ကျွန်မတို့တွေဟာ ခေတ်သစ်နည်းပညာ၊ ခေတ်သစ်ဖက်ရှင်တွေကြားထဲမှာ ရှင်သန်နေကြတဲ့ ၂၁ ရာစု လူငယ်တွေဖြစ်ကြပါတယ်။ Selfie ဓာတ်ပုံလှလှလေးရိုက်ပြီး အွန်လိုင်းပေါ်မှာ ပုံတင်တာ၊ ဒါမှမဟုတ် အမှတ်တရအနေနဲ့ သိမ်းထားတာတွေကလည်း အရမ်းကိုခေတ်စားနေတာပါနော်။ ဒါပေမယ့် ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကိုစိတ်တိုင်းမကျလို့ အမိုက်စား ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် ဒီနည်းလမ်းကောင်းလေးတွေက အသုံးဝင်မှာပါနော်။
ဓာတ်ပုံမရိုက်ခင် မှန်လေးတစ်ချက်ကြည့်လိုက်ပါ
ဓာတ်ပုံမရိုက်ခင် ကိုယ့်ရဲ့ ပုံစံကဘယ်လိုနေလဲ။ အဆင်ပြေလားဆိုတာ တစ်ချက်ကြည့်လိုက်ပါ။ ဆံပင်လေးတွေသပ်သပ်ရပ်ရပ်ဖြစ်နေလား၊ သွားလေးတွေမှာ ဘာတွေပေနေသလဲ။ အဆီတွေပြန်နေသလားဆိုတာ ကြည့်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးမှ ဓာတ်ပုံရိုက်ပါမယ်နော်။

အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာရိုက်ပါ
အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ ရိုက်သင့်ပါတယ်။ ဒါမှ သင့်အသားအရောင်လေးကဝင်းပြီးလှနေမှာဖြစ်သလို ဓာတ်ပုံလေးကလည်း အမိုက်စားဖြစ်နေမှာပါ။
နောက်ခံကို သတိထားပါ
ကိုယ်ရိုက်မယ့်ဓာတ်ပုံနောက်ခံက ရှုပ်ပွနေတဲ့အခန်းတစ်ခုထက်၊ လှပတဲ့ ရှုခင်း၊ သန့်ရပ်တဲ့နေရာတစ်ခု ဖြစ်သင့်ပါတယ်။ နောက်ခံနဲ့ ခပ်ဝေးဝေးမှာရိုက်ပြီး နောက်ခံကို ဝါးသွားအောင်ရိုက်ပေးရင် ဓာတ်ပုံလေးက ကြွပြီး ပိုလှနေမှာသေချာပါတယ်။

အပေါ်ကနေ ချိန်ရိုက်ပါ
ဓာတ်ပုံရိုက်တဲ့အခါ အပေါ်ကနေ ချိန်ပြီးရိုက်ပေးပါ။ Focus ကိုလည်း သေချာလေး ပြတ်အောင်လုပ်ပြီး ရိုက်ပါ။ ဒါမှ အကောင်းဆုံးဓာတ်ပုံရလာမှာသေချာပါတယ်။
သူငယ်ချင်းတွေနဲ့ ရိုက်ပါ
သူငယ်ချင်းတွေကိုခေါ်ပြီးရိုက်ပါ။ အတူတူရယ်ပြီးရိုက်ပါ။ အမှတ်တရလည်းဖြစ်သလို ဓာတ်ပုံလည်း အမိုက်စားဖြစ်နေမှာဖြစ်ပါတယ်။

ပုံကို Edit လုပ်ပါ
သင့်ရဲ့ ဓာတ်ပုံကို အရောင်လေးတွေပြန်ချိန်ပါ။ တခြားပုံလေးတွေနဲ့ ပေါင်းပြီးတော့လည်း Edit လုပ်နိုင်ပါတယ်။
ဓာတ်ပုံရိုက်ဖို့ ယုံကြည်ချက်ရှိပါ
ဓာတ်ပုံရိုက်တဲ့အခါ ယုံကြည်ချက်အပြည့်ထားပြီးရိုက်ပါ။ လှလှလေးပြုံးပြီးရိုက်ပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရှက်မနေပါနဲ့။ တခြားသူက သင့်ကိုဓာတ်ပုံလာရိုက်ရင်လည်း ပြန်ပြီးပြုံးပြလိုက်ပါနော်။

အတွဲပုံရိုက်တဲ့အခါ
စုံတွဲပုံလေးရိုက်တဲ့အခါ သူနဲ့ အလွန်အကျူးလေးတွေမဟုတ်ဘဲ ရိုးရိုးသာမန်ပုံလေးလောက်ပဲ ရိုက်ပြီးတင်သင့်ပါတယ်။ ကိုယ်က ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်ရင်တောင် တခြားသူကို အနှောင့်အယှက်ဖြစ်စေပါတယ်။
Lifestyle_Myanmar
ref-bustle