အမြဲလိုလိုကြုံနေရတဲ့ ဟင်းချက်အမှားတွေ၊ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းကြမယ်

0
31

သူများတွေထက် ပိုပြီးတော့ကို ဖြတ်ထိုးဥာဏ်ကောင်းမယ်ဆိုရင် မီးဖိုချောင်တွင်းနေ့တိုင်းဝင်ပြီး ဟင်းလျာတွေချက်ပြုတ်ရာမှာ ပိုပြီးတော့လွယ်ကူစေနိုင်ပါတယ်။ ကြက်သွန်လှီးရင်းမျက်ရည်ကျတာ သို့မဟုတ် ဟင်းတွေကပ်သွားတာ စသဖြင့် ပြဿနာတိုင်းအတွက် အဖြေရှိပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းကောင်းလေးတွေလို အကြံပြုချက်များများကို ကြိုတင်ဖတ်ထားမယ်ဆိုရင်တော့ ချက်ပြုတ်ခြင်းက လွယ်လွယ်လေးဖြစ်သွားမှာပါ။

-Advertisement-

၁။ ကြက်သွန်လှီးနေရင်း မျက်ရည်ပိုးပိုးပေါက်ပေါက် မကျအောင်လို့ ပါးစပ်မှာပေါင်မုန့်တစ်ချပ်ကိုက်ထားပါ။ ကြက်သွန်ကထွက်လာတဲ့ အပူအငွေ့တွေကို ပေါင်မုန့်ကစုပ်သွားမှာဖြစ်လို့ အရင်လိုမျက်ရည်မကျနိုင်တော့ပါဘူး။

၂။ ကြက်ဥကြော်ဖို့အတွက် မြန်မြန်ဆန်ဆန် ပန်းကန်ထဲထည့်ခွဲရာကနေ အခွံနည်းနည်းပါးပါး ကပ်ကျန်ခဲ့မယ်ဆိုရင်တော့ ကြက်ဥအခွံကိုပဲသုံးပြီး ပြန်ဆယ်ထုတ်လိုက်ပါ။

၃။ အသီးတွေခွာရတာ လွယ်ကူစေဖို့အတွက် အခွံမခွာခင် ရေခဲရေထဲမှာ ငါးမိနစ်လောက် စိမ်ထားလိုက်ပါ။ ဒါဆိုရင် အခွံခွာရတာ နဂိုထက်ပိုလွယ်သွားပါလိမ့်မယ်။

၄။ ကြက်ဥ၊ ဘဲဥပြုတ်ပြီးလို့ ထက်ခြမ်းခြမ်းတော့မယ်ဆိုရင် အနှစ်တွေ ပွပြီးပေကျံမနေဖို့အတွက် ဓားကိုရေအေးအေးနဲ့ အရင်ဆေးလိုက်ပါ။

၅။ ခရမ်းချဥ်သီး သို့မဟုတ် အချဥ်ဓာတ်ရှိတဲ့အသီးတွေကို အရသာနဲ့ အနံ့ပျောက်ပျက်မသွားစေဖို့အတွက် ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းပါနဲ့။

၆။ ကြက်ဥလတ်မလတ်သိရအောင်အတွက် ကြက်ဥတွေကို ရေထဲထည့်လိုက်ပါ။ မြုပ်သွားတဲ့ကြက်ဥတွေကိုပဲသုံးပြီး ရေပေါ်ပေါ်နေတဲ့ကြက်ဥတွေကိုတော့ လွှင့်ပစ်လိုက်ပါ။

၇။ နှမ်းတွေကိုလှော်တဲ့အခါမှာ သူတို့ရဲ့သဘာဝအဆီဓာတ်ကို မဆုံးရှုံးစေဖို့အတွက် မီးအေးအေးမှာသာ ဖြည်းဖြည်းချင်းလှော်ပေးပါ။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here