ဆီးက်ိတ္ကင္ဆာဟာ အမ်ိဳးသားေတြ အျဖစ္မ်ားတဲ့ ကင္ဆာအမ်ိဳးအစားတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဆီးက်ိတ္ဟာ အသက္အရြယ္ေပၚမူတည္ၿပီး ႀကီးထားမႈႏႈန္းရွိေပမဲ့ လိုအပ္တာထက္ ပိုၿပီး ႀကီးထြားမႈမရွိပါဘူး။ လိုအပ္တာထက္ပိုၿပီးထြားလာရင္ေတာ့ သင့္အတြက္ အႏၱရာယ္ျဖစ္ႏိုင္တာေၾကာင့္ အရမ္းလည္းေပါ့ေပါ့ဆဆေနလို႔မရပါဘူး။ ဘယ္အခ်က္ေတြက ကင္ဆာျဖစ္ႏိုင္လဲ။ ဘယ္အခ်က္ေတြက အက်ိတ္ျဖစ္ႏိုင္လဲ ဆိုတာ လူတိုင္းမသိႏိုင္ႏိုင္ပါဘူး။ ဒါ့အျပင္ စိတ္မေကာင္စြာပဲ အဆိုပါ ကင္ဆာေရာဂါ ျဖစ္ႏိုင္ မျဖစ္ႏိုင္ကို သိရွိေအာင္လည္း ဦးစြာသတိေပးတဲ့ လကၡဏာမ်ားလည္းမရွိပါဘူး။
အက်ိတ္ျဖစ္ႏိုင္ေခ်ရွိတဲ့ လကၡဏာမ်ား
၁။ ညဘက္မွာ မၾကာခဏ ဆီးသြားဖို႔ လိုအပ္ျခင္း
၂။ ဆီးသို႔မဟုတ္ သုတ္ရည္လႊတ္တဲ့အခါ နာက်င္မႈနဲ႔ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေပၚျခင္း
၃။ ဆီးသြားေနရင္း ျပက္ေတာက္ျပက္ေတာက္ျဖစ္ျခင္း/ အားနည္းျခင္း၊ ဆီးက်င္ျခင္း
၄။ ဆီးရပ္တန္႔သြားတဲ့အခါ နာက်င္ျခင္း၊ အဆင္မေျပျဖစ္ျခင္းတို႔ခံစားရျခင္း
၅။ ေခ်ာင္းဆိုးတဲ့အခါ၊ ရယ္ေမာတဲ့အခါ၊ ႏွာေခ်တဲ့အခါမွာ ဆီးထြက္ျခင္း/ မထိန္းထားႏိုင္ျခင္း
၆။ ဆီးစသြားဖို႔အတြက္ အခက္အခဲရွိျခင္း
၇။ ဆီးသို႔မဟုတ္ သုတ္ရည္မွာ ေသြးေရာက္ရွိျခင္း စတဲ့ အခ်က္ေတြက ဆီက်ိတ္ျဖစ္ႏိုင္ေခ်ရွိတဲ့ ေရွ႕ေျပးလကၡဏာရပ္ေတြပဲျဖစ္ပါတယ္။
ကင္ဆာကေတာ့ အျခားေနရာေတြကိုျပန္႔ပြားသြားတဲ့အခါမွ ေရာဂါလကၡဏာေတြကို ျပတတ္ပါတယ္။
၁။ ႐ုတ္တရက္ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊ အစားစားခ်င္စိတ္မရွိျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း
၂။ တင္ပါးဆုံ၊ ေနာက္ေက်ာ၊ လည္ပင္း၊ ေပါက္အထက္ အ႐ိုးမ်ားနာက်င္ျခင္း
၃။ ေျခေထာက္ေရာင္ရမ္းျခင္း၊ ၾကြက္သားအားနည္းျခင္း၊ ထုံက်င္ျခင္း၊
အဆိုပါ ဆီးက်ိတ္ကင္ဆာဟာ အဝလြန္တဲ့ အမ်ိဳးသားမ်ား ဒါမွမဟုတ္ မိသားစု/အဆိုပါေရာဂါမ်ိဳးရိုးရွိတဲ့သူေတြမွာ အျဖစ္မ်ားပါတယ္။
ဆီးက်ိတ္ကင္ဆာကို ကာကြယ္ဖို႔အတြက္ ဗီတာမင္နဲ႔ သတၱဳဓာတ္ၾကြယ္ဝတဲ့ အစားအစာမ်ား စားေပးျခင္း၊ ေလ့က်င့္ခန္းမွန္မွန္ျပဳလုပ္ေပးျခင္း၊ ေရာဂါျဖစ္ႏိုင္ေျခရွိတဲ့ အရာမ်ား/ အေလ့အထမ်ားကို ေရွာင္ၾကဥ္ျခင္း၊ ကိုယ္အေလးခ်ိန္ကို ထိန္းေပးျခင္း စတဲ့ႀကိဳတင္ကာကြယ္မႈေတြျပဳလုပ္ႏိုင္ပါတယ္။ သင့္အေနနဲ႔ ဆီးက်ိတ္ျဖစ္ႏိုင္ေျခရွိတဲ့ အဆင့္မွာတင္ ဆရာဝန္ထံသြားေရာက္ေဆြးေႏြးျခင္း၊ စစ္ေဆးျခင္း၊ ကုသျခင္းမ်ားျပဳလုပ္သင့္ပါတယ္။ ကင္ဆာျဖစ္ႏိုင္ေခ်ရွိမရွိအတြက္ ေရွ႕ေျပးလကၡရပ္ေတြမရွိတာေၾကာင့္ သင့္အေနနဲ႔ ပိုၿပီး ဂ႐ုစိုက္သင့္ပါတယ္။ အမ်ိဳးသားအမ်ားစုက ဆီးသြားတာပဲ ဆိုၿပီး ေပါ့ေပါ့ဆဆေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ဒီအခ်က္ေတြျဖစ္ေပၚလာၿပီဆိုတာနဲ႔ အျမင္ဆုံးစစ္ေဆးကုသျခင္းမ်ားခံယူသင့္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အသားအေရကို အျပစ္တင္ရက္စရာမရွိေအာင္ ဘယ္လိုထိန္းသိမ္းမလဲ။
Unicode
အမျိုးသားတွေ လစ်လျူရှုမထားသင့်တဲ့ ဆီးကျိတ်ကင်ဆာအခြေအနေ
ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။ ဆီးကျိတ်ဟာ အသက်အရွယ်ပေါ်မူတည်ပြီး ကြီးထားမှုနှုန်းရှိပေမဲ့ လိုအပ်တာထက် ပိုပြီး ကြီးထွားမှုမရှိပါဘူး။ လိုအပ်တာထက်ပိုပြီးထွားလာရင်တော့ သင့်အတွက် အန္တရာယ်ဖြစ်နိုင်တာကြောင့် အရမ်းလည်းပေါ့ပေါ့ဆဆနေလို့မရပါဘူး။ ဘယ်အချက်တွေက ကင်ဆာဖြစ်နိုင်လဲ။ ဘယ်အချက်တွေက အကျိတ်ဖြစ်နိုင်လဲ ဆိုတာ လူတိုင်းမသိနိုင်နိုင်ပါဘူး။ ဒါ့အပြင် စိတ်မကောင်စွာပဲ အဆိုပါ ကင်ဆာရောဂါ ဖြစ်နိုင် မဖြစ်နိုင်ကို သိရှိအောင်လည်း ဦးစွာသတိပေးတဲ့ လက္ခဏာများလည်းမရှိပါဘူး။
အကျိတ်ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာများ
၁။ ညဘက်မှာ မကြာခဏ ဆီးသွားဖို့ လိုအပ်ခြင်း
၂။ ဆီးသို့မဟုတ် သုတ်ရည်လွှတ်တဲ့အခါ နာကျင်မှုနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်ပေါ်ခြင်း
၃။ ဆီးသွားနေရင်း ပြက်တောက်ပြက်တောက်ဖြစ်ခြင်း/ အားနည်းခြင်း၊ ဆီးကျင်ခြင်း
၄။ ဆီးရပ်တန့်သွားတဲ့အခါ နာကျင်ခြင်း၊ အဆင်မပြေဖြစ်ခြင်းတို့ခံစားရခြင်း
၅။ ချောင်းဆိုးတဲ့အခါ၊ ရယ်မောတဲ့အခါ၊ နှာချေတဲ့အခါမှာ ဆီးထွက်ခြင်း/ မထိန်းထားနိုင်ခြင်း
၆။ ဆီးစသွားဖို့အတွက် အခက်အခဲရှိခြင်း
၇။ ဆီးသို့မဟုတ် သုတ်ရည်မှာ သွေးရောက်ရှိခြင်း စတဲ့ အချက်တွေက ဆီကျိတ်ဖြစ်နိုင်ချေရှိတဲ့ ရှေ့ပြေးလက္ခဏာရပ်တွေပဲဖြစ်ပါတယ်။
ကင်ဆာကတော့ အခြားနေရာတွေကိုပြန့်ပွားသွားတဲ့အခါမှ ရောဂါလက္ခဏာတွေကို ပြတတ်ပါတယ်။
၁။ ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
၂။ တင်ပါးဆုံ၊ နောက်ကျော၊ လည်ပင်း၊ ပေါက်အထက် အရိုးများနာကျင်ခြင်း
၃။ ခြေထောက်ရောင်ရမ်းခြင်း၊ ကြွက်သားအားနည်းခြင်း၊ ထုံကျင်ခြင်း၊
အဆိုပါ ဆီးကျိတ်ကင်ဆာဟာ အဝလွန်တဲ့ အမျိုးသားများ ဒါမှမဟုတ် မိသားစု/အဆိုပါရောဂါမျိုးရိုးရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။
ဆီးကျိတ်ကင်ဆာကို ကာကွယ်ဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားပေးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်း၊ ရောဂါဖြစ်နိုင်ခြေရှိတဲ့ အရာများ/ အလေ့အထများကို ရှောင်ကြဉ်ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း စတဲ့ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆီးကျိတ်ဖြစ်နိုင်ခြေရှိတဲ့ အဆင့်မှာတင် ဆရာဝန်ထံသွားရောက်ဆွေးနွေးခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းများပြုလုပ်သင့်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေရှိမရှိအတွက် ရှေ့ပြေးလက္ခရပ်တွေမရှိတာကြောင့် သင့်အနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ အမျိုးသားအများစုက ဆီးသွားတာပဲ ဆိုပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီအချက်တွေဖြစ်ပေါ်လာပြီဆိုတာနဲ့ အမြင်ဆုံးစစ်ဆေးကုသခြင်းများခံယူသင့်ပါတယ်။