အမအကြီးဆုံးက သင့်ဘဝအတွက် အရေးအကြီးဆုံးသူတစ်ယောက် ဖြစ်နေရတဲ့ အကြောင်းရင်း ၁၀ ချက်

0
425

မိသားစုအတြင္းမွာ အႀကီးဆုံးအမေတြဟာ အမႀကီးေတာ့ အမိအရာဆိုသလိုပဲ မိသားစုအတြင္းမွာ အလိုလို တာဝန္ႀကီးႀကီး ယူထားရသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ဘဝတစ္ေလွ်ာက္လုံးအတြက္လည္း အေကာင္းဆုံးမိန္းကေလး ျဖစ္သလို အေကာင္းဆုံးသူငယ္ခ်င္းတစ္ေယာက္လိုလည္း
ရွိေနတတ္သူေတြ ျဖစ္ပါတယ္။ သင္သူမကို အႀကိမ္ေပါင္းမ်ားစြာ မုန္းဖူးပါလိမ့္မယ္။ ဒါေပမယ့္ သူမကေတာ့ သင့္ရဲ႕ေနာက္ေက်ာဖက္မွာ အၿမဲတမ္းရွိေနမယ့္သူျဖစ္ၿပီး သင္ဖက္ကအၿမဲရပ္တည္ေပးေနမယ့္ သူပါ။ သင့္ငယ္စဥ္အခ်ိန္က သင္အမက သင့္ကိုမၾကာခဏ ညႇင္းဆဲခ်င္ ညႇင္းဆဲဖူးပါလိမ့္မယ္။
ဒါေပမယ့္ သင့္အတြက္အၿမဲတမ္း အျပင္းထန္ဆုံး ကာကြယ္ေပးေနတဲ့သူတစ္ေယာက္ပါ။ သင့္ကိုမၾကာခဏ ငိုေအာင္လည္း လုပ္ခ်င္လုပ္ၿပီး အသုံးမက်သူတစ္ေယာက္အျဖစ္ ပုံေဖာ္ခ်င္ ပုံေဖာ္ႏိုင္ပါလိမ့္မယ္။ဒါေပမယ့္ သင္ဘယ္ေလာက္ပဲမုန္းမုန္း သင့္ကို ႁခြင္းခ်က္မရွိ ထာဝရခ်စ္ေနတဲ့ သူတစ္ေယာက္အျဖစ္ ယုံၾကည့္ရမယ့္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။
၁။ သူမဟာ သင့္ရဲ႕ပထမဆုံးနဲ႔ အရင္းႏွီးဆုံးသူငယ္ခ်င္းပါ
သင္သူမကို ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ သူမဟာသင့္ရဲ႕ပထမဆုံးနဲ႔ အရင္းႏွီးဆုံးမိတ္ေဆြ ဆိုတာကိုေတာ့ လက္ခံရမွာပါ။ သူမနဲ႔ျဖတ္သန္းခဲ့ရတဲ့ အခ်ိန္ေတြနဲ႔ အေတြ႕အႀကဳံေပါင္း မ်ားစြာဟာ အျခားသူေတြထက္ ပိုမ်ားၿပီး ေသြးရင္းလည္းျဖစ္တာေၾကာင့္ သင့္ဘဝအတြက္
အေရးအႀကီးဆုံးမိန္းကေလးတစ္ေယာက္ ျဖစ္ေနရတာပါ။

၂။ မိသားစုနဲ႔ အဆင္မေျပရင္ေတာင္မွ သူမကသင့္ကိုစာနာေပးႏိုင္သူတစ္ေယာက္ပါ
သင့္ရဲ႕မိဘေတြက သင့္အေပၚဘယ္ေလာက္ပဲ ဖိအားေတြေပးေပး သူမကသားသမီးတစ္ေယာက္အေနနဲ႔ေရာ သင့္ရဲ႕အမအေနနဲ႔ေရာ သင့္ကိုစာနာနားလည္ႏိုင္ၿပီး မိဘနဲ႔သင့္ၾကားမွာ အဆင္ေျပေအာင္ ေပါင္းကူးေပးေနသူျဖစ္ပါတယ္။

၃။ သူမကသင္နဲ႔ထပ္တူခံစားေပးတတ္သူျဖစ္ပါတယ္
သင့္မွာဘာကိစၥပဲရွိေနေန သူမကိုကြယ္ဝွက္ထားဖို႔ မလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူမကသင္နဲ႔ထပ္တူထပ္မွ် ခံစားေပးတတ္သူတစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။

၄။ သူမရဲ႕ ဗီဒိုဟာလည္း သင့္အပိုင္ပါ
သူလိုအပ္တဲ့အခါတိုင္း သူမရဲ႕ဗီ႐ိုကို ေမႊေႏွာက္ၿပီး ႀကိဳက္တာေတြ ယူဝတ္လို႔ရပါတယ္။ ဒီလိုသူ႔အဝတ္အစားေတြကို ဝတ္ခြင့္ေပးတာဟာ သင့္ရဲ႕အမျဖစ္ေနလို႔ပါပဲ။ သူမရဲ႕ကိုယ္ပိုင္အဝတ္အစားေတြနဲ႔ သင္ၾကည့္ေကာင္းေနတဲ့အခါ သူမစိတ္ထဲမွာ အလိုလိုႏွစ္သက္ေနေလ့ရွိပါတယ္။

၅။ အဖိုးတန္တဲ့ရႈေထာင့္ေတြကို ေျပာျပတတ္တယ္
သူမက သင္ထက္အသက္ပိုႀကီးတာေၾကာင့္ သင့္ထက္ပိုၿပီးအေတြ႕အႀကဳံမ်ားပါတယ္။ သင္နဲံသက္တူ႐ြယ္တူ ဘယ္သူဆီကမွ မရႏိုင္တဲ့ အဖိုးတန္တဲ့ရႈေထာင္အျမင္ေတြကို သူမကေပးပါလိမ့္မယ္။

၆။ အတူမေနေတာ့ရင္ေတာ့မွ သူမရဲ႕အိမ္ကသင့္ကိုအၿမဲႀကိဳဆိုလွ်က္ပါ
ႀကီးလာတဲ့တစ္ေယာက္တစ္ေနရာဆီ ကြဲကြာေရေပမယ့္ သူမရဲ႕အိမ္ကလည္း သင့္အိမ္လိုပဲ ျဖစ္ေနၿပီး သင့္ကိုအခ်ိန္မေ႐ြး ႀကိဳဆိုေနမယ့္သူ ျဖစ္ပါတယ္။ သင္အဆင္မေျပ ျဖစ္ေနတဲ့ အခ်ိန္တိုင္းမွာလည္း သူမဆီကေန ႏွစ္သိမ့္မႈကို အၿမဲတမ္းရွာေတြ႕ႏိုင္ပါတယ္။

၇။ သင့္အေပၚ အၿမဲတမ္းအမွန္အတိုင္း ဆက္ဆံေနမယ့္သူပါ
သင္နဲ႔ သင့္ရဲ႕ကိုယ္ပိုင္ခံစားခ်က္ေတြကို သူမကကာကြယ္ေပးဖို႔အတြက္ သင့္ကိုဘယ္ေတာ့မွ လိမ္ညာမွာမဟုတ္ပါဘူး။ သင္ေပ်ာ္႐ြင္ဖို႔အတြက္လည္း သင့္ကိုလွည္းဖ်ားမွာ မဟုတ္ပါဘူး။သင့္ရဲ႕အမႀကီးဟာ သင့္ဘဝအတြက္သူမရဲ႕ အခန္းကဏၰကို ေကာင္းေကာင္းနားလည္တဲ့သူတစ္ေယာက္ပါ။
တခါတေလမွာ သူမကိုယ္တိုင္ ဗီလိန္လိုမ်ိဳး အျဖစ္ခံမယ့္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္မၾကားခ်င္တဲ့ အမွန္တရားေတြကိုလည္း အမုန္းခံၿပီးေျပာတတ္ပါတယ္။

၈။ သင့္ရဲ႕အလားအလာေတြအတြက္ သူမေကာင္းေကာင္းသိတယ္
သင္ဘယ္ေလာက္ထိ ေကာင္းေကာင္းလုပ္ႏိုင္တယ္ ဆိုတာကို သူမကေကာင္းေကာင္းသိၿပီးေတာ့ သင့္ကိုအမ်ားဆုံးယုံၾကည္ထားသူတစ္ေယာက္ပါ။ သင့္ဘဝမွာေက်ာ္ျဖတ္ရမယ့္ အရာေတြကိုလည္း ႀကိဳတင္မွန္းဆႏိုင္ၿပီး သင္ဘယ္ေလာက္အထိေရာက္ေအာင္ ေကာင္းေကာင္းသြားႏိုင္လဲဆိုတာကအစ
သိရွိေနတဲ့သူျဖစ္ပါတယ္။

၉။ အေကာင္းဆုံးအႀကံဉာဏ္ကိုလည္း ေပးတတ္ပါတယ္
သူမက သင္ထက္စီနီယာျဖစ္တာေၾကာင့္ သင့္ထက္အတြ႕အႀကဳံနဲ႔ အသိပညာပိုမ်ားၿပီး အတိတ္မွာေတြ႕ႀကဳံရတာေတြကို ႏႈိင္းယွဥ္ၿပီးေတာ့ သင့္ကိုအေကာင္းဆုံးအႀကံဉာဏ္ေတြ ေပးတတ္ပါတယ္။

၁၀။ သူမကို အၿမဲမွီခိုခြင့္လည္း ေပးပါတယ္
သင္က single မဟုတ္လို႔ ဘာပဲျဖစ္ေနေန သင့္အမကို အမိေနရာမွာထားၿပီး အၿမဲတမ္းမွီခိုလို႔ရပါတယ္။ သင့္ဘဝမွာ ႀကဳံရတဲ့ ျပႆနာေတြ၊ နာက်င္မႈေတြကို သူမကအေကာင္းဆုံးေျဖသိမ့္ေပးႏိုင္ၿပီး သူမရဲ႕အရိပ္မွာ သင့္ကိုလုံၿခဳံေစပါလိမ့္မယ္။
Lifestyle_Myanmar

အမအကြီးဆုံးက သင့်ဘဝအတွက် အရေးအကြီးဆုံးသူတစ်ယောက် ဖြစ်နေရတဲ့ အကြောင်းရင်း ၁၀ ချက်
မိသားစုအတွင်းမှာ အကြီးဆုံးအမတွေဟာ အမကြီးတော့ အမိအရာဆိုသလိုပဲ မိသားစုအတွင်းမှာ အလိုလို တာဝန်ကြီးကြီး ယူထားရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ဘဝတစ်လျှောက်လုံးအတွက်လည်း အကောင်းဆုံးမိန်းကလေး ဖြစ်သလို အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လိုလည်း
ရှိနေတတ်သူတွေ ဖြစ်ပါတယ်။ သင်သူမကို အကြိမ်ပေါင်းများစွာ မုန်းဖူးပါလိမ့်မယ်။ ဒါပေမယ့် သူမကတော့ သင့်ရဲ့နောက်ကျောဖက်မှာ အမြဲတမ်းရှိနေမယ့်သူဖြစ်ပြီး သင်ဖက်ကအမြဲရပ်တည်ပေးနေမယ့် သူပါ။ သင့်ငယ်စဉ်အချိန်က သင်အမက သင့်ကိုမကြာခဏ ညှင်းဆဲချင် ညှင်းဆဲဖူးပါလိမ့်မယ်။
ဒါပေမယ့် သင့်အတွက်အမြဲတမ်း အပြင်းထန်ဆုံး ကာကွယ်ပေးနေတဲ့သူတစ်ယောက်ပါ။ သင့်ကိုမကြာခဏ ငိုအောင်လည်း လုပ်ချင်လုပ်ပြီး အသုံးမကျသူတစ်ယောက်အဖြစ် ပုံဖော်ချင် ပုံဖော်နိုင်ပါလိမ့်မယ်။ဒါပေမယ့် သင်ဘယ်လောက်ပဲမုန်းမုန်း သင့်ကို ခြွင်းချက်မရှိ ထာဝရချစ်နေတဲ့ သူတစ်ယောက်အဖြစ် ယုံကြည့်ရမယ့်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
၁။ သူမဟာ သင့်ရဲ့ပထမဆုံးနဲ့ အရင်းနှီးဆုံးသူငယ်ချင်းပါ
သင်သူမကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ သူမဟာသင့်ရဲ့ပထမဆုံးနဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဆိုတာကိုတော့ လက်ခံရမှာပါ။ သူမနဲ့ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေနဲ့ အတွေ့အကြုံပေါင်း များစွာဟာ အခြားသူတွေထက် ပိုများပြီး သွေးရင်းလည်းဖြစ်တာကြောင့် သင့်ဘဝအတွက်
အရေးအကြီးဆုံးမိန်းကလေးတစ်ယောက် ဖြစ်နေရတာပါ။

၂။ မိသားစုနဲ့ အဆင်မပြေရင်တောင်မှ သူမကသင့်ကိုစာနာပေးနိုင်သူတစ်ယောက်ပါ
သင့်ရဲ့မိဘတွေက သင့်အပေါ်ဘယ်လောက်ပဲ ဖိအားတွေပေးပေး သူမကသားသမီးတစ်ယောက်အနေနဲ့ရော သင့်ရဲ့အမအနေနဲ့ရော သင့်ကိုစာနာနားလည်နိုင်ပြီး မိဘနဲ့သင့်ကြားမှာ အဆင်ပြေအောင် ပေါင်းကူးပေးနေသူဖြစ်ပါတယ်။

၃။ သူမကသင်နဲ့ထပ်တူခံစားပေးတတ်သူဖြစ်ပါတယ်
သင့်မှာဘာကိစ္စပဲရှိနေနေ သူမကိုကွယ်ဝှက်ထားဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမကသင်နဲ့ထပ်တူထပ်မျှ ခံစားပေးတတ်သူတစ်ယောက် ဖြစ်နေလို့ပါပဲ။

၄။ သူမရဲ့ ဗီဒိုဟာလည်း သင့်အပိုင်ပါ
သူလိုအပ်တဲ့အခါတိုင်း သူမရဲ့ဗီရိုကို မွှေနှောက်ပြီး ကြိုက်တာတွေ ယူဝတ်လို့ရပါတယ်။ ဒီလိုသူ့အဝတ်အစားတွေကို ဝတ်ခွင့်ပေးတာဟာ သင့်ရဲ့အမဖြစ်နေလို့ပါပဲ။ သူမရဲ့ကိုယ်ပိုင်အဝတ်အစားတွေနဲ့ သင်ကြည့်ကောင်းနေတဲ့အခါ သူမစိတ်ထဲမှာ အလိုလိုနှစ်သက်နေလေ့ရှိပါတယ်။

၅။ အဖိုးတန်တဲ့ရှုထောင့်တွေကို ပြောပြတတ်တယ်
သူမက သင်ထက်အသက်ပိုကြီးတာကြောင့် သင့်ထက်ပိုပြီးအတွေ့အကြုံများပါတယ်။ သင်နဲံသက်တူရွယ်တူ ဘယ်သူဆီကမှ မရနိုင်တဲ့ အဖိုးတန်တဲ့ရှုထောင်အမြင်တွေကို သူမကပေးပါလိမ့်မယ်။

၆။ အတူမနေတော့ရင်တော့မှ သူမရဲ့အိမ်ကသင့်ကိုအမြဲကြိုဆိုလျှက်ပါ
ကြီးလာတဲ့တစ်ယောက်တစ်နေရာဆီ ကွဲကွာရေပေမယ့် သူမရဲ့အိမ်ကလည်း သင့်အိမ်လိုပဲ ဖြစ်နေပြီး သင့်ကိုအချိန်မရွေး ကြိုဆိုနေမယ့်သူ ဖြစ်ပါတယ်။ သင်အဆင်မပြေ ဖြစ်နေတဲ့ အချိန်တိုင်းမှာလည်း သူမဆီကနေ နှစ်သိမ့်မှုကို အမြဲတမ်းရှာတွေ့နိုင်ပါတယ်။

၇။ သင့်အပေါ် အမြဲတမ်းအမှန်အတိုင်း ဆက်ဆံနေမယ့်သူပါ
သင်နဲ့ သင့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို သူမကကာကွယ်ပေးဖို့အတွက် သင့်ကိုဘယ်တော့မှ လိမ်ညာမှာမဟုတ်ပါဘူး။ သင်ပျော်ရွင်ဖို့အတွက်လည်း သင့်ကိုလှည်းဖျားမှာ မဟုတ်ပါဘူး။သင့်ရဲ့အမကြီးဟာ သင့်ဘဝအတွက်သူမရဲ့ အခန်းကဏ္ဏကို ကောင်းကောင်းနားလည်တဲ့သူတစ်ယောက်ပါ။
တခါတလေမှာ သူမကိုယ်တိုင် ဗီလိန်လိုမျိုး အဖြစ်ခံမယ့်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်မကြားချင်တဲ့ အမှန်တရားတွေကိုလည်း အမုန်းခံပြီးပြောတတ်ပါတယ်။

၈။ သင့်ရဲ့အလားအလာတွေအတွက် သူမကောင်းကောင်းသိတယ်
သင်ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်တယ် ဆိုတာကို သူမကကောင်းကောင်းသိပြီးတော့ သင့်ကိုအများဆုံးယုံကြည်ထားသူတစ်ယောက်ပါ။ သင့်ဘဝမှာကျော်ဖြတ်ရမယ့် အရာတွေကိုလည်း ကြိုတင်မှန်းဆနိုင်ပြီး သင်ဘယ်လောက်အထိရောက်အောင် ကောင်းကောင်းသွားနိုင်လဲဆိုတာကအစ
သိရှိနေတဲ့သူဖြစ်ပါတယ်။

၉။ အကောင်းဆုံးအကြံဉာဏ်ကိုလည်း ပေးတတ်ပါတယ်
သူမက သင်ထက်စီနီယာဖြစ်တာကြောင့် သင့်ထက်အတွ့အကြုံနဲ့ အသိပညာပိုများပြီး အတိတ်မှာတွေ့ကြုံရတာတွေကို နှိုင်းယှဉ်ပြီးတော့ သင့်ကိုအကောင်းဆုံးအကြံဉာဏ်တွေ ပေးတတ်ပါတယ်။

၁၀။ သူမကို အမြဲမှီခိုခွင့်လည်း ပေးပါတယ်
သင်က single မဟုတ်လို့ ဘာပဲဖြစ်နေနေ သင့်အမကို အမိနေရာမှာထားပြီး အမြဲတမ်းမှီခိုလို့ရပါတယ်။ သင့်ဘဝမှာ ကြုံရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို သူမကအကောင်းဆုံးဖြေသိမ့်ပေးနိုင်ပြီး သူမရဲ့အရိပ်မှာ သင့်ကိုလုံခြုံစေပါလိမ့်မယ်။
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here