အမေများနေ့အခမ်းအနားကို သားသမီးတွေအတွက် မိခင်ပုံစံပြင်ဆင်ပြီး တက်ရောက်ခဲ့တဲ့ ဖခင်

0
48
အမေများနေ့
- Advertisement -

Charan “Ran” Chamnuansok ဆိုတဲ့ facebook အသုံးပြုသူတစ်ဦးရဲ့ အမျိုးသမီးလို ဝတ်စားဆင်ရင်ထားတဲ့ ပုံရိပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အင်တာနက်သုံးစွဲသူအချို့ရဲ့ စိတ်ကို ကြည်နူးမှုဖြစ်ပေါ်စေခဲ့ပါတယ်။ သူကတော့ ကျောင်းက ပြုလုပ်တဲ့ အမေများနေ့ အခမ်းအနားကို သားသမီးတွေအားမငယ်ရအောင် သူ့ကိုယ်သူ အမျိုးသမီးတစ်ဦးလို ပြင်ဆင်ပြီး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

-Advertisement-

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ အမေများနေ့ဖြစ်ပါတယ်။ ထိုနေ့မှာဆို ကျောင်းတိုင်းလိုလို အခမ်းအနားပြုလုပ်ပြီး ကျောင်းသူ/သားတွေရဲ့ မိခင်တွေအများစုက ထိုပွဲကို တက်ရောက်လေ့ရှိကြပါတယ်။

ထိုင်းနိုင်ငံရဲ့ မိခင်များနေ့မှာဟာ သားသမီးနဲ့ မိခင်ကြား ချစ်ခင်လေးစားတဲ့ နမိတ်လက္ခာကိုဖော်ဆောင်တတ်တဲ့ အစဉ်အလာလေးရှိပါတယ်။ ထိုနေ့မှာဆိုရင် သားသမီးတွေက မိခင်ရဲ့ ခြေရင်းမှာ ဦးညွှတ်ဝပ်ဆင်းပြီး စံပယ်ပန်းကုံးတွေနဲ့ မိခင်ကို ဂုဏ်ပြုတတ်ကြပါတယ်။

ဒါပေမဲ့ Chamnuansok ရဲ့ ဇနီးကတော့ လွန်ခဲ့တဲ့ ၅နှစ်လောက်က ကွယ်လွန်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဇနီးသည် မရှိတော့တဲ့ အချိန်ထဲက Chamnuansok ဟာ မိခင်တစ်ဦးရဲ့ အခန်းကဏ္ဍတွေကို သူ့ကိုယ်တိုင်းပဲ ဖြည့်စွက်တာဝန်ယူပေးခဲ့ပြီး ယခုအခမ်းအနားကိုလည်း သားသမီးတွေ အားမငယ်ရအောင် အကောင်းဆုံးပြင်ဆင်ပြီး တက်ရောက်ပေးခဲ့တာဖြစ်ပါတယ်။

Chamnuansok ဟာ မိခင်များနေ့ အခမ်းအနားမတိုင်ခင်က “ဆံပင်အတု ဘယ်မှာ ငှားလို့ရမလဲ ငါ့သားသမီးအတွက် မိခင်တစ်ဦးဖြစ်ဖို့ လိုအပ်နေလို့ပါ” ဆိုပြီး facebook ပေါ်မှာ Status တစ်ခု တင်ခဲ့ပါတယ်။ နောက်တစ်နေ့ ကျောင်းက ပြုလုပ်တဲ့ မိခင်များနေ့ အခမ်းအနားကို Chamnuansok တစ်ယောက် အမျိုးသမီးပုံစံပြင်ဆင်ပြီး သူ့ကလေးနှစ်ယောက်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဇနီးသည်ဆေးဖိုးအတွက် ၆၂မိုင်လောက် ဝေးတဲ့ခရီးကို သွားပြီး ငါးခြောက်လိုက်ရောင်းရတဲ့ အဖိုး

Zawgyi Fonts

အေမမ်ားေန႔အခမ္းအနားကို သားသမီးေတြအတြက္ မိခင္ပုံစံျပင္ဆင္ၿပီး တက္ေရာက္ခဲ့တဲ့ ဖခင္
Charan “Ran” Chamnuansok ဆိုတဲ့ facebook အသုံးျပဳသူတစ္ဦးရဲ့ အမ်ိဳးသမီးလို ဝတ္စားဆင္ရင္ထားတဲ့ ပုံရိပ္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ့ခဲ့ၿပီး အင္တာနက္သုံးစြဲသူအခ်ိဳ႕ရဲ့ စိတ္ကို ၾကည္ႏူးမွုျဖစ္ေပၚေစခဲ့ပါတယ္။ သူကေတာ့ ေက်ာင္းက ျပဳလုပ္တဲ့ အေမမ်ားေန႔ အခမ္းအနားကို သားသမီးေတြအားမငယ္ရေအာင္ သူ႔ကိုယ္သူ အမ်ိဳးသမီးတစ္ဦးလို ျပင္ဆင္ၿပီး တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၂ရက္ေန႔ဟာ ထိုင္းနိုင္ငံရဲ့ အေမမ်ားေန႔ျဖစ္ပါတယ္။ ထိုေန႔မွာဆို ေက်ာင္းတိုင္းလိုလို အခမ္းအနားျပဳလုပ္ၿပီး ေက်ာင္းသူ/သားေတြရဲ့ မိခင္ေတြအမ်ားစုက ထိုပြဲကို တက္ေရာက္ေလ့ရွိၾကပါတယ္။ ထိုင္းနိုင္ငံရဲ့ မိခင္မ်ားေန႔မွာဟာ သားသမီးနဲ႔ မိခင္ၾကား ခ်စ္ခင္ေလးစားတဲ့ နမိတ္လကၡာကိုေဖာ္ေဆာင္တတ္တဲ့ အစဥ္အလာေလးရွိပါတယ္။ ထိုေန႔မွာဆိုရင္ သားသမီးေတြက မိခင္ရဲ့ ေျခရင္းမွာ ဦးညႊတ္ဝပ္ဆင္းၿပီး စံပယ္ပန္းကုံးေတြနဲ႔ မိခင္ကို ဂုဏ္ျပဳတတ္ၾကပါတယ္။

ဒါေပမဲ့ Chamnuansok ရဲ့ ဇနီးကေတာ့ လြန္ခဲ့တဲ့ ၅ႏွစ္ေလာက္က ကြယ္လြန္သြားခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဇနီးသည္ မရွိေတာ့တဲ့ အခ်ိန္ထဲက Chamnuansok ဟာ မိခင္တစ္ဦးရဲ့ အခန္းက႑ေတြကို သူ႔ကိုယ္တိုင္းပဲ ျဖည့္စြက္တာဝန္ယူေပးခဲ့ၿပီး ယခုအခမ္းအနားကိုလည္း သားသမီးေတြ အားမငယ္ရေအာင္ အေကာင္းဆုံးျပင္ဆင္ၿပီး တက္ေရာက္ေပးခဲ့တာျဖစ္ပါတယ္။

Chamnuansok ဟာ မိခင္မ်ားေန႔ အခမ္းအနားမတိုင္ခင္က “ဆံပင္အတု ဘယ္မွာ ငွားလို႔ရမလဲ ငါ့သားသမီးအတြက္ မိခင္တစ္ဦးျဖစ္ဖို႔ လိုအပ္ေနလို႔ပါ” ဆိုၿပီး facebook ေပၚမွာ Status တစ္ခု တင္ခဲ့ပါတယ္။ ေနာက္တစ္ေန႔ ေက်ာင္းက ျပဳလုပ္တဲ့ မိခင္မ်ားေန႔ အခမ္းအနားကို Chamnuansok တစ္ေယာက္ အမ်ိဳးသမီးပုံစံျပင္ဆင္ၿပီး သူ႔ကေလးႏွစ္ေယာက္နဲ႔အတူ တက္ေရာက္ခဲ့ပါတယ္။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here