အလုပ်တွေလည်း အချိန်မီမပြီးစီး အချိန်တွေကလည်း ဘယ်လိုကုန်ဆုံးလို့ ကုန်ဆုံးသွားမှန်းမသိဘူးလို့ လူတိုင်းလိုလိုက ညည်းတတ်ကြပါတယ်။ တကယ်ပဲ အချိန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြုန်းနေမိလဲဆိုတာ မသိဘူးလား။ ဘာ့ကြောင့် အချိန်တွေ ကုန်ဆုံးသွားရသလဲဆိုတာ ပြောပြပေးပါမယ်။
အရည်မရ အဖက်မရ စကားတွေ ပြောဆိုနေရင်း
လုပ်ရမယ့်အလုပ်တွေကိုမလုပ်ဘဲ အရည်မရအဖက်မရ စကားတွေပြောဆိုရင်း ကုန်ဆုံးသွားတာပါ။ ကိုယ့်အလုပ်ကိစ္စတွေ၊ ကိုယ့်အကြောင်းတွေကို စိတ်ဝင်စားရမယ့်အစား ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ် အာရုံကျပြောဆိုမိရင်း အချိန်တွေကုန်သွားပါတယ်။

ဂိမ်းကစားနေရင်း
နေ့နေ့ညည အားတိုင်းမအားတိုင်း ဂိမ်းဆော့ကြရင်းနဲ့ အချိန်တွေကုန်ဆုံးသွားပါတယ်။ အလုပ်လုပ်နေရင်တောင်မှ ဂိမ်းတွေဘယ်လိုအခြေအနေဖြစ်သွားပြီလဲလို့ စိတ်မဖြောင့်နိုင်ရလောက်အောင် ဂိမ်းထဲမှာနစ်မျောရင်း အချိန်တွေဖြုန်းလိုက်ကြပါတယ်။

အပျော်ကြူးရင်း
သူငယ်ချင်းတွေနဲ့ ဘားသွားမယ်၊ ကလပ်သွားမယ်၊ ဆိုင်ထိုင်မယ်၊ ဘောကန်မယ် စတဲ့ မယ်ပေါင်းများစွာ ပျော်စရာတွေကို အချိန်ပေးရင်းကုန်ဆုံးကြပါတယ်။ အပျော်တွေကြူးရင်း အချိန်တွေဘယ်လိုကုန်ဆုံးလို့ ကုန်ဆုံးသွားမှန်းတောင် မသိလိုက်ကြပါဘူး။

အင်တာနက်သုံးရင်း
အဆိုးဆုံးပါပဲ။ လက်ရှိအချိန်ထိတော့ အင်တာနက်က ကုရာနတ္ထိ ဆေးမရှိနိုင်အောင် ကလေးလူကြီး ကျားမ မရွေး စွဲလန်းနေကြပါတယ်။ နေ့နေ့ညည မသုံးရမနေနိုင်အောင် အင်တာနက်သုံးရင်း ဘဝရဲ့ အချိန်များစွာကို နှစ်မြှုပ်ပစ်လိုက်ကြပါတယ်။

Lifestyle_Myanmar
ref-forbes