လှပပြည့်စုံတဲ့ body shape ရရှိဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိမ်မက်ပါ။ ထိုင်ထလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အောက်ပိုင်း ကျစ်လစ်လှပရုံသာမက ကျန်းမာသန်စွမ်းတဲ့ အကျိုးကျေးဇူးတွေ ရရှိတာကြောင့် workout program မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ နေ့စဉ် squat ထိုင်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်
၁။ ခြေထောက်ကြွက်သားတွေကို သန်မာစေမယ်

squat ထိုင်ခြင်းဟာ ခြေထောက်ကြွက်သားတွေနဲ့ တံကောက်ကြောကို သန်မာစေပြီး ကြွက်သားတည်ဆောက်မှုကို မြှင့်တင်ဖို့ ဟော်မုန်းများကို အသက်ဝင်စေပါတယ်။
၂။ ခြေထောက်နဲ့ တင်ပါးကို လှပစေတယ်

အခြေခံ ထိုင်ထလေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ခြထောက်နဲ့ တင်ပါးကို အချိန်တိုအတွင်းမှာပဲ လှပတဲ့အချိုးအစားရရှိနိုင်ပါတယ်။
တကယ်လို့ dumbbell တွေကိုသုံးပြီး squat ထိုင်ရင်တော့ သင့်ရဲ့ပန်းတိုင်းကိုရောက်ဖို့ ပိုပြီးထိရောက်စေမှာပါ။
၃။ တင်ပါးနဲ့ အဆစ်များရဲ့ရွေ့လျားမှုကို မြှင့်တင်ပေးနိုင်တယ်

ထိုင်ထလုပ်ခြင်းဟာ အဆစ်အမြစ်ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပြီး ရွေ့လျားလှုပ်ရှားမှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
၎။ ရိုးတွင်းချဉ်ဆီကို သန်မာစေပြီး ဗိုက်ချပ်စေတယ်

သင့်ရဲ့ခြေထောက်အရိုးတွေကို သန်မာစေခြင်းဟာ ထိခိုက်မှုအန္တရာယ်ကို ကာကွယ်ပါတယ်။ တကယ်လို့အလေးနဲ့ထိုင်ထလုပ်ရင် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို
သန်မာစေပြီး ဗိုက်ချပ်စေဖို့အတွက်လည်း များစွာအထောက်အကူပြုပါတယ်။
၅။ ကိုယ်နေဟန်ထားကိုကောင်းမွန်စေတယ်

ထိုင်ထပုံမှန်လုပ်ခြင်းဟာ သင့်ခန္ဓာကိုယ်ဟန်ချက်ကို ပိုမိုကောင်းမွန်စေပြီး ကိုယ်နေဟန်ထားကိုလည်း ကောင်းမွန်စေပါတယ်။
အခြေခံထိုင်ထလေ့ကျင့်ခန်း
သင့်ရဲ့ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်းကားထားပေးပါ။ သင့်နောက်ကျောဟာ သဘာဝပုံစံအတိုင်း ရှိရပါမယ်။ သူကိုဖြေးညင်းစွာကွေးပြီးထိုင်ချတဲ့အခါ ၉၀ ဒီဂရီရောက်တဲ့အထိ ထိုင်ပေးပါ။ ပြီးလျှင်ဖြည်းညင်းစွာထပါ။ ၁၅ကြိမ်ကနေ အကြိမ် ၂၀ ထိလုပ်ပေးပါ။ ပိုပြီးထိရောက်စေရင်တော့ အလေးတုံးတွေနဲ့အတူ လေ့ကျင့်နိုင်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar