အမ်ိဳးသားထုႀကီးကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းစားစြဲေဆာင္တတ္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ရဲ႕ အျပဳအမူလကၡဏာ

0
12300
ဖမ္းစားစြဲေဆာင္တတ္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ရဲ႕ အျပဳအမူ
ဖမ္းစားစြဲေဆာင္တတ္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ရဲ႕ အျပဳအမူ

မ်က္ဝန္း

မ်ားေသာအားျဖင့္ အခ်ိဳ႕ မိန္းကေလးေတြ ကိုယ္စိတ္ဝင္စားတဲ့သူနဲ႔ အၾကည့္ျခင္းဆုံျခင္းဟာ oxytocin ထုတ္လုပ္မႈအေပၚ သက္ေရာက္မႈရွိပါတယ္။ ဒါဟာ ႏွစ္ဦးသားအနီးကပ္ရွိတဲ့အခ်ိန္မွာ ျဖစ္ေပၚတတ္တဲ့ ေဟာ္မုန္းတစ္မ်ိဳးေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္မ်ားေသာအားျဖင့္ ကိုယ္ခ်စ္တဲ့သူဆို အၾကည့္ခ်င္းဆုံဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ထိုကဲ့သို႔ မထင္မွတ္ဘဲ အၾကည့္ခ်င္းဆုံမိသြားတဲ့အခါ ရွက္ကိုးရွက္ကန္းနဲ႔ အၾကည့္ေတြက အနည္းငယ္ၾကာတတ္ၿပီး မ်က္ဝန္းထဲက မ်က္စံက အနည္းငယ္က်ယ္ျပန္႔လာတတ္ၾကပါတယ္။ ဒီလိုဆို သူ သင့္ကို စိတ္ဝင္စားေနၿပီျဖစ္ပါတယ္။

ေျခေထာက္အေနအထား

ကိုယ့္ကို စိတ္ဝင္စားေနတဲ့ မိန္းကေလးေတြ ဆြဲေဆာင္တဲ့အခါ သူတို႔ရဲ႕ကိုယ္ဟန္အေနအထားက သာမန္ထက္ေျပာင္းလဲမႈရွိပါတယ္။ ဥပမာ – သင္နဲ႔အတူ ဆိုင္တစ္ဆိုင္ဆိုင္ ထိုင္တဲ့အခါ သင္ကို စိတ္ဝင္စားေန သူ႔ရဲ႕ ေျခေထာက္အေနအထားက ပုံမွေဖာ္ျပထားသလို အနည္းငယ္ Sexy က်က် ထိုင္တတ္ပါတယ္။ သူမရဲ႕ ထိုင္တဲ့ပုံစံဟာ အေဖာ္အခၽြတ္ပုံစံမေပါက္ေပမဲ့ သင့္ကိုေတာ့ စြဲေဆာင္မႈရွိေစတာအမွန္ပါပဲ။

ကိုယ္ဟန္အေနအထား

သင့္ကို စိတ္ဝင္စားေနတဲ့ မိန္းကေလးနဲ႔ အတူတူ ဆိုင္ထိုင္တာပဲျဖစ္ျဖစ္၊ ခုံတန္းတစ္ခုခုမွာ ထိုင္ၿပီး စကားေျပာတာပဲျဖစ္ျဖစ္ သူမရဲ႕ ကိုယ္ဟန္အေနအထားက သင္နဲ႔ နီးကပ္ဖို႔ မသိမသာ ႀကိဳးစားတတ္ပါတယ္။ အနည္းဆုံး သူမနဲ႔ သင့္ရဲ႕အကြာအေဝးဟာ ၂ေပအကြာေလာက္မွာပဲ ရွိတတ္ၾကပါတယ္။ ေနာက္မွီထိုင္ခုံျဖစ္ထိုင္တဲ့အခါ သူမရဲ႕ ေက်ာ႐ိုးက ေနာက္ကို မွီထားျခင္းမရွိဘဲ အေရွ႕စားပြဲ၊ သင္ရွိရာဘက္ကုိ ကိုင္းညြတ္ၿပီး ေနတတ္ၾကပါတယ္။

ရင္ဘက္အေနအထား

သူမရဲ႕ ခႏၶာကိုယ္အလွ/ ေကာက္ေၾကာင္းကို သူစိတ္ဝင္စားေနတဲ့သူနဲ႔ ေတြ႕တဲ့အခါ ျပသတတ္ၾကပါတယ္။ ဥပမာ ဆိုင္တစ္ဆိုင္မွာ မ်က္ႏွာခ်င္းဆိုင္ စကားအတူတူေျပာတဲ့အခါ သူမရဲ႕ ကိုယ္ဟန္အေနအထားဟာ ေက်ာ႐ိုးကို ေျဖာင့္မတ္ထားၿပီး ရင္ကိုအနည္းငယ္ေကာ့ထားတတ္ၾကပါတယ္။ ဒါက သူမရဲ႕ ရင္သားအလွကို သူမ စိတ္ဝင္စားတဲ့သူ ျမင္ေအာင္ ျပသတတ္တဲ့ သေဘာလကၡဏာတစ္ရပ္ပဲျဖစ္ပါတယ္။

လက္အေနအထား

သင္နဲ႔ေတြ႕တဲ့အခါ သူမရဲ႕ လက္အေနအထားက အေႏြးထည္အိတ္ကပ္၊ ေဘာင္းဘီအိတ္ကပ္ တို႔ထဲကို ထည့္ေလ့မရွိဘဲ မ်က္ႏွာ၊ တင္ပါး ဒါမွမဟုတ္ရင္သား ေနရာတို႔မွာ ထားရွိၿပီး သင့္အာ႐ုံကို ဆြဲေဆာင္ဖို႔ ႀကိဳးစားေနတတ္ၾကပါတယ္။ ပုရိသေယာက္်ားေလးေတြအတြက္ေတာ့ သူမတို႔ရဲ႕ စြဲေဆာင္မႈက စိတ္ဝင္စားစရာေကာင္းတဲ့ လကၡဏာတစ္ရပ္ပဲျဖစ္ပါတယ္။

သင့္အျပဳအမူကို ၾကည့္ၿပီး လုိက္ျပဳမူ

သင့္အာ႐ုံက သူ႔အေပၚ စြဲေဆာင္မႈရွိေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ လုပ္ေဆာင္တဲ့ထဲမွာ သင့္ရဲ႕ ကိုယ္ဟန္အေနအထားနဲ႔ လက္အမူအရာကိုၾကည့္ၿပီးလည္း လိုက္ျပဳမူတတ္ပါတယ္။ သင္က စကားေျပာတဲ့အခါ ေမွးေစ့အေပၚ လက္ေထာက္ထားရင္သူလည္း မသိမသာ သင့္အမူအရာအတိုင္း လိုက္လုပ္တာမ်ိဳးကို ဆိုလိုတာပါ။ ဒီအခ်က္ကလည္း သင့္ရဲ႕စိတ္ကို စြဲေဆာင္ေစတဲ့ အရာတစ္ခုပဲျဖစ္ပါတယ္။

ေျခေခ်ာင္းမ်ား လႈပ္ျခင္းအျပဳအမူ

သင္နဲ႔ အတူစကားေျပာတဲ့အခါ ေျခေထာက္က အၿငိမ္မေနဘဲ လႈပ္ေနတာမ်ိဳး၊ သင့္ေျခေထာက္ကို မသိမသာ ထိၾကည့္တာမ်ိဳး စတဲ့ မထိတထိအျပဳအမူေလးေတြ ျပဳလုပ္တတ္ၾကပါတယ္။ သင္နဲ႔ မ်က္ႏွာခ်င္းဆိုင္စကားေပၚေနေပမဲ့ ေအာက္မွာေျခေထာက္ျခင္းဆက္သြယ္ေနတာဟာ သင့္အေပၚစိတ္ဝင္စားမႈရွိေနတာကို ျပသေနတာပဲျဖစ္ပါတယ္။

ဆံပင္/ အဝတ္အစားတို႔အေပၚ check လုပ္ျခင္း

သင္နဲ႔သာ အတူတူ စကားေျပာေနေပမဲ့ သူမရဲ႕ လက္က ဆံပင္သပ္တာမ်ိဳး၊ အက်ီ ၤလက္ဆြဲခ်တာမ်ိဳး၊ အက်ီ ၤလည္ပင္းေနရာ မွာ လက္က သင္စိတ္ဝင္စားေအာင္ တစ္ခုခုလုပ္ျပေနတာမ်ိဳး စတဲ့ အျပဳအမူေတြ မ်ားေသာအားျဖင့္ ျပဳလုပ္တတ္ၾကပါတယ္။

ႏႈတ္ခမ္းကို လက္ျဖင့္ ထိတဲ့အျပဳအမူ

သင္နဲ႔ အတူေတြ႕တဲ့အခါ ႏႈတ္ခမ္းကို လက္ျဖစ္ ထိျခင္း ဒါမွမဟုတ္ ႏႈတ္ခမ္းကို လွ်ာနဲ႔ မသိမသာသပ္ျခင္း စတဲ့ အျပဳအမူေတြက သင့္ကို စိတ္ဝင္စားမႈရွိေနတယ္ဆိုတာ ျပတ္ျပတ္သားသား ေဖာ္ျပေနတဲ့ နိမိတ္လကၡဏာ အခ်ိဳ႕ပဲျဖစ္ပါတယ္။ ဒါေပမဲ့သတိထားရမွာကမိနစ္တိုင္းလိုလို သူမရဲ႕ႏႈတ္ခမ္းကို လွ်ာနဲ႔ မသိမသာသပ္ေနရင္ေတာ့ သူမွာ ဆိုးတဲ့ အက်င့္ရွိေနႏိုင္ပါတယ္။

မၾကာခဏ မွန္ၾကည့္တတ္တဲ့အျပဳအမူ

မိန္းကေလးတိုင္းဟာ သူတို႔ရဲ႕ အလွအပကို အျပစ္ဆိုဖြယ္မရွိေအာင္ ျပင္ဆင္တတ္ၾကပါတယ္။ ကိုယ္စိတ္ဝင္စားတဲ့သူေရွ႕မွာဆို ပိုၿပီး အလွျပင္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင္နဲ႔အတူရွိေနတဲ့အခ်ိန္ ၁၀မိနစ္ျခားတစ္ခါေလာက္ မွန္ၾကည့္တတ္ၿပီး အလွမျပင္ရင္ေတာင္တစ္႐ွဴးေလးနဲ႔ မ်က္ႏွာကို ဟိုသုတ္ဒီသုတ္ျပဳလုပ္တတ္ပါတယ္။

ရင္သားအေပၚ အာ႐ုံစိုက္ေအာင္

သူမရဲ႕ လက္ဟန္အေနအထားက ရင္သားကို ျပားခ်ပ္ခ်ပ္မျဖစ္ေစေအာင္ ရင္သားကို သာမန္ထက္ပိုၿပီး မို႔တတ္ေနေအာင္ ျပဳလုပ္တတ္ၾကပါတယ္။ သူ႕အေပၚ အထင္အျမင္ေသးေစဖို႔ ျပဳလုပ္တဲ့ အျပဳအမူမ်ိဳးေတာ့မဟုတ္ပါဘူး သင္တစ္ေယာက္ထဲနဲ႔သာ ဒီလိုအျပဳအမူမ်ိဳးကို ျပဳလုပ္တတ္ၿပီး သူမရဲ႕ အလွကို သင့္ခံစားတတ္ေအာင္ စြဲေဆာင္ေနတာပဲျဖစ္ပါတယ္။

ဆံပင္ကို လက္ျဖင့္လိမ္ေနတဲ့အျပဳအမူ

သင္နဲ႔သာ စကားေျပာေနေပမဲ့ လက္ေခ်ာင္းေတြက ဆံပင္ကိုလိမ္ေနၿပီး အၿငိမ္မေနျဖစ္ေနတာဟာ သင့္နဲ႔ေတြ႕ရတာ ရွက္သလိုလို၊ ရင္ခုန္သလိုလိုျဖစ္ေနတဲ့ အျပဳအမူမ်ိဳးပဲျဖစ္ပါတယ္။ သူ႔ရဲ႕ အျပဳအမူတိုင္းက သင့္ကို ဆြဲေဆာင္ေစဖို႔အတြက္ ရည္ညႊန္းၿပီး ျပဳလုပ္တတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ ဆံပင္ရွည္တဲ့ မိန္းကေလးေတြမွာ ဒီအျပဳအမူရွိတတ္ၾကပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ခ်စ္သူဘဝနဲ႔ လက္ထပ္ၿပီးဘဝ ႏွစ္ဦးသားေျပာင္းလဲသြားတဲ့ အျပဳအမူေလးေတြ

Unicode

အမျိုးသားထုကြီးကို နည်းအမျိုးမျိုးနဲ့ ဖမ်းစားစွဲဆောင်တတ်တဲ့ အမျိုးသမီးအချို့ရဲ့ အပြုအမူလက္ခဏာ
မျက်ဝန်း
များသောအားဖြင့် အချို့ မိန်းကလေးတွေ ကိုယ်စိတ်ဝင်စားတဲ့သူနဲ့ အကြည့်ခြင်းဆုံခြင်းဟာ oxytocin ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါဟာ နှစ်ဦးသားအနီးကပ်ရှိတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့်များသောအားဖြင့် ကိုယ်ချစ်တဲ့သူဆို အကြည့်ချင်းဆုံဖို့ ကြိုးစားတတ်ကြပါတယ်။ ထိုကဲ့သို့ မထင်မှတ်ဘဲ အကြည့်ချင်းဆုံမိသွားတဲ့အခါ ရှက်ကိုးရှက်ကန်းနဲ့ အကြည့်တွေက အနည်းငယ်ကြာတတ်ပြီး မျက်ဝန်းထဲက မျက်စံက အနည်းငယ်ကျယ်ပြန့်လာတတ်ကြပါတယ်။ ဒီလိုဆို သူ သင့်ကို စိတ်ဝင်စားနေပြီဖြစ်ပါတယ်။

ခြေထောက်အနေအထား
ကိုယ့်ကို စိတ်ဝင်စားနေတဲ့ မိန်းကလေးတွေ ဆွဲဆောင်တဲ့အခါ သူတို့ရဲ့ကိုယ်ဟန်အနေအထားက သာမန်ထက်ပြောင်းလဲမှုရှိပါတယ်။ ဥပမာ – သင်နဲ့အတူ ဆိုင်တစ်ဆိုင်ဆိုင် ထိုင်တဲ့အခါ သင်ကို စိတ်ဝင်စားနေ သူ့ရဲ့ ခြေထောက်အနေအထားက ပုံမှဖော်ပြထားသလို အနည်းငယ် Sexy ကျကျ ထိုင်တတ်ပါတယ်။ သူမရဲ့ ထိုင်တဲ့ပုံစံဟာ အဖော်အချွတ်ပုံစံမပေါက်ပေမဲ့ သင့်ကိုတော့ စွဲဆောင်မှုရှိစေတာအမှန်ပါပဲ။

ကိုယ်ဟန်အနေအထား
သင့်ကို စိတ်ဝင်စားနေတဲ့ မိန်းကလေးနဲ့ အတူတူ ဆိုင်ထိုင်တာပဲဖြစ်ဖြစ်၊ ခုံတန်းတစ်ခုခုမှာ ထိုင်ပြီး စကားပြောတာပဲဖြစ်ဖြစ် သူမရဲ့ ကိုယ်ဟန်အနေအထားက သင်နဲ့ နီးကပ်ဖို့ မသိမသာ ကြိုးစားတတ်ပါတယ်။ အနည်းဆုံး သူမနဲ့ သင့်ရဲ့အကွာအဝေးဟာ ၂ပေအကွာလောက်မှာပဲ ရှိတတ်ကြပါတယ်။ နောက်မှီထိုင်ခုံဖြစ်ထိုင်တဲ့အခါ သူမရဲ့ ကျောရိုးက နောက်ကို မှီထားခြင်းမရှိဘဲ အရှေ့စားပွဲ၊ သင်ရှိရာဘက်ကို ကိုင်းညွတ်ပြီး နေတတ်ကြပါတယ်။

ရင်ဘက်အနေအထား
သူမရဲ့ ခန္ဓာကိုယ်အလှ/ ကောက်ကြောင်းကို သူစိတ်ဝင်စားနေတဲ့သူနဲ့ တွေ့တဲ့အခါ ပြသတတ်ကြပါတယ်။ ဥပမာ ဆိုင်တစ်ဆိုင်မှာ မျက်နှာချင်းဆိုင် စကားအတူတူပြောတဲ့အခါ သူမရဲ့ ကိုယ်ဟန်အနေအထားဟာ ကျောရိုးကို ဖြောင့်မတ်ထားပြီး ရင်ကိုအနည်းငယ်ကော့ထားတတ်ကြပါတယ်။ ဒါက သူမရဲ့ ရင်သားအလှကို သူမ စိတ်ဝင်စားတဲ့သူ မြင်အောင် ပြသတတ်တဲ့ သဘောလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

လက်အနေအထား
သင်နဲ့တွေ့တဲ့အခါ သူမရဲ့ လက်အနေအထားက အနွေးထည်အိတ်ကပ်၊ ဘောင်းဘီအိတ်ကပ် တို့ထဲကို ထည့်လေ့မရှိဘဲ မျက်နှာ၊ တင်ပါး ဒါမှမဟုတ်ရင်သား နေရာတို့မှာ ထားရှိပြီး သင့်အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားနေတတ်ကြပါတယ်။ ပုရိသယောက်ျားလေးတွေအတွက်တော့ သူမတို့ရဲ့ စွဲဆောင်မှုက စိတ်ဝင်စားစရာကောင်းတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

သင့်အပြုအမူကို ကြည့်ပြီး လိုက်ပြုမူ
သင့်အာရုံက သူ့အပေါ် စွဲဆောင်မှုရှိအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်တဲ့ထဲမှာ သင့်ရဲ့ ကိုယ်ဟန်အနေအထားနဲ့ လက်အမူအရာကိုကြည့်ပြီးလည်း လိုက်ပြုမူတတ်ပါတယ်။ သင်က စကားပြောတဲ့အခါ မှေးစေ့အပေါ် လက်ထောက်ထားရင်သူလည်း မသိမသာ သင့်အမူအရာအတိုင်း လိုက်လုပ်တာမျိုးကို ဆိုလိုတာပါ။ ဒီအချက်ကလည်း သင့်ရဲ့စိတ်ကို စွဲဆောင်စေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ခြေချောင်းများ လှုပ်ခြင်းအပြုအမူ
သင်နဲ့ အတူစကားပြောတဲ့အခါ ခြေထောက်က အငြိမ်မနေဘဲ လှုပ်နေတာမျိုး၊ သင့်ခြေထောက်ကို မသိမသာ ထိကြည့်တာမျိုး စတဲ့ မထိတထိအပြုအမူလေးတွေ ပြုလုပ်တတ်ကြပါတယ်။ သင်နဲ့ မျက်နှာချင်းဆိုင်စကားပေါ်နေပေမဲ့ အောက်မှာခြေထောက်ခြင်းဆက်သွယ်နေတာဟာ သင့်အပေါ်စိတ်ဝင်စားမှုရှိနေတာကို ပြသနေတာပဲဖြစ်ပါတယ်။

ဆံပင်/ အဝတ်အစားတို့အပေါ် check လုပ်ခြင်း
သင်နဲ့သာ အတူတူ စကားပြောနေပေမဲ့ သူမရဲ့ လက်က ဆံပင်သပ်တာမျိုး၊ အကျီ င်္လက်ဆွဲချတာမျိုး၊ အကျီ င်္လည်ပင်းနေရာ မှာ လက်က သင်စိတ်ဝင်စားအောင် တစ်ခုခုလုပ်ပြနေတာမျိုး စတဲ့ အပြုအမူတွေ များသောအားဖြင့် ပြုလုပ်တတ်ကြပါတယ်။

နှုတ်ခမ်းကို လက်ဖြင့် ထိတဲ့အပြုအမူ
သင်နဲ့ အတူတွေ့တဲ့အခါ နှုတ်ခမ်းကို လက်ဖြစ် ထိခြင်း ဒါမှမဟုတ် နှုတ်ခမ်းကို လျှာနဲ့ မသိမသာသပ်ခြင်း စတဲ့ အပြုအမူတွေက သင့်ကို စိတ်ဝင်စားမှုရှိနေတယ်ဆိုတာ ပြတ်ပြတ်သားသား ဖော်ပြနေတဲ့ နိမိတ်လက္ခဏာ အချို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့သတိထားရမှာကမိနစ်တိုင်းလိုလို သူမရဲ့နှုတ်ခမ်းကို လျှာနဲ့ မသိမသာသပ်နေရင်တော့ သူမှာ ဆိုးတဲ့ အကျင့်ရှိနေနိုင်ပါတယ်။

မကြာခဏ မှန်ကြည့်တတ်တဲ့အပြုအမူ
မိန်းကလေးတိုင်းဟာ သူတို့ရဲ့ အလှအပကို အပြစ်ဆိုဖွယ်မရှိအောင် ပြင်ဆင်တတ်ကြပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့သူရှေ့မှာဆို ပိုပြီး အလှပြင်တတ်ကြပါတယ်။ ဒါ့ကြောင့် သင်နဲ့အတူရှိနေတဲ့အချိန် ၁၀မိနစ်ခြားတစ်ခါလောက် မှန်ကြည့်တတ်ပြီး အလှမပြင်ရင်တောင်တစ်ရှူးလေးနဲ့ မျက်နှာကို ဟိုသုတ်ဒီသုတ်ပြုလုပ်တတ်ပါတယ်။

ရင်သားအပေါ် အာရုံစိုက်အောင်
သူမရဲ့ လက်ဟန်အနေအထားက ရင်သားကို ပြားချပ်ချပ်မဖြစ်စေအောင် ရင်သားကို သာမန်ထက်ပိုပြီး မို့တတ်နေအောင် ပြုလုပ်တတ်ကြပါတယ်။ သူ့အပေါ် အထင်အမြင်သေးစေဖို့ ပြုလုပ်တဲ့ အပြုအမူမျိုးတော့မဟုတ်ပါဘူး သင်တစ်ယောက်ထဲနဲ့သာ ဒီလိုအပြုအမူမျိုးကို ပြုလုပ်တတ်ပြီး သူမရဲ့ အလှကို သင့်ခံစားတတ်အောင် စွဲဆောင်နေတာပဲဖြစ်ပါတယ်။

ဆံပင်ကို လက်ဖြင့်လိမ်နေတဲ့အပြုအမူ
သင်နဲ့သာ စကားပြောနေပေမဲ့ လက်ချောင်းတွေက ဆံပင်ကိုလိမ်နေပြီး အငြိမ်မနေဖြစ်နေတာဟာ သင့်နဲ့တွေ့ရတာ ရှက်သလိုလို၊ ရင်ခုန်သလိုလိုဖြစ်နေတဲ့ အပြုအမူမျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့ အပြုအမူတိုင်းက သင့်ကို ဆွဲဆောင်စေဖို့အတွက် ရည်ညွှန်းပြီး ပြုလုပ်တတ်ကြပါတယ်။ များသောအားဖြင့် ဆံပင်ရှည်တဲ့ မိန်းကလေးတွေမှာ ဒီအပြုအမူရှိတတ်ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here