမေရိကန်မှာရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီး ၃ ရာခိုင်နှုန်းလောက်ဟာ အမြွှာလေးတွေ မွေးကြပြီး တခြားနိုင်ငံတွေမှာလည်း ယခုစံနှုန်းလောက်ပဲ ရှိကြကြောင်းသိရပါတယ်။

BMI မြင့်မားပြီး ဝတဲ့အမျိုးသမီးတွေဟာ ပိန်တဲ့အမျိုးသမီးတွေထက် အမြွှာရနိုင်ခြေ ပိုများပြီး အရပ်မြင့်တဲ့မိန်းကလေးတွေဟာ ပုတဲ့မိန်းကလေးတွေထက် အမြွှာရနိုင်ခြေ ပိုများကြောင်း သိရှိရပါတယ်။ မိခင်တွေအတော်များများ ဘာကြောင့်အမြွှာလေးလိုချင်ရတာလဲ ဆိုတာကို သုံးသပ်ကြည့်တဲ့အခါ တချို့ကအချိန်တခုတည်းနဲ့ ကလေးနှစ်ယောက်ရရှိတဲ့အတွက် ကိုယ်ဝန်ဆောင်ဒုက္ခသက်သာြခင်း၊ တချို့ကကိုယ့်ရဲ့ကလေးမှာ သူနဲ့ချွတ်စွပ်တူတဲ့ညီလေးညီမလေးတစ်ယောက် ရှိစေလိုခြင်း၊ စတဲ့အဖြေတွေကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းတာတစ်ခုက သင့်ကိုအမြွှာလေးရရှိနိုင်ဖို့ အခွင့်အလမ်းပိုများစေမယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ ယခုနည်းလမ်းတွေကို ကြိုးစားကြည့်ရင်း အမြွှာလိုချင်တဲ့မိခင်တိုင်း အမြွှာလေးတွေ ရရှိကြပါစေ။

မျိုးရိုးဗီဇဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်နေပြီး မျိုးရိုးမှာ အမြွှာမွေးခဲ့သူရှိရင်လည်း အမြွှာရနိုင်ချေ ပိုများပါတယ်။ အထူးသဖြင့် မိန်းကလေးရဲ့အမေဖြစ်သူဖက်က အမြွှာမွေးခဲ့သူရှိရင် သားသမီးမှာလည်း အမြွှာရနိုင်ချေရှိပါတယ်။

ကိုယ်ဝန်တားဆေးဟာ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့အတွက် အသုံးပြုကြပြီး ပုံမှန်မသုံးခြင်းကြောင့် ကိုယ်ဝန်ရသွားတဲ့အချိန်မှာ တာဆေးမသုံးပဲ ကိုယ်ဝန်ဆောင်သူတွေထက် အမြွှာလေးရဖို့ အခွင့်အရေးပိုများကြောင်း သိရှိရပါတယ်။ ကလေးမွေးပြီးနောက် အချိန်အကြာကြီးထိ ကလေးမယူပဲ ကိုယ်ဝန်ပြန်ဆောင်ခြင်းဟာလည်း အမြွှာရရှိဖို့ အခွင့်အရေး ပိုများပါတယ်။ နို့တိုက်နေတဲ့အချိန်မှာ မျိုးဥပေါ်ပေါက်မှု ရပ်တန့်နေတဲ့အတွက် ဒီလိုအချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးလို့ ယုံကြည်ကြပေမယ့် တကယ်တော့ ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ရပ်ဖြစ်ပါတယ်။ တကယ်လို့ သင်အမြွှာလေးရရှိဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ နို့တိုက်နေစဥ်အတွင်းမှာ ပဋိသန္ဓယူဖို့ ကြိုးစားသင့်ပါတယ်။

အနောက်အာဖရိကမှာနေထိုင်ကြတဲ့ Yoruba လူမျိုးတွေဟာ အမြွှာမွေးမှုများပြားတဲ့ ပမာဏရှိကြပြီး ကမ္ဘာမှာ စံချိန်တင်နေတဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပိလောပီနံဥနဲ့ မျောက်ဥကို အလွန်အကျူးစားကြတာကြောင့်လို့ အမြွှာမွေးနှုန်းမြင့်တက်နေရတာဖြစ်ကြောင်း ပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေ မှီဝဲပေးခြင်းကလည်း အမြွှာမွေးမှု အခွင့်အရေးကို ပိုများစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြွှာလေးတွေ ရဖို့ဆိုတာ
ကံနဲ့လည်းအရမ်းဆိုင်ပြီး ကြိုးစားကြည့်ရမှာတော့ ကိုယ့်တာဝန်ပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ သားအိမ်ကိုအားပေးပြီး မိခင်အတွက် အာဟာရဖြစ်စေမယ့် ဗီတာမင်တွေ၊ ဖောလစ်အက်ဆစ်တွေကို ဂရုစိုက်မှီဝဲပေးဖို့ လိုပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here