အမြန်ဆုံး ဖျက်ပစ်တာ ပိုကောင်းမယ့် အန္တရာယ်ရှိသော စမတ်ဖုန်း အယ်ပလီကေးရှင်း (၈)မျိုး
0
740
သင့်ရဲ့ ပါစင်နယ် သတင်းအချက်အလက်တွေကို share သွားတာမျိုး၊ ခရစ်တစ်ကဒ် ဒေတာတွေကို စုဆောင်းသွားတာမျိုး၊ တချို့ အလိုအလျောက် charge money လုပ်တာမျိုး (သို့) သင့်ဖုန်းရဲ့ storage သို့မဟုတ် ဘက်ထရီကို စားနိုင်တာမျိုး စတဲ့ အန္တရာယ်များသော တချို့အယ်ပလီကေးရှင်းတွေ ရှိပါတယ်။ အန္တရာယ်များတဲ့ ဒီအယ်ပရီကေးရှင်းတွေက နေ့တိုင်း များပြားစွာ ပေါ်ထွက်နေပါတယ်။ ဒါ့ကြောင့် သင့်ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေနဲ့ သင့် devices တွေရဲ့ လုံခြုံမှုက အများအားဖြင့် သင့်လက်ထဲမှာသာ ရှိပါတယ်။
၁။ အခမဲ့ဂိမ်းများ
ဂိမ်း development ဖြစ်ဖို့ဆိုရင် ကြိုးစားအားထုတ်မှုနှင့် ငွေကြေးအရ အများကြီး အကုန်အကျခံရပါတယ်။ ဒါ့ကြောင့် သင်ဟာ အခမဲ့ဂိမ်းတစ်ခုကို ရှာဖွေလျှင် developers တွေက (အများအားဖြင့် သင့် device ရဲ့သိုလှောင်မှုကို စားပြီး cache တွေကို သိမ်းဆည်းပေးသော) အယ်ပလီကေးရှင်းထဲကို ကြော်ငြာတွေ အများကြီး ထည့်တာမျိုး၊ သင့်ရဲ့ ပါစင်နယ်သတင်းအချက်အလက်တွေကို ခိုးယူပြီး ရောင်းလို့ရတဲ့ အခွင့်အလမ်းမျိုးတွေ ရှိတယ်ဆိုတာ သတိရပါ။ ဒါ့ကြောင့် ဂိမ်း appတစ်ခုကို ဒေါင်းလုတ်ဆွဲချင်ရင် အသုံးပြုသူရဲ့ သဘောတူညီချက်တွေကို ဖတ်ဖို့နဲ့ လူသိများတဲ့ app ဖြစ်ဖို့ လိုပါတယ်။
၂။ အားသွင်းမြန်တဲ့ apps
သင့်ဖုန်း အားသွင်းခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးနိုင်တယ်လို့ ကတိပေးကြတဲ့ app တွေ မရေတွက်နိုင်အောင် ရှိပါတယ်။ အမှန်က app မပါဘဲနဲ့လည်း setting ကခွင့်ပြုထားတဲ့ default တွေထက် သင့်ရဲ့ဖုန်းက မြန်မြန် အားသွင်းနိုင်ပါတယ်။ ဒီ app တွေက စခရင် လော့ချထားရင်တောင် တခါတရံ မဆုံးနိုင်တဲ့ ကြော်ငြာတွေ ပေါ်လာတတ်ပြီး သင့်ကို လှည့်စားရုံသက်သက်သာ ဖြစ်ပါတယ်။
၃။ ဝိုင်ဖိုင် အယ်ပလီကေးရှင်းများ
အခမဲ့ Wi-Fi key တွေ၊ ဝိုင်ဖိုင် ဟော့စပေါ့ရဲ့ မြေပုံတစ်ခုနှင့်အတူ သင့်ကို ထောက်ပံ့ပေးမယ်ဆိုတဲ့ အခမဲ့ ဝိုင်ဖိုင် အယ်ပလီကေးရှင်းများကို သတိထားပါ။ သူတို့ထဲက တချို့က ခရစ်ဒစ်ကတ် သတင်းအချက်အလက် အပါအဝင် သင့်ပါစင်နယ်အချက်အလက်တွေကို ခိုးယူနိုင်ကြောင်း တွေ့ရပါတယ်။
၄။ တီထွင်သူမသိတဲ့ Music player များ
သင့်ဖုန်းရဲ့ သိုလှောင်မှုကို စားပစ်ပြီး cache ထဲမှာ သီချင်းတွေ သိမ်းဆည်းခြင်းနှင့် ဘက်ထရီယိုစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အပိုဆုအနေနဲ့ ကြော်ငြာတွေ လာကြော်ငြာခြင်းကနေ လူသိနည်းတဲ့ music apps တွေမှာ ဗိုင်းရပ်စ်တွေကို တည်ဆောက်နိုင်ပါတယ်၊ ဒီ app တွေမှာ ဟက်ကာတွေက သင့်ပါစင်နယ်အချက်အလက်တွေကို ကူးယူတဲ့ ကုတ်တွေရှိတာကြောင့် သင့်ဖုန်းအတွက်လည်း အန္တရာယ် ဖြစ်နိုင်ပါတယ်။
၅။ တည်နေရာခြေရာခံ app များ
သင့်တည်နေရာကို access လုပ်ဖို့ တောင်းယုံသာမဟုတ်ဘဲ သင့်ဖုန်းဘက်ထရီ သက်တမ်းကို သိသိသာသာ တိုတောင်းစေတဲ့ app တွေက သင့်ပါစင်နယ်အချက်အလက်တွေကို အသုံးပြုတာ၊ ခိုးယူတာလည်း ပြုလုပ်နိုင်ပါတယ်။ Navigation apps, delivery apps, Pokémon Go ကဲ့သိုသော ဂိမ်းတွေနဲ့ သင့်တည်နေရာကို ခြေရာခံတဲ့ တချို့ ဆိုရှယ်မီဒီယာ app တွေတောင် ရှိပါတယ်။
၆။ privacy ကိစ္စများနှင့် appများ
သင့်ဖုန်းနံပါတ်၊ contacts, text messages, photos, location အစရှိတာတွေကို သုံးခွင့်ပေးဖို့ တောင်းဆိုတဲ့ app တွေအများကြီးရှိပါတယ်။ နာမည်ကြီး ဆိုရှယ်မီဒီယာ app အများစုက သင်သတိမထားမိဘဲနဲ့တောင် သင့်ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို သုံးနေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် သင့်ပါစင်နယ် ဒေတာတွေကို အသုံးပြုဖို့ လိုအပ်တဲ့ လူသိနည်းသော app အသစ်တွေကို အင်စတောလုပ်မယ်ဆိုရင် ဂရုစိုက်ပါ။ app manager ထဲမှာ ဒီဆက်တင်တွေကို စစ်ဆေးနိုင်ပါတယ်။
၇။ Built-in browsers
Built-in browsers တွေက ဖုန်းတွေမှာ အများအားဖြင့် ကြိုသွင်းပြီးသားဖြစ်ပြီး သူတို့က တခါတရံ လင့်ခ်တစ်ခုကို သင်ကလစ်နှိပ်တဲ့အခါ အော်တိုပွင့်နေတတ်ပါတယ်။ ဒီပရိုဂရမ်တွေက ဗိုင်းရပ်စ်တွေနဲ့ ပါစင်နယ်ဒေတာတွေကို ကာကွယ်ပေးမယ်လို့ အာမမခံပါဘူး။ သူတို့က သင့်ဖုန်းရဲ့ operating system ကိုသိသိသာသာ နှေးကွေးသွားစေနိုင်ပါတယ်။
၈။ အသုံးမဝင်တဲ့ apps
ရိုးရိုးသားသားပြောရရင် လူတိုင်းမှာ ဒေါင်းလုတ်ဆွဲပြီး မေ့နေတဲ့ app တွေ၊ မဖွင့်ကြည့်မိတဲ့ app တွေ ရှိကြပါတယ်။ ဖုန်းပေါ်မှာ အယ်ပလီကေးရှင်းတွေ များလွန်းရင် ဖုန်းဘက်ထရီသက်တမ်းကို တိုစေပြီး စနစ်ကို နှေးကွေးသွားစေပါတယ်။ ယေဘုယျအားဖြင့် အရမ်းကို အာရုံနှောက်ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် တစ်မိနစ်လောက် အချိန်ယူပြီး အသုံးမပြုတဲ့ အယ်ပလီကေးရှင်းတွေကို ဖယ်ရှားပစ်ပါ။
Lifestyle_Myanmar
LM_Nandar
ZawGyi
၁။ အခမဲ့ဂိမ်းများ
၂။ အားသွင်းမြန်တဲ့ apps
၇။ Built-in browsers
၈။ အသုံးမဝင်တဲ့ apps
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here