၁။ မျက်မှန်
၂။ suit
၃။ Cashmere ဆွယ်တာ
၅။ leather jacket
၇။ အားကစားဝတ်စုံ
၈။ ဂျင်းဘောင်းဘီအကျပ်
၉။ ကုတ်အင်္ကျီ
၁၀။ ရှုးဖိနပ်
#Lifestyle Myanmar
#LM_Nandar
Unicode
အမျိုးသမီးအများစု ခရေဇီဖြစ်ကြတဲ့ အမျိုးသားတွေ ဝတ်ဆင်တဲ့ဖက်ရှင် (၁၀)ခု
ဖက်ရှင်ကို စိတ်ဝင်စားတဲ့ အမျိုးသားတွေအတွက် စတိုင်ကျတဲ့သူတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုဖက်ရှင်လေးတွေ၊ accessories လေးတွေ ဝတ်ဆင်သင့်သလဲ၊ အမျိုးသားတွေဝတ်ဆင်တဲ့ ဘယ်လိုဖက်ရှင်လေးတွေက အမျိုးသမီးအများစု ခရေဇီဖြစ်သလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
၁။ မျက်မှန်
သုတေသနတွေမှာ အမျိုးသမီးအများစုဟာ မျက်မှန်တပ်တဲ့အမျိုးသားတွေက ပိုပြီးဆွဲဆောင်မှုရှိတယ်၊ ခန့်ညားတယ်လို့ ထင်ကြပါတယ်။ တစ်ချို့အမျိုးသားတွေအတွက်တော့ လို်က်ဖက်ချင်မှ လိုက်ဖက်မှာပါ။ ဒါကလည်း သင်ရွေးချယ်တဲ့ မျက်မှန်ပုံစံပေါ်မှာ မူတည်ပါတယ်။ အကောင်းဆုံးကတော့ သင့်ရဲ့မျက်နှာပုံသဏ္ဍာန်နဲ့ ကိုက်ညီတဲ့ အမျိုးအစားကို ရွေးချယ်တတ်ဖို့ပါပဲ။
၂။ suit
စီးပွားရေးလုပ်ငန်းအစည်းအဝေးတွေ တတ်တဲ့အခါ အမျိုးသားတွေဝတ်ဆင်တတ်ကြတဲ့ suit ဖြစ်ပါတယ်။ ဘယ်အမျိုးသမီးမဆို ဒီလိုသပ်ရပ်ကျနတဲ့ ဝတ်စုံပြည့် ဝတ်ဆင်တဲ့အမျိုးသားတွေကို နှစ်သက်တတ်ကြပါတယ်။ ဒီလိုဗီရှိတ်ခန္ဓာကိုယ်ကို testosterone ဟော်မုန်းအဆင့် မြင့်ပြီး ကျန်းမာရေးကောင်းတဲ့ လက္ခဏာတစ်ခုအဖြစ်ထည့်သွင်းစဉ်းစားကြတယ်လို့ စိိတ်ပညာရှင်များက ယုံကြည်ကြပါတယ်။ ဒီဝတ်စုံတွေက အမျိုးသားတွေရဲ့ ကျယ်ပြန့်တဲ့ပခုံးနဲ့ သန်မာတဲ့လက်မောင်းတွေကိုပိုပေါ်လွင်စေတာကြောင့် သင့်ရဲ့အားသာချက်ကို အလေးပေးဖော်ပြရာရောက်ပြီး ယောက်ကျာ်းဆန်တဲ့ပုံကို ပိုပေါ်စေပါတယ်။
၃။ Cashmere ဆွယ်တာ
အရည်အသွေးမြင့် Cashmere တွေက ဆိတ်တစ်မျိုး၏ အလွန်နူးညံ့ သောအမွေးဖြင့် ပြုလုပ်ထားသောအထည် ဖြစ်တာကြောင့် စျေးကြီးပြီး ရှားပါးပါတယ်။ ဒီအသားက ပါးလွှာ၊ နူးညံ့ပြီး နွေးထွေးတဲ့ ချည်သားဖြစ်ပါတယ်။ လေ့လာမှုတစ်ခုမှာ အမျိုးသမီးအများစုက တခြား သိုးမွှေး၊ ပိုးနဲ့ပြုလုပ်ထားတဲ့ အကျင်္ီတွေထက် ဒီအထည်သားနဲ့ပြုလုပ်ထားတဲ့ အဝတ်အစားတွေကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ ဒီဆွယ်တာက အမျိုးသားတွေအတွက် ပိုပြီးသက်တောင့်သက်သာရှိစေတယ်လို့ ဆိုကြပါတယ်။
၄။ ပန်းရောင်ရှပ်အင်္ကျီ သို့ တီရှပ်
ပန်းရောင်က မိန်းကလေးဆန်တယ်လို့ ဆိုကြပေမယ့် တချို့အမျိုးသားတွေအတွက်တော့ ပန်းရောင်ရှပ်အင်္ကျီက အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုအာရုံကို ဖမ်းစားနိုင်ပါတယ်။ ပန်းရောင်ဝတ်တဲ့အမျိုးသားတွေဟာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး လူတွေကိုယ့််ကို ဘယ်လိုမြင်မလဲဆိုတာ မကြောက်တဲ့ သဘောထားကို ပြသနေတယ်လို့ ဆိုကြပါတယ်။ ပြင်သစ်သိပ္ပံပညာရှင်များက ပန်းရောင်အဝတ်အစား ဝတ်ဆင်သင်တွေဟာ လူတွေကို ပိုပြီးအကောင်းမြင်သူတွေဖြစ်ပြီး ပျော်ရွင်တတ်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပန်းရောင်ဆိိုပေမယ့် ပန်းရောင်တောက်တောက်ကြီးကို ပြောတာမဟုတ်ပါဘူး။ ပန်းရောင်ဖျော့ဖျော့လေးဖြစ်ပါတယ်။
၅။ leather jacket
အရည်အသွေးမြင့် လည်သာဂျက်ကတ်တစ်ထည်ဟာ အမျိုးသားတွေရဲ့ အဝတ်ဗီဒိုထဲမှာ ရှိထားသင့်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီတစ်ထည်ရှိထားရင် စတိုင်အမျိုးမျိုးဖန်တီးလို့ရပါတယ်။ သားရေဂျာကင်ရဲ့ အဓိကအားသာချက်က ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းကြည့်ကောင်းနေစေတဲ့ အချက်ဖြစ်ပါတယ်။
၆။ စတိုင်ကျတဲ့ နာရီတစ်လုံး
နာရီကို အချိန်ကြည့်ဖို့သာမဟုတ်ဘဲ ဖက်ရှင်တစ်ခုအဖြစ် အသုံးပြုပါတယ်။ စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အမျှ လက်ပတ်နာရီကို မေ့လျော့နေကြပါတယ်။ လက်ပတ်နာရီက ဘယ်အမျိုးသားမဆို နေ့တိုင်းဝတ်ဆင်သင့်တဲ့ accessory သာဖြစ်ပါတယ်။ အမျိုးသမီးတွေ သတိပြုမိတတ်ကြတဲ့ accessory တစ်ခုလည်းဖြစ်ပါတယ်။ ရှောင်ကြည်သင့်တာကတော့ စိန်နှင့် ရွှေဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ စိန်တွေ၊ ရွှေတွေထက် ရိုးရိိုးလက်ပတ််နာရီတစ်လုံးက အမျိုးသားတွေကို ပိုကြည့်ကောင်းစေပြီး ပိုပြီး ကြော့ရှင်းစေတယ်လို့ ဆိုကြပါတယ်။
၇။ အားကစားဝတ်စုံ
ယောဂဘောင်းဘီဝတ်ဆင်တဲ့ အမျိုးသမီးကို အမျိုးသားအများစု နှစ်သက်သလိုပဲ အမျိုးသမီးတွေဟာ အားကစားဝတ်စုံနဲ့ လမ်းလျှောက်တဲ့ အမျိုးသားတွေကို အထင်ကြီးကြတယ်လို့ ဆိုပါတယ်။ အားကစားလုပ်တဲ့သူတွေဟာ စကားပြော ချိုသာပွင့်လင်းတတ်ကြပြီး ယုံကြည်မှုရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အားကစားဝတ်စုံက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို သက်တောင့်သက်သာ ခံစားရစေတဲ့ ဝတ်စုံတစ်စုံဖြစ်ပါတယ်။ ဝတ်ဆင်တဲ့အခါ တစ်ကိိုယ်လုံးအားကစား ဝတ်စုံတွေချည်းပဲ ဝတ်ဆင်ရမယ်လို့မဆိုလိုပါဘူး။ အားကစားဘောင်းဘီကို တီရှပ်အင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်တာမျိုးဖြစ်ပါတယ်။
၈။ ဂျင်းဘောင်းဘီအကျပ်
ဂျင်းဘောင်းဘီက လည်သာဂျာကင်လိုပဲ ကြာရှည်တည်တံ့နေတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီက ဘယ်အသက်အရွယ်၊ ဘယ်ကိုယ်ခန္ဓာအမျိုးအစားဆို လိုက်ဖက်တာကြောင့် အဝတ်ဗီဒိုထဲမှာ ရှိထားသင့်တဲ့ အဝတ်အစားဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို ရွေးချယ်တဲ့အခါ အလွန်အကျွံ ဒီဇိုင်းဆင်ထားတာ၊ အလွန်ပါးတာ၊ အရမ်းကျပ်တာ ဒါမှမဟုတ်အရမ်းပွပွဖြစ်နေတာမျိုးကို မရွေးချယ်သင့်ပါဘူး။
၉။ ကုတ်အင်္ကျီ
ကုတ်အင်္ကျီက အမျိုးသားတစ်ယောက်အတွက် အမြဲတမ်း စတိုင်ကျပြီး ကြည့်ကောင်းစေပါတယ်။ ကုတ်အင်္ကျီမှာ အတို/အရှည်၊ ဒီဇိုင်းမျိုးစုံရှိတာကြောင့် နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။ ကုတ်အင်္ကျီကို business suits၊ ဂျင်းဘောင်းဘီနှင့် အားကစားဖိိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
၁၀။ ရှုးဖိနပ်
မျက်လုံးတွေက စိတ်ရဲ့ မှန်တစ်ချပ်လို့ဆိုရင် သင့်စတိုင်ရဲ့မှန်က သင့်ရဲ့ဖိနပ်တွေလို့ ပြောရပါမယ်။ ယနေ့အမျိုးသား၊ အမျိုးသမီးအများစုက sneakers ဖိနပ်လေးတွေ စီးရတာ ပိုနှစ်သက်ကြပါတယ်။ suit တစ်စုံနဲ့ ပေါင်းစပ်ထားတဲ့ classical ဖိနပ်တစ်ရံ ဒါမှမဟုတ် ဂျင်းနဲ့ ရှပ်အင်္ကျီပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါးဖိနပ်တစ်ရံထက် ပိုပြီး စတိုင်ကျတာ ဘာမှမရှိပါဘူး။အမျိုးသားတစ်ယောက်ကိုတွေရင့် အမျိုးသမီးအများစု ဂရုစိုက်မိတတ်ကြတာ ဖိနပ်တွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင်သွားလာမယ့်နေရာပေါ်မူတည်ပြီး စတိုင်ကျမယ့်ဖိနပ်ကို ရွေးစီးတာကလည်း အရေးပါပါတယ်။
#Lifestyle Myanmar
#LM_Nandar