အမျိုးသမီးတိုင်း ဘေးကင်းလုံခြုံသော လူနေမှုဘဝ ရရှိဖို့အတွက် Tech for women safety ဆွေးနွေးပွဲ

0
80

အမျိုးသမီးတိုင်း ဘေးကင်းလုံခြုံသော လူနေမှုဘဝ ရရှိဖို့အတွက် Tech for women safety ဆွေးနွေးပွဲ

ယနေ့ကျရောက်တဲ့ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးများ လုံခြုံသော ဘဝနေထိုင်မှုပုံစံ ရရှိစေရေးကို အထောက်အကူဖြစ်စေဖို့အတွက် Tech for women safety ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေးတစ်ခုကို ဖန်တီးရာနဲ့ LUX တို့က ပူးပေါင်းပြီးပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲလေးမှာ ပါဝင်ဆွေးနွေးသူတွေအဖြစ် သရုပ်ဆောင်နဲ့ Blogger နေခြည်ဦး၊ Lifestyle Influencer ရန်ကုန်သူမီရှဲ၊ ဒေါက်တာဖြိုးသီဟ နှင့် သတင်းထောက်မမေရီငြိမ်းချမ်းတို့က အမျိုးသမီးများကို ကာကွယ်ပေးသူ ” Female Guardians” အဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

သုတေသနတွေ့ရှိချက်တွေအရ အမျိုးသမီးလေးယောက်မှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုတွေ ရှိနေပြီး ဒီလိုမလျှော်မကန် ရှက်စရာကောင်းတဲ့ အပြုအမူတွေကို ပြုလုပ်သူတွေကို အပြစ်တင်ရမယ့်အစား ခံနေရသူတွေကိုသာ ပြစ်တင်ဝေဖန်နေကြပါတယ်။

ဒီလိုဝေဖန်မှုတွေကြောင့် အမျိုးသမီးတွေဟာ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့ ယုံကြည်မှုကို လျော့နည်းစေပြီး မိမိကိုယ်ကို လွတ်လပ်စွာဖြစ်တည်မှုကို ထိန်းချုပ်ခြင်းခံနေကြရပါတယ်။

ဒါ့ကြောင့် ယုံကြည်ချက်အပြည့်နဲ့ ရဲရင်တဲ့ အမျိုးသမီးတွေ ဖြစ်လာစေရန် ဆွေးနွေးအကြံပြုခဲ့ကြပြီး ရာဇဝတ်မှုမြောက်တဲ့ နှုတ်ပိုင်းဆိုင်ရာစော်ကားမှု၊ ကိုယ်ထိလက်ရောစော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အွန်လိုင်းပေါ်စော်ကားမှုများကို ပပျောက်စေဖို့အတွက် ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။

Lifestye_Myanmar
Tech_For_Women_Safety
Zawgyi

ယေန႔က်ေရာက္တဲ့ အမ်ိဳးသမီးမ်ားေန႔မွာ ျမန္မာအမ်ိဳးသမီးမ်ား လုံၿခဳံေသာ ဘဝေနထိုင္မႈပုံစံ ရရွိေစေရးကို အေထာက္အကူျဖစ္ေစဖို႔အတြက္ Tech for women safety ေခါင္းစဥ္နဲ႔ ေဆြးေႏြးပြဲေလးတစ္ခုကို ဖန္တီးရာနဲ႔ LUX တို႔က ပူးေပါင္းၿပီးျပဳလုပ္ခဲ့ပါတယ္။

အဆိုပါေဆြးေႏြးပြဲေလးမွာ ပါဝင္ေဆြးေႏြးသူေတြအျဖစ္ သ႐ုပ္ေဆာင္နဲ႔ Blogger ေနျခည္ဦး၊ Lifestyle Influencer ရန္ကုန္သူမီရွဲ၊ ေဒါက္တာၿဖိဳးသီဟ ႏွင့္ သတင္းေထာက္မေမရီၿငိမ္းခ်မ္းတို႔က အမ်ိဳးသမီးမ်ားကို ကာကြယ္ေပးသူ ” Female Guardians” အျဖစ္ ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

သုေတသနေတြ႕ရွိခ်က္ေတြအရ အမ်ိဳးသမီးေလးေယာက္မွာ တစ္ေယာက္က လိင္ပိုင္းဆိုင္ရာ ထိပါးေစာ္ကားခံရမႈေတြ ရွိေနၿပီး ဒီလိုမေလွ်ာ္မကန္ ရွက္စရာေကာင္းတဲ့ အျပဳအမူေတြကို ျပဳလုပ္သူေတြကို အျပစ္တင္ရမယ့္အစား ခံေနရသူေတြကိုသာ ျပစ္တင္ေဝဖန္ေနၾကပါတယ္။

ဒီလိုေဝဖန္မႈေတြေၾကာင့္ အမ်ိဳးသမီးေတြဟာ လူမႈအသိုင္းအဝိုင္းမွာ အမ်ိဳးသမီးေတြရဲ႕ ယုံၾကည္မႈကို ေလ်ာ့နည္းေစၿပီး မိမိကိုယ္ကို လြတ္လပ္စြာျဖစ္တည္မႈကို ထိန္းခ်ဳပ္ျခင္းခံေနၾကရပါတယ္။

ဒါ့ေၾကာင့္ ယုံၾကည္ခ်က္အျပည့္နဲ႔ ရဲရင္တဲ့ အမ်ိဳးသမီးေတြ ျဖစ္လာေစရန္ ေဆြးေႏြးအႀကံျပဳခဲ့ၾကၿပီး ရာဇဝတ္မႈေျမာက္တဲ့ ႏႈတ္ပိုင္းဆိုင္ရာေစာ္ကားမႈ၊ ကိုယ္ထိလက္ေရာေစာ္ကားမႈ၊ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈ၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈနဲ႔ အြန္လိုင္းေပၚေစာ္ကားမႈမ်ားကို ပေပ်ာက္ေစဖို႔အတြက္ ေဆြးေႏြးအႀကံျပဳခဲ့ၾကပါတယ္။

Lifestye_Myanmar
Tech_For_Women_Safety
Zawgyi

LEAVE A REPLY

Please enter your comment!
Please enter your name here