အဖေများနေ့မှာ ဖခင်ဖြစ်သူကိုယ်တိုင် သတ်ခဲ့မိတဲ့ ၂နှစ်အရွယ်ကလေးရဲ့ အဖြစ်ဆိုး

0
389
ကိုယ်တိုင်သတ်ဖြတ်မှု

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆေးရုံရဲ့ စစ်ဆေးချက်တွေနဲ့ ဖခင်တစ်ဦးဟာ သမီးဖြစ်သူကို ကိုယ်တိုင်သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၃၅နှစ်အရွယ် Teo Johnboy John ဆိုသူအမျိုးသားက သမီးဖြစ်သူ ၂နှစ်အရွယ်မိန်းကလေးကို ပြီးခဲ့တဲ့ အဖေများနေ့ ဇွန် ၁၆ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရတာပါ။ စင်္ကာပူနိုင်ငံ Sengkang ရှိ Rivervale Crescent, Block 163B မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အိပ်ခန်းထဲမှာ သမီးဖြစ်သူကို ဒဏ်ရာနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

-Advertisement-

တနင်္ဂနွေနေ့ ည ၁၀နာရီနဲ့ ၂၄ မိနစ်မှာ ရဲတွေကို အကူအညီတောင်းခံခဲ့တာကြောင့် ထိုနေအိမ်ကို ရဲအများအပြားရောက်ရှိလာပြီး အိပ်ခန်းထဲမှာ လဲလျောင်းနေတဲ့ ၂နှစ်အရွယ် Ashley Clare Teo အမည်ရှိ သမီးလေးကို တွေ့ရှိခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ အခင်းဖြစ်ပွားချိန်ဟာ ည ၇း၄၀ မှ ၁၁း၀၅ မိနစ်ကြားလောက်ရှိမယ်လို့ ယူဆကြပါတယ်။

တရားခံဟု စွဲချက်တင်ခံရသူ ဖခင်နဲ့ သမီးဖြစ်သူ နှစ်ဦးစလုံးကို Sengkang ရှိ အထွေထွေးဆေးရုံကြီးခေါ်ဆောင်သွားပေမဲ့ သမီးဖြစ်သူကတော့ ၁၂း၂၈ (နံနက်ပိုင်း) မှာ ဆုံးပါးသွားခဲ့ရပါတယ်။ Lianhe Wanbao သတင်းရဲ့ အဆိုအရ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူကို သတ်ဖို့အပြင် မိမိကိုယ် မိမိလည်း လည်ပင်းလှီးဖြတ်ပြီး အဆုံးစီးရင်ဖို့ ကြိုးစားထားတယ်လို့ ဆိုပါတယ်။ တရားခံဖြစ်သူ Teo ဟာ သူ့ရဲ့ ဇနီး Eileen နဲ့ ပြီးခဲ့တဲ့ မတ်လက တရားဝင် ကွာရှင်းပြတ်စဲထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ အဖေများနေ့မှာ Teo ဟာ သမီးဖြစ်သူနဲ့ အတူနေဖို့ တောင်းဆိုခဲ့တဲ့အတွက် Eileen က ၁နာရီနောက်ပိုင်း ကလေးနဲ့ အတူနေဖို့ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ Teo ဟာ စင်္ကာပူအခြေစိုက် NCS နိုင်ငံစုံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၅နှစ်ရှိပြီလို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ စင်္ကာပူ Polytechnic ကနေ စက်မှုအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ ရရှိထားသူတစ်ဦးပါ။ ဒါ့အပြင် ၂၀၁၆ခုနှစ်မှာလည်း ပုဂ္ဂလိကတက္ကသိုလ်ရဲ့ တိုက်ကွမ်ဒိုအဖွဲ့နည်းပြအဖြင့် စာရင်းဝင်ခဲ့ဖူးပါတယ်။

Teo ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့မှာ သမီးဖြစ်သူနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံကို Profile Picture အဖြင့် လိုင်းပေါ်တင်ခဲ့ပါသေးတယ်။ ဘာကြောင့် သတ်ဖြတ်မိတယ်ဆိုတာ တိတိကျကျ စုံစမ်းစစ်ဆေးမှုမရသေးဘဲ အမှုကိုတော့ ဇူလိုင်လ ၉ရက်နေ့ကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။ Teo ရဲ့ အမှုက လူသတ်မှုထင်ရှားတယ်ဆိုရင်တော့ သေဒဏ်ကျသင့်ဖို့ များတယ်လို့ ဆိုကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Source-todayonline

ကလေးငယ်တွေနဲ့ပတ်သက်ပြီး မိဘတွေဘက်က အတင်းအကျပ်တားဆီးလို့မရတဲ့ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ

Zawgyi Fonts

အေဖမ်ားေန႔မွာ ဖခင္ျဖစ္သူကိုယ္တိုင္ သတ္ခဲ့မိတဲ့ ၂ႏွစ္အရြယ္ကေလးရဲ့ အျဖစ္ဆိုး
ၿပီးခဲ့တဲ့ အဂၤါေန႔က ေဆး႐ုံရဲ့ စစ္ေဆးခ်က္ေတြနဲ႔ ဖခင္တစ္ဦးဟာ သမီးျဖစ္သူကို ကိုယ္တိုင္သတ္ျဖတ္မွုျဖစ္ပြားခဲ့တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ အသက္ ၃၅ႏွစ္အရြယ္ Teo Johnboy John ဆိုသူအမ်ိဳးသားက သမီးျဖစ္သူ ၂ႏွစ္အရြယ္မိန္းကေလးကို ၿပီးခဲ့တဲ့ အေဖမ်ားေန႔ ဇြန္ ၁၆ရက္ေန႔မွာ သတ္ျဖတ္ခဲ့တယ္လို႔ စြဲခ်က္တင္ခံခဲ့ရတာပါ။ စကၤာပူနိုင္ငံ Sengkang ရွိ Rivervale Crescent, Block 163B မွာ အခင္းျဖစ္ပြားခဲ့တာျဖစ္ၿပီး အိပ္ခန္းထဲမွာ သမီးျဖစ္သူကို ဒဏ္ရာနဲ႔ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ ည ၁၀နာရီနဲ႔ ၂၄ မိနစ္မွာ ရဲေတြကို အကူအညီေတာင္းခံခဲ့တာေၾကာင့္ ထိုေနအိမ္ကို ရဲအမ်ားအျပားေရာက္ရွိလာၿပီး အိပ္ခန္းထဲမွာ လဲေလ်ာင္းေနတဲ့ ၂ႏွစ္အရြယ္ Ashley Clare Teo အမည္ရွိ သမီးေလးကို ေတြ႕ရွိခဲ့ရပါတယ္။ စုံစမ္းစစ္ေဆးခ်က္ေတြအရ အခင္းျဖစ္ပြားခ်ိန္ဟာ ည ၇း၄၀ မွ ၁၁း၀၅ မိနစ္ၾကားေလာက္ရွိမယ္လို႔ ယူဆၾကပါတယ္။

တရားခံဟု စြဲခ်က္တင္ခံရသူ ဖခင္နဲ႔ သမီးျဖစ္သူ ႏွစ္ဦးစလုံးကို Sengkang ရွိ အေထြေထြးေဆး႐ုံႀကီးေခၚေဆာင္သြားေပမဲ့ သမီးျဖစ္သူကေတာ့ ၁၂း၂၈ (နံနက္ပိုင္း) မွာ ဆုံးပါးသြားခဲ့ရပါတယ္။ Lianhe Wanbao သတင္းရဲ့ အဆိုအရ ဖခင္ျဖစ္သူဟာ သမီးျဖစ္သူကို သတ္ဖို႔အျပင္ မိမိကိုယ္ မိမိလည္း လည္ပင္းလွီးျဖတ္ၿပီး အဆုံးစီးရင္ဖို႔ ႀကိဳးစားထားတယ္လို႔ ဆိုပါတယ္။ တရားခံျဖစ္သူ Teo ဟာ သူ႔ရဲ့ ဇနီး Eileen နဲ႔ ၿပီးခဲ့တဲ့ မတ္လက တရားဝင္ ကြာရွင္းျပတ္စဲထားတာျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ အေဖမ်ားေန႔မွာ Teo ဟာ သမီးျဖစ္သူနဲ႔ အတူေနဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ Eileen က ၁နာရီေနာက္ပိုင္း ကေလးနဲ႔ အတူေနဖို႔ ခြင့္ျပဳေပးလိုက္တာျဖစ္ပါတယ္။ Teo ဟာ စကၤာပူအေျခစိုက္ NCS နိုင္ငံစုံ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာကုမၸဏီမွာ အလုပ္လုပ္ေနတာ ၅ႏွစ္ရွိၿပီလို႔ သိရပါတယ္။ ၂၀၀၉ ခုႏွစ္မွာ စကၤာပူ Polytechnic ကေန စက္မွုအင္ဂ်င္နီယာ ဒီပလိုမာဘြဲ႕ ရရွိထားသူတစ္ဦးပါ။ ဒါ့အျပင္ ၂၀၁၆ခုႏွစ္မွာလည္း ပုဂၢလိကတကၠသိုလ္ရဲ့ တိုက္ကြမ္ဒိုအဖြဲ႕နည္းျပအျဖင့္ စာရင္းဝင္ခဲ့ဖူးပါတယ္။

Teo ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၄ရက္ေန႔မွာ သမီးျဖစ္သူနဲ႔အတူရိုက္ထားတဲ့ ဓာတ္ပုံကို Profile Picture အျဖင့္ လိုင္းေပၚတင္ခဲ့ပါေသးတယ္။ ဘာေၾကာင့္ သတ္ျဖတ္မိတယ္ဆိုတာ တိတိက်က် စုံစမ္းစစ္ေဆးမွုမရေသးဘဲ အမွုကိုေတာ့ ဇူလိုင္လ ၉ရက္ေန႔ကို ေရႊ႕ဆိုင္းထားခဲ့ပါတယ္။ Teo ရဲ့ အမွုက လူသတ္မွုထင္ရွားတယ္ဆိုရင္ေတာ့ ေသဒဏ္က်သင့္ဖို႔ မ်ားတယ္လို႔ ဆိုၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here