အမျိုးသမီးတွေကို ရုန်းမထွက်စေနိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အရည်အချင်း (၁၀) ချက်
0
128
၃။ အမြဲတမ်းအားပေးတတ်သူ
LM_Naung_Naung
Lifestyle_Myanmar
အမျိုးသမီးအတော်များများ ရုပ်ချောသဘောကောင်းတဲ့ ချစ်သူမျိုးကို စိတ်ကူယဥ်မိကြမှာပါ။ ဒါပေမယ့် ရုပ်ချောတိုင်းလည်း ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ ယခုဖော်ပြမယ့် အရည်အချင်းတွေက ရုပ်ရည်နဲ့မဆိုင်ပဲ အမျိုးသမီးတွေရဲ့နှလုံးသားကို ထာဝရသိမ်းပိုက်နိုင်ပါလိမ့်မယ်။
၁။ ရူးသွပ်တဲ့ စိတ်ကူးတွေလျှပ်တပြက် ချတတ်သူ
အမျိုးသမီးတွေဟာ နက်နဲတဲ့အရာတွေကို ချစ်တတ်တာ အကြောင်းပြစရာတော့မရှိပါဘူး။ တကယ်လို့ချစ်သူကောင်လေးက ရုတ်တရက်နှစ်ယောက်တည်း ထွက်ပြေးဖို့ပြောလာရင် မိန်းကလေးတိုင်း ရင်ခုန်စိတ်လှုပ်ရှားမိပါလိမ့်မယ်။ အဆိုပါအမျိုးသားကတော့ ယခုလိုစိတ်ကူးတွေကို မကြာခဏချတတ်သူဖြစ်တာကြောင့် မိန်းကလေးတွေအရမ်းကိုကြွေပါတယ်။
၂။ no ကို yes ဖြစ်လာစေတဲ့အထိ ဇွဲကောင်းလွန်းသူ
တခါတလေမှာ အမျိုးသမီးတွေက no လို့ပြောနေပေမယ့် သူတို့ပြောချင်တဲ့ အဓိပ္ပာယ်က Yes ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဇွဲကောင်းမှုကို ထိန်းသိမ်းပြီး သူမရဲ့ခံစားချက်အမှန်ကို ဖော်ထုတ်လိုက်ပါ။ ဒီလိုဇွဲကောင်းပြီး အလိုက်သိတတ်တဲ့ကောင်လေးတွေကိုဆိုရင် မိန်းကလေးတွေကြွေကြပါတယ်။
၃။ အမြဲတမ်းအားပေးတတ်သူ
အမျိုးသမီးတွေဟာ သူတို့ကျရှုံးနေတဲ့ အချိန်မျိုးမှာ ချစ်သူရဲ့အားပေးနှစ်သိမ့်မှုကို လိုလားတောင့်တကြပါတယ်။ တကယ်လို့ သူမကပန်းချီဝါသနာပါရင် ပန်းချီသင်တန်းကောင်းကောင်းမှာ စာရင်းပေးလိုက်ပါ။ သူမအဆင်မပြေမှုတွေကြုံရင်လည်း အားပေးပြီးနောက်တခါအောင်မြင်နိုင်တဲ့အကြောင်း ဖြေသိမ့်ပေးလိုက်ပါ။
၄။ သူမနှစ်သက်တဲ့အရာလေးတွေကို အမိအရဖမ်းပြီး စပရိုက်လုပ်ပေးတတ်သူ
စိန်လက်စွပ်ဟာ တကယ်တော့အမျိုးသမီးတိုင်းရဲ့ အကောင်းဆုံးသူငယ်ချင်းမဟုတ်ပါဘူး။ အမြဲတမ်းမဟုတ်ဖူးလို့ ဆိုလိုတာပါ။ သူမနှစ်သက်တဲ့ အရာလေးတွေကို အမိအရဖမ်းနိုင်ပြီး မထင်မှတ်တဲ့အချိန်မှာ ရယူပေးခြင်းဟာ စိန်လက်စွပ်ထက် တန်ဖိုးကြီးနေတတ်ပါတယ်။ သူမငေးကြည့်နေတဲ့အရာလေးတွေ၊ လှလိုက်တာလို့ နှုတ်ကတိုးတိုးလေးပြောလိုက်တဲ့ အရာလေးတွေက သူမရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်လိုက်ပါ။
၅။ အသံထွက်တဲ့အထိ ရယ်မောအောင်စွမ်းဆောင်နိုင်စွမ်းရှိသူ
အမျိုးသမီးတွေဟာ ရယ်မောရတာကို နှစ်သက်ကြပြီး တကယ်လို့သူမကို ရယ်မောအောင် လုပ်ပေးရင် သင့်ကိုအမှတ်တွေတက်စေပါလိမ့်မယ်။ သူမကိုရယ်အောင်လုပ်ပေးနိုင်ခြင်းဟာလည်း အရည်အချင်းတစ်ရပ်ပါပဲ။
၆။ အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်တတ်သူ
အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်ဖို့ဆိုရင် သင့်ရဲ့ဂရုစိုက်စောင့်ရှောက်မှုကို ပြသပေးပါ။ သူမတစ်နေ့တာဖြစ်ခဲ့သမျှကို အမြဲတမ်းစိတ်ဝင်တစား မေးပေးပါ။ သူမနေ့လည်စာ ဘာနဲ့စားနေလဲ၊ အလုပ်ဆင်းပြီးလား စသဖြင့် အသေးအဖွဲ့အရာလေးတွေကို ဂရုစိုက်ပြီးမေးနေရင်
သူမအတွက် အရာရာကို ဂရုစိုက်ပေးနေတဲ့ သူတစ်ယောက်ရှိနေတယ်ဆိုတာ သူမရဲ့နှလုံးသားမှာ စွဲနေစေပါတယ်။
၇။ အကောင်းမြင်စိတ်ကို ဖော်ပြနေတတ်သူ
အချိန်တိုင်းမှာ ပျော်ရွင်နေပြီး တက်ကြွလန်းဆန်းနေတဲ့ အမျိုးသားတွေကို အမျိုးသမီးတိုင်း နှစ်သက်ကြပါတယ်။ ဒီလိုအပေါင်းလက္ခဏာဆောင်နေတဲ့ အသွင်အပြင်က အမျိုးသမီးတွေရဲ့ ခံစားချက်ကို ကောင်းမွန်စေတာကြောင့် အမြဲတမ်းပြုံးနေတာ၊ ဟာသနဲ့ ပျော်ရွင်မှုကို မကြာခဏပြသပေးပါ။
၈။ သန်မာတဲ့ပုခုံးတွေနဲ့ မှီခိုခွင့်ပေးတတ်သူ
အမျိုးသားတွေဟာ အမျိုးသမီးတွေငိုဖို့အတွက် အမြဲတမ်းခေါင်းအုံးတစ်လုံး ဖြစ်သင့်ပါတယ်။ သူမရဲ့အဆင်မပြေမှုတွေကို အားပေးနှစ်သိမ့်ဖို့နဲ့ ကာကွယ်ဖို့ သင့်ရဲ့ရင်ခွင်ကျယ်ကြီးက လုံလောက်ပါတယ်။ ဒါ့ကြောင့် သန်မာတဲ့ပုခုံးသားနဲ့ ကြီးမားတဲ့ရင်ခွင်တစ်စုံဖြစ်အောင် အားကစားလိုက်စားပေးပါ။
၉။ အရာရာကိုရင်ဆိုင်ဖို့ ရိုးသားမှုကအလေးသာနေတတ်သူ
ကိုယ်ချစ်တဲ့သူနဲ့ ညနေခင်းတစ်ခုကို မဖြတ်သန်းချင်သေးဖူးဆိုရင် သင့်အတွက်အဆင်ပြေပါတယ်။ ဒီအတွက် ရိုးသားစွာနဲ့ သူမကိုပြောပြလိုက်ပါ။ လိမ်ညာဖို့နဲ့ ပုံပြင်တွေပြောပြီး ဆင်ခြေတွေပေးဖို့ မလိုအပ်ပါဘူး။
၁၀ ။ လေးစားမှုကိုပြဖို့ အာရုံစိုက်တတ်သူ
အမျိုးသမီးတွေဟာ သူမတို့ကိုချစ်သူက လေးစားမှုရှိဖို့ မျှော်လင့်တတ်ကြပါတယ်။ တကယ်လို့သူမကိုသာ သင်ကရိုးသားမှု ဖော်ပြမယ်ဆိုရင် သူမရဲ့နှလုံးသားကို ဘယ်တော့မှ မဆုံးရှုံးဘူးဆိုတာကို ယုံကြည်လိုက်ပါ။ မိန်းကလေးတွေဟာ သူတို့ရဲ့အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် များမြောင်တဲ့တာဝန်တွေကို ကျရာနေရာကနေ ထမ်းဆောင်နေရပါတယ်။ ဒါတွေကိုလေးစားမှုပြပြီး ဂရုစိုက်ပေးတတ်ရင် သူမတို့ရဲ့နှလုံးသားကို အပိုင်သိမ်းမယ့် ဗျူဟာတစ်ခုလို မှတ်ယူလို့ရပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here