ဘယ်နယ်ပယ်မှာမဆို ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လိုအပ်မှု၊ ဖြစ်ဖို့က အရေးကြီးတဲ့အချက်တစ်ခုပါ။ သင့်မှာ ခေါင်းဆောင်ကောင်းရှိနေပြီဆိုရင် သင်ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ သင်ကိုယ်တိုင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့ရင်လည်း သင့်ရဲ့အသင်းအဖွဲ့ဟာ အမြဲအောင်မြင်မှုတွေကို ရရှိနိုင်ပါလိမ့်မယ်။ ဒီတော့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေရှိနေရမလဲ။
စိတ်ဓာတ်ကြံ့ခိုင်ပါ
ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အခြေအနေတစ်ခုမှာ သင့်စိတ်ဓာတ်က အောက်ခြေလွတ်မသွားဖို့လိုသလို၊ အခြေအနေဆိုးတစ်ခုကို ကြုံရတဲ့အချိန်မှာလည်း အလွယ်တကူ စိတ်ဓာတ်ပျက်စီးမသွားဖို့ အရေးကြီးပါတယ်။

ရဲရင့်တဲ့သတ္တိနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရှိပါ
မိသားစုကိစ္စမှာဖြစ်စေ၊ လုပ်ငန်းပိုင်းဆိုင်ရာမှာဖြစ်စေ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်တွေ ရှိလာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အရာရာကိုသေချာစွာ စဉ်းစားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ဖို့လိုပါတယ်။ အချိန်နဲ့တပြေးညီ ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ ရဲရင့်မှုမရှိပဲ တွေဝေနေခဲ့မယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်တော့ပါဘူး။

ဗဟုသုတကြွယ်ဝပါစေ
ခေါင်းဆောင်မှုစွမ်းရည်ထဲမှာ ဗဟုသုတကြွယ်ဝဖို့က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အရာရာကို တွေးခေါ်ဆင်ခြင်နိုင်ဖို့အတွက် ဗဟုသုတပြည့်ဝဖို့လိုပါတယ်။ ကိုယ့်မိသားစုတွေ၊ အဖွဲ့သားတွေကို အကောင်းဆုံးဦးဆောင်ပေးဖို့အတွက် သင့်မှာဗဟုသုတတွေ ရှိနေရပါမယ်။ ဗဟုသုတကြွယ်ဝတဲ့အခါ ဆုံးဖြတ်ချက်တွေကိုလည်း မှန်ကန်စွာ ချမှတ်နိုင်မှာပါ။

Lifestyle_Myanmar
ref-ccl