မိတ်ကပ်လိမ်းတာက အမျိုးသမီးများရဲ့အလှအပကို ပေါ်လွင်စေဖို့ ဖြစ်ပါတယ်။ သို့သော် အလှကုန်များက တခါတရံ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပါတယ်။ အမျိုးသမီးအများစုက မိတ်ကပ်လိမ်းတဲ့အခါ ဒီလိုအမှားတွေပြုလုပ်မိကြတတ်ပါတယ်။ ရှိရင်းစွဲထက် ပိုပြီး အသက်ကြီးတဲ့ပုံမပေါက်ချင်ရင် သင်ရှောင်ကြဉ်ဖို့လိုအပ်တဲ့ အဓိကအမှား ၁၀ခုရှိပါတယ်။
၁။ ပါးနီ
ပါးနီက သင့်မျက်နှာကို အသွင်ပြောင်းစေဖို့ စွမ်းအားရှိတာသေချာပါတယ်။ အရောင်ရင့်ရင့်ပါးနီက သင့်ကို အသက်ပိုကြီးတဲ့ ပုံပေါက်စေတာကြောင့် သတိထားရပါလိမ့်မယ်။ သင်ဟာ အသက် 30ကျော်လာရင် dark color နှင့် matte type တွေကို ရှောင်ရှားဖို့ လိုအပ်တယ်ဆိုတာ ဒါ့ကြောင့်ပါပဲ။
၂။ အညိုရောင် အိုင်းရှဲဒိုး
ဒါက လူတိုင်းပြုလုပ်တတ်ကြတဲ့ အမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ အညိုရောင်ရှဲဒိုးက သင့်မျက်လုံးတွေကို တောက်ပစေပါတယ်။ ဒါပေမယ့် သူတို့က အရေးအကြောင်းတွေကို ပိုပြီးထင်ရှားစေတာကြောင့် သင့်ကိုရှိရင်းစွဲအသက်ထက်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။
၃။ Eye pencil
အနက်ရောင်ခဲတံနှင့် သင့်အောက်မျက်ခမ်းကို ဆွဲခြင်းဟာ သင့်မျက်လုံးတွေကို အမြင်အာရုံမှာ ကျဉ်းမြောင်းစေပါတယ်။ ဒါက မိတ်ကပ်ထဲမှာ အကြီးမားဆုံးအမှားတစ်ခုဖြစ်ပါတယ်။ သင့်မျက်တောင်တွေကို ပိုထူသယောင် ပြုလုပ်ချင်ရင် သူတို့ကြားထဲက နေရာလပ်မှာ ဆွဲပါ။
၎။ မျက်တောင်ကော့ဆေး
အပေါ်မျက်တောင်ပေါ်မှာ မျက်တောင်ကော့ဆေးသုံးတာက သင့်မျက်လုံးတွေကို ပိုပြီး လေးနက်စေပါတယ်။ ဒါပေမယ့် အောက်မျက်တောင်တွေကို ဆိုးရင်တော့ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကို ထင်ရှားသွားစေပါတယ်။
၅။ အိုင်းလိုင်နာ
အိုင်းလိုင်နာအနက်ရောင်က တခြားအရောင်ထက် သင့်အသားအရောင်နှင့် ကိုက်ညီဖို့ ခက်ခဲပါတယ်။ အစိမ်းရာင်၊ အညိုရောင်၊ အပြာရောင်၊ ခရမ်းရောင်ကို ရွေးချယ်တာက ပိုကောင်းပါတယ်။ အနက်ရောင်အိုင်းလိုင်နာက သင့်ကို ရုပ်ရင့်စေပါတယ်။
၆။ လိုင်းထူထူဆွဲတာ
သင့်အပေါ်မျက်ခမ်းပေါ်မှာ မျဉ်းဖြောင့်လိုင်းတစ်ကြောင်းတည်း ထင်းနေအောင်ဆွဲတာက သင့်ကို confident ရှိတယ်လို့ ထင်နေရင် ဒါက တကယ်တော့ မဟုတ်ပါဘူး။ နူးညံ့ပြေပြစ်တဲ့လိုင်းကသာလျှင် သင့်ကို ပိုပြီး သဘာဝကျစေမှာပါ။ blending မလုပ်ထားဘဲ လိုင်းထူထူဆွဲခြင်းက သင့်ကိုကျိန်းသေ အသက်ကြီးတဲ့ အမျိုးသမီးပုံပေါက်စေပါတယ်။
၇။ နှုတ်ခမ်းနီ
နှုတ်ခမ်းနီဆိုးတဲ့အခါ Lip Liner နဲ့ နှုတ်ခမ်းပုံဖော်ပေးခြင်းက သင့်နှုတ်ခမ်းနီကို သေသပ်လှပစေပါတယ်။Lip Linerအရောင် က Lip gloss သို့ Lipstick ရဲ့အရောင်နဲ့ မကိုက်ညီရင် သင့်ကို ရုပ်ရင့်စေယုံသာမ အမြင်ရိုင်းစေပါတယ်။
၈။ မိတ်ကပ်အောက်က ကွန်ဆီလာ
မိတ်ကပ်အောက်မှာ ကွန်ဆီလာအများကြီးသုံးခြင်းက အားနည်းချက်တွေကို ဖုံးကွယ်ပေးမယ့်အစား သင့်မျက်နှာကို အသက်ပိုကြီးတဲ့ ပုံပေါ်စေပါတယ်။
၉။ အောက်ခံမိတ်ကပ်
အောက်ခံမိတ်ကပ်ရွေးတဲ့အခါ သင့်အသားရောင်နဲ့ အနီးစပ်ဆုံးရွေးပါ။ မိတ်ကပ်အရောင်ရင့်ရင့် ရွေးချယ်မိခြင်းက သင့်ရဲ့အမှန်တကယ်အသက်ကို ၁၀နှစ်လောက် ပိုကြီးသွားစေပါတယ်။ အသားအရောင်နှင့် လုံးဝလိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ပါ။
၁၀။ ပေါင်ဒါ
မျက်နှာပေါ်မှာ ပေါင်ဒါအလွန်အကျွံလိမ်းခြင်းက အသားအရည်ကို ခြောက်သွေ့စေပြီး အမြင်မှာ အသက်ကြီးတဲ့ ပုံပေါက်စေပါတယ်။ မိတ်ကပ်ပညာရှင်မားက နှာခေါင်း ၊ မေးစေ့ပေါ်မှာ ပေါင်ဒါခပ်ပါးပါးလိမ်းဖို့ အကြံပြုပါတယ်။
အထက်ဖော်ပြပါအမှားတွေကို ရှောင်ကြဉ်ပါက သင့်ကို အပြစ်ပြောစရာမရှိအောင် လှပနေပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar