နာမည်ကျော် စာရေးဆရာမတွေဖြစ်တဲ့ Ellen Fein နဲ့ Sherrie Schneider တို့ဟာ The Rules ဆိုတဲ့စာအုပ်နဲ့ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ကြပါတယ်။ သူတို့ရဲ့စာအုပ်ထဲက နည်းလမ်းတွေအတိုင်း အမျိုးသမီးတွေဟာ လိုက်လံကျင့်သုံးခဲ့ကြလို့ အကြံဥာဏ်ကောင်းတွေနဲ့ ကောင်းမွန်တဲ့ရလာဒ်တွေ ရခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ရဲ့အမျိုးသားက သင့်ကိုပိုမိုရူးသွပ်စေနိုင်ဖို့ နည်းလမ်းလေး (၉) ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့အမျိုးဆီက ဖုန်းလာတဲ့အခါတိုင်း အဆောတလျင်ကိုင်ဖို့မကြိုးစားပါနဲ့၊ သင့်မှာ ပိုမိုအလုပ်ရှုပ်စေသလို သူ့ကိုလည်း ပိုမိုစိတ်ကြီးဝင်စေနိုင်ပါတယ်။
၂။လိုရင်းတိုရှင်းနဲ့ အကျွမ်းဝင်မှုကို ဖော်ပြတဲ့စကားတစ်လုံးက ပြန်စာတွေအများကြီးထက် ထိရောက်ပါတယ်။
၃။ သင့်ကိုစိတ်ဝင်စားနေသူလို့ထင်တဲ့ အမျိုးသားတဲ့ စာကို အနည်းဆုံး နှစ်နာရီလောက်စောင့်ပြီးမှ ပြန်စာပို့ပါ။ စာရိုက်တဲ့အချိန်ကို တရက်လုံးမှာ မိနစ်နှစ်ဆယ်ထက် ပိုမယူသင့်ပါဘူး။
၎။”ငါးမိနစ်အတွင်း မင်းဘာလုပ်နေတာလဲ” ဆိုတဲ့မေးခွန်းမျိုးကို ပြန်ဖြေဖို့မလိုအပ်ပါဘူး။ လုံးဝ လျစ်လျူရှုတာဟာ ပိုကောင်းပါတယ်။
၅။ ဆိုရှယ်မီဒီယာမှာ သင်ဘာလုပ်နေတယ်၊ ဘယ်နေရာမှာ၊ ဘယ်သူနဲ့ရှိနေတယ်ဆိုတာတွေ တင်ဖို့ မလိုအပ်ပါဘူး။ လှို့ဝှက်တတ်တဲ့လူဟာ ပိုမိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
၆။ အင်တာနက်ကိုညဥ့်နက်တဲ့ အချိန်ထိမသုံးပါနဲ့ မက်ဆေ့တွေလည်း ညဥ့်နက်ချိန်ထိ ပို့ဖို့မလိုအပ်ပါဘူး၊ လေးနက်တဲ့မိန်းကလေးတွေက ၁၂ နာရီမထိုးခင်အိပ်တယ်လို့ သူတို့က သတ်မှတ်ပါတယ်။
၇။ သူရဲ့ ဖေ့ဘွတ်အကောင့်နဲ့ ဝေးဝေးနေပြီး သူ့ရဲ့ Timeline မှာ စာရေးသားခြင်းကို တတ်နိုင်သလောက် မပြုလုပ်ပါနဲ့။
၈။ တစ်ယောက်နဲ့တစ်ယောက် တရက်ကိုမိနစ်နှစ်ဆယ်လောက်ပဲ စာပို့ပါ။ အပြင်မှာလူချင်တွေ့နိုင်အောင် ပြုလုပ်ပါ။
၉။ပြုံးနေတဲ့ emoji လေးတွေကို သင့်ချစ်သူဆီပို့တာကောင်းပါတယ်၊ ဒါပေမယ့် အရမ်းအများကြီးပို့တဲ့အခါ သင့်ကိုမရင့်ကျက်သေးဘူးလို့ ထင်နိုင်ပါတယ်။
အထက်ပါနည်းလမ်းတွေက သင့်ကိုပိုမို စိတ်ဝင်စားစေမှာပါ။
Source-Bright Side
#LM_Naung_Naung