အဖေနဲ့အဖွားကွယ်လွန်ပြီးနောက် တစ်ယောက်တည်းစိုက်ပျိုးရေးလုပ်ပြီး ဘဝကိုရင်ဆိုင်နေတဲ့ ၁၀နှစ်အရွယ်ကလေး

0
825
- Advertisement -

Khuyen ဟာအဖွားဖြစ်သူနဲ့အတူ ဗီယမ်နမ်နိုင်ငံက ဝေးသီခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ပြီး အဖေဖြစ်သူကတော့ အခြားမြို့လေးတစ်ခုမှာ ဆောက်လုပ်ရေးလုပ်သားတစ်ယောက် ဖြစ်ပါတယ်။ Khuyen ဟာအဖေဖြစ်သူပင်ပင်ပန်းပန်း ရှာဖွေတဲ့ငွေကြေးအထောက်အပံ့ကို အမြဲတမ်းတန်ဖိုးထားတတ်ပြီးတော့ ကျောင်းမှာဆိုရင်လည်း စာကြိုးစားပြီး လိမ္မာရေးခြားရှိသူတစ်ယောက်ပါ။ ဒါပေမယ့် လိမ္မာရေးခြားရှိတဲ့ ကလေးလေး Khuyen အတွက် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။

-Advertisement-

တစ်နေ့မှာတော့ အလုပ်မှာမတော်တဆထိခိုက်မှုနဲ့ အဖေဖြစ်သူဆုံးသွားခဲ့ပြီး သတင်းကြားကြားခြင်းမှာပဲ အဖွားဖြစ်သူဟာလည်း သားစိတ်နဲ့ပဲ စိတ်ထိခိုက်ပြီး ကွယ်လွန်ခဲ့ရပါတယ်။ သူ့ဘဝအတွက် အရေးအပါဆုံးသူတွေဖြစ်တဲ့ အဖေနဲ့ အဖွားမရှိတော့တာကြောင့် Khuyen ဟာအရွယ်နဲ့အလိုက်အောင် စိတ်ထိခိုက်ခဲ့ရပေမယ့် သူဟာပျော့ညံ့တဲ့ ကလေးတစ်ယောက်တော့မဟုတ်ပါဘူး။ သူတစ်ယောက်တည်း ဘဝကိုရင်ဆိုင်ဖြတ်သန်းမယ်ဆိုတဲ့ သတ္တိနဲ့ပဲ စိုက်ပျိုးရေးအလုပ်ကို တစ်ယောက်တည်းလုပ်ခဲ့ပါတယ်။

အလုပ်ကဘယ်လောက်ပဲပင်ပန်းပါစေ Khuyen လေးကတော့ ကျောင်းကိုတစ်ရက်မှ မပျက်စေပဲ ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ စာကိုကြိုးစားနေပါတယ်။ သူနေထိုင်တဲ့ ပြည်နယ်အစိုးရက သူ့ဘဝရှေ့ရေးအတွက် မွေးစားမိဘတွေ ရှာပေးပေမယ့် သူကလက်မခံပဲ တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

တကယ့်ကို အာဂကလေးတစ်ယောက်ပါပဲ။ သူ့အဖေရဲ့ အလောင်းကို အိမ်ပြန်သယ်ဖို့အတွက် သူ့ရဲ့ကျောင်းကဆရာတစ်ယောက်က ကူညီပေးခဲ့ပြီး သူ့အဖေရဲ့အလောင်းကို သူနေထိုင်တဲ့ရွာမှာပဲ သူစုထားတဲ့ငွေတွေကို အသုံးချပြီး သဂြိုလ်ပေးခဲ့ပါတယ်။

Khuyen ရဲ့ဆရာက သူ့ဘဝအကြောင်းကို ဆိုရှယ်မီဒီယာမှာ တင်လိုက်တဲ့ အခါမှာတော့ မွေးစားချင်တဲ့မိဘတွေ အများကြီး ဆက်သွယ်လာကြပေမယ့် ရဲရင့်တဲ့ ၁၀နှစ်အရွယ် Khuyen လေးကတော့ ဘဝရဲ့စိန်ခေါ်မှုတွေကို တစ်ယောက်တည်းရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

#LM_Naung_Naung

#Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here