အမျိုးသားအများစု သတိမပြုမိတတ်တဲ့ ဖက်ရှင်အမှားများ

0
1

အမျိုးသားတွေစျေးဝယ်ရင် သိပ်ပြီးရွေးစရာမလိုဘူးလို့ ယူဆကြပါတယ်။ ဒီလိုအမြင်ဟာ အမျိုးသမီးတွေနဲ့ ယှဥ်ရင်တော့မှန်ပေမယ့်ဖက်ရှင်ကျကျ အသေးစိတ်ရွေးချယ်ဝယ်မယ်ဆိုရင်တော့ မမှန်ပါဘူး။ ဒါကြောင့်ပဲ အမျိုးသားတော်တော်များများဟာ အဝတ်အစားဝတ်တဲ့အခါ မှားယွင်းတဲ့ဖက်ရှင်ပုံစံတွေကို သတိမပြုမိပဲ ဝတ်ဆင်နေတတ်ပါတယ်။ ဒီလိုဖက်ရှင်အမှားတွေထဲကမှ အများဆုံးဖြစ်လေ့ရှိတဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လက်ပတ်နာရီကို ဖုံးနေတဲ့ အင်္ကျီလက်ရှည်
အင်္ကျီလက်ရှည်ဝယ်တဲ့အခါ လက်ပတ်နာရီကို မဖုံးစေဖို့အတွက် လက်ကောက်ဝတ်နဲ့ အနေတော်ဖြစ်မယ့် ဒီဇိုင်းမျိုးကို ရွေးချယ်ဝယ်ယူပါ။ တကယ်လို့အင်္ကျီကအနည်းငယ်ပွပြီး လက်ကရှည်နေမယ်ဆိုရင် အင်္ကျီလက်ကိုခေါက်ပြီးဝတ်တာပိုကောင်းပါတယ်။

၂။ ပုံနဲ့စာတမ်းတွေပါတဲ့ တီရှပ်
ပုံနဲ့စာတွေပါတဲ့ တီရှပ်တွေဆိုရင် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး စတိုင်ဖြစ်တာကြောင့် သီးသန့်ဝတ်လို့အဆင်ပြေပါတယ်။ ဒါပေမယ့် အပေါ်က ဂျာကင် သို့မဟုတ် အနွေးထည်ထပ်ဝတ်မယ်ဆိုရင်တော့ တီရှပ်ဗြောင်က ပိုပြီးစမတ်ကျနေပါလိမ့်မယ်။

၃။ တီရှပ်လက်အရှည်
တီရှပ်ဝတ်တဲ့အခါ လက်ကသင့်တံတောင်နားထိရောက်နေမယ်ဆိုရင် ကြည့်လို့ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် rapper နဲ့ Dancer တွေကတော့ သူတို့ရဲ့ကိုယ်ပိုင် trand ဖြစ်တာကြောင့် ချွင်းချက်ပါ။ ဒီလိုလက်ရှည်နေတဲ့ တီရှပ်ဒီဇိုင်းဟာ ယောကျ်ားလေးအတော်များများနဲ့ မလိုက်ပါဘူး။

၄။ suspender နဲ့ ခါးပတ်ကိုတွဲဝတ်ခြင်း
တချို့ကမော်ဒယ်တွေကို အားကျပြီး သတိမထားမိပဲ suspender နဲ့ ခါးပတ်ကိုတွဲဝတ်တတ်ကြပါတယ်။ တကယ်တော့ suspender ပါရင် ခါးပတ်ပတ်စရာမလိုပါဘူး။ ဖက်ရှင်အနေနဲ့လည်း မှားယွင်းတာကြောင့် ကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။

၅။ မီးပူမတိုက်ပဲဝတ်ခြင်း
မီးပူတိုက်ရမှာ ပျင်းတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် စမတ်ကျကျနဲ့ ဖက်ရှင်ကျဖို့ဆိုရင် အမြဲတမ်းအဝတ်အစားတွေကို မီးပူတိုက်ပါလို့ ပြောပါရစေ။ အင်္ကျီအတွန့်အကြေတွေကို သင်ဝတ်တဲ့အခါ တချို့သူတွေက အရမ်းကိုပရောဖက်ရှင်နယ်မဆန်တဲ့သူ၊ စမတ်မကျတဲ့သူ၊ စည်းကမ်းမရှိတဲ့သူလို့ ယူဆနိုင်ပါတယ်။

၆။ ကုတ်အင်္ကျီအပေါ်ကြယ်သီးတပ်ခြင်း
ကုတ်အင်္ကျီကို ကြယ်သီးတပ်ပြီးဝတ်ဆင်တာဟာ သင့်ကိုပိုပြီးစမတ်ကျစေပါတယ်။ တကယ်လို့ ထိုင်တဲ့အခါမှာ အောက်ဆုံးကကြယ်သီးကို ဖြုတ်ပြီးမှထိုင်ဖို့ သတိရပါ။ ဒီလိုအလေ့အကျင့်က သင့်ကို လူကြီးလူကောင်းပိုဆန်စေပါတယ်။

၇။ ဘောင်းဘီအိပ်ထဲပစ္စည်းတွေထည့်ခြင်း
ယောကျ်ားလေးအတော်များများကတော့ သူတို့ရဲ့ဖုန်း ပိုက်ဆံအိတ်၊ သော့ချိတ် လက်ကိုင်ပုဝါ စတာတွေကိုဘောင်းဘီအိတ်နဲ့ ဆန့်သလောက် ထည့်လေ့ရှိပါတယ်။ ယခုလိုဘောင်းဘီအိတ်ထဲ ဖောင်းကားနေအောင်ထည့်တာဟာ သင့်ရဲ့ဖက်ရှင်ကို များစွာအနှောက်အယှက်ဖြစ်စေတာကြောင့် ငွေအစား ကဒ်ကိုအသုံးပြုတာ၊ အရေးကြီးတဲ့ သော့တခုလောက်ပဲထည့်တာ စသဖြင့်ဘောင်ဘီရဲ့စတိုင်အတိုင်းပုံမပျက်အောင် ဝတ်ဆင်သင့်ပါတယ်။

၈။ အနက်ရောင်ကုဒ်အင်္ကျီပဲ နေ့စဥ်ဝတ်နေတာ
တချို့ယောကျ်ားလေးတွေက သူတို့နှစ်သက်တဲ့အဝတ်အစားတွေဆိုရင် နေ့စဥ်ဝတ်ဖို့ ဝန်မလေးတတ်ပါဘူး။ အထူးသဖြင့်ယောကျ်ားလေးတိုင်း အနက်ရောင်ကြိုက်တတ်ကြပါတယ်။ ဒါပေမယ့် ယခုလိုတစ်ရောင်တည်းကို နေ့စဥ်ဝတ်နေတာထက် အခြားအရောင်တွေနဲ့ အလှည့်ကျဝတ်ဖို့
အကြံပေးပါရစေ။ အမြဲတမ်းသပ်သပ်ရပ်ရပ်နဲ့ အရောင်တစ်မျိုးစီဝတ်ဆင်ခြင်းကြောင့် အများအမြင်မှာ သင့်ကို ထူခြားတဲ့သူ၊ ရိုးရှင်းပြီး စတိုင်ကျတဲ့သူတယောက်အဖြစ် သင့်ကို မြင်ကြပါလိမ့်မယ်။


LM_Naung_Naung
Lifestyle_Myanmar

သင့်ဘဝအတွက် အချစ်စစ်ကိုရှာဖွေဖို့ခက်ခဲနေပြီး အချစ်ရေးကံမကောင်းရခြင်းရဲ့ အကြောင်းရင်းအချို့

Zawgyi

အမ်ိဳးသားအမ်ားစု သတိမျပဳမိတတ္တဲ့ ဖက္ရွင္အမွားမ်ား
အမ်ိဳးသားေတြေစ်းဝယ္ရင္ သိပ္ၿပီးေ႐ြးစရာမလိုဘူးလို႔ ယူဆၾကပါတယ္။ ဒီလိုအျမင္ဟာ အမ်ိဳးသမီးေတြနဲ႔ ယွဥ္ရင္ေတာ့မွန္ေပမယ့္ဖက္ရွင္က်က် အေသးစိတ္ေ႐ြးခ်ယ္ဝယ္မယ္ဆိုရင္ေတာ့ မမွန္ပါဘူး။ ဒါေၾကာင့္ပဲ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားဟာ အဝတ္အစားဝတ္တဲ့အခါ မွားယြင္းတဲ့ဖက္ရွင္ပုံစံေတြကို သတိမျပဳမိပဲ ဝတ္ဆင္ေနတတ္ပါတယ္။ ဒီလိုဖက္ရွင္အမွားေတြထဲကမွ အမ်ားဆုံးျဖစ္ေလ့ရွိတဲ့ အရာေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ လက္ပတ္နာရီကို ဖုံးေနတဲ့ အက်ႌလက္ရွည္
အက်ႌလက္ရွည္ဝယ္တဲ့အခါ လက္ပတ္နာရီကို မဖုံးေစဖို႔အတြက္ လက္ေကာက္ဝတ္နဲ႔ အေနေတာ္ျဖစ္မယ့္ ဒီဇိုင္းမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူပါ။ တကယ္လို႔အက်ႌကအနည္းငယ္ပြၿပီး လက္ကရွည္ေနမယ္ဆိုရင္ အက်ႌလက္ကိုေခါက္ၿပီးဝတ္တာပိုေကာင္းပါတယ္။

၂။ ပုံနဲ႔စာတမ္းေတြပါတဲ့ တီရွပ္
ပုံနဲ႔စာေတြပါတဲ့ တီရွပ္ေတြဆိုရင္ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါး စတိုင္ျဖစ္တာေၾကာင့္ သီးသန္႔ဝတ္လို႔အဆင္ေျပပါတယ္။ ဒါေပမယ့္ အေပၚက ဂ်ာကင္ သို႔မဟုတ္ အေႏြးထည္ထပ္ဝတ္မယ္ဆိုရင္ေတာ့ တီရွပ္ေျဗာင္က ပိုၿပီးစမတ္က်ေနပါလိမ့္မယ္။

၃။ တီရွပ္လက္အရွည္
တီရွပ္ဝတ္တဲ့အခါ လက္ကသင့္တံေတာင္နားထိေရာက္ေနမယ္ဆိုရင္ ၾကည့္လို႔ေကာင္းမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ rapper နဲ႔ Dancer ေတြကေတာ့ သူတို႔ရဲ႕ကိုယ္ပိုင္ trand ျဖစ္တာေၾကာင့္ ခြၽင္းခ်က္ပါ။ ဒီလိုလက္ရွည္ေနတဲ့ တီရွပ္ဒီဇိုင္းဟာ ေယာက်္ားေလးအေတာ္မ်ားမ်ားနဲ႔ မလိုက္ပါဘူး။

၄။ suspender နဲ႔ ခါးပတ္ကိုတြဲဝတ္ျခင္း
တခ်ိဳ႕ကေမာ္ဒယ္ေတြကို အားက်ၿပီး သတိမထားမိပဲ suspender နဲ႔ ခါးပတ္ကိုတြဲဝတ္တတ္ၾကပါတယ္။ တကယ္ေတာ့ suspender ပါရင္ ခါးပတ္ပတ္စရာမလိုပါဘူး။ ဖက္ရွင္အေနနဲ႔လည္း မွားယြင္းတာေၾကာင့္ ကဲ့ရဲ႕စရာျဖစ္တတ္ပါတယ္။

၅။ မီးပူမတိုက္ပဲဝတ္ျခင္း
မီးပူတိုက္ရမွာ ပ်င္းတာကို ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမယ့္ စမတ္က်က်နဲ႔ ဖက္ရွင္က်ဖို႔ဆိုရင္ အၿမဲတမ္းအဝတ္အစားေတြကို မီးပူတိုက္ပါလို႔ ေျပာပါရေစ။ အက်ႌအတြန္႔အေၾကေတြကို သင္ဝတ္တဲ့အခါ တခ်ိဳ႕သူေတြက အရမ္းကိုပေရာဖက္ရွင္နယ္မဆန္တဲ့သူ၊ စမတ္မက်တဲ့သူ၊ စည္းကမ္းမရွိတဲ့သူလို႔ ယူဆႏိုင္ပါတယ္။

၆။ ကုတ္အက်ႌအေပၚၾကယ္သီးတပ္ျခင္း
ကုတ္အက်ႌကို ၾကယ္သီးတပ္ၿပီးဝတ္ဆင္တာဟာ သင့္ကိုပိုၿပီးစမတ္က်ေစပါတယ္။ တကယ္လို႔ ထိုင္တဲ့အခါမွာ ေအာက္ဆုံးကၾကယ္သီးကို ျဖဳတ္ၿပီးမွထိုင္ဖို႔ သတိရပါ။ ဒီလိုအေလ့အက်င့္က သင့္ကို လူႀကီးလူေကာင္းပိုဆန္ေစပါတယ္။

၇။ ေဘာင္းဘီအိပ္ထဲပစၥည္းေတြထည့္ျခင္း
ေယာက်္ားေလးအေတာ္မ်ားမ်ားကေတာ့ သူတို႔ရဲ႕ဖုန္း ပိုက္ဆံအိတ္၊ ေသာ့ခ်ိတ္ လက္ကိုင္ပုဝါ စတာေတြကိုေဘာင္းဘီအိတ္နဲ႔ ဆန္႔သေလာက္ ထည့္ေလ့ရွိပါတယ္။ ယခုလိုေဘာင္းဘီအိတ္ထဲ ေဖာင္းကားေနေအာင္ထည့္တာဟာ သင့္ရဲ႕ဖက္ရွင္ကို မ်ားစြာအေႏွာက္အယွက္ျဖစ္ေစတာေၾကာင့္ ေငြအစား ကဒ္ကိုအသုံးျပဳတာ၊ အေရးႀကီးတဲ့ ေသာ့တခုေလာက္ပဲထည့္တာ စသျဖင့္ေဘာင္ဘီရဲ႕စတိုင္အတိုင္းပုံမပ်က္ေအာင္ ဝတ္ဆင္သင့္ပါတယ္။

၈။ အနက္ေရာင္ကုဒ္အက်ႌပဲ ေန႔စဥ္ဝတ္ေနတာ
တခ်ိဳ႕ေယာက်္ားေလးေတြက သူတို႔ႏွစ္သက္တဲ့အဝတ္အစားေတြဆိုရင္ ေန႔စဥ္ဝတ္ဖို႔ ဝန္မေလးတတ္ပါဘူး။ အထူးသျဖင့္ေယာက်္ားေလးတိုင္း အနက္ေရာင္ႀကိဳက္တတ္ၾကပါတယ္။ ဒါေပမယ့္ ယခုလိုတစ္ေရာင္တည္းကို ေန႔စဥ္ဝတ္ေနတာထက္ အျခားအေရာင္ေတြနဲ႔ အလွည့္က်ဝတ္ဖို႔
အႀကံေပးပါရေစ။ အၿမဲတမ္းသပ္သပ္ရပ္ရပ္နဲ႔ အေရာင္တစ္မ်ိဳးစီဝတ္ဆင္ျခင္းေၾကာင့္ အမ်ားအျမင္မွာ သင့္ကို ထူျခားတဲ့သူ၊ ႐ိုးရွင္းၿပီး စတိုင္က်တဲ့သူတေယာက္အျဖစ္ သင့္ကို ျမင္ၾကပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here