အမေဇုံတောကြီး လုံးဝပြာကျသွားပါက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေမှာ ဖြစ်ပျက်လာနိုင်တဲ့ အရာ (၁၁)ခု

0
475

သစ်တောပြုန်းတီးမှု၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ သစ်တောတွေ မီးလောင်မှုကြောင့် အမေဇုံမိုးသစ်တောကြီးဟာ စိုးရိမ်ဖွယ်ရာနှုန်းနဲ့ အရွယ်အစားပမာဏက တဖြည်းဖြည်း လျော့နည်းလာပါပြီ။ ဘရာဇီးနိုင်ငံမှာ သစ်တောမီးလောင်မှုတွေဟာ အကြိမ်ပေါင်း ၇၄၀၀၀လောက် စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာမြေကြီးရဲ့ အဆုတ်တွေဟာ လုံးဝပျောက်ကွယ်သွားရတော့မယ့် အခြေအနေနှင့် ရင်ဆိုင်နေရပါတယ်။ တကယ်လို့ အမေဇုံမိုးသစ်တောကြီးရဲ့ ပျက်စီးမှု အလားအလာကို ဘာမှမလုပ်ဘဲထားလျှင် ကျွန်တော်တို့ရဲ့ ကမ္ဘာမြေမှာ ဖြစ်ပျက်လာနိုင်တဲ့ ကြောက်မက်ဖွယ်အရာ (၁၁)ခုကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အပင်တွေ၊ တိရိစ္ဆာန်တွေနဲ့ သေးငယ်တဲ့ ဇီဝသက်ရှိတွေရဲ့ ကမ္ဘာ့မျိုးစိတ် ထက်ဝက်လောက်ဟာ ပျက်စီးသွားပါလိမ့်မယ်

အမေဇုံမိုးသစ်တောဟာ အင်းဆက်မျိုးစိတ် ၂.၅သန်း၊ တွားသွားသတ္တဝါအမျိုးအစား ၃၇၀ကျော်၊ ရေချိုငါးမျိုးစိတ် ၃၀၀၀နှင့် အပင်မျိုးစိတ် ၄၀၀၀၀အပါအဝင် ကမ္ဘာ့မျိုးစိတ် ၁၀ ရာခိုင်နှုန်းရဲ့ နားခိုရာအိမ်ဖြစ်ပါတယ်။ လေ့လာမှုများစွာအရ လက်ရှိမှာ နေ့တိုင်းနေ့တိုင်း အင်းဆက်မျိုးစိတ်၊ အပင်နှင့် တိရိစ္ဆာန် ၁၃၇မျိုးလောက် ဆုံးရှုံးလျက်ရှိပါတယ်။ ကမ္ဘာ့ဇီဝမျိုးကွဲတွေအတွက် ကပ်ဆိုးကြီးတစ်ခုလိုဖြစ်နေပြီး တစ်နှစ်မှာ မျိုးစိတ်ပေါင်း ၅၀၀၀၀လောက် ဆုံးရှုံးနေတယ်လို့ သိရပါတယ်။

၂။ လူသားတွေရဲ့ ရောဂါ ၉၀%လောက်က အမေဇုံရဲ့ သဘာဝကနေ ဆင်းသက်လာတဲ့ ဆေးဝါးတွေဖြင့် ကုသနေရတာကြောင့် ဆေးဘက်ဆိုင်ရာ ဧရာမဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာနိုင်ချေ ရှိပါတယ်

ခေတ်မီဆေးဝါးတွေဟာ အမေဇုံမိုးသစ်တောရဲ့ စည်းစိမ် ဥစ္စာတွေပေါ်မှာ မူတည်ပါတယ်။ လက်ရှိမှာ သွေးကင်ဆာ၊ နှလုံးရောဂါ၊ ငှက်ဖျားပိုး၊ ရေတိမ်ကုသတဲ့ ဆေးဝါးများအပါအဝင် ဆေးညွှန်း ၁၂၁မျိုးလောက်ဟာ အမေဇုံမိုးသစ်တောမှာ တွေ့ရတဲ့ အပင်တွေဆီကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အမေဇုံမိုးသစ်တောဟာ အပင်မျိုးစိတ် ၈၀၀၀၀ခန့်ရဲ့ အိမ်ဖြစ်ပါတယ်။ ဒီလို သဘာဝအရင်းအမြစ်တွေသာ ဆုံးရှုံးသွားရင် သေစေနိုင်တဲ့ ရောဂါတွေအတွက် ကုသနိုင်တဲ့ ဆေးဝါးအရင်းအမြစ်တွေ ဆုံးရှုံးပါလိမ့်မယ်။

၃။ ရေကြီးတာတွေ၊ ရာသီဥတုခြောက်သွေ့တာတွေ ကြာရှည်လာပါလိမ့်မယ်

အမေဇုံမိုးသစ်တောကြီး ပျက်စီးခဲ့လျှင် မိုးရေချိန်ဟာ သစ်တောဒေသတစ်ဝိုက်မှာ လျော့ကျလာပါလိမ့်မယ်။ ဒါက ဂယက်ထစေပြီး ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်လာတာ၊ ကန္တရခြောက်သွေ့မှုတွေ ဖြစ်လာတာ၊ ပိုပြီးမိုးခေါင်လာတာ စသဖြင့် ရာသီဥတုပြောင်းလဲမှုတွေ နောက်ထပ်ဖြစ်လာပါလိမ့်မယ်။
ပြင်းထန်တဲ့ မိုးခေါင်ခြင်းနှင့် အစွန်းရောက် ရေကြီးမှုက တိရိစ္ဆာန်တွေကို အကြီးအကျယ်ပျက်စီးစေပြီး ကူးစက်ရောဂါတွေ ပြန့်ပွားတာ၊ တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးတာတွေ တိုးလာပါလိမ့်မယ်။ အကျိုးဆက်အဖြစ် ကျွန်တော်တို့ရဲ့ ကမ္ဘာမြေထောင့်တိုင်းမှာ ခံစားရပါလိမ့်မယ်။ ဝမ်းနည်းစရာက အမေဇုံမိုးသစ်တောဟာ တချို့ဒေသတွေမှာ မိုးရေချိန် ၂၅ %လောက် လျော့နည်းလာတာကို မြင်နေရပြီဖြစ်ပါတယ်။

၄။ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုက ကမ္ဘာကြီး ပူနွေးလာမှုဖြစ်စဉ်ကို ပိုပြီးအရှိန်မြှင့်လာပါလိမ့်မယ်

သစ်ပင်တွေနဲ့ အပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပါတယ်။ အမေဇုံမိုးသစ်တောကြီး ပျက်စီးဆုံးရှုံးခြင်းကို ရောက်သွားရင် မိုးသစ်တောဟာ နှစ်ပေါင်းများစွာ သိုလှောင်ခဲ့တဲ့ ကာဗွန်တန်ချိန်ပေါင်း ဘီလျံနှင့်ချီပြီး ထုတ်လွှတ်ပါလိမ့်မယ်။ ၎င်းရဲ့ ပျက်စီးနိုင်ခြေက နောက်ဆုံးမှာ တစ်ကမ္ဘာလုံး ပူနွေးမှုဖြစ်စဉ်ကို အရှိန်မြှင့်ပြီး လေထုအရည်အသွးနှင့် အပူချိန်ကို သက်ရောက်စေသော ဖန်လုံအိမ်ဓါတ်ငွေ့ဟာ သာမန်ထက် ၅ကြိမ်၊ ၆ကြိမ်လောက် ထုတ်လွှတ်လာပါလိမ့်မယ်။

၅။ မိုးရေချိန်နည်းပြီး မိုးခေါင်လာတာဟာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေနှင့် အစားအစာထောက်ပံ့မှုကို ခြိမ်းခြောက်လာပါလိမ့်မယ်

ပူနွေးတဲ့ အပူချိန်၊ မိုးခေါင်မှုကြာရှည်ခြင်းနှင့် မကြာခဏ ရေကြီးမှုတွေက စိုက်ပျိုးရေးလုပ်ငန်း၊ အစားအစာထောက်ပံ့မှုနှင့် ရေပေါ်မှာ ဆုံးရှုံးမှုတွေ ဖြစ်လာပါလိမ့်မယ်။ မိုးရေချိန် ကျဆင်းခြင်းက ပိုးမွှားတွေနှင့် ရောဂါပိုးကူးစက်မှုတွေကို တိုးလာစေပြီး မိုးရေချိန်နည်းတာက ကောက်ပဲသီးနှံတွေ ထိန်းသိမ်းခြင်းနှင့် မျိုးစေ့ကြဲခြင်းအတွက် အရင်းအမြစ်နည်းပါးလာမယ်လို့ ဆိုလိုပါတယ်။ စိုက်ပျိုးရေး အထွက်နှုန်းကို ပျက်စီးစေပြီး အစာရေစာ ရှားပါးမှုတွေ ဖြစ်လာပါလိမ့်မယ်။

၆။ ကမ္ဘာအနှံ့ ကျွန်တော်တို့ ရရှိနေတဲ့ အစားအစာ မျိုးပေါင်း ၈၀% လောက် ဆုံးရှုံးပါလိမ့်မယ်

အမေဇုံမိုးသစ်တောမှာ စားသုံးလို့ရတဲ့ အသီးအနှံ အမျိုးအစားပေါင်း ၃၀၀၀ကျော်ရှိပါတယ်။ အဆိုပါမိုးသစ်တောဟာ ထောပတ်သီး၊ သဖန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သံပုရာ၊ ငှက်ပျောသီး၊ နာနတ်သီး၊ ကော်ဖီ၊ အုန်းသီး၊ ချောကလက်နှင့် ခရမ်းချဉ်သီး အပါအဝင် ကမ္ဘာ့အစားအစာရဲ့ ၈၀%လောက် ထုတ်လုပ်ပါတယ်။ အမေဇုံမိုးသစ်တောသာ ဆုံးရှုံးသွားရင် ကျွန်တော်တို့ရဲ့ အစားအစာ ထောက်ပံ့မှုက သိသိသာသာ လျော့နည်းလာပါလိမ့်မယ်။

၇။ လေထုအရည်အသွေးက ကျဆင်းလာပြီး ကျွန်တော်တို့တွေ CO2 ဓါတ်ကို ပိုပြီး ရှုရှိုက်နေရပါလိမ့်မယ်

ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်အဖွဲ့၏ အဆိုအရ အမေဇုံမိုးသစ်တောဟာ ကာဗွန် မက်ထရစ်တန်ချိန် ၁၀၀ဘီလီယံခန့်ကို သိုလှောင်ပါတယ်။ အမေဇုံမိုးသစ်တောသာ ပျက်စီးသွားရင် အောက်ဆီဂျင်ထုတ်လုပ်မှု လျော့နည်းသွားလိမ့်မယ်။ ဒါက ကမ္ဘာမြေတစ်ခုလုံးရဲ့ လေထုအရည်အသွေးကို ထိခိုက်စေပါလိမ့်မယ်။

၈။ မိုးရေချိန်ကျဆင်းခြင်းက ရာသီဥတုကို ခြောက်သွေ့စေပြီး သစ်တောမီးတွေကို ပိုဖြစ်ပေါ်စေပါလိမ့်မယ်

သဘာဝတော မီးလောင်မှုက အမေဇုံရဲ့ ၇၅%ခန့် ကိုရှင်းလင်းပစ်ပါလိမ့်မယ်။ ထို့အပြင် သစ်ပင်တွေ ဆုံးရှုံးမှုက မိုးရေချိန်ကို လျော့နည်းစေသလို ကွင်းဆက်တုံ့ပြန်မှုအဖြစ် ရာသီဥတုခြောက်သွေ့တာကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ ကမ္ဘာအနှံ့ တောမီးလောင်မှုတွေ ပိုဖြစ်လာနိုင်ပါတယ်။

၉။ မိုးသစ်တောမှာ နားခိုနေကြတဲ့ လူသန်း ၃၀ ဝန်းကျင်ခန့်ဟာ သူတို့ရဲ့ နေအိမ်တွေဆုံးရှုံးသွားပါလိမ့်မယ်

အမေဇုံဟာ လူသန်း ၃၀ကျော်ရဲ့ နားခိုရာအိမ်ဖြစ်ပြီး သူတို့ထဲက ၂.၇သန်းလောက်က တိုင်းရင်းသားတွေဖြစ်ပါတယ်။ တိုင်းရင်းသားအုပ်စု ၃၅၀ကျော်ဟာ အမေဇုံမိုးသစ်တောတစ်ခုတည်းပေါ်မှာ မူတည်နေပါတယ်။ သူတို့ထဲက အတော်များများဟာ မြို့ပြနေရာတွေမှာ နေထိုင်သော်လည်း ဒေသခံအားလုံးက ရိုးရာဆေးပညာ၊ အမိုးအကာနှင့် အစားအစာအတွက် အမေဇုံရဲ့ သဘာဝအရင်းအမြစ်တွေပေါ်မှာ အားကိုးနေရပါတယ်။

၁၀။ ကမ္ဘာ့ရေချို ၂၀% ခန့် ဆုံးရှုံးပါလိမ့်မယ်

အမေဇုံမြစ်ဟာ ဘရာဇီးကလူတွေနဲ့ ပတ်ဝန်းကျင်အတွက် အကျိုးခံစားခွင့် အများကြီး ယူဆောင်လာပေးသော ကမ္ဘာ့ရေချို ၅ပုံ၁ပုံကို သိုလှောင်ထားပါတယ်။ ဒုတိယတစ်ခုက ခန့်မှန်းခြေအားဖြင့် ရေချိုကုဗမီတာ 175,000 ကို အမေဇုံမြစ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာသို့ စီးဆင်းပါတယ်။ ရေချိုဟာ အပင်တွေ၊ တိရိစ္ဆာန်တွေ၊ မှို နှင့် သတ္တုဓါတ်တွေဆီက အာဟာရများကို ထောက်ပံ့ပေးတာကြောင့် အရေးကြီးပါတယ်။ မိုးရေချိန်ကင်းမဲ့ခြင်းက ရေချိုစနစ်ပေါ်မှာ အကြီးအကျယ် သက်ရောက်မှုရှိလာပါလိမ့်မယ်။

၁၁။ ကင်ဆာ တိုက်ဖျက်ပေးတဲ့ အပင် ၃၀၀၀ရဲ့ ၇၀% လောက် ဆုံးရှုံးသွားပါလိမ့်မယ်

ကမ္ဘာ့ စွမ်းအားအရှိဆုံး ကင်ဆာဆန့်ကျင်ဆေး Periwinkle အပါအဝင် ကင်ဆာဆဲလ်တွေကို ဆန့်ကျင်တိုက်ဖျက်ပေးတဲ့ အပင် ၃၀၀၀ကျော်ထဲက ၇၀% ကို မိုးသစ်တောထဲမှာ တွေ့နိုင်ပါတယ်။ ဒီဆေးဝါးတစ်ခုတည်းက သွေးကင်ဆာခံစားနေရတဲ့ ကလေးတွေအတွက် ရှင်သန်မှုနှုန်းကို တိုးမြှင့်စေပါတယ်။ ဒီဆေးကို မိုးသစ်တောထဲမှာ ရှိတဲ့ Vincristine မိုးသစ်တောပင်ကနေ ထုတ်ယူပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

အေမဇုံေတာႀကီး လုံးဝျပာက်သြားပါက ကြၽန္ေတာ္တို႔ရဲ႕ ကမာၻေျမမွာ ျဖစ္ပ်က္လာႏိုင္တဲ့ အရာ (၁၁)ခု
သစ္ေတာျပဳန္းတီးမႈ၊ ကမာၻႀကီးပူေႏြးလာမႈနဲ႔ သစ္ေတာေတြ မီးေလာင္မႈေၾကာင့္ အေမဇုံမိုးသစ္ေတာႀကီးဟာ စိုးရိမ္ဖြယ္ရာႏႈန္းနဲ႔ အ႐ြယ္အစားပမာဏက တျဖည္းျဖည္း ေလ်ာ့နည္းလာပါၿပီ။ ဘရာဇီးႏိုင္ငံမွာ သစ္ေတာမီးေလာင္မႈေတြဟာ အႀကိမ္ေပါင္း ၇၄၀၀၀ေလာက္ စံခ်ိန္တင္ခဲ့ပါတယ္။ ကမာၻေျမႀကီးရဲ႕ အဆုတ္ေတြဟာ လုံးဝေပ်ာက္ကြယ္သြားရေတာ့မယ့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရပါတယ္။ တကယ္လို႔ အေမဇုံမိုးသစ္ေတာႀကီးရဲ႕ ပ်က္စီးမႈ အလားအလာကို ဘာမွမလုပ္ဘဲထားလွ်င္ ကြၽန္ေတာ္တို႔ရဲ႕ ကမာၻေျမမွာ ျဖစ္ပ်က္လာႏိုင္တဲ့ ေၾကာက္မက္ဖြယ္အရာ (၁၁)ခုကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အပင္ေတြ၊ တိရိစာၦန္ေတြနဲ႔ ေသးငယ္တဲ့ ဇီဝသက္ရွိေတြရဲ႕ ကမာၻ႔မ်ိဳးစိတ္ ထက္ဝက္ေလာက္ဟာ ပ်က္စီးသြားပါလိမ့္မယ္

အေမဇုံမိုးသစ္ေတာဟာ အင္းဆက္မ်ိဳးစိတ္ ၂.၅သန္း၊ တြားသြားသတၱဝါအမ်ိဳးအစား ၃၇၀ေက်ာ္၊ ေရခ်ိဳငါးမ်ိဳးစိတ္ ၃၀၀၀ႏွင့္ အပင္မ်ိဳးစိတ္ ၄၀၀၀၀အပါအဝင္ ကမာၻ႔မ်ိဳးစိတ္ ၁၀ ရာခိုင္ႏႈန္းရဲ႕ နားခိုရာအိမ္ျဖစ္ပါတယ္။ ေလ့လာမႈမ်ားစြာအရ လက္ရွိမွာ ေန႔တိုင္းေန႔တိုင္း အင္းဆက္မ်ိဳးစိတ္၊ အပင္ႏွင့္ တိရိစာၦန္ ၁၃၇မ်ိဳးေလာက္ ဆုံးရႈံးလ်က္ရွိပါတယ္။ ကမာၻ႔ဇီဝမ်ိဳးကြဲေတြအတြက္ ကပ္ဆိုးႀကီးတစ္ခုလိုျဖစ္ေနၿပီး တစ္ႏွစ္မွာ မ်ိဳးစိတ္ေပါင္း ၅၀၀၀၀ေလာက္ ဆုံးရႈံးေနတယ္လို႔ သိရပါတယ္။

၂။ လူသားေတြရဲ႕ ေရာဂါ ၉၀%ေလာက္က အေမဇုံရဲ႕ သဘာဝကေန ဆင္းသက္လာတဲ့ ေဆးဝါးေတြျဖင့္ ကုသေနရတာေၾကာင့္ ေဆးဘက္ဆိုင္ရာ ဧရာမဆုံးရႈံးမႈႀကီးတစ္ခု ျဖစ္လာႏိုင္ေခ် ရွိပါတယ္

ေခတ္မီေဆးဝါးေတြဟာ အေမဇုံမိုးသစ္ေတာရဲ႕ စည္းစိမ္ ဥစၥာေတြေပၚမွာ မူတည္ပါတယ္။ လက္ရွိမွာ ေသြးကင္ဆာ၊ ႏွလုံးေရာဂါ၊ ငွက္ဖ်ားပိုး၊ ေရတိမ္ကုသတဲ့ ေဆးဝါးမ်ားအပါအဝင္ ေဆးၫႊန္း ၁၂၁မ်ိဳးေလာက္ဟာ အေမဇုံမိုးသစ္ေတာမွာ ေတြ႕ရတဲ့ အပင္ေတြဆီကေန ဆင္းသက္လာတာျဖစ္ပါတယ္။ အေမဇုံမိုးသစ္ေတာဟာ အပင္မ်ိဳးစိတ္ ၈၀၀၀၀ခန္႔ရဲ႕ အိမ္ျဖစ္ပါတယ္။ ဒီလို သဘာဝအရင္းအျမစ္ေတြသာ ဆုံးရႈံးသြားရင္ ေသေစႏိုင္တဲ့ ေရာဂါေတြအတြက္ ကုသႏိုင္တဲ့ ေဆးဝါးအရင္းအျမစ္ေတြ ဆုံးရႈံးပါလိမ့္မယ္။

၃။ ေရႀကီးတာေတြ၊ ရာသီဥတုေျခာက္ေသြ႕တာေတြ ၾကာရွည္လာပါလိမ့္မယ္

အေမဇုံမိုးသစ္ေတာႀကီး ပ်က္စီးခဲ့လွ်င္ မိုးေရခ်ိန္ဟာ သစ္ေတာေဒသတစ္ဝိုက္မွာ ေလ်ာ့က်လာပါလိမ့္မယ္။ ဒါက ဂယက္ထေစၿပီး ေရႀကီးမႈေတြ အႀကီးအက်ယ္ ျဖစ္လာတာ၊ ကႏၲရေျခာက္ေသြ႕မႈေတြ ျဖစ္လာတာ၊ ပိုၿပီးမိုးေခါင္လာတာ စသျဖင့္ ရာသီဥတုေျပာင္းလဲမႈေတြ ေနာက္ထပ္ျဖစ္လာပါလိမ့္မယ္။
ျပင္းထန္တဲ့ မိုးေခါင္ျခင္းႏွင့္ အစြန္းေရာက္ ေရႀကီးမႈက တိရိစာၦန္ေတြကို အႀကီးအက်ယ္ပ်က္စီးေစၿပီး ကူးစက္ေရာဂါေတြ ျပန္႔ပြားတာ၊ တစ္စတစ္စ ဆုတ္ယုတ္ေလ်ာ့ပါးတာေတြ တိုးလာပါလိမ့္မယ္။ အက်ိဳးဆက္အျဖစ္ ကြၽန္ေတာ္တို႔ရဲ႕ ကမာၻေျမေထာင့္တိုင္းမွာ ခံစားရပါလိမ့္မယ္။ ဝမ္းနည္းစရာက အေမဇုံမိုးသစ္ေတာဟာ တခ်ိဳ႕ေဒသေတြမွာ မိုးေရခ်ိန္ ၂၅ %ေလာက္ ေလ်ာ့နည္းလာတာကို ျမင္ေနရၿပီျဖစ္ပါတယ္။

၄။ ဖန္လုံအိမ္ဓါတ္ေငြ႕ ထုတ္လႊတ္မႈက ကမာၻႀကီး ပူေႏြးလာမႈျဖစ္စဥ္ကို ပိုၿပီးအရွိန္ျမႇင့္လာပါလိမ့္မယ္

သစ္ပင္ေတြနဲ႔ အပင္ေတြဟာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူပါတယ္။ အေမဇုံမိုးသစ္ေတာႀကီး ပ်က္စီးဆုံးရႈံးျခင္းကို ေရာက္သြားရင္ မိုးသစ္ေတာဟာ ႏွစ္ေပါင္းမ်ားစြာ သိုေလွာင္ခဲ့တဲ့ ကာဗြန္တန္ခ်ိန္ေပါင္း ဘီလ်ံႏွင့္ခ်ီၿပီး ထုတ္လႊတ္ပါလိမ့္မယ္။ ၎ရဲ႕ ပ်က္စီးႏိုင္ေျခက ေနာက္ဆုံးမွာ တစ္ကမာၻလုံး ပူေႏြးမႈျဖစ္စဥ္ကို အရွိန္ျမႇင့္ၿပီး ေလထုအရည္အသြးႏွင့္ အပူခ်ိန္ကို သက္ေရာက္ေစေသာ ဖန္လုံအိမ္ဓါတ္ေငြ႕ဟာ သာမန္ထက္ ၅ႀကိမ္၊ ၆ႀကိမ္ေလာက္ ထုတ္လႊတ္လာပါလိမ့္မယ္။

၅။ မိုးေရခ်ိန္နည္းၿပီး မိုးေခါင္လာတာဟာ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ေရႏွင့္ အစားအစာေထာက္ပံ့မႈကို ၿခိမ္းေျခာက္လာပါလိမ့္မယ္

ပူေႏြးတဲ့ အပူခ်ိန္၊ မိုးေခါင္မႈၾကာရွည္ျခင္းႏွင့္ မၾကာခဏ ေရႀကီးမႈေတြက စိုက္ပ်ိဳးေရးလုပ္ငန္း၊ အစားအစာေထာက္ပံ့မႈႏွင့္ ေရေပၚမွာ ဆုံးရႈံးမႈေတြ ျဖစ္လာပါလိမ့္မယ္။ မိုးေရခ်ိန္ က်ဆင္းျခင္းက ပိုးမႊားေတြႏွင့္ ေရာဂါပိုးကူးစက္မႈေတြကို တိုးလာေစၿပီး မိုးေရခ်ိန္နည္းတာက ေကာက္ပဲသီးႏွံေတြ ထိန္းသိမ္းျခင္းႏွင့္ မ်ိဳးေစ့ႀကဲျခင္းအတြက္ အရင္းအျမစ္နည္းပါးလာမယ္လို႔ ဆိုလိုပါတယ္။ စိုက္ပ်ိဳးေရး အထြက္ႏႈန္းကို ပ်က္စီးေစၿပီး အစာေရစာ ရွားပါးမႈေတြ ျဖစ္လာပါလိမ့္မယ္။

၆။ ကမာၻအႏွံ႔ ကြၽန္ေတာ္တို႔ ရရွိေနတဲ့ အစားအစာ မ်ိဳးေပါင္း ၈၀% ေလာက္ ဆုံးရႈံးပါလိမ့္မယ္

အေမဇုံမိုးသစ္ေတာမွာ စားသုံးလို႔ရတဲ့ အသီးအႏွံ အမ်ိဳးအစားေပါင္း ၃၀၀၀ေက်ာ္ရွိပါတယ္။ အဆိုပါမိုးသစ္ေတာဟာ ေထာပတ္သီး၊ သဖန္းသီး၊ လိေမၼာ္သီး၊ စပ်စ္သီး၊ သံပုရာ၊ ငွက္ေပ်ာသီး၊ နာနတ္သီး၊ ေကာ္ဖီ၊ အုန္းသီး၊ ေခ်ာကလက္ႏွင့္ ခရမ္းခ်ဥ္သီး အပါအဝင္ ကမာၻ႔အစားအစာရဲ႕ ၈၀%ေလာက္ ထုတ္လုပ္ပါတယ္။ အေမဇုံမိုးသစ္ေတာသာ ဆုံးရႈံးသြားရင္ ကြၽန္ေတာ္တို႔ရဲ႕ အစားအစာ ေထာက္ပံ့မႈက သိသိသာသာ ေလ်ာ့နည္းလာပါလိမ့္မယ္။

၇။ ေလထုအရည္အေသြးက က်ဆင္းလာၿပီး ကြၽန္ေတာ္တို႔ေတြ CO2 ဓါတ္ကို ပိုၿပီး ရႈရႈိက္ေနရပါလိမ့္မယ္

ကမာၻ႔ေတာ႐ိုင္းတိရိစာၦန္အဖြဲ႕၏ အဆိုအရ အေမဇုံမိုးသစ္ေတာဟာ ကာဗြန္ မက္ထရစ္တန္ခ်ိန္ ၁၀၀ဘီလီယံခန္႔ကို သိုေလွာင္ပါတယ္။ အေမဇုံမိုးသစ္ေတာသာ ပ်က္စီးသြားရင္ ေအာက္ဆီဂ်င္ထုတ္လုပ္မႈ ေလ်ာ့နည္းသြားလိမ့္မယ္။ ဒါက ကမာၻေျမတစ္ခုလုံးရဲ႕ ေလထုအရည္အေသြးကို ထိခိုက္ေစပါလိမ့္မယ္။

၈။ မိုးေရခ်ိန္က်ဆင္းျခင္းက ရာသီဥတုကို ေျခာက္ေသြ႕ေစၿပီး သစ္ေတာမီးေတြကို ပိုျဖစ္ေပၚေစပါလိမ့္မယ္

သဘာဝေတာ မီးေလာင္မႈက အေမဇုံရဲ႕ ၇၅%ခန္႔ ကိုရွင္းလင္းပစ္ပါလိမ့္မယ္။ ထို႔အျပင္ သစ္ပင္ေတြ ဆုံးရႈံးမႈက မိုးေရခ်ိန္ကို ေလ်ာ့နည္းေစသလို ကြင္းဆက္တုံ႔ျပန္မႈအျဖစ္ ရာသီဥတုေျခာက္ေသြ႕တာကို ျဖစ္ေပၚေစၿပီး ေနာက္ဆုံးမွာ ကမာၻအႏွံ႔ ေတာမီးေလာင္မႈေတြ ပိုျဖစ္လာႏိုင္ပါတယ္။

၉။ မိုးသစ္ေတာမွာ နားခိုေနၾကတဲ့ လူသန္း ၃၀ ဝန္းက်င္ခန္႔ဟာ သူတို႔ရဲ႕ ေနအိမ္ေတြဆုံးရႈံးသြားပါလိမ့္မယ္

အေမဇုံဟာ လူသန္း ၃၀ေက်ာ္ရဲ႕ နားခိုရာအိမ္ျဖစ္ၿပီး သူတို႔ထဲက ၂.၇သန္းေလာက္က တိုင္းရင္းသားေတြျဖစ္ပါတယ္။ တိုင္းရင္းသားအုပ္စု ၃၅၀ေက်ာ္ဟာ အေမဇုံမိုးသစ္ေတာတစ္ခုတည္းေပၚမွာ မူတည္ေနပါတယ္။ သူတို႔ထဲက အေတာ္မ်ားမ်ားဟာ ၿမိဳ႕ျပေနရာေတြမွာ ေနထိုင္ေသာ္လည္း ေဒသခံအားလုံးက ႐ိုးရာေဆးပညာ၊ အမိုးအကာႏွင့္ အစားအစာအတြက္ အေမဇုံရဲ႕ သဘာဝအရင္းအျမစ္ေတြေပၚမွာ အားကိုးေနရပါတယ္။

၁၀။ ကမာၻ႔ေရခ်ိဳ ၂၀% ခန္႔ ဆုံးရႈံးပါလိမ့္မယ္

အေမဇုံျမစ္ဟာ ဘရာဇီးကလူေတြနဲ႔ ပတ္ဝန္းက်င္အတြက္ အက်ိဳးခံစားခြင့္ အမ်ားႀကီး ယူေဆာင္လာေပးေသာ ကမာၻ႔ေရခ်ိဳ ၅ပုံ၁ပုံကို သိုေလွာင္ထားပါတယ္။ ဒုတိယတစ္ခုက ခန္႔မွန္းေျခအားျဖင့္ ေရခ်ိဳကုဗမီတာ 175,000 ကို အေမဇုံျမစ္ကေန အတၱလႏၲိတ္သမုဒၵရာသို႔ စီးဆင္းပါတယ္။ ေရခ်ိဳဟာ အပင္ေတြ၊ တိရိစာၦန္ေတြ၊ မႈိ ႏွင့္ သတၱဳဓါတ္ေတြဆီက အာဟာရမ်ားကို ေထာက္ပံ့ေပးတာေၾကာင့္ အေရးႀကီးပါတယ္။ မိုးေရခ်ိန္ကင္းမဲ့ျခင္းက ေရခ်ိဳစနစ္ေပၚမွာ အႀကီးအက်ယ္ သက္ေရာက္မႈရွိလာပါလိမ့္မယ္။

၁၁။ ကင္ဆာ တိုက္ဖ်က္ေပးတဲ့ အပင္ ၃၀၀၀ရဲ႕ ၇၀% ေလာက္ ဆုံးရႈံးသြားပါလိမ့္မယ္

ကမာၻ႔ စြမ္းအားအရွိဆုံး ကင္ဆာဆန္႔က်င္ေဆး Periwinkle အပါအဝင္ ကင္ဆာဆဲလ္ေတြကို ဆန္႔က်င္တိုက္ဖ်က္ေပးတဲ့ အပင္ ၃၀၀၀ေက်ာ္ထဲက ၇၀% ကို မိုးသစ္ေတာထဲမွာ ေတြ႕ႏိုင္ပါတယ္။ ဒီေဆးဝါးတစ္ခုတည္းက ေသြးကင္ဆာခံစားေနရတဲ့ ကေလးေတြအတြက္ ရွင္သန္မႈႏႈန္းကို တိုးျမႇင့္ေစပါတယ္။ ဒီေဆးကို မိုးသစ္ေတာထဲမွာ ရွိတဲ့ Vincristine မိုးသစ္ေတာပင္ကေန ထုတ္ယူပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here