အမ်ိဳးသမီးတိုင္း ယံုၾကည္မႈပိုရွိေစမယ့္ ႐ိုးရွင္းတဲ့နည္းလမ္း (၅) ခ်က္

0
352

ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိျခင္းဟာ ကိုယ္တိုင္သာမက ကိုယ့္ရဲ႕ relationship ကိုပါ ပိုေကာင္းတဲ့ ဆက္ဆံေရးမ်ိဳးကို ပိုင္ဆိုင္ေစပါတယ္။ လူတိုင္းဟာ ယံုၾကည္မႈရွိဖို႔အတြက္ ႀကိဳးစားေနတတ္ၾကၿပီး အျခားသူေတြကိုယ့္ကို သေဘာက်ေအာင္ထက္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈပိုရွိေအာင္ ႀကိဳးစားျခင္းကသာလွ်င္ ပိုမိုမွန္ကန္တဲ့နည္းလမ္း ျဖစ္ပါလိမ့္မယ္။ ဒီလိုကိုယ့္တိုင္ confidence ရွိလာတာနဲ႔အမွ် သင့္ရဲ႕ relationship ေတြျဖစ္တဲ့ မိသားစု၊ သူငယ္ခ်င္းနဲ႔ ခ်စ္သူမွာပါ သင့္ကိုယံုၾကည္မႈပိုရွိလာၿပီး ဆက္ဆံေရးကို ပိုမိုတိုးတက္လာေစပါတယ္။ ဒါေပမယ့္ confidence ရွိျခင္းဟာ တစ္ခ်ိဳ႕ကေမာ္ၾကြားစြာေနျခင္းနဲ႔ မွားယြင္းလုပ္ေဆာင္ေနတတ္တာေၾကာင့္ ယံုၾကည္မႈလြန္ကဲျခင္း overconfidence မျဖစ္ေအာင္လည္း ဂ႐ုစိုက္ရပါမယ္။

၁။ သင့္ရဲ႕ေကာင္းျခင္းေတြကို ေရတြက္ပါ
ဒါဟာယံုၾကည္မႈတည္ေဆာက္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒီလိုကိုယ့္ရဲ႕ေကာင္းမႈေတြကို ျပန္လည္အမွတ္ရတဲ့အခါ သင့္ရဲ႕ေကာင္းကြက္ေတြ၊ ေပးဆပ္ခဲ့တာေတြကို ျပန္ျမင္လာပါလိမ့္မယ္။ ေကာင္းတာလုပ္ခဲ့တာေတြ၊ သူတပါးအက်ိဳးရွိေစမယ့္ အျပဳအမူေတြက သင့္ကိုပိုမိုယံုၾကည္မႈရွိလာေစၿပီး ကိုယ့္ကိုကိုယ္ဂုဏ္ယူတတ္လာပါလိမ့္မယ္။

၂။ မွန္ထဲကိုၾကည့္ၿပီး အေကာင္းျမင္ပါ
ကၽြန္ေတာ္တို႔ေတြဟာ မွန္ထဲမွာကိုယ့္႐ုပ္ကိုယ္ျပန္ၾကည့္ၿပီး တစ္ခုခုေျပာင္းခ်င္စိတ္၊ ၿငီးတြားစိတ္ေတြ ျဖစ္တတ္ၾကပါတယ္။ ဒီလိုအားနည္းခ်က္ေတြကိုပဲ ျမင္ေနမယ့္အစား မွန္ထဲမွာကိုယ့္ကိုကိုယ္ျပန္ၾကည့္ၿပီး အရမ္းလွေၾကာင္းကို ခ်ီးမြန္းေပးပါ။ သင့္နဲ႔ပတ္သတ္ၿပီး သင္အႀကိဳက္ဆံုးအခ်က္ေတြကို အာရံုထားၿပီးေတာ့ အရမ္းကိုလွေၾကာင္း ေတာ္ေၾကာင္းထပ္ခါထပ္ခါ ခ်ီးမြန္းေပးပါ။ ၿပီးလွ်င္မွန္ေရွ႕ကခြာၿပီး သင့္ရဲ႕တစ္ကိုယ္လံုးကို ၾကည့္ၿပီးေတာ့ ငါကအရမ္းစမတ္က်ၿပီးေတာ့ ၾကင္နာတတ္တာပဲ၊ ေပ်ာ္လည္းေပ်ာ္တတ္တယ္ စသျဖင့္ကိုယ့္ကိုကိုယ္အေကာင္းျမင္ၿပီး မၾကာခဏခ်ီးမြန္းေပးပါ။

၃။ ရယ္ေမာေပးပါ
ကမာၻႀကီးထဲကေန ေကာင္းတာေတြကိုရွာေဖြပါ၊ ၿပီးေတာ့ ေပ်ာ္စရာကိစၥေတြကို အျမဲတမ္းရွာေဖြေနၿပီး ရယ္ေမာျခင္းကိုဂုဏ္ယူပါ။ တစ္ခါတစ္ေလမွာ ကမာၻႀကီးထဲကေပ်ာ္စရာေတြကို ရွာမေတြ႔တဲ့အခါ ကၽြန္ေတာ္တို႔ေတြဟာ  ယံုၾကည္ခ်က္ေတြ ေပ်ာက္ဆံုးတတ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေန႔စဥ္ဘ၀ထဲမွာ ဘာေတြျဖစ္ေနလဲ ၊ ပတ္၀န္းက်င္မွာေရာ ဘယ္လိုရယ္စရာေတြရွိလဲ စသျဖင့္ရွာေဖြေနသင့္ၿပီး အရာရာကိုအေကာင္းဖက္ကေတြးေတာသင့္ပါတယ္။

၄။ သင့္ကိုေထာက္ပံ့ေပးသူေတြကို အမွတ္ရပါ
သင့္ကိုဂ႐ုစိုက္တတ္သူေတြကို အျမဲအမွတ္ရေနၿပီး အခ်စ္ခံရျခင္းကို သိရွိျခင္းဟာ အရမ္းကိုအေရးႀကီးတဲ့အရာ ျဖစ္ပါတယ္။ သူတို႔ေတြဟာ သင့္ရဲ႕မိသားစု၊ ခ်စ္သူ၊ သူငယ္ခ်င္း၊အိမ္နီးခ်င္း၊ ကေလးေတြစသျဖင့္ သင့္ပတ္၀န္းက်င္က လူေတြျဖစ္ပါတယ္။ သင္ဟာ အျခားသူေတြရဲ႕ အခ်စ္ခံရသူတစ္ေယာက္ျဖစ္ေၾကာင္း မေမ့ပါနဲ႔။ ဒီလူေတြဟာ သင့္ကိုေအာင္ျမင္ေစခ်င္သူေတြပါပဲ။ သင္မျမင္ဖူးတဲ့ သူတစ္ေယာက္ေတာင္မွ သင့္ကိုဒုကၡမေရာက္ေစခ်င္ၾကပါဘူး။ တကယ္လို႔ ေဖ့ဘြတ္မွာမုန္းစရာေကာင္းေလာက္ေအာင္ စ႐ိုက္ရွိသူေတာင္မွ အျပင္မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုတဲ့အခါ လံုး၀ကြဲျပားေနတတ္ပါတယ္။ ဒီလိုအျခားသူေတြက သင္ဖက္မွာရွိေနတယ္ဆိုတာကို နားလည္ျခင္းဟာလည္း ယံုၾကည္မႈကိုတိုးတက္ေစပါတယ္။

၅။ တရားထိုင္ပါ
တရားထိုင္ျခင္းဟာ စိတ္ကိုေအးခ်မ္းေစၿပီး ကိုယ့္ကိုကိုယ္ယံုၾကည္မႈကိုလည္း တိုးတက္ေစပါတယ္။ တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ေတြဟာ ငါဘာကိုလုပ္မယ္၊ ငါဘာေတြလုပ္ခဲ့တယ္၊ ဘာျဖစ္ခ်င္တယ္ ဆိုတာကို မေတြးေတာတတ္ၾကပါဘူး။ ဒီလိုတရာထိုင္ျခင္းဟာ ကိုယ္လုပ္ရမယ့္အလုပ္ေတြကို စိတ္ၿငိမ္စြာေတြးေတာႏိုင္ၿပီး ပန္းတိုင္ကိုမေပ်ာက္သြားေအာင္ လုပ္ႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ ေန႔စဥ္၊ ဒါမွမဟုတ္ အပတ္စဥ္၊ လစဥ္ ပံုမွန္တရားထိုင္တဲ့အေလ့အထကိုျပဳလုပ္ေပးသင့္ၿပီး အသက္ကိုေျဖးညွင္းစြာ႐ႈၿပီးေတာ့ သင္လုပ္ရမယ့္အလုပ္ေတြ၊ ျပႆနာေတြနဲ႔ အတိတ္သင့္ရဲ႕ႀကိဳးစားမႈေတြကို ျပန္အမွတ္ရေနပါ။ ဒီလို႐ိုးရွင္းတဲ့ နည္းလမ္းေလးေတြက ကိုယ့္ကိုကိုယ္ယံုၾကည္မႈတည္ေဆာက္ဖို႔အတြက္ မ်ားစြားအေထာက္အကူ ျပဳေစမွာျဖစ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-famifi

ညစ္ညမ္းဗီဒီယိုေတြက သင့္ကိုဘယ္လိုနည္းလမ္းနဲ႔ သက္ေရာက္မႈေတြ ေပးတတ္လဲ


အမျိုးသမီးတိုင်း ယုံကြည်မှုပိုရှိစေမယ့် ရိုးရှင်းတဲ့နည်းလမ်း (၅) ချက်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းဟာ ကိုယ်တိုင်သာမက ကိုယ့်ရဲ့ relationship ကိုပါ ပိုကောင်းတဲ့ ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်စေပါတယ်။ လူတိုင်းဟာ ယုံကြည်မှုရှိဖို့အတွက် ကြိုးစားနေတတ်ကြပြီး အခြားသူတွေကိုယ့်ကို သဘောကျအောင်ထက် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိအောင် ကြိုးစားခြင်းကသာလျှင် ပိုမိုမှန်ကန်တဲ့နည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဒီလိုကိုယ့်တိုင် confidence ရှိလာတာနဲ့အမျှ သင့်ရဲ့relationship တွေဖြစ်တဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်သူမှာပါ သင့်ကိုယုံကြည်မှုပိုရှိလာပြီး ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေပါတယ်။ ဒါပေမယ့် confidence ရှိခြင်းဟာ တစ်ချို့ကမော်ကြွားစွာနေခြင်းနဲ့ မှားယွင်းလုပ်ဆောင်နေတတ်တာကြောင့် ယုံကြည်မှုလွန်ကဲခြင်း
overconfidence မဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။

၁။ သင့်ရဲ့ကောင်းခြင်းတွေကို ရေတွက်ပါ
ဒါဟာယုံကြည်မှုတည်ဆောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုကိုယ့်ရဲ့ကောင်းမှုတွေကို ပြန်လည်အမှတ်ရတဲ့အခါ သင့်ရဲ့ကောင်းကွက်တွေ၊ ပေးဆပ်ခဲ့တာတွေကို ပြန်မြင်လာပါလိမ့်မယ်။ ကောင်းတာလုပ်ခဲ့တာတွေ၊ သူတပါးအကျိုးရှိစေမယ့် အပြုအမူတွေက သင့်ကိုပိုမိုယုံကြည်မှုရှိလာစေပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်လာပါလိမ့်မယ်။

၂။ မှန်ထဲကိုကြည့်ပြီး အကောင်းမြင်ပါ
ကျွန်တော်တို့တွေဟာ မှန်ထဲမှာကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပြီး တစ်ခုခုပြောင်းချင်စိတ်၊ ငြီးတွားစိတ်တွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအားနည်းချက်တွေကိုပဲ မြင်နေမယ့်အစား မှန်ထဲမှာကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး အရမ်းလှကြောင်းကို ချီးမွန်းပေးပါ။ သင့်နဲ့ပတ်သတ်ပြီး သင်အကြိုက်ဆုံးအချက်တွေကို အာရုံထားပြီးတော့ အရမ်းကိုလှကြောင်း တော်ကြောင်းထပ်ခါထပ်ခါ ချီးမွန်းပေးပါ။ ပြီးလျှင်မှန်ရှေ့ကခွာပြီး သင့်ရဲ့တစ်ကိုယ်လုံးကို ကြည့်ပြီးတော့ ငါကအရမ်းစမတ်ကျပြီးတော့ ကြင်နာတတ်တာပဲ၊ ပျော်လည်းပျော်တတ်တယ် စသဖြင့်ကိုယ့်ကိုကိုယ်အကောင်းမြင်ပြီး မကြာခဏချီးမွန်းပေးပါ။

၃။ ရယ်မောပေးပါ
ကမ္ဘာကြီးထဲကနေ ကောင်းတာတွေကိုရှာဖွေပါ၊ ပြီးတော့ ပျော်စရာကိစ္စတွေကို အမြဲတမ်းရှာဖွေနေပြီး ရယ်မောခြင်းကိုဂုဏ်ယူပါ။ တစ်ခါတစ်လေမှာ ကမ္ဘာကြီးထဲကပျော်စရာတွေကို ရှာမတွေ့တဲ့အခါ ကျွန်တော်တို့တွေဟာ  ယုံကြည်ချက်တွေ ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်ဘဝထဲမှာ ဘာတွေဖြစ်နေလဲ ၊ ပတ်ဝန်းကျင်မှာရော ဘယ်လိုရယ်စရာတွေရှိလဲ စသဖြင့်ရှာဖွေနေသင့်ပြီး အရာရာကိုအကောင်းဖက်ကတွေးတောသင့်ပါတယ်။

၄။ သင့်ကိုထောက်ပံ့ပေးသူတွေကို အမှတ်ရပါ
သင့်ကိုဂရုစိုက်တတ်သူတွေကို အမြဲအမှတ်ရနေပြီး အချစ်ခံရခြင်းကို သိရှိခြင်းဟာ အရမ်းကိုအရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ သူတို့တွေဟာ သင့်ရဲ့မိသားစု၊ ချစ်သူ၊ သူငယ်ချင်း၊အိမ်နီးချင်း၊ ကလေးတွေစသဖြင့် သင့်ပတ်ဝန်းကျင်က လူတွေဖြစ်ပါတယ်။ သင်ဟာ အခြားသူတွေရဲ့ အချစ်ခံရသူတစ်ယောက်ဖြစ်ကြောင်း မမေ့ပါနဲ့။ ဒီလူတွေဟာ သင့်ကိုအောင်မြင်စေချင်သူတွေပါပဲ။ သင်မမြင်ဖူးတဲ့ သူတစ်ယောက်တောင်မှ သင့်ကိုဒုက္ခမရောက်စေချင်ကြပါဘူး။ တကယ်လို့ ဖေ့ဘွတ်မှာမုန်းစရာကောင်းလောက်အောင် စရိုက်ရှိသူတောင်မှ အပြင်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့အခါ လုံးဝကွဲပြားနေတတ်ပါတယ်။ ဒီလိုအခြားသူတွေက သင်ဖက်မှာရှိနေတယ်ဆိုတာကို နားလည်ခြင်းဟာလည်း ယုံကြည်မှုကိုတိုးတက်စေပါတယ်။

၅။ တရားထိုင်ပါ
တရားထိုင်ခြင်းဟာ စိတ်ကိုအေးချမ်းစေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလည်း တိုးတက်စေပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေဟာ ငါဘာကိုလုပ်မယ်၊ ငါဘာတွေလုပ်ခဲ့တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာကို မတွေးတောတတ်ကြပါဘူး။ ဒီလိုတရာထိုင်ခြင်းဟာ ကိုယ်လုပ်ရမယ့်အလုပ်တွေကို စိတ်ငြိမ်စွာတွေးတောနိုင်ပြီး ပန်းတိုင်ကိုမပျောက်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် နေ့စဉ်၊ ဒါမှမဟုတ် အပတ်စဉ်၊ လစဉ် ပုံမှန်တရားထိုင်တဲ့အလေ့အထကိုပြုလုပ်ပေးသင့်ပြီး အသက်ကိုဖြေးညှင်းစွာရှုပြီးတော့ သင်လုပ်ရမယ့်အလုပ်တွေ၊ ပြဿနာတွေနဲ့ အတိတ်သင့်ရဲ့ကြိုးစားမှုတွေကို ပြန်အမှတ်ရနေပါ။ ဒီလိုရိုးရှင်းတဲ့ နည်းလမ်းလေးတွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်ဖို့အတွက် များစွားအထောက်အကူ ပြုစေမှာဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-famifi

LEAVE A REPLY

Please enter your comment!
Please enter your name here