Alcohol ပါဝင်တဲ့ သောက်စရာအများစုဟာ မိန်းကလေးလေးတွေအတွက် သောက်လို့မသင့်တော်ဘူးလို့ ယူဆကြတာများပါတယ်။ သို့ပေမယ့် ဝိုင်နီက အမျိုးသမီးတွေအတွက် အကျိုးကျေးဇူး အများကြီးပေးပါတယ်။ ဝိုင်နီကို အထူးသဖြင့် စပျစ်သီး ၊ မက်မန်းသီး၊ စတော်ဘယ်ရီ စတဲ့အသီးတွေနဲ့ အခြေခံပြီးပြုလုပ်ထားပါတယ်။ နှစ်ရှည်လများကြာပြီး မှ ရရှိလာတဲ့ ဒီဝိုင်အရည်များဟာ အလွန်အကျွံသောက်ရင်တော့ ယမကာသဖွယ် မှုးယစ်စေနိုင်ပေမယ့် ကျန်းမာရေးအရ တစ်နေ့တစ်ခွက်သောက်ပေးရင်တော့ အမျိုးသမီးတွေအတွက် ကောင်းမွန်ပါတယ်။
အထူးသဖြင့် စပျစ်ဝိုင်ကို သောက်ဖို့တိုက်တွန်းချင်ပါတယ်။ ဝိုင်မဖြစ်ခင်ကတည်းက စပျစ်သီးဟာ ဗီတာမင်၊ သတ္တုဓာတ်၊ အာဟာရဓာတ်နဲ့ Antioxidant ဓာတ်တွေ အများအပြား ပါဝင်ပြီး လူ့ကိုယ်ခန္ဓာကို အကျိုးဖြစ်စေပါတယ်။ ဒါကြောင့် စပျစ်သီးကို ပုံမှန်မစားပေးနိုင်ရင်တော့ ဝိုင်ကို အစားထိုးသောက်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အကြောင်းပြချက်အချို့ ရှိနေလို့ပါ။

နေ့စဉ် ပုံမှန်ဝိုင်တစ်ခွက် သောက်ပေးခြင်းဟာ အစာခြေဖျက်အားကို ကောင်းမွန်စေပြီး ကိုယ်ခန္ဓာထဲက ဗီတာမင်စီကို မြင့်တင်ပေးပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေအထိ သောက်သုံးသင့်တယ်လို့ Medicinal Journal ကနေ အကြံပြုထားပါတယ်။
Vine မှရတဲ့ဝိုင်ဟာ နှလုံးသွေးကြောအတွင်း ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပြီး နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးနိုင်တဲ့အပြင် အလုပ်များပြီး စိတ်မကြည်မလင်ဖြစ်တာတွေ ခေါင်းအုံပြီး နေလို့မကောင်းတဲ့အချိန်တွေမှာ သောက်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဝိုင်မှာပါတဲ့ Antioxidant ဟာ သွေးဖိအားကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့ အချိန်တွေမှာ သောက်သုံးသင့်ပြီး ကိုယ်အလေးချိန် လျှော့ချနေသူတွေ အတွက်ကတော့ အကောင်းဆုံး အဖော်မွန်ပါပဲ။
Lifestyle_Myanmar
ref-AllWomenStalk