အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွဲပြားစွာ သက်ရောက်တဲ့ ရောဂါ (၈)ခု

0
116
- Advertisement -

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ တူညီတဲ့ ရောဂါလက္ခဏာတွေနှင့် ရောဂါတူရှိနိုင်ပေမယ့် ဒီရောဂါအချို့ကတော့ ကွဲပြားခြားနားစွာ သက်ရောက်ပါတယ်။ အမျိုးသမီးတွေဟာ တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာတွေကို ပိုမိုခံစားရနိုင်ပြီး တချို့ရောဂါတွေက အမျိုးသားတွေအား ပိုမိုဆိုးရွားစွာ သက်ရောက်စေနိုင်ပါတယ်။

-Advertisement-

၁။ ဆံပင်ကျွတ်ခြင်း

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အသက်ကြီးလာတဲ့အခါ ဆံပင်ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။ အမျိုးသားတွေဟာ တူညီသောပုံစံဖြင့် ဆံပင်ကျွတ်လေ့ရှိပါတယ်။ သူတို့ရဲ့ headline က နဖူးကနေ တဖြည်းဖြည်း နောက်ဆုတ်သွားပြီး ထိပ်ပြောင်လာပါတယ်။ အမျိုးသားတွေရဲ့ testosterone ဟော်မုန်းက သူတို့ရဲ့ဆံပင်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ Testosterone ဟာ ဆံပင်ကို တိုပြီးပါးလွှာစေတဲ့ ဟော်မုန်းတစ်ခုဖြစ်သော dihydrotestosterone အဖြစ်ပြောင်းလဲလိုက်ပါတယ်။

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်မှုဟာ အသက် ၂၀ကျော်မှ စတင်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်တာက မျိုးရိုးဗီဇ၊ ဆေးဘက်ဆိုင်ရာ အခြေအနေများနှင့်အတူ ပိုကျွတ်နိုင်ပေမယ့် အမျိုးသမီးအများစုက အသက် ၅၀ (သို့) ၆၀လောက်မှ သတိထားမိကြပါတယ်။

၂။ ဝက်ခြံ

အမျိုးသမီးတွေဟာ ရာသီလာစဉ်အတွင်းနှင့် သွေးဆုံးချိန်တွေမှာ သူတို့ရဲ့ဟော်မုန်းပမာဏတွေ အလျဉ်ပြတ်သွားတာကြောင့် ဝက်ခြံပိုမိုခံစားရပါတယ်။ လိင်နှစ်မျိုးစလုံးက ငယ်စဉ်ကလေးဘဝကနေ လူကြီးဘဝအထိ ဝက်ခြံပေါက်နိုင်ပါတယ်။ သို့သော် အမျိုးသားတွေမှာ များသောအားဖြင့် sebum ပိုထုတ်တာကြောင့် ဝက်ခြံထွက်တာ ပိုကြာရခြင်း ဖြစ်ပါတယ်။

၃။ Multiple Sclerosis ရောဂါ

Multiple Sclerosis (အာရုံကြောစနစ် ချို့ယွင်းမှုကြောင့် မသန်မစွမ်းဖြစ်စေတဲ့ ) ရောဂါဖြစ်မှုဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၂ဆ၊ ၃ဆ ပိုများပါတယ်။ သို့သော် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြင်းထန်လေ့ရှိပါတယ်။ primary-progressive multiple sclerosis (PPMS) လို့သိကြတဲ့ ၎င်းရဲ့အခြေအနေ တဖြည်းဖြည်း ပိုဆိုးလာတဲ့အဆင့်ဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

၄။ အရိုးပွရောဂါ

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ခြေ ၄ဆပိုများပါတယ်။ အမျိုးသမီးတွေရဲ့အရိုးဟာ ပိုမိုပေါ့ပါးပြီး ပါးလွှာတာကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ သက်တမ်း ပိုရှည်တာကြောင့်လည်း ဖြစ်ပါတယ်။

၅။ လေဖြတ်ခြင်း

အမျိုးသားတွေထက် အမျိုးသမီး ၅၅၀၀၀ခန့်ဟာ လေပိုဖြတ်ခြင်း ခံရပါတယ်။ နှစ်စဉ် လေဖြတ်ခြင်းကနေ သေဆုံးမှုဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုများပါတတယ်။ အမျိုးသားနှင့် အမျိုးသမီးတွေဟာ လေဖြတ်တဲ့ လက္ခဏာချင်း တူညီသော်လည်း အမျိုးသမီးတွေဟာ အသက်ရှုရခက်ခဲခြင်း၊ စိတ်အာရုံချောက်ခြားခြင်း၊ အားနည်းခြင်း၊ အော့အန်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ လေသင်တုန်းဖြတ်ခြင်း နှင့် ကြို့ထိုးခြင်း ကဲ့သို့သော သိသာထင်ရှားတဲ့ လက္ခဏာတွေကို ပိုခံစားရနိုင်ပါတယ်။

၆။ Heart attack

အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးဟာ သူတို့ရင်ဘက်ပေါ် ဆင်တစ်ကောင်ထိုင်နေသလို ခံစားရတဲ့ ရင်ဘက်ဖိအားကို ခံစားရနိုင်ပါတယ်။ သို့သော် အမျိုးသမီးတွေဟာ ဒီလိုရင်ဘက်ဖိအားမခံစားရဘဲ Heart attack နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ရင်ဘက်အောက်ပိုင်း (သို့) ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်တာ၊ အသက်ရှူမဝတာ၊ မူးဝေတာ၊ အားနည်းတာနှင့် အပြင်းအထန် မောပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။

၇။ စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှု

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ကျရောဂါနှင့် စိုးရိမ်စိတ်ကို ပိုခံစားရလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေ မခံစားရတဲ့ အရာတွေဖြစ်သော ဥပမာ- ကျားမအခြေခံတဲ့ ချိုးဖောက်မှုများ၊ လူမှု-စီးပွားရေး အားနည်းချက်များ၊ ဝင်ငွေ မညီမျှမှုနှင့် လူမှုရေးအဆင့်အတန်း ဦးစားပေးမခံရခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

Depressed woman

ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေ ဘယ်တော့မှ မကြုံတွေ့ရတဲ့ depression မျိုးလည်း ရှိတာကြောင့် ဖြစ်ပါတယ်။ ဥပမာ- ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးဖွားချိန်၊ ရာသီစက်ဝန်းနှင့် သွေးဆုံးခြင်း တို့ဖြစ်ပါတယ်။

၈။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက ပိုတိုတောင်းပြီး ဘက်တီးရီးယားတွေဟာ အကွာအဝေးတိုတို သွားရတာကြောင့် အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ပိုဖြစ်ပွားလေ့ရှိပါတယ်။ အခြားတစ်ဖက်မှ ကြည့်ရင် ရောဂါပိုးကူးစက်မှုက ဘက်တီးရီးယားထက် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းနှင့်သာ သက်ဆိုင်တာကြောင့်အမျိုးသားတွေမှာ အခြေအနေ ပိုရှုပ်ထွေးပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here