အမြဲတမ်းမမှန်နိုင်တဲ့ အဆိုးမြင်၀ါဒီသမားတစ်ယောက်ရဲ့ လောကဖြစ်စဥ်များ

0
41
- Advertisement -

အဆိုးမြင်၀ါဒီတစ်ဦးဖြစ်ခြင်းက ကာကွယ်ရေးယန္တရားတစ်ခုလိုပါပဲ။ ကမ္ဘာကြီးက ကောင်းခြင်းဆိုးခြင်းတွေအပြင် အခြေအနေအမျိုးမျိုးနဲ့ ပြည့်နှက်နေပါတယ်။ အဆိုးမြင်သူတွေဟာ ပြုမူဆက်ဆံတဲ့အတွေးအခေါ်တွေကလည်း မမှန်ကန်ပါ။ အကောင်းထက်အဆိုးကို ပိုပြီးတော့ လုပ်နိုင်တယ်။ ဒါပေမယ့် တစ်ချို့သောအတိုင်းအတာအထိ တစ်ခါတစ်ရံအဆိုးမြင်ခြင်းက အဆင်ပြေပါတယ်။ အကြောင်းရင်းကတော့ ၎င်းကသင့်အားကမ္ဘာပေါ်မှာရှိတဲ့မကောင်းမှုတွေကို သတိပြုမိစေတယ်။

-Advertisement-

၁။ အိမ်ထောင်ရေးဆိုတာ ထောင်ချောက်တစ်ခုပဲ

လက်ထပ်ထိမ်းမြားခြင်းဆိုတာ အချိန်နှင့် လုပ်ဆောင်မှုမှာ ကြာပေမယ့် အဆုံးမှာအကျိုးကျေးဇူးတွေရှိပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦးလိုအပ်တဲ့ လူမှုရေးသတ္တ၀ါတွေပါ။ အိမ်ထောင်ရေးဆိုတာ ၎င်းကိုစင်ကြယ်တဲ့ပုံစံနှင့် ရောင်ပြန်ဟပ်ပါတယ်။ လူတွေက တစ်ယောက်နှင့်တစ်ယောက်ဂရုစိုက်ဖို့၊ ကျွန်တော်တို့ကိုယ်တိုင်က ၎င်းကိုလုပ်ခွင့်ပြုတယ်ဆိုရင် ဒါဟာ ထောင်ချောက်တစ်ခုသာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုမကြည့်ပါနဲ့၊ မိန်းကလေးငယ်များဟာ ထင်ထားသလိုကြီးပျင်းလာတဲ့အခါ လက်ထပ်ဖို့စိတ်ကူးယဥ်ထားတဲ့ ယောင်္ကျားလေးတွေအများကြီးရှိပါတယ်။

၂။ ကလေးတွေအားလုံးက ယူတတ်ကြပြီးတော့ ဘယ်တော့မှ မပေးတတ်ကြဘူး

ကလေးတွေဟာ ကျွန်တော်တို့ကိုများစွာပေးပါတယ်။ ချစ်ခြင်းမေတ္တာ၊ ပေါင်းသင်းဆက်ဆံရေးနှင့် အရေးကြီးဆုံးက ကျွန်တော်တို့ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မတတ်နိုင်တဲ့အချိန်ကာလရောက်တဲ့အခါ ဂရုစိုက်ပေးမယ့်တစ်စုံတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ဟာ တစ်ချိန်ကကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ဘ၀ကို မကြာခဏမေ့တတ်ကြတယ်။ ကျွန်တော်တို့ရဲ့ မိဘတွေက ကျွန်တော်တို့အတွက် ထောက်ပံ့ပေးခဲ့တဲ့အရာတွေကို ကျွန်တော်တို့ရဲ့ကလေးတွေကို ပေးပြီးတဲ့အခါမှသာ သူတို့ကလေးတွေနဲ့ အတူတူမျှ၀ေခံစားခွင့်ရတယ်။ ဒါဟာ ဘ၀စက်၀ိုင်းပဲ။

၃။ လူတွေက မင်းဆီကတစ်ခုခုယူချင်နေကြတယ်

လူတွေက သင့်ကိုလိုလိုလားလားခေါ်နေပြီလို့ သင်ထင်တဲ့အခါ သင်ဟာ မြင့်မားတဲ့အောက်ခံတစ်ခုခုပေါ်မှာ ရောက်နေတယ်ဆိုတာ သတိရပါ။ လူတိုင်းဟာ သူတို့ရဲ့ဇာတ်လမ်းမှာ သူရဲကောင်းပဲ။ တစ်နည်းပြောရရင် လူတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ဘ၀တွေ၊ ကိုယ်ပိုင်ပြဿနာတွေရှိတယ်။ ဒါကြောင့် မင်းတို့ရဲ့အကျိုးကျေးဇူကို ရယူဖို့ ဒါမှမဟုတ် အားယူဖို့ကြိုးစားနေတဲ့နည်းလမ်းသစ်တွေမှာ သူတို့အချိန်တွေကို မဖြုန်းကြဘူး။

၄။ အဆိုးဆုံးအခြေအနေအတွက် အမြဲတမ်းပြင်ဆင်ထားပါ

သင့်ရဲ့အချိန်တွေကိုလည်း အဆိုးမြင်ခြင်းနဲ့ မဖြတ်သန်းပါနဲ့။ ကျွန်တော်တို့ရဲ့ဘ၀က ကောင်းမွန်တဲ့အချိန်ကာလ၊ ဆိုးတဲ့ကာလတွေ ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှ အရာရာပြည့်နှက်နေပါတယ်။ အဆုံးမှာ ဘ၀က သင်ဖန်တီးလိုက်တဲ့အရာသာဖြစ်ပါတယ်။ သင်မကောင်းတဲ့မျှော်လင့်ချက်တွေထားမယ်ဆိုလျှင် သင့်မျှော်လင့်ချက်တွေစတင်လာပါလိမ့်မယ်။ သင်တွေ့ရှိတဲ့အရာတွေမှာ ကောင်းကျိုးကိုရှာမှသာလျှင် ကောင်းမွန်မှန်ကန်မှုတွေ တွေ့ရမှဖြစ်ပါတယ်။ဒါဟာ အားလုံးက သင့်ရဲ့အလားအလာအကြောင်းတွေပါပဲ။

၅။ ရိုင်းစိုင်းမှုက ဖြစ်တည်မှုပဲ

သင်ဘယ်လိုပဲစဥ်းစား စဥ်းစားလူတိုင်းဟာ အခြေခံလေးစားမှုနဲ့ ထိုက်တန်ပါတယ်။ သင်က လူတိုင်းနဲ့သူငယ်ချင်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း သင့်အနေနဲ့ လူတိုင်းကို ရိုင်းစိုင်းဖို့အခွင့်အရေးရှိတယ်လို့ မစဥ်းစားသင့်ပါ။

၆။ အပြစ်ကင်းစင်ခြင်းက အားနည်းချက်တစ်ခု

တစ်စုံတစ်ဦးက သူတို့ဟာနည်းနည်းလေးမှ အသက်ရှင်ခြင်းအကြောင်းမသိဘဲနေတာဟာ အကောင်းဆုံးအရာကိုအမြဲတမ်းသိတယ်လို့ ယူဆတယ်။ တနည်းအားဖြင့် စဥ်းစားတွေးခေါ်မှုတိုင်းက ကောင်းကျိုးတွေရှိပါတယ်။

၇။ ရိုမန့်ဆိုတာ နတ်သမီးပုံပြင်တွေအတွက်ပဲ

သင့်ရဲ့ချစ်ခြင်းမေတ္တာဘ၀ကို သင်ဖတ်ဖူးတဲ့ပုံပြင်စာအုပ်တွေထဲကအရာတွေအပေါ်မှာ အခြေမခံသင့်ပါဘူး။ အချစ်စစ်အချိန်ကာလနှင့် သည်းခံခြင်းကို ယူရတယ်။ ကျန်းမာသန်စွမ်းစေနိုင်တယ်။ ချစ်ခြင်းမေတ္တာများ၊ မိသားစုနှင့် သင့်ရဲ့၀ိညာဥ်ရေးရာတစ်သက်တာတွေမှာ တွေ့ရနိုင်တဲ့ အချစ်မျိုးစုံကဲ့သို့ အရေးကြီးတဲ့အချစ်တွေအကြောင်းလည်း သတိရပါ။

၈။ လူတွေက ဘယ်တော့မှ မပြောင်းလဲဘူး

ဘယ်သူမှ သဘာ၀ကျကျမဆိုးသလို ဘယ်သူမှ သဘာ၀ကျကျမကောင်းဘူး။ ကျွန်တော်တို့ရဲ့ဘ၀တွေမှာ ကျွန်တော်တို့ရွေးချယ်မှုတွေနှင့် သူတို့ရဲ့နောက်ကွယ်က ရည်ရွယ်ချက်တွေကြောင့် နောက်ကြောင်းပြန်ကောင်းခြင်း ဆိုးခြင်းတွေကို ဖြစ်ပေါ်စေတာပါ။ အပြောင်းအလဲလို့ဆိုလိုက်တာနဲ့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ကိုနောက်နေတာလားလို့ စိုးရိမ်ရတဲ့အရာတစ်ခု။ လူတွေဟာ ဘယ်တော့မှမပြောင်းလဲတဲ့အပြုအမူတွေအတွက် နောက်ထပ်အရာတစ်ခုပဲ။

Lifesyle_Myanmar

Nyein_Thu

sources-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here