အမာရွတ်အမျိုးမျိုးနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ ချိုင့်ခွက်တွေကို ကင်းစင်ပပျောက်စေမဲ့ သဘာဝနည်းလမ်း

0
127
ဝက်ခြံနဲ့ အမာရွတ်
ဝက်ခြံနဲ့ အမာရွတ်

Vaseline အလှဆီ

လေ့လာမှုတွေအရ Vaseline အလှဆီဟာ စျေးကြီးလိမ်းဆေး Serums နဲ့ယှဉ်ရင် ထိရောက်မှုပိုရှိပြီး ယုံကြည့်စိတ်ချရတဲ့ ဆေးတစ်လတ်ပဲဖြစ်ပါတယ်။ Vaseline ကို ၁ပတ်ကနေ ၃ပတ်အထိ တစ်နေ့ကို သုံးကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ်မျိုး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ချိုင့်ခွက်တွေနဲ့ အရေပြားညီညာမှုမရှိတဲ့အခါ၊ ရေကျောက်ပေါက်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့အခါ၊ ဝက်ခြံပေါက်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့အခါ၊ အကြောပြတ်ပြီး အရေးကြောင်းတွေဖြစ်တဲ့အခါ Vaseline ကို အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဟာ ရာစုနှစ်များစွာကတည်းက အသုံးပြုလာတဲ့ ဆေးဖက်ဝင်တစ်မျိုးဖြစ်ပြီး ပျက်စီးသွားတဲ့ အရေးပြာကို အစားထိုးပြုပြင်ဖို့ အကောင်းဆုံး ပဲဖြစ်ပါတယ်။ အရေပြား ရောင်ရမ်းခြင်း၊ ညီညာမှုမရှိခြင်းကို ပျောင်းကင်းနိုင်ပြီး ပိုးသတ်ဆေးဂုဏ်သတ္တိပါဝင်တာကြောင့် ပျက်စီးသွားတဲ့ အရေပြားတွေပြန်လည်ပြုပြင်ဖို့ ကောင်းစွာ အသုံးချနိုင်ပါတယ်။ ဒါ့ကြောင့် ရှားစောင်းလက်ပတ်ဂျယ်လ်ကို သင်လိမ်းမဲ့ အသားအရေပျက်စီးတဲ့နေရာမှာ လိမ်းပြီး မိနစ် ၃၀လောက်ကြာရင် ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ကြိမ် လိမ်းပေးနိုင်ပါတယ်။ အမျိုးသမီးများ ဗိုက်ခွဲထားတဲ့ အမာရွတ်နဲ့ အခြားထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက် ကောင်းစွာ အသုံးပြုနိုင်ပါတယ်။

စန္ဒကူးဆီ၊ လာဗင်ဒါဆီ

အဆိုပါ ဆီ၂မျိုးဟာ ကော်လဂျင်ကို ပေါင်စပ်မြှင့်တင်ပေးပြီး ပိုးသတ်ဆေးဂုဏ်သတ္တိရှိပါတယ်။ အမာရွတ်၊ အရေပြားရောင်ရမ်းခြင်း၊ အနာသွေးထွက်ခြင်း၊ မျက်နှာပေါ်က အရေပြာညီညာမှုမရှိခြင်း စတဲ့ပြဿနာများကို ကောင်းစွာဖြေရှင်းပေးနိုင်ပါတယ်။ ပုံမှန်အရေပြားကို လိမ်းပေးပြီး နှိပ်နယ်ပေးခြင်းဖြင့် အသားအရေကို လှပစေပြီး ဘယ်အမာရွတ်မဆို ပျောက်ကင်းစေနိုင်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီဟာ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး ဘက်တီးရီးယားပိုးမွှာတွေကို ဆန့်ကျင်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ တစ်ရှူးတွေကို ပျော့ပြောင်းစေပါတယ်။ ထိခိုက်ဒဏ်ရာဖြစ်တဲ့ကာလအတွင်း ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက် ကြက်သွန်နီက ထုတ်လုပ်တဲ့ ဂျယ်ကို တစ်နေ့ ၃ကြိမ်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် မီးလောင်မှုကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေ၊ ခွဲစိတ်ဒဏ်ရာတွေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက် ကောင်းစွာအသုံးပြုနိုင်ပါတယ်။

ပန်းသီရှာလကာရည်+ပျားရည်

ပန်းသီးရှာလကာရည် နဲ့ ပျားရည်ဟာ ပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ သဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် ဝက်ခြံဖြစ်ပေါ်ပြီး ကျန်ရှိနေတဲ့ အမာရွတ်တွေ၊ မညီညာမှုတွေကို ပျောက်ကင်းစေ ပါတယ်။ ဒါ့ကြောင့် ပျားရည်နဲ့ ပန်းသီးရှာလကာရည်ကို ရောစပ်ပြီး ၁၀မိနစ်ကြာအောင်လိမ်းပေးပါ။ ပြီးမှ ရေဖြင့် သန့်စပ်ပေးလိုက်ပါ။

#Lifestyle_Myanmar

#Thar_Nage

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ပျားရည်ရဲ့ အံ့သြဖွယ်အကျိုးကျေးဇူး (၄)မျိုး

LEAVE A REPLY

Please enter your comment!
Please enter your name here