• Latest
  • Trending
  • All
  • News
  • Lifestyle

အမ်ိဳးသားေတြ လက္မလႊတ္သင့္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ အက်င့္စ႐ိုက္(၉) ခ်က္

January 15, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Monday, January 30, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည္းစားေဟာင္း

    ကိုယ့္ရဲ႕ ရည္းစားေဟာင္း အေပၚ ေက်းဇူးတင္သင့္တဲ့ အခ်က္အခ်ိဳ႕

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    မိန္းမေခ်ာ့နည္း

    မိန္းမေခ်ာ့နည္း

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle

အမ်ိဳးသားေတြ လက္မလႊတ္သင့္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ အက်င့္စ႐ိုက္(၉) ခ်က္

by Nandar Lwin
January 15, 2018
in Lifestyle, Relationship
0
0
SHARES
86
VIEWS
Share on FacebookShare on Twitter

အမ်ိဳးသမီးေတြကသာ မိမိတို႔နဲ႔လိုက္ဖက္တဲ့ အရည္အခ်င္းျပည့္၀သူ အမ်ိဳးသားေတြကို ေရြးခ်ယ္ဖို႔လိုအပ္တာမဟုတ္ပါဘူး။ အမ်ိဳးသားေတြအေနနဲ႕လည္း မိမိတို႔လက္ထပ္မဲ့သတို႔သမီးေလာင္းဟာ အရည္အခ်င္းျပည့္၀တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ခဲ့ရင္ ဘ၀မွာကံအေကာင္းဆံုး လူသားလို႔ေတာင္ေၾကြးေၾကာ္လို႔ရပါလိမ့္မယ္။ ကိုယ့္ရဲ႕ခ်စ္သူေကာင္မေလးက ကိုယ့္အေပၚမွာဘယ္ေလာက္ထိခ်စ္လဲ၊ ဘယ္ေလာက္ထိနားလည္ေပးလဲ၊ မိန္းမေရာပီသရဲ႕လား၊ စတဲ့စတဲ့အခ်က္ေတြကို စဥ္းစားရင္းေခါင္း႐ႈပ္မခံပါနဲ႔။ သင္တကယ္လို႔ ယခုေဖာ္ျပမယ့္အခ်က္ (၉) ခ်က္နဲ႔ကိုက္ညီတဲ့ေကာင္မေလးမ်ိဳးကို ေတြ႕ခဲ့ရင္လံုး၀လက္လြတ္ခံလို႔မျဖစ္ပါဘူး။ တကယ္လို႔ သင္ပိုင္ဆိုင္ထားတဲ့ ေကာင္မေလးမွာယခုလိုအခ်က္ေတြနဲ႔ ကိုက္ညီေနရင္ သင့္အတြက္ congratulation လို႔ေျပာခ်င္ပါတယ္။

၁။ ဥာဏ္ရည္ဥာဏ္ေသြး သင္နဲ႔ထပ္တူရွိသူ
သင့္ဘ၀ရဲ႕အခ်ိန္ေတြကို ပ်င္းရိစရာမေကာင္းပဲ အျမဲတမ္းသစ္လြင္ေနေစဖို႔ သင္နဲ႔ၿပိဳင္ဖက္လိုဥာဏ္ရည္တူ မိန္းကေလးတစ္ေယာက္နဲ႔ အခ်ိန္ေတြကုန္ဆံုးသင့္ပါတယ္။ အရမ္းတံုးအတဲ့မိန္းကေလးဆိုရင္လည္း ၾကာလာရင္ သင့္ဖက္ကေျခ႐ႈပ္မႈေတြက်ဴးလြန္ႏိုင္သလို ဘာေျပာေျပာေခါင္းညိမ့္ေနရင္လည္း သင္ပ်င္းလာပါလိမ့္မယ္။ မိတ္ေဆြကိုယ္တိုင္က လူလည္တစ္ေယာက္ဆိုရင္လည္း မိတ္ေဆြလိုလူလည္မိန္းကေလးနဲ႔ပဲ ပိုမိုလိုက္ဖက္ပါလိမ့္မယ္။ ဒါမွသာ ႏွစ္ေယာက္စလံုးေျခလွမ္းညီၿပီး အျပန္အလွန္အားၿပိဳင္ေနရင္းနဲ႔ ပ်င္းစရာေကာင္းမွာ မဟုတ္ေတာ့ပါဘူး။

၂။ စိတ္ခံစားမႈ တသမတ္တည္းရွိသူ
ဒါကေတာ့သင့္အတြက္ ရွာရနည္းနည္းခက္ႏိုင္ပါလိမ့္မယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ငယ္ရြယ္တဲ့မိန္းကေလးေတြဟာ မတည္ၿငိမ္မရင့္က်က္ေသးတဲ့အတြက္ စိတ္ကခုတမ်ိဳး၊ ေတာ္ၾကာတမ်ိဳး ေျပာင္းလဲႏိုင္ပါတယ္ (အပ်ိဳႀကီးေတြကေတာ့ ျခြင္းခ်က္ေပါ့)။ ဒါေပမယ့္ အရြယ္ငယ္ငယ္နဲ႔ စိတ္ခံစားမႈတည္ၿငိမ္ရင့္က်က္တဲ့ မိန္းကေလးေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ ဒါေၾကာင့္ ကိုယ္ေရြးခ်ယ္ထားတဲ့မိန္းကေလးဟာ ၾကာလာေလ တည္ၿငိမ္ရင္က်က္မႈ ပိုရွိလာေလပဲ ျဖစ္သင့္ပါတယ္။ ပိုၾကာလာေလ သင့္အတြက္ပိုၿပီးခက္ခဲလာေလဆိုတာမ်ိဳး မျဖစ္သင့္သလို သင္တစ္သက္လံုးကေလးထိန္းေနရျခင္းကိုလည္း ႏွစ္သက္လိမ့္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ႔ရဲ႕စိတ္ခံစားခ်က္အစစ္အတိုင္း သင့္အေပၚမွာ႐ိုးသားစြာ ဆက္ဆံတတ္သူ တည္ၿငိမ္ရင့္က်က္ၿပီးစိတ္ခံစားခ်က္ တသမတ္တဲ့ရွိတဲ့ မိန္းကေလးေတြနဲ႔ဆံုခဲ့ရင္ လက္မလႊတ္ပါေစနဲ႔။

ADVERTISEMENT

၃။ စိတ္ထားႏူးညံ့သိမ့္ေမြ႕ၿပီး စာနာတတ္သူ
ဒီလိုအမ်ိဳးသမီးေတြကေတာ့ မိခင္ေကာင္းေတြျဖစ္လာမဲ့သူေတြလို႔ တပ္အပ္ေျပာလို႔ရပါတယ္။ ဘယ္လိုကိစၥမ်ိဳးကိုမဆို မွ်တစြာေတြးတတ္ၿပီး သင့္အေပၚအမတစ္ေယာက္လို၊ မိခင္တစ္ေယာက္လို ဂ႐ုစိုက္မယ့္ မိန္းကေလးမ်ိဳးေတြပါ။ သင္အလုပ္မွာအဆင္မေျပမႈေတြ၊ ဒါမွမဟုတ္ျပႆနာတစ္ခုခုၾကံဳရင္း အိမ္ျပန္လာတဲ့အခါမ်ိဳးမွာ သင့္အတြက္စိတ္ေျပေပ်ာက္ေအာင္ သူမကစြမ္းေဆာင္ႏိုင္ၿပီး သင့္ရဲ႕ဒုကၡေတြကိုမွ်ေ၀ခံစားေပးမယ့္ သူမ်ိဳးေတြျဖစ္ပါတယ္။ ဒီလိုမိန္းကေလးေတြ ေတြ႔ခဲ့ရင္ လက္လြတ္မခံသင့္ပါဘူး။

၄။ သင္နဲ႔ အျခားသူေတြအေပၚမွာ ႐ိုးသားသူ
႐ိုးသားျခင္းဟာ ေရရွည္ဆက္ဆံေရးအတြက္ အလြန္အေရးႀကီးတဲ့ လကၡဏာတစ္ရပ္ ျဖစ္ပါတယ္။ သင့္အေပၚ႐ိုးသားမႈမရွိသူကို သူတို႔ေမးလာတဲ့အခါ သင္ယံုယံုၾကည္ၾကည္နဲ႔ ဘယ္ကိစၥပဲျဖစ္ျဖစ္ ေျပာႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ မူယာမာယာမ်ားၿပီး မ႐ိုးသားတဲ့မိန္းကေလးေတြထက္ သင့္အေပၚ႐ိုးသားတဲ့တစ္ေယာက္ကို ရွာေဖြသင့္ပါတယ္။

၅။ ရည္မွန္းခ်က္ရွိသူ
သင့္ရဲ႕အိမ္မက္ေတြ၊ ပန္းတိုင္ေတြကို အေကာင္အထည္ေဖာ္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ္ပိုင္စိတ္ကူးနဲ႔ ရည္မွန္းခ်က္ရွိတဲ့ မိန္းကေလးမ်ိဳးကို လက္ထပ္သင့္ပါတယ္။ သူမဟာ သူမရဲ႕အနာဂတ္တိုးတက္ေရးအတြက္ အျမဲတမ္းေမွ်ာ္ၾကည့္ေနတတ္ၿပီး ဘယ္လိုတိုးတက္ေအာင္လုပ္မလဲဆိုတာ ေတြးေတာေနတတ္သလို သင့္ဘ၀အတြက္လည္း တိုးတက္ေကာင္းမြန္ေအာင္ ျဖည့္ဆည္းေပးတတ္ပါတယ္။

Gym မွာတစ္နာရီၾကာေလ့က်င့္တာလို ထိေရာက္မယ့္ ၄မိနစ္စာကိရိယာလြတ္ ေလ့က်င့္ခန္း

၆။ ကိုယ့္ကိုကိုယ္ တိုးတက္ေအာင္အာ႐ံုစိုက္သူ
သင့္အေပၚမွာပဲ အရမ္းႀကီးမမွီခိုတတ္ပဲ ကိုယ္ပိုင္ရည္မွန္းခ်က္နဲ႔ ကိုယ့္ကိုကိုယ္တိုးတက္ေအာင္ စြမ္းေဆာင္ေနတဲ့ မိန္းကေလးမ်ိဳးကို လက္ထပ္သင့္ပါတယ္။ ဘယ္လိုကိစၥအေသးအမႊားေလးေတြျဖစ္ျဖစ္ သင့္ကိုပဲအားကိုးေနရင္ အဆင္ေျပမွာမဟုတ္တာေၾကာင့္ ေရွးေခတ္အယူအဆေဟာင္းေတြကို မစြဲလမ္းပဲသင္နဲ႔တန္းတူညီမွ် လုပ္ေဆာင္မယ့္မိန္းကေလးမ်ိဳးကို လက္လြတ္မခံသင့္ပါဘူး။

၇။ စိတ္ထားေသးသိမ္ျခင္း၊ မနာလိုစိတ္ႀကီးျခင္းကို စိတ္မ၀င္စားသူ
တခ်ိဳ႕သ၀န္တိုမႈေတြကေတာ့ relationship မွာသဘာ၀သာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ထပ္ၿပီးတာေတာင္မွ သင့္အေပၚမွာ ယံုၾကည္မႈကင္းမဲ့ၿပီး အရာရာကိုသ၀န္တိုေနရင္ အဆင္ေျပမွာမဟုတ္ပါဘူး။ဒါေၾကာင့္ သင့္အေပၚမွာယံုၾကည္မႈရွိသူ အရာရာကိုမခ်ဳပ္ခ်ယ္တတ္သူျဖစ္မွသာ သင့္ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြ မဆံုး႐ံႈးမွာျဖစ္ပါတယ္။

၈။ သင့္အတြက္ ေပးဆပ္ရဲတဲ့သူ
သာယာေပ်ာ္ရြင္တဲ့ relationship တိုင္းကိုေလ့လာၾကည့္ရင္ ရယူလိုျခင္းထက္ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ေပးဆပ္ျခင္းနဲ႔ ခ်စ္ၾကတာျဖစ္ေၾကာင္း သိႏိုင္ပါတယ္။ အဆိုပါမိန္းကေလးမ်ိဳးဟာ သင္ရဲ႕ေပ်ာ္ရြင္မႈေတြ၊ ၀မ္းနည္းမႈေတြကို အျမဲတမ္းဂ႐ုစိုက္တတ္ၿပီး သင္ေပ်ာ္ရင္သူလည္းေပ်ာ္ရၿပီး ၀မ္းနည္းစရာကိစၥဆိုလည္း ေ၀မွ်ခံစားတတ္ပါတယ္။ တခ်ိဳ႕စံုတြဲေတြမွာ သာတဲ့သူေတြ႕ရင္ပါသြားတတ္တာမ်ိဳး၊ သင္နိမ့္ပါးေနတဲ့အခ်ိန္ဆို စြန္႔ခြာသြားတတ္တာမ်ိဳးေတြ ေတြ႕ႏိုင္ေပမယ့္ သင့္အတြက္ေပးဆပ္မယ့္ခ်စ္သူကေတာ့ သင္ဒုကိၡတျဖစ္ေနရင္ေတာင္ အနားမွာျပဳစုေပးမယ့္သူမ်ိဳးေတြပါ။

၉။ သင့္ကိုပိုေကာင္းေအာင္ ျပဳျပင္ေပးႏိုင္မယ့္သူ
သင့္ရဲ႕အားနည္းခ်က္ေတြ၊ မေကာင္းတဲ့စ႐ိုက္ေတြကို သူမကအခ်ိန္ယူၿပီးျပဳျပင္ေပးႏိုင္သလို သင့္ဘ၀ကိုပိုမိုတိုးတက္ေအာင္ လမ္းျပေပးႏိုင္ပါတယ္။ ဒီလိုမိန္းကေလးေတြ႔ခဲ့ရင္ လက္လြတ္မခံသင့္ေၾကာင္း အၾကံေပးလိုက္ပါတယ္။

(Bonus)
စီးပြားေရးနဲ႔ အိမ္မႈကိစၥကၽြမ္းက်င္သူ
သင္ရွာသမွ်စည္းစိမ္ဥစၥာေတြကို သံုးသင့္တဲ့ေနရာမွာသံုး၊ စုသင့္တဲ့အရာကိုစုတတ္သူ ေငြေၾကးကိုေကာင္းမြန္စြာ စီမံခန္႔ခြဲတတ္သူ ဒီလိုအရည္အခ်င္းေတြ ရွိတဲ့သူမ်ိဳးကို သင္ပိုင္ဆိုင္ထားရင္ေတာ့ ကံအေကာင္းဆံုး လူသားလို႔ေတာင္ေျပာလို႔ ရပါတယ္။ အိမ္ေထာင္တစ္ခု စီးတဲ့ေရ၊ ဆည္တဲ့ကန္သင္းလို ၀င္ေငြနဲ႔ထြက္ေငြကို ေကာင္းစြားထိန္းခ်ဳပ္တတ္တဲ့ အိမ္ရွင္မတစ္ေယာက္လိုအပ္တာေၾကာင့္ အဓိကအရည္အခ်င္းတစ္ခုအျဖစ္ ေဖာ္ျပလိုက္ပါတယ္။
#LM_Naung_Naung
Ref-Lifehack
#Lifestyle Myanmar

Unicode Version

အမျိုးသားတွေ လုံးဝလက်မလွှတ်သင့်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကျင့်စရိုက်(၉) ချက်

အမျိုးသမီးတွေကသာ မိမိတို့နဲ့လိုက်ဖက်တဲ့ အရည်အချင်းပြည့်ဝသူ အမျိုးသားတွေကို ရွေးချယ်ဖို့လိုအပ်တာမဟုတ်ပါဘူး။ အမျိုးသားတွေအနေနဲ့လည်း မိမိတို့လက်ထပ်မဲ့သတို့သမီးလောင်းဟာ အရည်အချင်းပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ရင် ဘဝမှာကံအကောင်းဆုံး လူသားလို့တောင်ကြွေးကြော်လို့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ချစ်သူကောင်မလေးက ကိုယ့်အပေါ်မှာဘယ်လောက်ထိချစ်လဲ၊ ဘယ်လောက်ထိနားလည်ပေးလဲ၊ မိန်းမရောပီသရဲ့လား၊ စတဲ့စတဲ့အချက်တွေကို စဉ်းစားရင်းခေါင်းရှုပ်မခံပါနဲ့။ သင်တကယ်လို့ ယခုဖော်ပြမယ့်အချက် (၉) ချက်နဲ့ကိုက်ညီတဲ့ကောင်မလေးမျိုးကို တွေ့ခဲ့ရင်လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။ တကယ်လို့ သင်ပိုင်ဆိုင်ထားတဲ့ ကောင်မလေးမှာယခုလိုအချက်တွေနဲ့ ကိုက်ညီနေရင် သင့်အတွက် congratulation လို့ပြောချင်ပါတယ်။

၁။ ဉာဏ်ရည်ဉာဏ်သွေး သင်နဲ့ထပ်တူရှိသူ
သင့်ဘဝရဲ့အချိန်တွေကို ပျင်းရိစရာမကောင်းပဲ အမြဲတမ်းသစ်လွင်နေစေဖို့ သင်နဲ့ပြိုင်ဖက်လိုဉာဏ်ရည်တူ မိန်းကလေးတစ်ယောက်နဲ့ အချိန်တွေကုန်ဆုံးသင့်ပါတယ်။ အရမ်းတုံးအတဲ့မိန်းကလေးဆိုရင်လည်း ကြာလာရင် သင့်ဖက်ကခြေရှုပ်မှုတွေကျူးလွန်နိုင်သလို ဘာပြောပြောခေါင်းညိမ့်နေရင်လည်း သင်ပျင်းလာပါလိမ့်မယ်။ မိတ်ဆွေကိုယ်တိုင်က လူလည်တစ်ယောက်ဆိုရင်လည်း မိတ်ဆွေလိုလူလည်မိန်းကလေးနဲ့ပဲ ပိုမိုလိုက်ဖက်ပါလိမ့်မယ်။ ဒါမှသာ နှစ်ယောက်စလုံးခြေလှမ်းညီပြီး အပြန်အလှန်အားပြိုင်နေရင်းနဲ့ ပျင်းစရာကောင်းမှာ မဟုတ်တော့ပါဘူး။

၂။ စိတ်ခံစားမှု တသမတ်တည်းရှိသူ
ဒါကတော့သင့်အတွက် ရှာရနည်းနည်းခက်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ မတည်ငြိမ်မရင့်ကျက်သေးတဲ့အတွက် စိတ်ကခုတမျိုး၊ တော်ကြာတမျိုး ပြောင်းလဲနိုင်ပါတယ် (အပျိုကြီးတွေကတော့ ခြွင်းချက်ပေါ့)။ ဒါပေမယ့် အရွယ်ငယ်ငယ်နဲ့ စိတ်ခံစားမှုတည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့မိန်းကလေးဟာ ကြာလာလေ တည်ငြိမ်ရင်ကျက်မှု ပိုရှိလာလေပဲ ဖြစ်သင့်ပါတယ်။ ပိုကြာလာလေ သင့်အတွက်ပိုပြီးခက်ခဲလာလေဆိုတာမျိုး မဖြစ်သင့်သလို သင်တစ်သက်လုံးကလေးထိန်းနေရခြင်းကိုလည်း နှစ်သက်လိမ့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့စိတ်ခံစားချက်အစစ်အတိုင်း သင့်အပေါ်မှာရိုးသားစွာ ဆက်ဆံတတ်သူ တည်ငြိမ်ရင့်ကျက်ပြီးစိတ်ခံစားချက် တသမတ်တဲ့ရှိတဲ့ မိန်းကလေးတွေနဲ့ဆုံခဲ့ရင် လက်မလွှတ်ပါစေနဲ့။

၃။ စိတ်ထားနူးညံ့သိမ့်မွေ့ပြီး စာနာတတ်သူ
ဒီလိုအမျိုးသမီးတွေကတော့ မိခင်ကောင်းတွေဖြစ်လာမဲ့သူတွေလို့ တပ်အပ်ပြောလို့ရပါတယ်။ ဘယ်လိုကိစ္စမျိုးကိုမဆို မျှတစွာတွေးတတ်ပြီး သင့်အပေါ်အမတစ်ယောက်လို၊ မိခင်တစ်ယောက်လို ဂရုစိုက်မယ့် မိန်းကလေးမျိုးတွေပါ။ သင်အလုပ်မှာအဆင်မပြေမှုတွေ၊ ဒါမှမဟုတ်ပြဿနာတစ်ခုခုကြုံရင်း အိမ်ပြန်လာတဲ့အခါမျိုးမှာ သင့်အတွက်စိတ်ပြေပျောက်အောင် သူမကစွမ်းဆောင်နိုင်ပြီး သင့်ရဲ့ဒုက္ခတွေကိုမျှဝေခံစားပေးမယ့် သူမျိုးတွေဖြစ်ပါတယ်။ ဒီလိုမိန်းကလေးတွေ တွေ့ခဲ့ရင် လက်လွတ်မခံသင့်ပါဘူး။

၄။ သင်နဲ့ အခြားသူတွေအပေါ်မှာ ရိုးသားသူ
ရိုးသားခြင်းဟာ ရေရှည်ဆက်ဆံရေးအတွက် အလွန်အရေးကြီးတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ သင့်အပေါ်ရိုးသားမှုမရှိသူကို သူတို့မေးလာတဲ့အခါ သင်ယုံယုံကြည်ကြည်နဲ့ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပြောနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မူယာမာယာများပြီး မရိုးသားတဲ့မိန်းကလေးတွေထက် သင့်အပေါ်ရိုးသားတဲ့တစ်ယောက်ကို ရှာဖွေသင့်ပါတယ်။

၅။ ရည်မှန်းချက်ရှိသူ
သင့်ရဲ့အိမ်မက်တွေ၊ ပန်းတိုင်တွေကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်စိတ်ကူးနဲ့ ရည်မှန်းချက်ရှိတဲ့ မိန်းကလေးမျိုးကို လက်ထပ်သင့်ပါတယ်။ သူမဟာ သူမရဲ့အနာဂတ်တိုးတက်ရေးအတွက် အမြဲတမ်းမျှော်ကြည့်နေတတ်ပြီး ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ တွေးတောနေတတ်သလို သင့်ဘဝအတွက်လည်း တိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းပေးတတ်ပါတယ်။

၆။ ကိုယ့်ကိုကိုယ် တိုးတက်အောင်အာရုံစိုက်သူ
သင့်အပေါ်မှာပဲ အရမ်းကြီးမမှီခိုတတ်ပဲ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ကိုယ့်ကိုကိုယ်တိုးတက်အောင် စွမ်းဆောင်နေတဲ့ မိန်းကလေးမျိုးကို လက်ထပ်သင့်ပါတယ်။ ဘယ်လိုကိစ္စအသေးအမွှားလေးတွေဖြစ်ဖြစ် သင့်ကိုပဲအားကိုးနေရင် အဆင်ပြေမှာမဟုတ်တာကြောင့် ရှေးခေတ်အယူအဆဟောင်းတွေကို မစွဲလမ်းပဲသင်နဲ့တန်းတူညီမျှ လုပ်ဆောင်မယ့်မိန်းကလေးမျိုးကို လက်လွတ်မခံသင့်ပါဘူး။

၇။ စိတ်ထားသေးသိမ်ခြင်း၊ မနာလိုစိတ်ကြီးခြင်းကို စိတ်မဝင်စားသူ
တချို့သဝန်တိုမှုတွေကတော့ relationship မှာသဘာဝသာဖြစ်ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးတာတောင်မှ သင့်အပေါ်မှာ ယုံကြည်မှုကင်းမဲ့ပြီး အရာရာကိုသဝန်တိုနေရင် အဆင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့် သင့်အပေါ်မှာယုံကြည်မှုရှိသူ အရာရာကိုမချုပ်ချယ်တတ်သူဖြစ်မှသာ သင့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မဆုံးရှုံးမှာဖြစ်ပါတယ်။

၈။ သင့်အတွက် ပေးဆပ်ရဲတဲ့သူ
သာယာပျော်ရွင်တဲ့ relationship တိုင်းကိုလေ့လာကြည့်ရင် ရယူလိုခြင်းထက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပေးဆပ်ခြင်းနဲ့ ချစ်ကြတာဖြစ်ကြောင်း သိနိုင်ပါတယ်။ အဆိုပါမိန်းကလေးမျိုးဟာ သင်ရဲ့ပျော်ရွင်မှုတွေ၊ ၀မ်းနည်းမှုတွေကို အမြဲတမ်းဂရုစိုက်တတ်ပြီး သင်ပျော်ရင်သူလည်းပျော်ရပြီး ၀မ်းနည်းစရာကိစ္စဆိုလည်း ဝေမျှခံစားတတ်ပါတယ်။ တချို့စုံတွဲတွေမှာ သာတဲ့သူတွေ့ရင်ပါသွားတတ်တာမျိုး၊ သင်နိမ့်ပါးနေတဲ့အချိန်ဆို စွန့်ခွာသွားတတ်တာမျိုးတွေ တွေ့နိုင်ပေမယ့် သင့်အတွက်ပေးဆပ်မယ့်ချစ်သူကတော့ သင်ဒုက္ခိတဖြစ်နေရင်တောင် အနားမှာပြုစုပေးမယ့်သူမျိုးတွေပါ။

၉။ သင့်ကိုပိုကောင်းအောင် ပြုပြင်ပေးနိုင်မယ့်သူ
သင့်ရဲ့အားနည်းချက်တွေ၊ မကောင်းတဲ့စရိုက်တွေကို သူမကအချိန်ယူပြီးပြုပြင်ပေးနိုင်သလို သင့်ဘဝကိုပိုမိုတိုးတက်အောင် လမ်းပြပေးနိုင်ပါတယ်။ ဒီလိုမိန်းကလေးတွေ့ခဲ့ရင် လက်လွတ်မခံသင့်ကြောင်း အကြံပေးလိုက်ပါတယ်။

(Bonus)
စီးပွားရေးနဲ့ အိမ်မှုကိစ္စကျွမ်းကျင်သူ
သင်ရှာသမျှစည်းစိမ်ဥစ္စာတွေကို သုံးသင့်တဲ့နေရာမှာသုံး၊ စုသင့်တဲ့အရာကိုစုတတ်သူ ငွေကြေးကိုကောင်းမွန်စွာ စီမံခန့်ခွဲတတ်သူ ဒီလိုအရည်အချင်းတွေ ရှိတဲ့သူမျိုးကို သင်ပိုင်ဆိုင်ထားရင်တော့ ကံအကောင်းဆုံး လူသားလို့တောင်ပြောလို့ ရပါတယ်။ အိမ်ထောင်တစ်ခု စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းလို ၀င်ငွေနဲ့ထွက်ငွေကို ကောင်းစွားထိန်းချုပ်တတ်တဲ့ အိမ်ရှင်မတစ်ယောက်လိုအပ်တာကြောင့် အဓိကအရည်အချင်းတစ်ခုအဖြစ် ဖော်ပြလိုက်ပါတယ်။
#LM_Naung_Naung
Ref-Lifehack
#Lifestyle Myanmar

ShareTweetShare
Nandar Lwin

Nandar Lwin

Related Posts

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

by Thinzar
December 20, 2022
0

အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။ ရည်မှန်းချက်ထားပါ အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က...

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

by Thinzar
December 20, 2022
0

လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

by Thinzar
December 20, 2022
0

ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊...

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

by Thinzar
December 20, 2022
0

Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 263

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 264

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 265