ႏွလံုးတိုက္ခိုက္မႈဟာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးႏွစ္ဦးစလံုးအၾကား အသက္ဆံုးရံႈးမႈကိုေတာင္ ျဖစ္ေပၚေစႏိုင္တဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ ႏွလံုးတိုက္ခိုက္မႈရဲ႕ လကၡဏာေတြက အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြမွာ ကြဲျပားျခားနားတယ္ဆိုတာကို မွတ္ထားဖို႔ လိုအပ္ပါတယ္။ ႏွလံုးတိုက္ခိုက္မႈ၏ အေစာပိုင္း သတိေပး လကၡဏာေတြ ရွိတာေၾကာင့္ အမ်ိဳးသမီးေတြဟာ ဒီလိုလကၡဏာေတြ ျဖစ္လာရင္ လ်စ္လ်ဴမရႈထားသင့္ပါဘူး။
၁။ ရင္ဘက္နာက်င္မႈ
ရင္ဘက္နာက်င္တဲ့အခါ ဘယ္ေတာ့မွ လ်စ္လ်ဴမရႈ႕သင့္ပါဘူး။ အမ်ိဳးသမီးေတြမွာ နာက်င္မႈဟာ ဘယ္ဘက္ျခမ္းမွမဟုတ္ဘဲ ရင္ဘက္ရဲ႕ ဘယ္ေနရာမဆို ခံစားရႏိုင္ပါတယ္။ ရင္ဘတ္ကို တင္းတင္းက်ပ္က်ပ္ ဆြဲဆုတ္ထားသကဲ့သို႔ နာက်င္ျခင္းမ်ိဳး ခံစားရႏိုင္ပါတယ္။
၂။ လက္ေမာင္း၊ လည္ပင္း၊ ေမးရိုး နာက်င္မႈ
အမ်ိဳးသမီးအမ်ားစုဟာ အမ်ိဳးသားေတြထက္ ဒီလကၡဏာကို ခံစားရပါတယ္။ နာက်င္မႈက ရင္ဘက္နဲ႔ ဘယ္ဖက္လက္ေမာင္းေပၚမွာသာမဟုတ္ဘဲ လက္ေမာင္း၊ လည္ပင္း၊ ေအာက္ေမးရိုး၊ ပခံုးတို႔မွာလည္း နာက်င္ႏိုင္ပါတယ္။ နာက်င္မႈက တျဖည္းျဖည္း သို႔မဟုတ္ ရုတ္တရတ္ျဖစ္ႏိုင္ပါတယ္။ဒါက အလြန္ျပင္းးထန္ႏိုင္ပါတယ္။
၃။ ဝမ္းဗိုက္ နာက်င္မႈ
အမ်ိဳးသမီးအမ်ားစုသည္ အစာအိမ္နာ သို႔မဟုတ္ ရင္ပူျခင္း နာက်င္မႈက မွားယြင္းတတ္ပါတယ္။ ႏွလံုးတိုက္ခိုက္ခံရမႈ ရွိခဲ့တဲ့အမ်ိဳးသမီးတခ်ိဳ႕ဟာ ၀မ္းဗိုက္ေပၚမွာ ဆင္တစ္ေကာင္ထိုင္ေနသလို ခံစားရတယ္လို႔ ဆိုပါတယ္။
၄။ ေခါင္းမႈးျခင္း၊ အသက္ရႈမဝျခင္း
သင့္မွာ ရုတ္တရတ္ အသက္ရႈဖို႔ ခက္ခဲတာႀကံဳရလ်င္ ဒါက ႏွလံုးတိုက္ခိုက္မႈ ရွိတယ္လို႔ မဆိုႏိုင္ပါဘူး။ ဒီလကၡဏာသည္ အထက္မွာေဖာ္ျပခဲ့တဲ့ လကၡဏာေတြရွိမွသာ မွန္းဆႏိုင္ပါတယ္။
၅။ ေခၽြးေစးထြက္ျခင္း
ေခၽြးထြက္ျခင္းဟာ ႏွလံုးတိုက္ခိုက္မႈခံစားရတဲ့ အမ်ိဳးသမီးေတြအၾကားမွာ အျဖစ္မ်ားဆံုး လကၡဏာတစ္ခုျဖစ္ပါတယ္။ အေအးမိတုပ္ေကြးကဲ့သို႔ လကၡဏာမ်ား၊ စိတ္ဖိစီးမႈေၾကာင့္ႏွင့္ ကိုယ္လက္လႈပ္ရွားမႈမ်ားေၾကာင့္ မဟုတ္ဘဲ ေခၽြးထြက္မ်ားျခင္း ကိုခံစားရပါလိမ့္မယ္။
၆။ ေမာပန္းျခင္း
ႏွလံုးေရာဂါရွိိတဲ့ အမ်ိဳးသမီးတစ္ခ်ိဳ႕သည္ လႈပ္လႈပ္ရွားရွားမလုပ္ဘဲ ထိုင္ေနရငး္နဲ႔ေတာင္ အလြန္ေမာပန္းျခင္းကို မၾကာခဏခံစားရပါတယ္။ သာမန္မဟုတ္တဲ့ ေမာပန္းႏြမ္းနယ္ေနမႈဟာ ႏွလံုးတိုက္ခိုက္မႈ ခံရႏုိင္တယ္ဆိုတာ သတိေပးေနတဲ့ လကၡဏာတစ္ခုပဲ ျဖစ္ပါတယ္။
၇။ ေက်ာေအာင့္ျခင္း
ႏွလံုးတိုက္ခိုက္ခံရစဥ္အတြင္း လူတစ္ခ်ိဳ႕သည္ ေနာက္ေက်ာအထက္မွာ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။ သင့္ရဲ႕ပခံုးရိုးအၾကားမွာ ခံစားရပါလိမ့္မယ္။
၈။ ေသြးဖိအားအေျပာင္းအလဲ
ဒါက ႏွလံုးတိုက္ခုိက္မႈ ႀကံဳေတြ႕ေနရတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ မၾကာခဏျဖစ္တတ္တဲ့ လကၡဏာတစ္ခုျဖစ္ပါတယ္။
၉။ ႏွလံုးခုန္ႏႈန္းမမွန္ျခင္း
ႏွလံုးခုန္ႏႈန္း မမွန္ျခင္းေၾကာင့္ သတိလစ္ျခင္း၊ စိတ္ပူပန္မႈမ်ားျခင္းတို႔ကို ခံစားရႏုိင္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးမ်ားတြင္ ပိုမိုျဖစ္ပြားေလ့ရွိၿပီး ႐ုတ္တရက္ ခံစားရတတ္ပါတယ္။ အေၾကာင္းမရွိဘဲ သိသိသာသာ(ပံုမွန္မဟုတ္ဘဲ) ႏွလံုးခုန္ႏႈန္း တိုးလာတဲ့အခါ အကူအညီေတာင္းဖို႔ ဖုန္းဆက္သင့္တဲ့အခ်ိန္ ျဖစ္ႏိုင္ပါတယ္။
၁၀။ ေျခဖ်ားလက္ဖ်ားေတြ ေခၽြးေစးထြက္ျခင္း၊ အသက္ရႈရခက္ခဲျခငး္(အသက္ရႈမမွန္ျခင္း)ႏွင့္ ေခ်ာင္းဆိုးျခငး္
ဒါက နာတာရွည္ ႏွလံုးျပႆနာရွိသူေတြမွာ မၾကာခဏ ျဖစ္တတ္ပါတယ္။
သင္သည္ အထက္တြင္ ေဖာ္ျပခဲ့ေသာ ဘယ္ေရာဂါလကၡဏာမဆို၊ အားလံုးျဖစ္ေစ ေတြ႕ႀကံဳခံစားေနရလွ်င္၊ ရုတ္တရတ္ မႈမမွန္ခံစားေနရလွ်င္ ဆရာ၀န္ႏွင့္တိုင္ပင္တာက အေကာင္းဆံုးပါ။
#Lifestyle_Myanmar
#TB_Nandar
Source-mambee
Unicode
အမျိုးသမီးများ ဘယ်တော့မှ လျစ်လျူမရှု့သင့်တဲ့ နှလုံးထိခိုက်မှု၏ အစောပိုင်းသတိပေး လက္ခဏာများ
နှလုံးတိုက်ခိုက်မှုဟာ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးအကြား အသက်ဆုံးရှုံးမှုကိုတောင် ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ နှလုံးတိုက်ခိုက်မှုရဲ့ လက္ခဏာတွေက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားတယ်ဆိုတာကို မှတ်ထားဖို့ လိုအပ်ပါတယ်။ နှလုံးတိုက်ခိုက်မှု၏ အစောပိုင်း သတိပေး လက္ခဏာတွေ ရှိတာကြောင့် အမျိုးသမီးတွေဟာ ဒီလိုလက္ခဏာတွေ ဖြစ်လာရင် လျစ်လျူမရှုထားသင့်ပါဘူး။
၁။ ရင်ဘက်နာကျင်မှု
ရင်ဘက်နာကျင်တဲ့အခါ ဘယ်တော့မှ လျစ်လျူမရှု့သင့်ပါဘူး။ အမျိုးသမီးတွေမှာ နာကျင်မှုဟာ ဘယ်ဘက်ခြမ်းမှမဟုတ်ဘဲ ရင်ဘက်ရဲ့ ဘယ်နေရာမဆို ခံစားရနိုင်ပါတယ်။ ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆွဲဆုတ်ထားသကဲ့သို့ နာကျင်ခြင်းမျိုး ခံစားရနိုင်ပါတယ်။
၂။ လက်မောင်း၊ လည်ပင်း၊ မေးရိုး နာကျင်မှု
အမျိုးသမီးအများစုဟာ အမျိုးသားတွေထက် ဒီလက္ခဏာကို ခံစားရပါတယ်။ နာကျင်မှုက ရင်ဘက်နဲ့ ဘယ်ဖက်လက်မောင်းပေါ်မှာသာမဟုတ်ဘဲ လက်မောင်း၊ လည်ပင်း၊ အောက်မေးရိုး၊ ပခုံးတို့မှာလည်း နာကျင်နိုင်ပါတယ်။ နာကျင်မှုက တဖြည်းဖြည်း သို့မဟုတ် ရုတ်တရတ်ဖြစ်နိုင်ပါတယ်။ဒါက အလွန်ပြင်းးထန်နိုင်ပါတယ်။
၃။ ဝမ်းဗိုက် နာကျင်မှု
အမျိုးသမီးအများစုသည် အစာအိမ်နာ သို့မဟုတ် ရင်ပူခြင်း နာကျင်မှုက မှားယွင်းတတ်ပါတယ်။ နှလုံးတိုက်ခိုက်ခံရမှု ရှိခဲ့တဲ့အမျိုးသမီးတချို့ဟာ ဝမ်းဗိုက်ပေါ်မှာ ဆင်တစ်ကောင်ထိုင်နေသလို ခံစားရတယ်လို့ ဆိုပါတယ်။
၄။ ခေါင်းမှုးခြင်း၊ အသက်ရှုမဝခြင်း
သင့်မှာ ရုတ်တရတ် အသက်ရှုဖို့ ခက်ခဲတာကြုံရလျင် ဒါက နှလုံးတိုက်ခိုက်မှု ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒီလက္ခဏာသည် အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေရှိမှသာ မှန်းဆနိုင်ပါတယ်။
၅။ ချွေးစေးထွက်ခြင်း
ချွေးထွက်ခြင်းဟာ နှလုံးတိုက်ခိုက်မှုခံစားရတဲ့ အမျိုးသမီးတွေအကြားမှာ အဖြစ်များဆုံး လက္ခဏာတစ်ခုဖြစ်ပါတယ်။ အအေးမိတုပ်ကွေးကဲ့သို့ လက္ခဏာများ၊ စိတ်ဖိစီးမှုကြောင့်နှင့် ကိုယ်လက်လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ ချွေးထွက်များခြင်း ကိုခံစားရပါလိမ့်မယ်။
၆။ မောပန်းခြင်း
နှလုံးရောဂါရှိိတဲ့ အမျိုးသမီးတစ်ချို့သည် လှုပ်လှုပ်ရှားရှားမလုပ်ဘဲ ထိုင်နေရငး်နဲ့တောင် အလွန်မောပန်းခြင်းကို မကြာခဏခံစားရပါတယ်။ သာမန်မဟုတ်တဲ့ မောပန်းနွမ်းနယ်နေမှုဟာ နှလုံးတိုက်ခိုက်မှု ခံရနိုင်တယ်ဆိုတာ သတိပေးနေတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
၇။ ကျောအောင့်ခြင်း
နှလုံးတိုက်ခိုက်ခံရစဉ်အတွင်း လူတစ်ချို့သည် နောက်ကျောအထက်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သင့်ရဲ့ပခုံးရိုးအကြားမှာ ခံစားရပါလိမ့်မယ်။
၈။ သွေးဖိအားအပြောင်းအလဲ
ဒါက နှလုံးတိုက်ခိုက်မှု ကြုံတွေ့နေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ မကြာခဏဖြစ်တတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
၉။ နှလုံးခုန်နှုန်းမမှန်ခြင်း
နှလုံးခုန်နှုန်း မမှန်ခြင်းကြောင့် သတိလစ်ခြင်း၊ စိတ်ပူပန်မှုများခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ရုတ်တရက် ခံစားရတတ်ပါတယ်။ အကြောင်းမရှိဘဲ သိသိသာသာ(ပုံမှန်မဟုတ်ဘဲ) နှလုံးခုန်နှုန်း တိုးလာတဲ့အခါ အကူအညီတောင်းဖို့ ဖုန်းဆက်သင့်တဲ့အချိန် ဖြစ်နိုင်ပါတယ်။
၁၀။ ခြေဖျားလက်ဖျားတွေ ချွေးစေးထွက်ခြင်း၊ အသက်ရှုရခက်ခဲခြငး်(အသက်ရှုမမှန်ခြင်း)နှင့် ချောင်းဆိုးခြငး်
ဒါက နာတာရှည် နှလုံးပြဿနာရှိသူတွေမှာ မကြာခဏ ဖြစ်တတ်ပါတယ်။
သင်သည် အထက်တွင် ဖော်ပြခဲ့သော ဘယ်ရောဂါလက္ခဏာမဆို၊ အားလုံးဖြစ်စေ တွေ့ကြုံခံစားနေရလျှင်၊ ရုတ်တရတ် မှုမမှန်ခံစားနေရလျှင် ဆရာဝန်နှင့်တိုင်ပင်တာက အကောင်းဆုံးပါ။
#Lifestyle_Myanmar
#TB_Nandar
Source-mambee