အမျိုးသမီးတွေအနေနဲ့ အတွင်းခံဝတ်တဲ့အခါ မရွေးချယ်သင့်တဲ့ အယူအဆအမှားတွေ

0
269
အတွင်းခံ

၁။ မျက်နှာပြင် ချောမွေ့မှု မရှိတဲ့ ဘရာဇီယာ

ကိုယ်ဝတ်ဖို့ ရွေးချယ်ထားတဲ့ အင်္ကျီက ဆွဲသား/ ကိုယ်ကြပ် အင်္ကျီမျိုး ဖြစ်နေတဲ့အခါ အောက်ခံ ဘရာဇီယာကို တွေ့ကရာဝတ်ဆင်လို့ အဆင်မပြေပါဘူး။ အထူးသဖြင့် သင်ဝတ်ဆင်မဲ့ အောက်ခံ ဘရာဇီယာက မျက်နှာပြင်ချောမွေ့မှုမရှိတဲ့ ဒီဇိုင်းမျိုး ဖြစ်နေတဲ့အခါ ကိုယ်ကြပ်/ဆွဲသားအင်္ကျီနဲ့ တွဲဖက် ဝတ်ဆင်မိရင်သင့်ရင်သားအလှကို မပေါ်လွင်တဲ့အပြင် အများအမြင်မှာ ရင်သားက ညီညာမှု မရှိဘူးလို့ ထင်မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကြပ်/ ဆွဲသား အင်္ကျီ မျိုးဝတ်ဆင်တဲ့အခါ မျက်နှာပြင်ချောမွေ့လုံးဝန်းနေတဲ့ ဘရာဇီရာမျိုးကို ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

၂။ Shapewear

Shapewear အတွင်းခံကို ဝတ်ဆင်မယ်ဆို အမျိုးသမီးတွေအနေနဲ့ သတိထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Shapewear အတွင်းခံဟာ ကြာရှည်ဝတ်ဆင်ရမဲ့ အဝတ်အစားမျိုးမဟုတ်ပါဘူး။ အဆိုပါအတွင်းခံကို ၆နာရီထက် ပိုပြီး ဝတ်ဆင်မိတဲ့အခါ သွေးလည်မှု မကောင်းမွန်ခြင်း၊ ဝတ်ဆင်ထားတဲ့နေရာတစ်ဝှိုက်မှာ ပူအိုက်ပြီး ချွေးထွက်ခြင်း၊ ယားယံခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် Shapewear အတွင်းခံမျိုး ဝတ်ဆင်တဲ့အခါ အရမ်းကြီး တင်းကြပ်တာမျိုး မဟုတ်ဘဲ ဝတ်ဆင်ရ ချောမွေ့တဲ့ အရွယ်အစားမျိုးကို ရွေချယ်ဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။

၃။ ဘရာဇီယာ အရွယ်အစား

ရင်သားသေးငယ်တဲ့ အမျိုးသမီးတွေ အချို့ဟာ သူတို့ရင်သားအရွယ်အစားသေးတဲ့အတွက် ဘရာဇီယာဝတ်ဆင်တဲ့အခါ ရင်သားထက်ပိုကြီးတဲ့ ဘရာဇီရွယ်အရွယ်အစားမျိုးကို ရွေးချယ်တတ်ကြပါတယ်။ ဒါကသင့်ရင်သားနဲ့ ဘရာဇီယာကို အံဝင်ဂွင်ကျ မဖြစ်စေသလို ဝတ်ဆင်ထားတဲ့အခါမှာလည်းနေရထိုင်ရတာ သက်သောက်သက်သာ ရှိစေမှာမဟုတ်ပါဘူး။ အကယ်၍ သင့်အနေနဲ့ ဝတ်ချင်တယ်ဆိုရင်တော့ ရေမြှုပ် ဒါမှမဟုတ် ဖော့ အခံတစ်ခုခု ပါဝင်တဲ့ ဘရာဇီယာမျိုး ရွေးချယ်ဝတ်ဆင်ပါတယ်။ ဒါပေမဲ့ သင်သတိထားရမှာက အဆိုပါ ဘရာဇီယာအမျိုးအစားမျိုး ဝတ်ဆင်ရင် အချိန်အကြာကြီး ဝတ်ဆင်ထားလို့ မရပါဘူး။

၄။ အတွင်းခံအရောင်

အတွင်းခံအရောင်နဲ့ အပေါ်က အဝတ်အစားအရောင်က ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ အများအမြင်မှာ သင့်ဟာ ဒီဇိုင်းအမြင်မရှိသူ၊ အပေါစားဆန်သူတစ်ယောက်အဖြစ် စဉ်းစားကောင်း စဉ်းစားသွားနိုင်ပါတယ်။ အဓိကအားဖြင့် အပေါ်အင်္ကျီက အရမ်းပါလွှာနေတဲ့အခါ အဝတ်အစားအရောင်အပေါ်မူတည်ပြီး ဘရာဇီယာအရောင်ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၅။ အိမ်နေအဝတ်အစား

လွတ်လွတ်လပ်လပ်အိမ်မှာနေရင်း ဘရာဇီယာပဲ ဝတ်ချင်တယ်ဆိုရင် သင့်အနေနဲ့ ဝတ်ဆင်တဲ့ ဘရာဇီယာက ရွေးချယ်မှု မှန်ကန်ဖို့ လိုအပ်ပါတယ်။ အပြင်သွားရင် ခဏတစ်ဖြုတ်ဝတ်ဆင်တဲ့ ဘရာဇီယာမျိုး၊ တင်းကြပ်ကြပ် ဘရာဇီယာမျိုးတွေ ဝတ်ဆင်တာက ရင်သားအရွယ်အစား ကြီးထွားဖို့ကို တားဆီးစေသလို သွေးလည်ပတ်မှု မကောင်းမွန်စေပါဘူး။ ဒါ့ကြောင့် အိမ်မှာနေရင်း လွတ်လွတ်လပ်လပ်ပဲ ဝတ်စားချင်ရင် အားကစားလုပ်တဲ့အခါ ဝတ်ဆင်တဲ့ ဘရာ အမျိုးအစားမျိုးကို ဝတ်ဆင်သင့်ပါတယ်။

၆။ panties စတိုင်

သားရေကြိုးနဲ့ ဖန်တီးထားတဲ့ Thong အတွင်းခံဘောင်းဘီတွေဟာ အသားအရေကို အထိအခိုက်မခံသလို၊ ဘက်တီးရီးယားပိုးဝင်ခြင်းနဲ့ ယားယံခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်းလိုလို Thong အတွင်းဝတ်စဉ်ခြင်းကို ရှောင်ကြဉ်သင့်ပြီး သင့်အနေနဲ့ အခြား အဆင်ပြေမဲ့အတွင်းခံ ဒီဇိုင်မျိုးကို ပြောင်းလဲ ဝတ်ဆင်နိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။

၇။ အပေါ်အောက် အရောင်

ကမ်းခြေလို နေရာမျိုးရောက်လို့ အတွင်းခံချည်းပဲ အသားပေးဝတ်ဆင်မယ်ဆိုရင် အပေါ်အောက် အရောင်ရွေးချယ်မှုက အရမ်းအရေးကြီးပါတယ်။ အပေါ်အောက် အရောင်ရွေးချယ်မှုက ကိုက်ညီမှုမရှိတဲ့အခါ သင့်ရဲ့ စွဲဆောင်မှုကို လျော့ကျစေသလို အလှအပကိုလည်း ပေါ်လွင်မှု မရှိစေပါဘူး။ ဒါ့ကြောင့်အတွင်းခံချည်ပဲ အသားပေးဝတ်ဆင်ရင် အပေါ်အောက်အရောင် အတူတူဖြစ်တာက ပိုပြီး သင့်ကို စွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

Ref-Bright Side

Zawgyi Fonts

အမ်ိဳးသမီးေတြအေနနဲ႔ အတြင္းခံဝတ္တဲ့အခါ မေရြးခ်ယ္သင့္တဲ့ အယူအဆအမွားေတြ
၁။ မ်က္ႏွာျပင္ ေခ်ာေမြ႕မွု မရွိတဲ့ ဘရာဇီယာ
ကိုယ္ဝတ္ဖို႔ ေရြးခ်ယ္ထားတဲ့ အကၤ်ီက ဆြဲသား/ ကိုယ္ၾကပ္ အကၤ်ီမ်ိဳး ျဖစ္ေနတဲ့အခါ ေအာက္ခံ ဘရာဇီယာကို ေတြ႕ကရာဝတ္ဆင္လို႔ အဆင္မေျပပါဘူး။ အထူးသျဖင့္ သင္ဝတ္ဆင္မဲ့ ေအာက္ခံ ဘရာဇီယာက မ်က္ႏွာျပင္ေခ်ာေမြ႕မွုမရွိတဲ့ ဒီဇိုင္းမ်ိဳး ျဖစ္ေနတဲ့အခါ ကိုယ္ၾကပ္/ဆြဲသားအကၤ်ီနဲ႔ တြဲဖက္ ဝတ္ဆင္မိရင္သင့္ရင္သားအလွကို မေပၚလြင္တဲ့အျပင္ အမ်ားအျမင္မွာ ရင္သားက ညီညာမွု မရွိဘူးလို႔ ထင္ျမင္နိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ၾကပ္/ ဆြဲသား အကၤ်ီ မ်ိဳးဝတ္ဆင္တဲ့အခါ မ်က္ႏွာျပင္ေခ်ာေမြ႕လုံးဝန္းေနတဲ့ ဘရာဇီရာမ်ိဳးကို ေရြးခ်ယ္ဝတ္ဆင္ဖို႔ လိုအပ္ပါတယ္။

၂။ Shapewear
Shapewear အတြင္းခံကို ဝတ္ဆင္မယ္ဆို အမ်ိဳးသမီးေတြအေနနဲ႔ သတိထားဖို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Shapewear အတြင္းခံဟာ ၾကာရွည္ဝတ္ဆင္ရမဲ့ အဝတ္အစားမ်ိဳးမဟုတ္ပါဘူး။ အဆိုပါအတြင္းခံကို ၆နာရီထက္ ပိုၿပီး ဝတ္ဆင္မိတဲ့အခါ ေသြးလည္မွု မေကာင္းမြန္ျခင္း၊ ဝတ္ဆင္ထားတဲ့ေနရာတစ္ဝွိုက္မွာ ပူအိုက္ၿပီး ေခၽြးထြက္ျခင္း၊ ယားယံျခင္း စတဲ့ ျပႆနာေတြ ျဖစ္ေပၚနိုင္ပါတယ္။ ဒါ့ေၾကာင့္ Shapewear အတြင္းခံမ်ိဳး ဝတ္ဆင္တဲ့အခါ အရမ္းႀကီး တင္းၾကပ္တာမ်ိဳး မဟုတ္ဘဲ ဝတ္ဆင္ရ ေခ်ာေမြ႕တဲ့ အရြယ္အစားမ်ိဳးကို ေရြခ်ယ္ဝတ္ဆင္တတ္ဖို႔ အေရးႀကီးပါတယ္။

၃။ ဘရာဇီယာ အရြယ္အစား
ရင္သားေသးငယ္တဲ့ အမ်ိဳးသမီးေတြ အခ်ိဳ႕ဟာ သူတို႔ရင္သားအရြယ္အစားေသးတဲ့အတြက္ ဘရာဇီယာဝတ္ဆင္တဲ့အခါ ရင္သားထက္ပိုႀကီးတဲ့ ဘရာဇီရြယ္အရြယ္အစားမ်ိဳးကို ေရြးခ်ယ္တတ္ၾကပါတယ္။ ဒါကသင့္ရင္သားနဲ႔ ဘရာဇီယာကို အံဝင္ဂြင္က် မျဖစ္ေစသလို ဝတ္ဆင္ထားတဲ့အခါမွာလည္းေနရထိုင္ရတာ သက္ေသာက္သက္သာ ရွိေစမွာမဟုတ္ပါဘူး။ အကယ္၍ သင့္အေနနဲ႔ ဝတ္ခ်င္တယ္ဆိုရင္ေတာ့ ေရျမႇုပ္ ဒါမွမဟုတ္ ေဖာ့ အခံတစ္ခုခု ပါဝင္တဲ့ ဘရာဇီယာမ်ိဳး ေရြးခ်ယ္ဝတ္ဆင္ပါတယ္။ ဒါေပမဲ့ သင္သတိထားရမွာက အဆိုပါ ဘရာဇီယာအမ်ိဳးအစားမ်ိဳး ဝတ္ဆင္ရင္ အခ်ိန္အၾကာႀကီး ဝတ္ဆင္ထားလို႔ မရပါဘူး။

၄။ အတြင္းခံအေရာင္
အတြင္းခံအေရာင္နဲ႔ အေပၚက အဝတ္အစားအေရာင္က ဆန္႔က်င္ဘက္ျဖစ္ေနတဲ့အခါ အမ်ားအျမင္မွာ သင့္ဟာ ဒီဇိုင္းအျမင္မရွိသူ၊ အေပါစားဆန္သူတစ္ေယာက္အျဖစ္ စဥ္းစားေကာင္း စဥ္းစားသြားနိုင္ပါတယ္။ အဓိကအားျဖင့္ အေပၚအကၤ်ီက အရမ္းပါလႊာေနတဲ့အခါ အဝတ္အစားအေရာင္အေပၚမူတည္ၿပီး ဘရာဇီယာအေရာင္ကို ေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။

၅။ အိမ္ေနအဝတ္အစား
လြတ္လြတ္လပ္လပ္အိမ္မွာေနရင္း ဘရာဇီယာပဲ ဝတ္ခ်င္တယ္ဆိုရင္ သင့္အေနနဲ႔ ဝတ္ဆင္တဲ့ ဘရာဇီယာက ေရြးခ်ယ္မွု မွန္ကန္ဖို႔ လိုအပ္ပါတယ္။ အျပင္သြားရင္ ခဏတစ္ျဖဳတ္ဝတ္ဆင္တဲ့ ဘရာဇီယာမ်ိဳး၊ တင္းၾကပ္ၾကပ္ ဘရာဇီယာမ်ိဳးေတြ ဝတ္ဆင္တာက ရင္သားအရြယ္အစား ႀကီးထြားဖို႔ကို တားဆီးေစသလို ေသြးလည္ပတ္မွု မေကာင္းမြန္ေစပါဘူး။ ဒါ့ေၾကာင့္ အိမ္မွာေနရင္း လြတ္လြတ္လပ္လပ္ပဲ ဝတ္စားခ်င္ရင္ အားကစားလုပ္တဲ့အခါ ဝတ္ဆင္တဲ့ ဘရာ အမ်ိဳးအစားမ်ိဳးကို ဝတ္ဆင္သင့္ပါတယ္။

၆။ panties စတိုင္
သားေရႀကိဳးနဲ႔ ဖန္တီးထားတဲ့ Thong အတြင္းခံေဘာင္းဘီေတြဟာ အသားအေရကို အထိအခိုက္မခံသလို၊ ဘက္တီးရီးယားပိုးဝင္ျခင္းနဲ႔ ယားယံျခင္းကို ပိုမိုျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္ေန႔တိုင္းလိုလို Thong အတြင္းဝတ္စဥ္ျခင္းကို ေရွာင္ၾကဥ္သင့္ၿပီး သင့္အေနနဲ႔ အျခား အဆင္ေျပမဲ့အတြင္းခံ ဒီဇိုင္မ်ိဳးကို ေျပာင္းလဲ ဝတ္ဆင္နိုင္ေအာင္ ႀကိဳးစားဖို႔လိုအပ္ပါတယ္။

၇။ အေပၚေအာက္ အေရာင္
ကမ္းေျခလို ေနရာမ်ိဳးေရာက္လို႔ အတြင္းခံခ်ည္းပဲ အသားေပးဝတ္ဆင္မယ္ဆိုရင္ အေပၚေအာက္ အေရာင္ေရြးခ်ယ္မွုက အရမ္းအေရးႀကီးပါတယ္။ အေပၚေအာက္ အေရာင္ေရြးခ်ယ္မွုက ကိုက္ညီမွုမရွိတဲ့အခါ သင့္ရဲ့ စြဲေဆာင္မွုကို ေလ်ာ့က်ေစသလို အလွအပကိုလည္း ေပၚလြင္မွု မရွိေစပါဘူး။ ဒါ့ေၾကာင့္အတြင္းခံခ်ည္ပဲ အသားေပးဝတ္ဆင္ရင္ အေပၚေအာက္အေရာင္ အတူတူျဖစ္တာက ပိုၿပီး သင့္ကို စြဲေဆာင္မွုရွိေစမွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here