အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူကို သင်ပေးထားသင့်တဲ့ ဘဝသင်ခန်းစာ (၈) ချက်
0
44
၃။ အချစ်အကြောင်းကို ယောက်ျားအချင်းချင်း ပြောဆိုပါ
၇။ ယောက်ျားလေးတွေ လုပ်လေ့ရှိတဲ့ အရာလေးတွေကို သင်ပေးပါ
၈။ ကိစ္စအဝဝအတွက်
LM_Naung_Naung
Lifestyle_Myanmar
source
ကလေးတစ်ယောက် ကြီးပြင်းဖို့အတွက် အမေဖြစ်သူဟာ အရေးအကြီးဆုံး အခန်းကဏ္ဏမှာ ရှိနေကြောင်း ပြောကြပါတယ်။ တကယ်လို့ ကလေးကသားယောကျ်ားလေးဆိုရင်တော့ စံပြပုဂ္ဂိုလ်ဖြစ်လာမယ့် အဖေဟာလည်း အရေးအကြီးဆုံးနေရာမှာ ရှိနေဖို့ လိုလာပါလိမ့်မယ်။ မိဘတွေဟာ ကလေးတိုင်းအတွက် လက်ဦးဆရာတွေ ဖြစ်ကြပါတယ်။ အဖေတွေကတော့ ကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့အတွက် ဘဝသင်ခန်းစာတွေကို ပို့ချပေးရမယ့်သူပါ။ ဒီလိုသင်ခန်းစာအများကြီးထဲကမှ ဘဝအတွက် အရေးအကြီးဆုံးဖြစ်တဲ့ သင်ခန်းစာ ၈ ခုအကြောင်းကို အသိပေးချင်ပါတယ်။
၁။ အနိုင်နဲ့ အရှုံးက ဘယ်လိုဆိုတာကို သေသေချာချာနားလည်အောင် သင်ကြားပေးပါ
ပြိုင်ပွဲတွေနဲ့ ကစားနည်းတွေမှာ အဖေဟာသားတွေအတွက် အကောင်းဆုံးကစားဖော်တစ်ယောက် ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက သားနဲ့ကစားရင် အရှုံးပေးတတ်ပြီး အနိုင်ရခြင်းရဲ့ အရသာကို ခံစားစေတတ်သူတစ်ယောက်ပါ။ ဒါ့အပြင့် ရှုံးနိမ့်တဲ့အချိန်မှာလည်း သားဖြစ်သူကို အားပေးပြီးနှစ်သိမ့်တတ်တဲ့ ပထမဆုံးသူတစ်ယောက် ဖြစ်သင့်ပါတယ်။ ဒီလိုရှုံးနိမ့်မှုတွေဟာ ရှက်စရာမကောင်းပဲ နောက်တစ်ကြိမ်ပြန်ကြိုးစားဖို့အတွက် သားဖြစ်သူကို ယုံကြည်ချက်တွေ ပြန်လည်သင်ကြားပေးပါ။
၂။ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့စိတ်ထားရှိအောင် သင်ကြားပေးပါ
အမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံဖို့အတွက် အဖေဟာ ပြည့်စုံတဲ့စံပြပုဂ္ဂိုလ် ဖြစ်သင့်ပါတယ်။ ကလေးရဲ့ငယ်ဘဝမှာတည်းက မိန်းကလေးတွေနဲ့ပတ်သတ်ပြီး လေးစားမှုမရှိတဲ့ စကားတွေအပြုအမူတွေကို ကလေးအား ဟာသအနေဖြင့်တောင် မသင်ကြားပေးသင့်ပါဘူး။ အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့ ရေးအကြီးဆုံးအရာတွေအားလုံးကို အဖေတွေက သင်ကြားပေးနိုင်ပါတယ်။
၃။ အချစ်အကြောင်းကို ယောကျ်ားအချင်းချင်း ပြောဆိုပါ
သားဖြစ်သူကို အချစ်ရဲ့အဓိပ္ပာယ်၊ အချစ်အကြောင်းနဲ့သက်ဆိုင်တဲ့ အရာတွေကို သင်ကြားပေးပါ။ ဒါဟာ အဖေတစ်ယောက်က သားတစ်ယောက်ကို ပေးသင့်တဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာပါပဲ။ လူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေ၊ အဖေ့ရဲ့ ဘဝအတွေအကြုံတွေကို ပြောပြခြင်းဟာ သားဖြစ်သူကို ယုံကြည်ချက်ရှိစွာနဲ့ ရှေ့ကိုလျှောက်လှမ်းဖို့ သတ္တိတွေရှိစေပါတယ်။ ဒီလိုစကားစမြည်ပြောခြင်းဟာ အဖေနဲ့သားရဲ့ နှောင်ကြိုးကို ပိုမိုခိုင်မာစေပါလိမ့်မယ်။
၄။ ဘယ်လိုပြန်လည်တိုက်ခိုက်ရမယ်ဆိုတာ သင်ပေးပါ
သားဖြစ်တဲ့သူကို strong ဖြစ်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ အဖေတွေရဲ့အရေးအကြီးဆုံး တာဝန်တစ်ခုပါ။ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ကိုယ့်ကိုယ့်ကို အားကိုးနိုင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ငယ်စဉ်တည်းက သင်ကြားထားပေးပါ။ ဘယ်လုအခြေအနေတွေမှာ မတိုက်ခိုက်သင့်ဘူးလဲ၊
ဘယ်လိုအချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့နဲ့ ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက် ပြန်လည်တိုက်ခိုက်ရမယ်ဆိုတာကို သေချာနားလည်ပါစေ။ အခြားသူတွေအပေါ် အနိုင်ကျင့်ခြင်းဟာ မတရားတဲ့အပြုအမူဖြစ်ကြောင်း အရာရာကိုတရားနည်းလမ်းကျကျသာ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်းတဲ့
အန္တရာယ်ကို ကြိုတင်ရိပ်မိစေဖို့ အတွေ့အကြုံတွေကို သင်ကြားပေးပါ။
၅။ ကမ္ဘာကြီးအပေါ် ကလေးရဲ့ကိုယ်ပိုင်အမြင်ရှိလာအောင် ကူညီပေးပါ
မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို အောင်မြင်တဲ့သူတွေပဲ ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်ခြင်းဟာ ကွဲပြားတဲ့ပုံစံတွေနဲ့ ရောက်ရှိလာတတ်ပါတယ်။ ဒီလိုအောင်မြင်မှုဆီ ချဉ်းကပ်ဖို့ နည်းလမ်းအသွယ်သွယ်ကို ကလေးနားလည်သင်ပြီး အဖေဖြစ်သူရဲ့ အကြံဉာဏ်ကို ရရှိဖို့အတွက် စိတ်လွတ်ကိုယ်လွတ် စကားပြောနိုင်ရပါမယ်။
၆။ အတွေ့အကြုံအသစ်တွေနဲ့ ကလေးကိုအမြဲတမ်းမိတ်ဆက်ပေးပါ
ကလေးတိုင်းဟာ အဖေနဲ့အမေကို ချစ်ပုံချင်း မတူညီကြပါဘူး။ သူတို့ငယ်စဥ်တည်းက အမေကနူးညံ့ပျော့ပျောင်းတဲ့ နည်းနဲ့ဂရုစိုက်လေ့ရှိကြပြီး အဖေတွေကတော့ အကြမ်းပတမ်းနည်းနဲ့ ချစ်လေ့ရှိပါတယ်။ ကလေးကိုဆွဲမြှောက်တာတွေ၊ ခြေထောက်ကနေ ဇောက်ထိုးဆွဲတာတွေ၊ ပုခုံးမှာတင်ပြီး
သွားတာတွေ လုပ်လေ့ရှိတာပါ။ ဒီလိုမတူညီတဲ့ အာရုံထိတွေမှုနဲ့ အတွေ့အကြုံတွေက ကလေးကြီးပြင်းမှုအတွက် အရေးကြီးပါတယ်။ သားယောကျ်ားလေးဖြစ်ရင်တော့ စွန့်စားမှု၊ စူးစမ်းမှုနဲ့ သတ္တိရှိစေဖို့ အဖေတွေရဲ့ ယခုလိုဂရုစိုက်မှုဟာ အရေးပါပါတယ်။
၇။ ယောကျ်ားလေးတွေ လုပ်လေ့ရှိတဲ့ အရာလေးတွေကို သင်ပေးပါ
ယောကျ်ားလေးတွေလုပ်လေ့ရှိကြတဲ့ အိမ်တွင်းအိမ်ပြင် ပြုပြင်မှုတွေ၊ တီတွင်မှုတွေနဲ့ လက်မှုတွေကို ကလေးအားရင်းနှီးအောင် အဖေဖြစ်သူက သင်ကြားပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက ယခုလိုပြင်ဆင်မှုတွေနဲ့ ကြီးပြင်းလာမှသာ မပျင်းရိတတ်သူ၊ အလုပ်ကိုစိတ်ဝင်စားသူ၊ ယောကျ်ားပီသပြီး တာဝန်ယူမှုရှိသူအဖြစ် ကြီးပြင်းလာစေမှာပါ။ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း အခြားသူတွေထက်အရည်အချင်းပြည့်ဝသူတွေ ဖြစ်လာပါလိမ့်မယ်။
၈။ ကိစ္စအဝဝအတွက်
ကိုယ့်ရဲ့အဝတ်အစားကို မီးပူတိုက်ပြီး စနစ်တကျဝတ်ဆင်တတ်ခြင်း၊ စတိုင်ကျကျနဲ့ သေသေသပ်သပ် ဝတ်ဆင်တတ်ခြင်း စတဲ့ကိစ္စလေးတွေကိုလည်း အဖေတွေကိုယ်တိုင် သင်ကြားပေးနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေးကို ဂရုစိုက်သုံးစွဲတာနဲ့ ကိုယ့်ဘာသာချက်ပြုတ်စားသောက်နိုင်အောင်လည်း သင်ကြားထားပေးသင့်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
source
LEAVE A REPLY
Please enter your comment!
Please enter your name here