အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ လက္ထပ္လိုစိတ္ ပိုျပင္းျပရျခင္းရဲ႕ အေၾကာင္းရင္း

0
161

အမ်ိဳးသားအေတာ္မ်ားမ်ား ခ်စ္သူကလက္ထပ္ဖို႔ ေျပာဆိုတာကို ႀကိမ္ဖန္မ်ားစြာၾကားဖူးပါလိမ့္မယ္။ တကယ္လို႔ မေျပာဖူးရင္ေတာင္မွ သူတို႔ရဲ႕စိတ္ထဲမွာရွိေနတတ္ပါတယ္။ ကမာၻေပၚမွာရွိတဲ့ အစြဲလန္းႀကီးတဲ့ မိန္းကေလးပဲျဖစ္ျဖစ္၊ ပံုမွန္ေအးေဆးတတ္တဲ့ မိန္းကေလးပဲျဖစ္ျဖစ္ ယခုကိစၥကိုႏႈိင္းယွဥ္လို႔ ရပါတယ္။ ယေန႔ေခတ္မွာ လိင္တူခ်စ္သူေတြ၊ living together ေတြက ေခတ္စားေနေပမယ့္ အမ်ိဳးသမီးေတြ လက္ထပ္ခ်င္စိတ္ျပင္းျပတဲ့ ႏႈန္းထားကေတာ့ ေလွ်ာ့မသြားေသးပါဘူး။

လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာတည္းက အမ်ိဳးသမီးေတြဟာ ပညာေရးအတြက္ အခြင့္အေရးမရွိျခင္း၊ လူမႈဝန္းက်င္နဲ႔ ပေရာ္ဖက္ရွင္နယ္ နယ္ပယ္မွာလည္း အခြင့္အေရးမရွိခဲ့ၾကပါဘူး။ အခ်ိဳ႕အသိအမွတ္ျပဳခံခဲ့ရတဲ့ အမ်ိဳးသမီးေတြအနည္းအက်ဥ္းေတာ့ ရွိခဲ့ၾကပါတယ္။ ဒါေၾကာင့္ ႏွစ္ေပါင္းမ်ားစြာထဲက မိန္းမဆိုရင္ ဇနီးတစ္ေယာက္ အေမတစ္ေယာက္ထက္ပိုၿပီး သူတို႔ကိုယ္သူတို႔ေတာင္ မသတ္မွတ္ထားၾကပါဘူး။ ယခုအခ်ိန္လို ေခတ္သစ္နည္းပညာေတြ ထြန္းကားမလာေသးတဲ့ အခ်ိန္ထိ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြအေပး လံုးဝမွီခိုခဲ့ၾကတယ္လို႔ ဆိုလိုလို႔ရပါတယ္။

ေယာက်္ားမရွိရင္ အခြင့္အေရးမရွိ၊ အကာအကြယ္မဲ့၊ အစားအစာမရွိ စသျဖင့္ ေရွးတုန္းကတည္းကေန မၾကာေသးမွီတိုင္ေအာင္ အသားက်ခဲ့ၾကပါတယ္။ ေနာက္တခ်က္ အမ်ိဳးသမီးေတြ အိမ္ေထာင္ျပဳခ်င္စိတ္ရွိျခင္းရဲ႕ အေၾကာင္းတစ္ခုကေတာ့ လူမႈအဖြဲ႕အစည္းရဲ႕ ဖိအားေၾကာင့္ပါ။ လူ႔အဖြဲ႕အစည္းရဲ႕ ဥပေဒစည္းမ်ဥ္းေတြကို ေလ့လာၾကည့္တဲ့အခါ လူတစ္ေယာက္ဟာ မိသားစုတစ္ခုကို ဖန္တီးၿပီး ကေလးရွိရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ပါ။ ဒါေပမယ့္ အမ်ိဳးသမီးတစ္ေယာက္ဟာ အလွအပေၾကာင့္လား၊ ေငြေၾကးအေျခအေနေၾကာင့္လား၊ ကိုယ္က်င့္တရာေၾကာင့္လား၊ ဘာေၾကာင့္အမ်ိဳးသမီးတစ္ေယာက္ လက္မထပ္ႏိုင္တယ္ဆိုတာကို လူမႈအဖြဲ႕အစည္းက စိတ္မဝင္စားခဲ့ပါဘူး။ ပတ္ဝန္းက်င္ကလူေတြ စိတ္ဝင္စားတာတစ္ခုပဲရွိပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ လက္ထပ္လိမ့္မယ္ ဆိုတာကုိပါ။

လူသားမ်ိဳးႏြယ္ရဲ႕ ယခုလိုရယ္စရာအေလ့အထေတြဟာ အမ်ားစုအျမင္ကို သတ္မွတ္လိုက္တာျဖစ္ၿပီး လူသားျပႆနာလို႔ေတာင္ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ ခ်စ္သူျဖစ္ၿပီး သို႔မဟုတ္ မိဘေပးစားလို႔ လက္ထပ္ၾကတဲ့ အမ်ိဳးသမီးေတြအေတာ္မ်ားမ်ားဟာ ႀကီးမားတဲ့အမွားေတြကို ၾကံဳေတြ႕ရေလ့ရွိပါတယ္။ ေနာက္တခ်က္ကေတာ့ တေန႔ထက္တေန႔ အသက္ႀကီးလာတာေၾကာင့္ အရင္လိုအလွတရားေတြေလ်ာ့နည္းလာေတာ့မွာ သို႔မဟုတ္ ခ်စ္သူျဖစ္သူစိတ္မေျပာင္းခင္
စသျဖင့္ စိုးရိမ္ပူပန္ၿပီး လက္ထပ္ဖို႔ အလွ်င္လိုေနတတ္ပါတယ္။

မိဘေတြရဲ႕ သူတို႔သမီးအေပၚ ဖိအားေပးမႈေၾကာင့္လည္း လက္ထပ္ရေလ့ရွိၿပီး မိဘေတြဟာ မေသခင္ေျမးခ်ီခ်င္တတ္ၾကတဲ့စိတ္၊ မိဘဝတ္တရားေက်ပြန္ခ်င္တဲ့စိတ္ေၾကာင့္လည္း ဖိအားေပးတတ္တာေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ ေရြးခ်ယ္မႈအေပၚ ႀကီးမားတဲ့ဖိအားေတြ ရွိေနတတ္ပါတယ္။ မိဘျဖစ္သူက သားသမီးရဲ႕ဘဝကို ခ်ယ္လွယ္ေနျခင္းဟာ သားသမီးအတြက္ ေပ်ာ္ရြင္မႈနည္းနည္းနဲ႔ ခါးသီးမႈပိုမ်ားေနတတ္ပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြ လက္ထပ္ခ်င္တဲ့အေၾကာင္းတရားကေတာ့ အထီးက်န္မွာကို ေၾကာက္လို႔ပါ။
လက္မထပ္ရေသးတဲ့အမ်ိဳးသမီးကိုဆိုရင္ အထီးက်န္သူ သို႔မဟုတ္ မစြံတဲ့အပ်ိဳႀကီးအျဖစ္ သတ္မွတ္ၾကတဲ့ပတ္ဝန္းက်င္ေၾကာင့္ သူတို႔စိတ္မွာ အထီးက်န္မႈေတြ စြဲေနၿပီး လက္မထပ္ရေသးတဲ့ အမ်ိဳးသားေတြကိုေတာ့ သူတို႔က လူပ်ိဳႀကီး သို႔မဟုတ္ လြတ္လပ္တဲ့သူ စသျဖင့္ ဒီေလာက္ထိပဲ သတ္မွတ္ၾကတာလည္းပါပါတယ္။

အမ်ိဳးသမီးေတြရဲ႕စိတ္မွာ ပတ္ဝန္းက်င္က သူတို႔ကိုသနားစရာအျဖစ္ျမင္ေနမယ္၊ အျပစ္ျမင္ေနမယ္၊ အထီးက်န္ေနမယ္ စသျဖင့္အျမင္မ်ိဳးေတြကို မလိုခ်င္တဲ့စိတ္က လင္ယူဖို႔အတြက္ တြန္းအားေတြျဖစ္ေစတာပါပဲ။ ေနာက္ထပ္ အေၾကာင္းျပခ်က္ေတြကေတာ့ ေတာင့္တင္းၾကံ့ခိုင္တဲ့ ခ်စ္သူရဲ႕ပခံုးမွာ ထာဝရမွီခိုခ်င္တဲ့့စိတ္ေၾကာင့္နဲ႔ သဘာဝအရ မိခင္တစ္ေယာက္ ဇနိးတစ္ေယာက္ ျဖစ္လိုတဲ့ဆႏၵေၾကာင့္ပါပဲ။ မိသားစုဆိုတဲ့ အသိုက္အျမံဳကို အမ်ိဳးသမီးေတြက အျမဲတမ္းေတြေတာေနတတ္ၿပီး ခ်စ္သူစထားကာစမွာပင္ ဘယ္ေတာ့လက္ထပ္မယ္၊ ကေလးဘယ္ႏွစ္ေယာက္ယူမယ္ စသျဖင့္စကားစတတ္ၾကပါေသးတယ္။ (အေလာတႀကီးနဲ႔ စကားလမ္းေၾကာင္းရင္
အမ်ိဳးသားေတြရဲ႕စိတ္မွာ သင့္အေပၚပိုၿပီးေပါ့သြားတတ္သလို၊ ေျပးဖို႔စဥ္းစားတတ္တာကိုလည္း မေမ့ပါနဲ႔) ၊

ဘာပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြဟာ ကမာၻေပၚမွာအလွဆံုး သတို႔သမီးတစ္ေယာက္အျဖစ္ စိတ္ကူးယဥ္ေနတတ္ၿပီး အထက္ပါအေၾကာင္းရင္းေတြက လက္ထပ္ဖို႔ဖိအားေတြျဖစ္ေစတာေၾကာင့္ အမ်ိဳးသားေတြထက္ အိမ္ေထာင္ျပဳလိုစိတ္ ျပင္းျပေနရျခင္းျဖစ္ပါလိမ့္မယ္။

LM_Naung_Naung

Lifestyle_Myanmar

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လက်ထပ်လိုစိတ် ပိုပြင်းပြရခြင်းရဲ့ အကြောင်းရင်း
အမျိုးသားအတော်များများ ချစ်သူကလက်ထပ်ဖို့ ပြောဆိုတာကို ကြိမ်ဖန်များစွာကြားဖူးပါလိမ့်မယ်။ တကယ်လို့ မပြောဖူးရင်တောင်မှ သူတို့ရဲ့စိတ်ထဲမှာရှိနေတတ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အစွဲလန်းကြီးတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ပုံမှန်အေးဆေးတတ်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် ယခုကိစ္စကိုနှိုင်းယှဉ်လို့ ရပါတယ်။ ယနေ့ခေတ်မှာ လိင်တူချစ်သူတွေ၊ living together တွေက ခေတ်စားနေပေမယ့် အမျိုးသမီးတွေ လက်ထပ်ချင်စိတ်ပြင်းပြတဲ့ နှုန်းထားကတော့ လျှော့မသွားသေးပါဘူး။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက အမျိုးသမီးတွေဟာ ပညာရေးအတွက် အခွင့်အရေးမရှိခြင်း၊ လူမှုဝန်းကျင်နဲ့ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာလည်း အခွင့်အရေးမရှိခဲ့ကြပါဘူး။ အချို့အသိအမှတ်ပြုခံခဲ့ရတဲ့ အမျိုးသမီးတွေအနည်းအကျဉ်းတော့ ရှိခဲ့ကြပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာထဲက မိန်းမဆိုရင် ဇနီးတစ်ယောက် အမေတစ်ယောက်ထက်ပိုပြီး သူတို့ကိုယ်သူတို့တောင် မသတ်မှတ်ထားကြပါဘူး။ ယခုအချိန်လို ခေတ်သစ်နည်းပညာတွေ ထွန်းကားမလာသေးတဲ့ အချိန်ထိ အမျိုးသမီးတွေဟာ အမျိုးသားတွေအပေး လုံးဝမှီခိုခဲ့ကြတယ်လို့ ဆိုလိုလို့ရပါတယ်။ ယောကျ်ားမရှိရင် အခွင့်အရေးမရှိ၊ အကာအကွယ်မဲ့၊ အစားအစာမရှိ စသဖြင့် ရှေးတုန်းကတည်းကနေ မကြာသေးမှီတိုင်အောင် အသားကျခဲ့ကြပါတယ်။

နောက်တချက် အမျိုးသမီးတွေ အိမ်ထောင်ပြုချင်စိတ်ရှိခြင်းရဲ့ အကြောင်းတစ်ခုကတော့ လူမှုအဖွဲ့အစည်းရဲ့ ဖိအားကြောင့်ပါ။ လူ့အဖွဲ့အစည်းရဲ့ ဥပဒေစည်းမျဉ်းတွေကို လေ့လာကြည့်တဲ့အခါ လူတစ်ယောက်ဟာ မိသားစုတစ်ခုကို ဖန်တီးပြီး ကလေးရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ဟာ အလှအပကြောင့်လား၊ ငွေကြေးအခြေအနေကြောင့်လား၊ ကိုယ်ကျင့်တရာကြောင့်လား၊ ဘာကြောင့်အမျိုးသမီးတစ်ယောက် လက်မထပ်နိုင်တယ်ဆိုတာကို လူမှုအဖွဲ့အစည်းက စိတ်မဝင်စားခဲ့ပါဘူး။
ပတ်ဝန်းကျင်ကလူတွေ စိတ်ဝင်စားတာတစ်ခုပဲရှိပါတယ်။ အမျိုးသမီးတစ်ယောက် ဘယ်အချိန်၊ ဘယ်နေရာမှာ လက်ထပ်လိမ့်မယ် ဆိုတာကိုပါ။ လူသားမျိုးနွယ်ရဲ့ ယခုလိုရယ်စရာအလေ့အထတွေဟာ အများစုအမြင်ကို သတ်မှတ်လိုက်တာဖြစ်ပြီး လူသားပြဿနာလို့တောင်ပြောလို့ရပါတယ်။

ဒါကြောင့် ချစ်သူဖြစ်ပြီး သို့မဟုတ် မိဘပေးစားလို့ လက်ထပ်ကြတဲ့ အမျိုးသမီးတွေအတော်များများဟာ ကြီးမားတဲ့အမှားတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။
နောက်တချက်ကတော့ တနေ့ထက်တနေ့ အသက်ကြီးလာတာကြောင့် အရင်လိုအလှတရားတွေလျော့နည်းလာတော့မှာ သို့မဟုတ် ချစ်သူဖြစ်သူစိတ်မပြောင်းခင် စသဖြင့် စိုးရိမ်ပူပန်ပြီး လက်ထပ်ဖို့ အလျှင်လိုနေတတ်ပါတယ်။ မိဘတွေရဲ့ သူတို့သမီးအပေါ် ဖိအားပေးမှုကြောင့်လည်း လက်ထပ်ရလေ့ရှိပြီး မိဘတွေဟာ မသေခင်မြေးချီချင်တတ်ကြတဲ့စိတ်၊ မိဘဝတ်တရားကျေပွန်ချင်တဲ့စိတ်ကြောင့်လည်း ဖိအားပေးတတ်တာကြောင့် အမျိုးသမီးတွေရဲ့ ရွေးချယ်မှုအပေါ် ကြီးမားတဲ့ဖိအားတွေ ရှိနေတတ်ပါတယ်။ မိဘဖြစ်သူက သားသမီးရဲ့ဘဝကို ချယ်လှယ်နေခြင်းဟာ သားသမီးအတွက် ပျော်ရွင်မှုနည်းနည်းနဲ့ ခါးသီးမှုပိုများနေတတ်ပါတယ်။ တချို့အမျိုးသမီးတွေ လက်ထပ်ချင်တဲ့ အကြောင်းတရားကတော့ အထီးကျန်မှာကို ကြောက်လို့ပါ။

လက်မထပ်ရသေးတဲ့အမျိုးသမီးကိုဆိုရင် အထီးကျန်သူ သို့မဟုတ် မစွံတဲ့အပျိုကြီးအဖြစ် သတ်မှတ်ကြတဲ့ပတ်ဝန်းကျင်ကြောင့် သူတို့စိတ်မှာ အထီးကျန်မှုတွေ စွဲနေပြီး လက်မထပ်ရသေးတဲ့ အမျိုးသားတွေကိုတော့ သူတို့က လူပျိုကြီး သို့မဟုတ် လွတ်လပ်တဲ့သူ စသဖြင့် ဒီလောက်ထိပဲ သတ်မှတ်ကြတာလည်းပါပါတယ်။

အမျိုးသမီးတွေရဲ့စိတ်မှာ ပတ်ဝန်းကျင်က သူတို့ကိုသနားစရာအဖြစ်မြင်နေမယ်၊ အပြစ်မြင်နေမယ်၊ အထီးကျန်နေမယ် စသဖြင့်အမြင်မျိုးတွေကို မလိုချင်တဲ့စိတ်က လင်ယူဖို့အတွက် တွန်းအားတွေဖြစ်စေတာပါပဲ။ နောက်ထပ် အကြောင်းပြချက်တွေကတော့ တောင့်တင်းကြံ့ခိုင်တဲ့ ချစ်သူရဲ့ပခုံးမှာ ထာဝရမှီခိုချင်တဲ့စိတ်ကြောင့်နဲ့ သဘာဝအရ မိခင်တစ်ယောက် ဇနိးတစ်ယောက် ဖြစ်လိုတဲ့ဆန္ဒကြောင့်ပါပဲ။ မိသားစုဆိုတဲ့ အသိုက်အမြုံကို အမျိုးသမီးတွေက အမြဲတမ်းတွေတောနေတတ်ပြီး

ချစ်သူစထားကာစမှာပင် ဘယ်တော့လက်ထပ်မယ်၊ ကလေးဘယ်နှစ်ယောက်ယူမယ် စသဖြင့်စကားစတတ်ကြပါသေးတယ်။ (အလောတကြီးနဲ့ စကားလမ်းကြောင်းရင် အမျိုးသားတွေရဲ့စိတ်မှာ သင့်အပေါ်ပိုပြီးပေါ့သွားတတ်သလို၊ ပြေးဖို့စဉ်းစားတတ်တာကိုလည်း မမေ့ပါနဲ့) ၊
ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ ကမ္ဘာပေါ်မှာအလှဆုံး သတို့သမီးတစ်ယောက်အဖြစ် စိတ်ကူးယဉ်နေတတ်ပြီး အထက်ပါအကြောင်းရင်းတွေက လက်ထပ်ဖို့ဖိအားတွေဖြစ်စေတာကြောင့် အမျိုးသားတွေထက် အိမ်ထောင်ပြုလိုစိတ် ပြင်းပြနေရခြင်းဖြစ်ပါလိမ့်မယ်။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here