အမ်ိဳးသားေတြ သတိထားၾကည့္တတ္တဲ့ အမ်ိဳးသမီးေတြရဲ႕ ဆြဲေဆာင္မႈမရွိတဲ့ သြင္ျပင္လကၡဏာမ်ား

0
495

 

အမ်ိဳးသားေတြ ဟာအမ်ိဳးသမီးေတြရဲ႕ဆြဲေဆာင္မႈရွိတဲ့ အရာေလးေတြကို ဂ႐ုစိုက္ၾကည့္တတ္ၾကသလိုပဲ ဆြဲေဆာင္မႈမရွိတဲ့ ဆိုးဝါးတဲ့ အရာေတြကိုလည္း သတိထားၾကည့္တတ္ၾကပါတယ္။ သင္က ဒါကိုသတိမထားမိပဲ သင့္ကိုယ့္သင္ ဆြဲေဆာင္မႈရွိသူတစ္ေယာက္အျဖစ္ pose ေပးေနေပမယ့္ သင့္ေကာင္ေလးအတြက္ေတာ့ ဆိုးဝါးတဲ့ အရာအျဖစ္ ျမင္ေနတတ္ပါတယ္။
ဘာေၾကာင့္လည္းဆိုေတာ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အထင္နဲ႔အျမင္ဟာ အမ်ိဳးသားေတြနဲ႔ အရာေတာ္ေတာ္မ်ား ကြဲျပားေနၿပီး ကိုယ့္ရဲ႕စိတ္ထဲမွာေတာ့ ဘာမွမျဖစ္သလို ခံစားရေပမယ့္ သူ႕စိတ္ထဲမွာ အမွတ္ေတြေလ်ာ့ေနတတ္ပါတယ္။ ဒါကိုေသခ်ာေလး သတိထားမိရင္ေတာ့ ေကာင္းေကာင္းေရွာင္ႏိုင္ၿပီေပါ့။

၁။ မိတ္ကပ္ေတြ အရမ္းခ်ယ္ထားရင္
အမ်ိဳးသမီးတိုင္း သူ႔နည္းလမ္းနဲ႔ သူ၊ သူ႕အလွနဲ႔သူ လွေနၾကတာပါ။ သင့္ရဲ႕နဂိုသဘာဝအလွကို ဖံုးကြယ္တဲ့အထိ မိတ္ကပ္ေတြလိမ္းခ်ယ္ျခင္းဟာ ကိုရီးယားမင္းသမီးေလးလို ျဖဴေဖြးၿပီးေခ်ာမြတ္ေနရင္ေတာင္ သဘာဝက်တဲ့ နည္းလမ္းမဟုတ္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ အေျခအေနတစ္ခုခုေၾကာင့္ သင္မိတ္ကပ္နည္းတဲ့အခါ အျခားသူေတြအျမင္မွာ သင့္႐ုပ္နဲ႔သင္ အမ်ားႀကီးကြာျခားေနလို႔ ကဲ့ရဲ႕ခံရႏိုင္ပါတယ္။ ဒါ့အျပင္ေယာက်္ားေလးေတြ အေတာ္မ်ားမ်ားကလည္း မိတ္ကပ္ေတြအလြန္ျခယ္ထားတဲ့ အမ်ိဳးသမီးေတြကို ဆြဲေဆာင္မႈပိုရွိတယ္လို႔ မထင္ၾကပါဘူး။ သဘာဝအလွကိုေထာက္ပံ့ေပး႐ံုနဲ႔ အသားအေရာင္ညီမွ်ဖို႔သာ မိတ္ကပ္ကိုသံုးစြဲသင့္ပါတယ္။ တကယ္လို႔ သင္ကမိတ္ကပ္လိမ္းရတာကို အရမ္းႏွစ္သက္ပါက ေလ်ာ့ၿပီးလိမ္းတတ္တဲ့ အက်င့္ကိုျပဳလုပ္ေပးပါ။ တအားႀကီးဖို႔ထားရင္ ဆြဲေဆာင္မႈကို က်ဆင္းေစတတ္ပါတယ္။

၂။ တစ္ကိုယ္ရည္သန္႔ရွင္းမႈ အားနည္းျခင္း
တစ္ကိုယ္ရည္သန္႔ရွင္မႈ အားနည္းတာဟာ ေယာက်္ားေလးျဖစ္ျဖစ္၊ မိန္းကေလးျဖစ္ျဖစ္ ေခ်ာေနရင္ေတာင္ အမွတ္ေတြတဝက္ေလာက္ ေလ်ာ့ေစတဲ့အရာပါ။ ဘယ္သူမွသင့္အနားမွာ ၾကာၾကာေနခ်င္မွာ မဟုတ္ပါဘူး။

၃။ ေရေမႊးေတြအရမ္းသံုးရင္
ေရေမႊးဆိုတာမ်ိဳးက ဘယ္ေလာက္ပဲေစ်းႀကီးၿပီး ေကာင္းပါတယ္ေျပာေျပာ အရမ္းႀကီးသံုးထားရင္ ႏွာေခါင္းကိုေတာ္ေတာ္ ဒုကၡေပးတဲ့အရာမ်ိဳးပါ။ ကိုယ့္ရဲ႕တစ္ကိုယ္စာ လက္တျပန္ေလာက္ထိ အနံ႔ကျပန္႔ေနရင္ ကိစၥမရွိေပမယ့္ အရမ္းႀကီးသံုးထားရင္ေတာ့ ေပးသံုးဆယ္ပတ္လည္ေလာက္ကလူေတြေတာင္ ႏွာေခါင္း႐ႈံ႕မိပါလိမ့္မယ္။ အခ်ိဳ႕ေယာက်္ားေလးေတြက ေရေမႊးရနံ႔ကို သိပ္မခံႏိုင္ၾကပဲ ေခါင္းကိုက္တတ္ပါတယ္။ ဒါေၾကာင့္ ေရေမႊးသံုးတဲ့အခါ ေကာင္းေကာင္းနဲ႔ နည္းနည္းသံုးပါ။ တစ္ကိုယ္လံုးကို ျဖန္းေနမယ့္အစား လိုအပ္တဲ့ေနရာေလးေလာက္ပဲ တစက္ႏွစ္စက္ေလာက္သံုးၿပီး တေနကုန္သင္းေနပါေစ။

၄။ မာနႀကီးျခင္း
အသိအျမင္အားႀကီးၿပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိျခင္းဟာ ေကာင္းမြန္တဲ့အရာတစ္ခုပါ။ ဒါေပမယ့္ ဒီအရာကို ထုတ္ေဖာ္ျပသဖို႔အတြက္ မာနေထာင္လႊားျခင္းဟာ လူေတြရဲ႕တန္ဖိုးထားမႈကိုေလ်ာ့နည္းေစပါတယ္။ သင့္ရဲ႕ေအာင္ျမင္မႈေတြအတြက္ ဂုဏ္ယူႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအရာကိုျပသဖို႔ႀကိဳးစားမယ့္အစား ကိုယ့္ရဲ႕အေရျပားေပၚမွာပဲ ရွိေနေစၿပီး ႏွိမ့္ခ်တတ္ျခင္းက လူေတြပိုမိုခ်စ္ခင္လာေစပါလိမ့္မယ္။

၅။ ပါးစပ္ဆိုးျခင္း
သင့္ရဲ႕ၿပီးခဲ့တဲ့ Relationship ဟာဆိုးဝါးစြာနဲ႔ အဆံုးသတ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕ရည္းစားေဟာင္းရဲ႕ အျပစ္ေတြေၾကာင့္လည္း သင္ကလမ္းခြဲခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ဟာဆိုးဝါးတဲ့ စကားလံုးေတြ သံုးတတ္သူတစ္ေယာက္ ဆိုရင္ေတာ့ ကိုယ့္ရဲ႕အမွားကိုသိၿပီး အခ်ိန္မွီျပင္ဆင္ဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္လက္တြဲတဲ့ ခ်စ္သူအေပၚမွာလည္း
ေကာင္းမြန္တဲ့့စကားလံုးေတြနဲ႔ ဆက္ဆံတာေတြ အရင္ရည္းစားေဟာင္းနဲ႔ ႏႈိင္ယွဥ္ၿပီးေျပာဆိုတာေတြကို ေရွာင္က်ဥ္ဖို႔လိုအပ္ပါတယ္။

၆။ ေတာင္းဆိုတာေတြ မ်ားလာရင္
သင့္ခ်စ္သူကို သင္က ေတာင္းဆိုတာေတြ ပူဆာတာေတြ မ်ားလာတဲ့အခါ ရပိုင္ခြင့္သက္သက္နဲ႔ အခြင့္အေရးတစ္ခုအျဖစ္ အသံုးခ်သကဲ့သို႔ ထင္မွတ္ေစျခင္းနဲ႔သာ အဆံုးသတ္ေစႏိုင္ပါတယ္။ သင့္ရဲ႕ကန္႔သတ္ခ်က္ေတြကို ေသခ်ာသိဖို႔ လိုအပ္သလို ခ်စ္သူဆီက အမ်ားႀကီးေတာင္းဆိုတာေတြ ပူဆာတာေတြ မလုပ္မိဖို႔ လိုအပ္ပါတယ္။ သင့္ခ်စ္သူဟာ ေကာင္းမြန္သူတစ္ေယာက္ဆိုရင္ သင္တကယ္လိုအပ္တာေတြ ထပ္တူက်မယ့္အရာေတြကို သူ႔ဘာသာသင့္ကို ေပးပါလိမ့္မယ္။

၇။ ဒရမ္မာအရမ္းမ်ားရင္

အမ်ိဳးသားေတြဟာ အလြမ္းအေဆြးအတုေတြ လုပ္ၿပီးရယ္သံေတြ သို႔မဟုတ္ ကေလးအသံနဲ႔ခၽြဲတာေတြကို သိပ္မႏွစ္သက္တတ္ၾကပါဘူး။ သင္ကိုယ္တိုင္ကေတာ့ ယခုလိုျပဳလုပ္တာဟာ ခ်စ္စရာေကာင္းတယ္လို႔ ထင္ႏိုင္ေပမယ့္ ဘာမဟုတ္တာေလးေတြနဲ႔ ယခုလိုမ်ိဳး ဟန္ေဆာင္တာကို အမ်ိဳးသားေတြက သတိထားမိေစႏိုင္ပါတယ္။ ဒီလိုအရာေတြဆီကေန ကိုယ့္ကိုယ္ကို ဆြဲထုတ္ႏိုင္ဖို႔ ႀကိဳးစားပါ။

၈။ အၾကာႀကီး ဆက္ဆံေျပာဆိုတာေတြ မလုပ္ႏိုင္တာ
လူတစ္ဦးတစ္္ေယာက္နဲ႔ အခ်ိန္ၾကာျမင့္ေအာင္ ဆက္ဆံေျပာဆိုႏိုင္ျခင္း မရွိတာဟာ လူေတြရဲ႕သဟဇာတျဖစ္ဖို႔ ခက္တယ္လို႔ အဓိပၸာယ္သက္ေရာက္ ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္သူနဲ႔ပဲျဖစ္ျဖစ္ စကားေျပာတဲ့အခါ ရဲရဲရင့္ရင့္ေျပာဆိုပါ။ သင့္ရဲ႕ဟာသဥာဏ္နဲ႔ ျဖတ္ထိုးဥာဏ္ကို သူခ်စ္ပါလိမ့္မယ္။

၉။ မေကာင္းတဲ့ေဒါသ
ေဒါသႀကီးစြာ ေျပာဆိုတတ္တဲ့ မိန္းကေလးေတြကိုလည္း အမ်ိဳးသာားေတြက သိပ္မႏွစ္သက္တတ္ၾကပါဘူး။ သင္ကဘယ္ေလာက္ပဲ ႏူးညံ့သိမ္ေမြ႕ပါေစ သူတို႔ရဲ႕ေရွ႕မွာ ေဒါသထြက္ၿပီး ထိန္းမရတာေတြ တခါေလာက္ပဲျဖစ္ခဲ့ရင္ေတာင္ သူတို႔စိတ္ထဲစြဲသြားေစပါတယ္။ ဒါေၾကာင့္ ဘယ္လိုေဒါသထြက္စရာ ကိစၥပဲျဖစ္ျဖစ္ ေကာင္းမြန္စြာနဲ႔ အတိအက်ရွင္းလင္းႏိုင္ေအာင္ႀကိဳးစားပါ။ ကိုယ့္ရဲ႕စိတ္ထားကို ကိုယ့္ဘာသာျမွင့္တင္ျခင္းဟာ အရာရာကိုေအာင္ျမင္ေစႏိုင္ပါတယ္။

၁၀။ ေမွ်ာ္မွန္းခ်က္နဲ႔ ပန္းတိုင္တိတိက်က်မရွိတာေတြ
သင့္ရဲ႕ရည္မွန္းခ်က္ ပန္းတိုင္ေတြကို တိတိက်က်ခ်မွတ္ျခင္းဟာ ကိုယ့္ဘဝကိုယ္ ထိန္းခ်ဳပ္ရာေရာက္သလို ပိုၿပီးဆြဲေဆာင္မႈ ရွိေစပါတယ္။ တကယ္လို႔ မရွိဘူးဆိုရင္ေတာ့ အမ်ိဳးသားေတြရဲ႕စိတ္ထဲမွာ သင့္ကိုဆြဲေဆာင္မႈမရွိသူအျဖစ္ ေကာက္ခ်က္ခ်ႏိုင္ၿပီး သင္ဟာဦးတည္ခ်က္မရွိသူတစ္ေယာက္အျဖစ္ ထင္မွတ္ေစပါလိမ့္မယ္။

၁၁။ စိတ္ပါလက္ပါရွိမႈ
အမ်ိဳးသားေတြဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ စိတ္ပါလက္ပါရွိမႈကို အစဥ္အျမဲ ရွာေဖြေနတတ္ပါတယ္။ သူတို႔အေပၚကို စိတ္ပါလက္ပါရွိတာေတြ၊ သူတို႔ႏွစ္သက္တဲ့ ဝါသနာတစ္ခုခုကို ေဆာင္ရြက္ေနတာေတြနဲ႔ အျမဲတမ္းသူနဲ႔ေတြ႕ဖို႔ ႀကိဳးစားတာေတြဟာ သံလိုက္တစ္ခုလိုပဲ ခ်စ္သူကိုဆြဲေဆာင္ႏိုင္ပါတယ္။

၁၂။ အတင္းေျပာတတ္တာ
သူမ်ာမေကာင္းေၾကာင္းကို အလြန္အကၽြံေျပာဆိုမိတဲ့အခါ မေကာင္းတာေတြရဲ႕ သင့္ရဲ႕ပုဂၢိဳလ္ေရးကို ေရာင္ျပန္ဟပ္တတ္ပါတယ္။ သင့္ရဲ႕သူငယ္ခ်င္းေတြအေၾကာင္းကို မေကာင္းတာေတြ အလြန္အကၽြံအတင္းေျပာတတ္ပါက ယခုပဲရပ္တန္႔ဖို႔ ႀကိဳးစားပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ခ်စ္သူကိုယ္တိုင္ သင္ဟာယံုၾကည္စိတ္ခ်ရသူတစ္ေယာက္ မဟုတ္ေၾကာင္း ေကာက္ခ်က္ခ်ႏိုင္လို႔ပါပဲ။

၁၃။ နားမေထာင္ေပးတာေတြ
တကယ္လို႔ သင္ဟာတစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ့္အေၾကာင္းကိုယ္သာ ဂ႐ုစိုက္တတ္သူျဖစ္ရင္ အဓိပၸာယ္ရွိတဲ့ ဆက္သြယ္မႈတစ္ခ်ိဳ႕ ေပ်ာက္ဆံုးႏိုင္ပါတယ္။ အမ်ိဳးသားေတြဟာ သူတို႔ေျပာတာေတြကို နားေထာင္ေပးတဲ့ သူကို အလိုရွိၾကပါတယ္။ အတူတူရွိေနျခင္းနဲ႔ ဘဝအေၾကာင္းမွ်ေဝျခင္းဟာ relationship အတြက္ အလိုအပ္ဆံုးအရာတစ္ခုျဖစ္ပါတယ္။

၁၄။ ၾကင္နာမႈမရွိတာ
မေကာင္းတဲ့အမူအယာေတြနဲ႔ ၾကင္နာမႈမရွိတဲ့ စကားလံုးေတြ၊ အေတြးအေခၚေတြဟာ ဆြဲေဆာင္မႈကိုက်ဆင္းေစပါတယ္။ ဒါေၾကာင့္ ခ်စ္သူရဲ႕အေရွ႕မွာ အၾကင္နာတရားကင္းမဲ့တဲ့ စကားလံုးေတြ မသံုးစြဲမိဖို႔ အေရးႀကီးပါတယ္။

၁၅။ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္တတ္ျခင္း
ကိုယ္ကိုယ့္ကို ဂ႐ုမစိုက္ျခင္းကိုလည္း အမ်ိဳးသားေတြ သတိထားၾကည့္တတ္ၾကပါတယ္။ သင္ကက်န္းမာေရးအတြက္ ေလ့က်င့္ခန္းမလုပ္တာေတြ မေကာင္းတဲ့ အစားအစားေတြကို စားသံုးတာေတြဟာ သင့္ရဲ႕က်န္းမာေရးကိုသာမက ဆြဲေဆာင္္မႈကိုလည္း က်ဆင္းေစႏိုင္ပါတယ္။ ၿပီးေတာ့ သင့္ကိုအပ်င္းႀကီးတဲ့ ပံုစံေပါက္ေစၿပီး သဘာဝ က်က်စိတ္ဝင္စားမႈေတြလည္း ေပ်ာက္ဆံုးေစႏိုင္ပါတယ္။

သင့္ရဲ႕ႏႈတ္ခမ္းပံုစံက ေျပာျပေနတဲ့သင့္အေၾကာင္း

#LM_Naung_Naung
#Lifestyle_Myanmar
#Feedfone
Unicode

အမျိုးသားတွေ သတိထားကြည့်တတ်တဲ့ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုမရှိတဲ့ သွင်ပြင်လက္ခဏာများ
အမျိုးသားတွေ ဟာအမျိုးသမီးတွေရဲ့ဆွဲဆောင်မှုရှိတဲ့ အရာလေးတွေကို ဂရုစိုက်ကြည့်တတ်ကြသလိုပဲ ဆွဲဆောင်မှုမရှိတဲ့ ဆိုးဝါးတဲ့ အရာတွေကိုလည်း သတိထားကြည့်တတ်ကြပါတယ်။ သင်က ဒါကိုသတိမထားမိပဲ သင့်ကိုယ့်သင် ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် pose ပေးနေပေမယ့် သင့်ကောင်လေးအတွက်တော့ ဆိုးဝါးတဲ့ အရာအဖြစ် မြင်နေတတ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတစ်ယောက်ရဲ့ အထင်နဲ့အမြင်ဟာ အမျိုးသားတွေနဲ့ အရာတော်တော်များ ကွဲပြားနေပြီး ကိုယ့်ရဲ့စိတ်ထဲမှာတော့ ဘာမှမဖြစ်သလို ခံစားရပေမယ့် သူ့စိတ်ထဲမှာ အမှတ်တွေလျော့နေတတ်ပါတယ်။ ဒါကိုသေချာလေး သတိထားမိရင်တော့ ကောင်းကောင်းရှောင်နိုင်ပြီပေါ့။

၁။ မိတ်ကပ်တွေ အရမ်းချယ်ထားရင်
အမျိုးသမီးတိုင်း သူ့နည်းလမ်းနဲ့ သူ၊ သူ့အလှနဲ့သူ လှနေကြတာပါ။ သင့်ရဲ့နဂိုသဘာဝအလှကို ဖုံးကွယ်တဲ့အထိ မိတ်ကပ်တွေလိမ်းချယ်ခြင်းဟာ ကိုရီးယားမင်းသမီးလေးလို ဖြူဖွေးပြီးချောမွတ်နေရင်တောင် သဘာဝကျတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခြေအနေတစ်ခုခုကြောင့် သင်မိတ်ကပ်နည်းတဲ့အခါ အခြားသူတွေအမြင်မှာ သင့်ရုပ်နဲ့သင် အများကြီးကွာခြားနေလို့ ကဲ့ရဲ့ခံရနိုင်ပါတယ်။ ဒါ့အပြင်ယောကျ်ားလေးတွေ အတော်များများကလည်း မိတ်ကပ်တွေအလွန်ခြယ်ထားတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်မှုပိုရှိတယ်လို့ မထင်ကြပါဘူး။ သဘာဝအလှကိုထောက်ပံ့ပေးရုံနဲ့ အသားအရောင်ညီမျှဖို့သာ
မိတ်ကပ်ကိုသုံးစွဲသင့်ပါတယ်။ တကယ်လို့ သင်ကမိတ်ကပ်လိမ်းရတာကို အရမ်းနှစ်သက်ပါက လျော့ပြီးလိမ်းတတ်တဲ့ အကျင့်ကိုပြုလုပ်ပေးပါ။ တအားကြီးဖို့ထားရင် ဆွဲဆောင်မှုကို ကျဆင်းစေတတ်ပါတယ်။

၂။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း
တစ်ကိုယ်ရည်သန့်ရှင်မှု အားနည်းတာဟာ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချောနေရင်တောင် အမှတ်တွေတဝက်လောက် လျော့စေတဲ့အရာပါ။ ဘယ်သူမှသင့်အနားမှာ ကြာကြာနေချင်မှာ မဟုတ်ပါဘူး။

၃။ ရေမွှေးတွေအရမ်းသုံးရင်
ရေမွှေးဆိုတာမျိုးက ဘယ်လောက်ပဲဈေးကြီးပြီး ကောင်းပါတယ်ပြောပြော အရမ်းကြီးသုံးထားရင် နှာခေါင်းကိုတော်တော် ဒုက္ခပေးတဲ့အရာမျိုးပါ။ ကိုယ့်ရဲ့တစ်ကိုယ်စာ လက်တပြန်လောက်ထိ အနံ့ကပြန့်နေရင် ကိစ္စမရှိပေမယ့် အရမ်းကြီးသုံးထားရင်တော့ ပေးသုံးဆယ်ပတ်လည်လောက်ကလူတွေတောင် နှာခေါင်းရှုံ့မိပါလိမ့်မယ်။ အချို့ယောကျ်ားလေးတွေက ရေမွှေးရနံ့ကို
သိပ်မခံနိုင်ကြပဲ ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ရေမွှေးသုံးတဲ့အခါ ကောင်းကောင်းနဲ့ နည်းနည်းသုံးပါ။ တစ်ကိုယ်လုံးကို ဖြန်းနေမယ့်အစား လိုအပ်တဲ့နေရာလေးလောက်ပဲ တစက်နှစ်စက်လောက်သုံးပြီး တနေကုန်သင်းနေပါစေ။

၄။ မာနကြီးခြင်း
အသိအမြင်အားကြီးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဒီအရာကို ထုတ်ဖော်ပြသဖို့အတွက် မာနထောင်လွှားခြင်းဟာ လူတွေရဲ့တန်ဖိုးထားမှုကိုလျော့နည်းစေပါတယ်။ သင့်ရဲ့အောင်မြင်မှုတွေအတွက် ဂုဏ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာကိုပြသဖို့ကြိုးစားမယ့်အစား ကိုယ့်ရဲ့အရေပြားပေါ်မှာပဲ ရှိနေစေပြီး နှိမ့်ချတတ်ခြင်းက လူတွေပိုမိုချစ်ခင်လာစေပါလိမ့်မယ်။

၅။ ပါးစပ်ဆိုးခြင်း
သင့်ရဲ့ပြီးခဲ့တဲ့ Relationship ဟာဆိုးဝါးစွာနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ရည်းစားဟောင်းရဲ့ အပြစ်တွေကြောင့်လည်း သင်ကလမ်းခွဲခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ဟာဆိုးဝါးတဲ့ စကားလုံးတွေ သုံးတတ်သူတစ်ယောက် ဆိုရင်တော့ ကိုယ့်ရဲ့အမှားကိုသိပြီး အချိန်မှီပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ်လက်တွဲတဲ့ ချစ်သူအပေါ်မှာလည်း
ကောင်းမွန်တဲ့စကားလုံးတွေနဲ့ ဆက်ဆံတာတွေ အရင်ရည်းစားဟောင်းနဲ့ နှိုင်ယှဉ်ပြီးပြောဆိုတာတွေကို ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။

၆။ တောင်းဆိုတာတွေ များလာရင်
သင့်ချစ်သူကို သင်က တောင်းဆိုတာတွေ ပူဆာတာတွေ များလာတဲ့အခါ ရပိုင်ခွင့်သက်သက်နဲ့ အခွင့်အရေးတစ်ခုအဖြစ် အသုံးချသကဲ့သို့ ထင်မှတ်စေခြင်းနဲ့သာ အဆုံးသတ်စေနိုင်ပါတယ်။ သင့်ရဲ့ကန့်သတ်ချက်တွေကို သေချာသိဖို့ လိုအပ်သလို ချစ်သူဆီက အများကြီးတောင်းဆိုတာတွေ ပူဆာတာတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။ သင့်ချစ်သူဟာ ကောင်းမွန်သူတစ်ယောက်ဆိုရင်
သင်တကယ်လိုအပ်တာတွေ ထပ်တူကျမယ့်အရာတွေကို သူ့ဘာသာသင့်ကို ပေးပါလိမ့်မယ်။

၇။ ဒရမ်မာအရမ်းများရင်
အမျိုးသားတွေဟာ အလွမ်းအဆွေးအတုတွေ လုပ်ပြီးရယ်သံတွေ သို့မဟုတ် ကလေးအသံနဲ့ချွဲတာတွေကို သိပ်မနှစ်သက်တတ်ကြပါဘူး။ သင်ကိုယ်တိုင်ကတော့ ယခုလိုပြုလုပ်တာဟာ ချစ်စရာကောင်းတယ်လို့ ထင်နိုင်ပေမယ့် ဘာမဟုတ်တာလေးတွေနဲ့ ယခုလိုမျိုး ဟန်ဆောင်တာကို အမျိုးသားတွေက သတိထားမိစေနိုင်ပါတယ်။ ဒီလိုအရာတွေဆီကနေ ကိုယ့်ကိုယ်ကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားပါ။

၈။ အကြာကြီး ဆက်ဆံပြောဆိုတာတွေ မလုပ်နိုင်တာ
လူတစ်ဦးတစ်ယောက်နဲ့ အချိန်ကြာမြင့်အောင် ဆက်ဆံပြောဆိုနိုင်ခြင်း မရှိတာဟာ လူတွေရဲ့သဟဇာတဖြစ်ဖို့ ခက်တယ်လို့ အဓိပ္ပာယ်သက်ရောက် စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောတဲ့အခါ ရဲရဲရင့်ရင့်ပြောဆိုပါ။ သင့်ရဲ့ဟာသဉာဏ်နဲ့ ဖြတ်ထိုးဉာဏ်ကို သူချစ်ပါလိမ့်မယ်။

၉။ မကောင်းတဲ့ဒေါသ
ဒေါသကြီးစွာ ပြောဆိုတတ်တဲ့ မိန်းကလေးတွေကိုလည်း အမျိုးသာားတွေက သိပ်မနှစ်သက်တတ်ကြပါဘူး။ သင်ကဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပါစေ သူတို့ရဲ့ရှေ့မှာ ဒေါသထွက်ပြီး ထိန်းမရတာတွေ တခါလောက်ပဲဖြစ်ခဲ့ရင်တောင် သူတို့စိတ်ထဲစွဲသွားစေပါတယ်။ ဒါကြောင့် ဘယ်လိုဒေါသထွက်စရာ ကိစ္စပဲဖြစ်ဖြစ် ကောင်းမွန်စွာနဲ့ အတိအကျရှင်းလင်းနိုင်အောင်ကြိုးစားပါ။
ကိုယ့်ရဲ့စိတ်ထားကို ကိုယ့်ဘာသာမြှင့်တင်ခြင်းဟာ အရာရာကိုအောင်မြင်စေနိုင်ပါတယ်။

၁၀။ မျှော်မှန်းချက်နဲ့ ပန်းတိုင်တိတိကျကျမရှိတာတွေ
သင့်ရဲ့ရည်မှန်းချက် ပန်းတိုင်တွေကို တိတိကျကျချမှတ်ခြင်းဟာ ကိုယ့်ဘဝကိုယ် ထိန်းချုပ်ရာရောက်သလို ပိုပြီးဆွဲဆောင်မှု ရှိစေပါတယ်။ တကယ်လို့ မရှိဘူးဆိုရင်တော့ အမျိုးသားတွေရဲ့စိတ်ထဲမှာ သင့်ကိုဆွဲဆောင်မှုမရှိသူအဖြစ် ကောက်ချက်ချနိုင်ပြီး သင်ဟာဦးတည်ချက်မရှိသူတစ်ယောက်အဖြစ် ထင်မှတ်စေပါလိမ့်မယ်။

၁၁။ စိတ်ပါလက်ပါရှိမှု
အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ပါလက်ပါရှိမှုကို အစဉ်အမြဲ ရှာဖွေနေတတ်ပါတယ်။ သူတို့အပေါ်ကို စိတ်ပါလက်ပါရှိတာတွေ၊ သူတို့နှစ်သက်တဲ့ ဝါသနာတစ်ခုခုကို ဆောင်ရွက်နေတာတွေနဲ့ အမြဲတမ်းသူနဲ့တွေ့ဖို့ ကြိုးစားတာတွေဟာ သံလိုက်တစ်ခုလိုပဲ ချစ်သူကိုဆွဲဆောင်နိုင်ပါတယ်။

၁၂။ အတင်းပြောတတ်တာ
သူမျာမကောင်းကြောင်းကို အလွန်အကျွံပြောဆိုမိတဲ့အခါ မကောင်းတာတွေရဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေးကို ရောင်ပြန်ဟပ်တတ်ပါတယ်။ သင့်ရဲ့သူငယ်ချင်းတွေအကြောင်းကို မကောင်းတာတွေ အလွန်အကျွံအတင်းပြောတတ်ပါက ယခုပဲရပ်တန့်ဖို့ ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ သင့်ချစ်သူကိုယ်တိုင် သင်ဟာယုံကြည်စိတ်ချရသူတစ်ယောက် မဟုတ်ကြောင်း ကောက်ချက်ချနိုင်လို့ပါပဲ။

၁၃။ နားမထောင်ပေးတာတွေ
တကယ်လို့ သင်ဟာတစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အကြောင်းကိုယ်သာ ဂရုစိုက်တတ်သူဖြစ်ရင် အဓိပ္ပာယ်ရှိတဲ့ ဆက်သွယ်မှုတစ်ချို့ ပျောက်ဆုံးနိုင်ပါတယ်။ အမျိုးသားတွေဟာ သူတို့ပြောတာတွေကို နားထောင်ပေးတဲ့ သူကို အလိုရှိကြပါတယ်။ အတူတူရှိနေခြင်းနဲ့ ဘဝအကြောင်းမျှဝေခြင်းဟာ relationship အတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ်ပါတယ်။

၁၄။ ကြင်နာမှုမရှိတာ
မကောင်းတဲ့အမူအယာတွေနဲ့ ကြင်နာမှုမရှိတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေဟာ ဆွဲဆောင်မှုကိုကျဆင်းစေပါတယ်။ ဒါကြောင့် ချစ်သူရဲ့အရှေ့မှာ အကြင်နာတရားကင်းမဲ့တဲ့ စကားလုံးတွေ မသုံးစွဲမိဖို့ အရေးကြီးပါတယ်။

၁၅။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ခြင်း
ကိုယ်ကိုယ့်ကို ဂရုမစိုက်ခြင်းကိုလည်း အမျိုးသားတွေ သတိထားကြည့်တတ်ကြပါတယ်။ သင်ကကျန်းမာရေးအတွက် လေ့ကျင့်ခန်းမလုပ်တာတွေ မကောင်းတဲ့ အစားအစားတွေကို စားသုံးတာတွေဟာ သင့်ရဲ့ကျန်းမာရေးကိုသာမက ဆွဲဆောင်မှုကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ပြီးတော့ သင့်ကိုအပျင်းကြီးတဲ့ ပုံစံပေါက်စေပြီး သဘာဝ ကျကျစိတ်ဝင်စားမှုတွေလည်း ပျောက်ဆုံးစေနိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
#Feedfone

LEAVE A REPLY

Please enter your comment!
Please enter your name here