Chalamet ရဲ့ မနာလိုစရာကောင်းလောက်အောင် ကျနလွန်းတဲ့ အရိုးဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ တည်ငြိမ်ကျက်သရေကျရှိတဲ့ အားထုတ်မှုတွေကြောင့် မိန်းကလေးတိုင်းလိုလို သဘောကျကြတဲ့ အမေရိကန်သရုပ်ဆောင်တစ်ယောက်ဖြစ်နေတာက ထူးဆန်းမှုတစ်ခုတော့မဟုတ်ပါဘူး။ ဆိုတော့လည်း သူ့ရဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး တော်တော်များများစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒါ့ကြောင့် Lily-Rose နဲ့ တစ်နှစ်ခွဲကျော်ကျော်တဲ့ ဆက်ဆံရေးကနေ အခု Eiza González နဲ့အတူ အပြန်အလှန် အနမ်းတွေဖလှယ်ကြသည်အထိ Chalamet ရဲ့ အချစ်ဇာတ်လမ်းတွေ တစ်သီကြီးကို ဖော်ပြမှာဖြစ်ပါတယ်။
၁။ Lourdes Leon – 2013

အသက် (၁၇) နှစ်အရွယ်မှာ New York City မှာရှိတဲ့ LaGuardia အထက်တန်းကျောင်းမှာပဲ မက်ဒေါနားရဲ့ သမီးဖြစ်သူ Lourdes Leon နဲ့ တွေ့ဆုံခဲ့ကြပြီး ချိတ်ဆက်မိကြတယ်ဆိုပါတော့။ ၂၀၁၇ ခုနှစ်က အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ခဏတာ အချစ်ဇာတ်လမ်းအကြောင်းကို ပြောပြခဲ့ပါသေးတယ်။ Call Me by your name မှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး Lourdes Leon နဲ့ ဆွေးနွေးဖူးကြောင်းလည်း ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာ Lourdes က သူတို့ရဲ့ အချစ်ဇာတ်လမ်းပတ်သက်ပြီး လူသိရှင်ကြားအသိပေးခဲ့ပါတယ်။ အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် သူက ကျွန်မအများကြီးလေးစားရတဲ့ လူတစ်ယောက်ပါ။ ကျွန်မတို့ကြားမှာ ကိစ္စလေးတွေရှိတယ်ဆိုပါတော့။ ကျွန်မရဲ့ ပထမဆုံးကောင်လေးလည်းဖြစ်ပါတယ်။ လို့ Vanity Fair ကို ပြောကြားခဲ့ပါတယ်။
၂။ Lily-Rose Depp (October 2018 မှ April 2020)

Lily Rose Depp နှင့် Timmy တို့ရဲ့ အချစ်ဇာတ်လမ်းက Netflix ရဲ့ The King မှာ အလုပ်အတူတွဲလုပ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။ နယူးယောက်မှာ သူတို့တွေ အပြန်အလှန်အနမ်းတွေဖလှယ်ခဲ့ကြပြီး နှစ်ယောက်လုံးအပြန်အလှန်ပရော်ပရီလုပ်နေခဲ့ကြတယ်လို့လည်း US Weekly က ဖော်ပြပါတယ်။
သို့ပေမယ့် ၂၀၂၀ ခုနှစ် ဧပြီလထုတ် British Vogue မှာ သူ့ရဲ့ ဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး ‘single’ လို့ ရည်ညွှန်းခဲ့တာကြောင့် သူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီလို့ ထင်ခဲ့ကြပါတယ်။ US Weekly ကလည်း လမ်းခွဲကြောင်း အတည်ပြုခဲ့ပေမယ့် ဘာကြောင့်လဲဆိုတာတော့ မသိရသေးပါဘူး။
၃။ Saoirse Ronan – (January 2020)(Greta Gerwig ရဲ့ ဆန္ဒ)

ဒါရိုက်တာ Greta Gerwig က သူမရဲ့ ၂၀၁၇ ခုနှစ်Lady Bird နှင့် ၂၀၁၉ ခုနှစ် Little Women စတဲ့ ဇာတ်လမ်းတွေရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Saorise နှင့် Timothée တို့ကို သူမအနေနဲ့ ဆက်ဆံရေးအခြေအနေအထိရောက်စေလိုကြောင်း ပြောခဲ့ဖူးပါတယ်။ “သူတို့နှစ်ယောက်က ငယ်ရွယ်လွန်းပြီး အရမ်းထက်မြက်တာပဲ။ သူတို့နှစ်ယောက်သာ ပေါင်းစည်းမိရင် ကမ္ဘာကြီးတောင် ပြောင်းပြန်ဖြစ်သွားမလားပဲ” ။
၄။ Eiza González – (June 2020 – October 2020)

MailOnline မှ ရရှိသော ဓာတ်ပုံတွေအရ နွေရာသီကမ်းခြေတစ်ခုမှာ သူငယ်ချင်းအုပ်စုတွေရဲ့ ရှေ့မှာပဲ အသက် (၂၄) အရွယ် Chalamet ဟာ အသက် ၃၀ အရွယ် Eiza ကို အနမ်းပေးဖို့ သူမရဲ့ ဆံနွယ်လေးကို ဖွဖွလေး ဆော့ကစားနေခဲ့တာကို တွေ့မြင်ရပါတယ်။ Eiza က အဝါနုရောင်ဘီကီနီကို ဝတ်ဆင်ထားပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ ၂၀၂၀ အောက်တိုဘာလမှာ သူတို့စုံတွဲလမ်းခွဲလိုက်ကြပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။ Eiza ဘက်က တစ်ယောက်တည်းဖြစ်နေတယ်လို့ ဖော်ပြခဲ့ပြီး Timmy ဘက်မှာတော့ ဘာမှဖော်ပြခြင်းမရှိပါဘူး။
၅။ Lily Rose Depp – (March 2021)

အို…တစ်ပတ်ပြန်လည်လာတဲ့ ဆက်ဆံရေးအကြောင်း ပြောရပြန်ပါဦးမယ်။ မကြာသေးခင်က New York ရဲ့ လမ်းတစ်ချို့မှာ သူတို့ကို အတူတူပြန်တွေ့နေရတယ်လို့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။ ပြန်တွဲနေပြီလား?
လက်ရှိအခြေအနေ (၂၀၂၁ နောက်ပိုင်း)

လက်ရှိအခြေအနေမှာရော Timothee တစ်ယောက်နဲ့ ဘယ်သူနဲ့ ချိန်းတွေ့နေမလဲ? အရိုးရှင်းဆုံးပြောရရင်တော့ လက်ရှိမှာ Dune အတွက် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဘယ်သူနဲ့မျှ ပွဲအတူတူမတက်သေးသလို ဓာတ်ပုံလည်း အရိုက်မခံသေးပါဘူး။ ဒါ့ကြောင့် သူ့ရဲ့ လက်ရှိအခြေအနေက လျှို့ဝှက်ချက်ဖြစ်နိုင်သလို single လည်းဖြစ်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-cosmopolitan,web….