အမ်ိဳးသားေတြရဲ႕ဖက္ရွင္က အမ်ိဳးသမီးေတြရဲ႕ဖက္ရွင္လိုပဲ ေျပာင္းလဲမႈ ျမန္ဆန္ပါတယ္။ ဒါ့ေပမယ့္ အမ်ိဳးသားေတြဟာ မိမိကိုယ္ကိုယ္ ျပင္ဆင္ထိန္းသိမ္းဖို႔ လံုေလာက္တဲ့ အခ်ိန္မရွိၾကပါဘူး။ အမ်ိဳးသားေတြက ဖက္ရွင္ကို စိတ္၀င္စားမႈနည္းတာလည္း ျဖစ္ႏိုင္ပါတယ္။ တကယ္ေတာ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြလိုပဲ အၿမဲတမ္းစမတ္က်ေနဖို႔ ဖက္ရွင္က အေရးပါပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားေတြရဲ႕ ဖက္ရွင္နဲ႔ပတ္သတ္လို႔ ေခတ္ေရစီးေၾကာင္းကို အႀကီးမားဆံုး ဆန္႔က်င္ေနတဲ့ ဖက္ရွင္အမွားေလးေတြကို စုေဆာင္းေပးထားပါတယ္။
Radio Romance ဒရမ္မာကားထဲက ေရဒီယိုမင္းသားေလး Yoon Doo Joonရဲ႕ဖက္ရွင္မ်ား
၁။ ဆြယ္တာအပါးေအာက္မွာ ၾကယ္သီးႏွင့္ ရွပ္အက်ီ ၤခံ၀တ္ျခင္း
ဆြယ္တာအက်ီ ၤနဲ႔ ရွပ္အက်ီ ၤတြဲ၀တ္တာက မမွားေပမယ့္ ဆြယ္တာက ပိုၿပီးထူသင့္ပါတယ္။ ဆြယ္တာအပါးက ရွပ္အက်ီ ၤရဲ႕ေခါက္ရိုးေတြကို ေပၚလြင္ေစသလို ၾကယ္သီးေတြကိုလည္း ျမင္ရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုသက္ေတာင့္သက္သာျဖစ္ေစၿပီး ၾကည့္ေကာင္းေစဖို႔ဆိုရင္ ရွပ္အက်ီ ၤကို ဆြယ္တာအထူနဲ႔တြဲ၀တ္ပါ။
၂။ လိုက္ကာနဲ႔တူတဲ့ ၀တ္စံု
အမ်ိဳးသားေတြ Suit ၀တ္မယ္ဆိုရင္ ဖက္ရွင္မျဖစ္တဲ့ ေၾကာင္ေၾကာင္က်ားက်ား ဒီဇိုင္းေတြကို ေရွာင္ၾကဥ္ဖို႔ လိုပါတယ္။ ေခတ္မီဖက္ရွင္ဆိုတာ ရိုးရိုးရွင္းရွင္းနဲ႔ သက္ေတာင့္သက္သာျဖစ္ေစတာမ်ိဳးပါ။ ဒါ့ေၾကာင့္ ေတာက္ပၿပီး မ်က္စိရႈပ္တဲ့ ဒီဇိုင္းေတြကို မ၀တ္မိဖို႔လိုပါတယ္။ သင္ရံုးသြားတဲ့ အခါ အနက္ေရာင္ ဘေလဇာကုတ္ မႀကိဳက္ဘူးဆိုရင္ ဒါမွမဟုတ္ ေတာက္ပတဲ့အေရာင္၀တ္ခ်င္တယ္ဆိုရင္ စပ်စ္ေရာင္၊ ခရမ္းေရာင္၊ ကဲ့သို႔ေသာ အေရာင္ေတြကို ၀တ္ၾကည့္ပါ။
၃။ ဗီပံုစံ လည္ပင္းအရမ္းဟိုက္တဲ့ တီရွပ္အက်ီ ၤ
ေႏြရာသီမွာ ပူတဲ့အတြက္ အမ်ိဳးသားေတြလည္း ေခ်ာင္ေခ်ာင္ခ်ိခ်ိ အက်ီ ၤေလးေတြ ေရြး၀တ္တတ္ၾကပါတယ္။ ဒါေပမယ့္ ဗီပံုစံ လည္ပင္းအဟိုက္ေတြက သင့္ရင္ဘက္ကအေမႊးေတြကို ျမင္ႏိုင္ေစတာေၾကာင့္ အၿမဲတမ္း ၾကည့္မေကာင္းပါဘူး။ ဒါ့ေၾကာင့္ေႏြရာသီမွာ ပူလို႔ ေအးတဲ့ တီရွပ္ေလး ၀တ္မယ္ဆိုရင္ ခ်ည္သားတီရွပ္ေလးေတြ ၀တ္ဆင္သင့္ပါတယ္။ ေအးျမတဲ့ ခ်ည္သားနဲ႔ ျပဳလုပ္ထားတဲ့ လည္ပင္းအ၀ိုင္းပံုစံတီရွပ္ေလးေတြက သင့္ကိုအမ်ားႀကီး ပိုၾကည့္ေကာင္းေစမွာပါ။
၄။ ဂ်င္းေဘာင္းဘီ အက်ပ္ေတြ
အရမ္းၾကပ္တဲ့ ဂ်င္းေဘာင္းဘီေတြက အရာအားလံုးကို ျမင္ႏိုင္ေစသလို ေခတ္လည္းမမွီေတာ့ပါဘူး။ သူတို႔က ခဏသာ ေပၚပင္ျဖစ္ခဲ့တာပါ။ သင့္မွာဒီလိုဂ်င္းေဘာင္းဘီေတြရွိရင္ သူတို႔ကို ဗီဒိုထဲမွာ သိမ္းထားၿပီး ဒါေတြ ေနာက္တဖန္ ေခတ္စားလာမွ ထုတ္၀တ္သင့္ပါတယ္။ သင့္ေျခေထာက္တစ္၀ိုက္မွာ က်ပ္မေနတဲ့ ခပ္ပြပြ ဂ်င္းေဘာင္းဘီေတြကိုသာ ေရြးခ်ယ္ပါ။
၅။ ေအာက္ပိုင္းၾကပ္တဲ့ အားကစားေဘာင္းဘီေတြ
အားကစားလုပ္ဖို႔ အားကစား၀တ္စံု၀တ္မယ္ဆိုရင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ သက္ေတာင့္သက္သာ ျဖစ္ေစတာက အေကာင္းဆံုးပါ။ ခ်ည္သားနဲ႔ ျပဳလုပ္ထားတဲ့ ေဘးအစင္း ေဘာင္းဘီ သို႔မဟုတ္ ေရွာ့ပင္ေလးေတြကို ေရြးခ်ယ္ပါ။
၆။ ေဘာင္းဘီအတို
သူတို႔က ဘယ္ေတာ့မွ ေခတ္မမွီေတာ့ေပမယ့္ လူေတြက မၾကာခဏ ၀ယ္ၿပီး ၀တ္တုန္းပါ။ ဒီအတိုေတြက ႀကီးမားတဲ့ အိပ္ကပ္ေတြေၾကာင့္ သင့္တင္ပါးကို ပိုႀကီးသေယာင္ ျဖစ္ေစပါတယ္။ သူတို႔က အိမ္မွာအလုပ္လုပ္ရင္း ဒါမွမဟုတ္ ေတာင္တတ္တဲ့အခါပဲ ၀တ္လို႔ ေကာင္းပါတယ္။ ဒါေပမယ့္ အျပင္သြားတဲ့အခါ ၀တ္ဆင္လို႔မေကာင္းပါဘူး။ ေႏြရာသီမွာ ဓါတုပစၥည္းနဲ႔ ရက္လုပ္ထားတဲ့ အထည္ေတြ ၀တ္ဆင္ျခင္းက ဂ်င္းေတြ ၀တ္သလိုပဲ ပူေစပါတယ္။ ဒီလိုပူတဲ့ရာသီမွာ သဘာ၀ခ်ည္သားေတြနဲ႔ ျပဳလုပ္ထားတဲ့ ေဘာင္းဘီအတိုေလးေတြကိုသာ ေရြးခ်ယ္ ၀တ္ဆင္ပါ။
၇။ သားေမႊးနဲ႔ ျပဳလုပ္ထားတဲ့ ေဆာင္းရာသီ၀တ္ လည္သာကုတ္အက်ီ ၤ
ႀကီးမားတဲ့ လည္သာေကာ္လံေတြနဲ႔ လည္သာကုတ္ေတြက ေခတ္မမွီေတာ့ပဲ ေစ်းေပါသြားပါၿပီ။ ဒီကုတ္ေတြက သင့္ကို ခႏၶာကိုယ္ပိုႀကီးတယ္လို႔ ထင္ရေစပါတယ္။ ဒါ့ေၾကာင့္ ရိုးရိုးရွင္းရွင္း ကုတ္ေတြကိုသာ ေရြးခ်ယ္ ၀တ္ဆင္ပါ။
၈။ ေဆာင္းရာသီကုတ္အက်ီ ႏွင့္ အေနာက္တိုင္း၀တ္စံု တြဲ၀တ္ျခင္း
အေနာက္တိုင္း၀တ္စံုေတြ၊ ေခတ္္မီဖိနပ္ေတြ၊ ၀တ္ဆင္ထားၿပီး အားကစားဆန္တဲ့ ေဆာင္း၀တ္ကုတ္တစ္ထည္ကို ၀တ္ဆင္ျခင္းက အထူးသျဖင့္ လက္ဆြဲအိတ္တစ္လံုးနဲ႕ဆို ရယ္စရာေကာင္းလွပါတယ္။ ရာသီဥတုေပၚ မႈတည္ၿပီး ေခတ္မီကုတ္အက်ီ ၤေတြကို ေရြးခ်ယ္ပါ။ ယေန႔မွာ ေလယာဥ္မွဴးဂ်ာကင္၊ စစ္ကုတ္အက်ီ ၤ၊ အိုဗာဆိုဒ္ ကုတ္ေတြက အလြန္ေခတ္မီပါတယ္။
၉။ ပန္႔ခ္သီးေတြနဲ႔ လည္သာဂ်ာကင္အက်ၤ ီ
အခၽြန္ေတြနဲ႔ ဇစ္ေတြအမ်ားႀကီးပါတဲ့ ဂ်ာကင္ေတြက အမ်ိဳးသမီးဖက္ရွင္နဲ႔ အမ်ိဳးသားဖက္ရွင္ႏွစ္ခုလံုးမွာ ေခတ္မမွီေတာ့ပါဘူး။ အထူးသျဖင့္လယ္သာဂ်က္ကင္ေတြဆို ပိုမွန္ပါတယ္။ ဒီဂ်ာကင္ေတြက အရင္တုန္းက အရမ္းေခတ္စားခဲ့ၿပီး လူေတြ ၿငီးေငြ႕လာၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဂ်ာကင္အက်ၤ ီ၀တ္မယ္ဆိုရင္ ေခတ္မီၿပီး သိမ္ေမြ႕တဲ့အေရာင္ ပံုမွန္လည္သာ သို႔မဟုတ္ ဂ်င္းဂ်ာကင္ေတြကိုသာ ေရြးခ်ယ္ပါ။ အရမ္းကို ေခတ္မီတာ ၀တ္ခ်င္ရင္ ဒီ၂၀၁၈မွာ logomania က ေခတ္စားေနပါတယ္။ နာမည္ႀကီး အမွတ္တံဆိပ္ေတြနဲ႔ ဂ်ာကင္ကိုရွာေဖြပါ။
၁၀။ ခါးပတ္ေခါင္းႀကီးႀကီးနဲ႔ ခါးပတ္ေတြ
ခါးပတ္ေခါင္းႀကီးႀကီးနဲ႔ ခါးပတ္ေတြက ေခတ္မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ဘာအပိုတန္ဆာပလာမွ မပါတဲ့ ေခတ္မွီရိုးရွင္းေသာ ခါးပတ္ေခါင္းနဲ႔ ခါးပတ္ေတြကိုသာ ေရြးခ်ယ္ပါ။
၁၁။ ဖိနပ္ႏွင့္ ေျခအိတ္အၾကား ကြာျခားမႈ
အထူးသျဖင့္ ေျခအိပ္ေတြက အနက္ေရာင္ျဖစ္ၿပီး ဖိနပ္က အျဖဴေရာင္ ဒါမွမဟုတ္ အျပန္အလွန္ျဖစ္ေနတာမ်ိဳးပါ။ အေရာင္ေတာက္ေတာက္နဲ႔ အနက္ေရာင္ပံုစံက ၾကည့္လိုက္ရင္ ရယ္စရာေကာင္းၿပီး သင့္ပံုရိပ္တစ္ခုလံုးကို ပ်က္စီးေစပါတယ္။ ဒါ့ေၾကာင့္ Sneaker ၀တ္ဆင္တဲ့အခါ ခ်ည္သားနဲ႔ ျပဳလုပ္ထားတဲ့ ေျခအိတ္အတိုကိို ေရြးခ်ယ္ပါ။ သူတို႔က အျဖဴေရာင္ျဖစ္ဖို႔မလိုပါဘူး။ အလြန္ဆန္႔က်င္ေနတာကိုပဲ ေရွာင္ရွားပါ။
၁၂။ ပိုက္ဦးထုပ္
ဒီဦးထုပ္ေတြက လြန္ခဲ့တဲ့ ၇ႏွစ္ေလာက္က လူႀကိဳက္မ်ားခဲ့ၿပီး ယခုေခတ္မမွီေတာ့ပါဘူး။ ဒီဦးထုပ္ကို ေဆာင္းရတာ ႀကိဳက္တယ္ဆိုရင္ ေႏြရာသီ ကမ္းေျခကို ေပ်ာ္ပြဲစားထြက္တဲ့အခါမွသာ ေဆာင္းပါ။ ယေန႔မွာ ေဘ့စ္ေဘာဦးထုပ္ေတြက အလြန္ေခတ္မွီပါတယ္။ ပူတဲ့ရာသီမွာ သဘာ၀ပစၥည္းနဲ႔ ျပဳလုပ္ထားတဲ့ ဦးထုပ္ေလးေတြ ၀တ္ဆင္ႏိုင္ပါတယ္။
၁၃။ ဆြဲႀကိဳး
သစ္သားေတြ၊ အခြံေတြနဲ႔ ျပဳလုပ္ထားတဲ့ အလြန္တိုတဲ့ လည္ဆြဲေတြက အတိတ္မွာက်န္ခဲ့ပါၿပီ။ ဒါေပမယ့္ ဒီလို၀တ္ရတာကို ႀကိဳက္တယ္ဆိုရင္ ဒီလည္ဆြဲေတြကို မ၀တ္ဆင္ပါနဲ႔ ။ အလားတူပဲ ဧရာမလက္စြပ္ေတြ၊ ႀကီးမားတဲ့ ေရြေရာင္သံႀကိဳးေတြ ကိုေမ့လိုက္ပါေတာ့။
အမ်ိဳးသားေတြရဲ႕လက္၀တ္ရတနာအမ်ိဳးမ်ိဳးဟာ ယခုအခ်ိန္မွာ လည္သာနဲ႔ျပဳလုပ္ထားတဲ့ ဆြဲႀကိဳးေတြ၊ လက္စြပ္ေတြ၊ လက္ေကာက္ေတြက ၾကည့္ေကာင္းပါတယ္။ ရိုးရိုးရွင္းရွင္းေလးနဲ႔ အရမ္းမေတာက္ပတာကို ေရြးခ်ယ္ပါ။
#Lifestyle_Myanmar
#TB_Nandar
Source-brightside
Unicode
အမျိုးသားတွေအတွက် ခေတ်မမှီတော့တဲ့ ဖက်ရှင်အမှားလေးတွေ
အမျိုးသားတွေရဲ့ဖက်ရှင်က အမျိုးသမီးတွေရဲ့ဖက်ရှင်လိုပဲ ပြောင်းလဲမှု မြန်ဆန်ပါတယ်။ ဒါ့ပေမယ့် အမျိုးသားတွေဟာ မိမိကိုယ်ကိုယ် ပြင်ဆင်ထိန်းသိမ်းဖို့ လုံလောက်တဲ့ အချိန်မရှိကြပါဘူး။ အမျိုးသားတွေက ဖက်ရှင်ကို စိတ်ဝင်စားမှုနည်းတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေလိုပဲ အမြဲတမ်းစမတ်ကျနေဖို့ ဖက်ရှင်က အရေးပါပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေရဲ့ ဖက်ရှင်နဲ့ပတ်သတ်လို့ ခေတ်ရေစီးကြောင်းကို အကြီးမားဆုံး ဆန့်ကျင်နေတဲ့ ဖက်ရှင်အမှားလေးတွေကို စုဆောင်းပေးထားပါတယ်။
၁။ ဆွယ်တာအပါးအောက်မှာ ကြယ်သီးနှင့် ရှပ်အကျီ င်္ခံဝတ်ခြင်း
ဆွယ်တာအကျီ င်္နဲ့ ရှပ်အကျီ င်္တွဲဝတ်တာက မမှားပေမယ့် ဆွယ်တာက ပိုပြီးထူသင့်ပါတယ်။ ဆွယ်တာအပါးက ရှပ်အကျီ င်္ရဲ့ခေါက်ရိုးတွေကို ပေါ်လွင်စေသလို ကြယ်သီးတွေကိုလည်း မြင်ရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကြည့်ကောင်းစေဖို့ဆိုရင် ရှပ်အကျီ င်္ကို ဆွယ်တာအထူနဲ့တွဲဝတ်ပါ။
၂။ လိုက်ကာနဲ့တူတဲ့ ဝတ်စုံ
အမျိုးသားတွေ Suit ဝတ်မယ်ဆိုရင် ဖက်ရှင်မဖြစ်တဲ့ ကြောင်ကြောင်ကျားကျား ဒီဇိုင်းတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ခေတ်မီဖက်ရှင်ဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာဖြစ်စေတာမျိုးပါ။ ဒါ့ကြောင့် တောက်ပပြီး မျက်စိရှုပ်တဲ့ ဒီဇိုင်းတွေကို မဝတ်မိဖို့လိုပါတယ်။ သင်ရုံးသွားတဲ့ အခါ အနက်ရောင် ဘလေဇာကုတ် မကြိုက်ဘူးဆိုရင် ဒါမှမဟုတ် တောက်ပတဲ့အရောင်ဝတ်ချင်တယ်ဆိုရင် စပျစ်ရောင်၊ ခရမ်းရောင်၊ ကဲ့သို့သော အရောင်တွေကို ဝတ်ကြည့်ပါ။
၃။ ဗီပုံစံ လည်ပင်းအရမ်းဟိုက်တဲ့ တီရှပ်အကျီ င်္
နွေရာသီမှာ ပူတဲ့အတွက် အမျိုးသားတွေလည်း ချောင်ချောင်ချိချိ အကျီ င်္လေးတွေ ရွေးဝတ်တတ်ကြပါတယ်။ ဒါပေမယ့် ဗီပုံစံ လည်ပင်းအဟိုက်တွေက သင့်ရင်ဘက်ကအမွှေးတွေကို မြင်နိုင်စေတာကြောင့် အမြဲတမ်း ကြည့်မကောင်းပါဘူး။ ဒါ့ကြောင့်နွေရာသီမှာ ပူလို့ အေးတဲ့ တီရှပ်လေး ဝတ်မယ်ဆိုရင် ချည်သားတီရှပ်လေးတွေ ဝတ်ဆင်သင့်ပါတယ်။ အေးမြတဲ့ ချည်သားနဲ့ ပြုလုပ်ထားတဲ့ လည်ပင်းအဝိုင်းပုံစံတီရှပ်လေးတွေက သင့်ကိုအများကြီး ပိုကြည့်ကောင်းစေမှာပါ။
၄။ ဂျင်းဘောင်းဘီ အကျပ်တွေ
အရမ်းကြပ်တဲ့ ဂျင်းဘောင်းဘီတွေက အရာအားလုံးကို မြင်နိုင်စေသလို ခေတ်လည်းမမှီတော့ပါဘူး။ သူတို့က ခဏသာ ပေါ်ပင်ဖြစ်ခဲ့တာပါ။ သင့်မှာဒီလိုဂျင်းဘောင်းဘီတွေရှိရင် သူတို့ကို ဗီဒိုထဲမှာ သိမ်းထားပြီး ဒါတွေ နောက်တဖန် ခေတ်စားလာမှ ထုတ်ဝတ်သင့်ပါတယ်။ သင့်ခြေထောက်တစ်ဝိုက်မှာ ကျပ်မနေတဲ့ ခပ်ပွပွ ဂျင်းဘောင်းဘီတွေကိုသာ ရွေးချယ်ပါ။
၅။ အောက်ပိုင်းကြပ်တဲ့ အားကစားဘောင်းဘီတွေ
အားကစားလုပ်ဖို့ အားကစားဝတ်စုံဝတ်မယ်ဆိုရင် ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာ ဖြစ်စေတာက အကောင်းဆုံးပါ။ ချည်သားနဲ့ ပြုလုပ်ထားတဲ့ ဘေးအစင်း ဘောင်းဘီ သို့မဟုတ် ရှော့ပင်လေးတွေကို ရွေးချယ်ပါ။
၆။ ဘောင်းဘီအတို
သူတို့က ဘယ်တော့မှ ခေတ်မမှီတော့ပေမယ့် လူတွေက မကြာခဏ ဝယ်ပြီး ဝတ်တုန်းပါ။ ဒီအတိုတွေက ကြီးမားတဲ့ အိပ်ကပ်တွေကြောင့် သင့်တင်ပါးကို ပိုကြီးသယောင် ဖြစ်စေပါတယ်။ သူတို့က အိမ်မှာအလုပ်လုပ်ရင်း ဒါမှမဟုတ် တောင်တတ်တဲ့အခါပဲ ဝတ်လို့ ကောင်းပါတယ်။ ဒါပေမယ့် အပြင်သွားတဲ့အခါ ဝတ်ဆင်လို့မကောင်းပါဘူး။ နွေရာသီမှာ ဓါတုပစ္စည်းနဲ့ ရက်လုပ်ထားတဲ့ အထည်တွေ ဝတ်ဆင်ခြင်းက ဂျင်းတွေ ဝတ်သလိုပဲ ပူစေပါတယ်။ ဒီလိုပူတဲ့ရာသီမှာ သဘာဝချည်သားတွေနဲ့ ပြုလုပ်ထားတဲ့ ဘောင်းဘီအတိုလေးတွေကိုသာ ရွေးချယ် ဝတ်ဆင်ပါ။
၇။ သားမွှေးနဲ့ ပြုလုပ်ထားတဲ့ ဆောင်းရာသီဝတ် လည်သာကုတ်အကျီ င်္
ကြီးမားတဲ့ လည်သာကော်လံတွေနဲ့ လည်သာကုတ်တွေက ခေတ်မမှီတော့ပဲ စျေးပေါသွားပါပြီ။ ဒီကုတ်တွေက သင့်ကို ခန္ဓာကိုယ်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့ကြောင့် ရိုးရိုးရှင်းရှင်း ကုတ်တွေကိုသာ ရွေးချယ် ဝတ်ဆင်ပါ။
၈။ ဆောင်းရာသီကုတ်အကျီ နှင့် အနောက်တိုင်းဝတ်စုံ တွဲဝတ်ခြင်း
အနောက်တိုင်းဝတ်စုံတွေ၊ ခေတ််မီဖိနပ်တွေ၊ ဝတ်ဆင်ထားပြီး အားကစားဆန်တဲ့ ဆောင်းဝတ်ကုတ်တစ်ထည်ကို ဝတ်ဆင်ခြင်းက အထူးသဖြင့် လက်ဆွဲအိတ်တစ်လုံးနဲ့ဆို ရယ်စရာကောင်းလှပါတယ်။ ရာသီဥတုပေါ် မှုတည်ပြီး ခေတ်မီကုတ်အကျီ င်္တွေကို ရွေးချယ်ပါ။ ယနေ့မှာ လေယာဉ်မှူးဂျာကင်၊ စစ်ကုတ်အကျီ င်္၊ အိုဗာဆိုဒ် ကုတ်တွေက အလွန်ခေတ်မီပါတယ်။
၉။ ပန့်ခ်သီးတွေနဲ့ လည်သာဂျာကင်အကျင်္ ီ
အချွန်တွေနဲ့ ဇစ်တွေအများကြီးပါတဲ့ ဂျာကင်တွေက အမျိုးသမီးဖက်ရှင်နဲ့ အမျိုးသားဖက်ရှင်နှစ်ခုလုံးမှာ ခေတ်မမှီတော့ပါဘူး။ အထူးသဖြင့်လယ်သာဂျက်ကင်တွေဆို ပိုမှန်ပါတယ်။ ဒီဂျာကင်တွေက အရင်တုန်းက အရမ်းခေတ်စားခဲ့ပြီး လူတွေ ငြီးငွေ့လာပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျာကင်အကျင်္ ီဝတ်မယ်ဆိုရင် ခေတ်မီပြီး သိမ်မွေ့တဲ့အရောင် ပုံမှန်လည်သာ သို့မဟုတ် ဂျင်းဂျာကင်တွေကိုသာ ရွေးချယ်ပါ။ အရမ်းကို ခေတ်မီတာ ဝတ်ချင်ရင် ဒီ၂၀၁၈မှာ logomania က ခေတ်စားနေပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်တွေနဲ့ ဂျာကင်ကိုရှာဖွေပါ။
၁၀။ ခါးပတ်ခေါင်းကြီးကြီးနဲ့ ခါးပတ်တွေ
ခါးပတ်ခေါင်းကြီးကြီးနဲ့ ခါးပတ်တွေက ခေတ်မရှိတော့ပါဘူး။ ဒါ့ကြောင့် ဘာအပိုတန်ဆာပလာမှ မပါတဲ့ ခေတ်မှီရိုးရှင်းသော ခါးပတ်ခေါင်းနဲ့ ခါးပတ်တွေကိုသာ ရွေးချယ်ပါ။
၁၁။ ဖိနပ်နှင့် ခြေအိတ်အကြား ကွာခြားမှု
အထူးသဖြင့် ခြေအိပ်တွေက အနက်ရောင်ဖြစ်ပြီး ဖိနပ်က အဖြူရောင် ဒါမှမဟုတ် အပြန်အလှန်ဖြစ်နေတာမျိုးပါ။ အရောင်တောက်တောက်နဲ့ အနက်ရောင်ပုံစံက ကြည့်လိုက်ရင် ရယ်စရာကောင်းပြီး သင့်ပုံရိပ်တစ်ခုလုံးကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် Sneaker ဝတ်ဆင်တဲ့အခါ ချည်သားနဲ့ ပြုလုပ်ထားတဲ့ ခြေအိတ်အတိုကိို ရွေးချယ်ပါ။ သူတို့က အဖြူရောင်ဖြစ်ဖို့မလိုပါဘူး။ အလွန်ဆန့်ကျင်နေတာကိုပဲ ရှောင်ရှားပါ။
၁၂။ ပိုက်ဦးထုပ်
ဒီဦးထုပ်တွေက လွန်ခဲ့တဲ့ ရနှစ်လောက်က လူကြိုက်များခဲ့ပြီး ယခုခေတ်မမှီတော့ပါဘူး။ ဒီဦးထုပ်ကို ဆောင်းရတာ ကြိုက်တယ်ဆိုရင် နွေရာသီ ကမ်းခြေကို ပျော်ပွဲစားထွက်တဲ့အခါမှသာ ဆောင်းပါ။ ယနေ့မှာ ဘေ့စ်ဘောဦးထုပ်တွေက အလွန်ခေတ်မှီပါတယ်။ ပူတဲ့ရာသီမှာ သဘာဝပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ ဦးထုပ်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။
၁၃။ ဆွဲကြိုး
သစ်သားတွေ၊ အခွံတွေနဲ့ ပြုလုပ်ထားတဲ့ အလွန်တိုတဲ့ လည်ဆွဲတွေက အတိတ်မှာကျန်ခဲ့ပါပြီ။ ဒါပေမယ့် ဒီလိုဝတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီလည်ဆွဲတွေကို မဝတ်ဆင်ပါနဲ့ ။ အလားတူပဲ ဧရာမလက်စွပ်တွေ၊ ကြီးမားတဲ့ ရွေရောင်သံကြိုးတွေ ကိုမေ့လိုက်ပါတော့။
အမျိုးသားတွေရဲ့လက်ဝတ်ရတနာအမျိုးမျိုးဟာ ယခုအချိန်မှာ လည်သာနဲ့ပြုလုပ်ထားတဲ့ ဆွဲကြိုးတွေ၊ လက်စွပ်တွေ၊ လက်ကောက်တွေက ကြည့်ကောင်းပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းမတောက်ပတာကို ရွေးချယ်ပါ။
#Lifestyle_Myanmar
#TB_Nandar
Source-brightside