အပြင်သွားခါနီးတိုင်း ဘာဝတ်ရမလဲဆိုတဲ့ ပြဿနာကို ကူညီပေးနိုင်တဲ့ အခြေခံ အဝတ်အစားများ

0
947

အပြင်သွားခါနီးတိုင်း မိန်းကလေးတိုင်း ကြုံရတဲ့ ပြဿနာတစ်ခုက ဘာဝတ်ရမလဲလို့ စဉ်းစားနေရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ မိန်းကလေးတိုင်းက အဝတ်ဗီဒိုထဲမှာ အဝတ်တွေပြည့်နေပေမယ့် အဝတ်အစားဝတ်ခါနီးတိုင်း ဘာဝတ်ရမလဲ၊ ဝတ်စရာလည်း မရှိဘူးလို့ ငြီးတတ်ကြပါတယ်နော်။ ကမ္ဘာပေါ်က အအောင်မြင်ဆုံးသူတစ်ချို့ဟာ နေ့တိုင်းတူညီတဲ့ ဝတ်စုံပဲဝတ်ဖို့ ရွေးချယ်တာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Michael Korsကတောင် သူ့အဝတ်အစားတွေနဲ့ ပတ်သတ်လာတဲ့အခါ ယူနီဖောင်းတစ်စုံလိုပဲ စွဲစွဲမြဲမြဲဝတ်ရတာကို နှစ်သက်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။ မိန်းကလေးတိုင်းက အလှအပကြိုက်တဲ့သူတွေဆိုတော့ တစ်မျိုးတည်းတော့ ဘယ်ဝတ်ချင်ပါ့မလဲနော်၊ ဒါ့ကြောင့် ပျိုမေတို့ရဲ့နေ့စဉ် ဘာဝတ်ရမလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်နော်။

-Advertisement-

၁။ Skinny jeans

Skinny jeans ဘယ်တော့မှမရိုးတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒီလိုဂျင်းတွေကို ဝယ်တဲ့အခါ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ်ဖြစ်ပြီး သက်တောင့်သက်သာဖြစ်မယ့်ဟာမျိုးကို သေချာရွေးချယ်ဖို့ လိုပါတယ်။ အရောင်အမျိုးမျိုးရှိသလို စျေးနှုန်းတွေလည်း မတူကြပါဘူး။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်မယ်ဆိုရင် Skinny jeans တွေကို sneakers ဖိနပ်ရယ်၊ ဘယ်တီရှပ်ရယ်မဆို အလွယ်တကူ ပေါင်းစပ်နိုင်ပါတယ်။ night out ထွက်ဖို့ စတိုင်ကျကျဝတ်မယ်ဆိုရင်တော့ ဒေါက်ဖိနပ်ရယ်၊ blazer တစ်ထည်ရယ် တွဲဝတ်နိုင်ပါတယ်။
Skinny jeans တွေဝတ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိစေပါတယ်။ ပိုပြီးစတိုင်ကျချင်ရင်တော့ ရှပ်အင်္ကျီကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ဖို့ ရွေးချယ်ပါ။

၂။ အနက်ရောင် ဂါဝန်

ဘယ်တော့မှ ရိုးမသွားတဲ့ အနက်ရောင်ဂါဝန်ကို ဒေါက်မြင့်ဖိနပ် သို့ ကြိုးသိုင်းဖိနပ်နှင့်အတူ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် ဝတ်ဆင်နိုင်ပါတယ်။ Kate Hudson လိုခန္ဓာကိုယ်ပုံစံကို ပေါ်လွင်ဖို့ bodycon style ဝတ်ဆင်နိုင်သလို၊ ခါးစပ်နေရာကနေ အောက်ပိုင်းကားသွားတဲ့ A-line ဒီဇိုင်းမျိုးကို ဝတ်ဆင်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့ဆိုရင်တော့ ချည်သားကို ရွေးချယ်သင့်ပြီး ဒင်နာပွဲတွေအတွက်ဆိုရင်တော့ လည်သာ၊ ဇာ သို့မဟုတ် ပိုးသားပိတ်ထည်လေးတွေ ရွေးချယ်ပါ။ အနက်ရောင်ဂါဝန်တစ်ထည်ရှိထားရင် အပေါ်အောက် လိုက်လား မလိုက်လား စဉ်းစားစရာမလိုသလို အလွယ်တကူကောက်ဝတ်သွားလို့ ရပါတယ်။

၃။ အဖြူရောင် ရှပ်အင်္ကျီ

ရိုးရှင်းတဲ့ ရှပ်အဖြူရောင်တစ်ထည်က ဘာဝတ်ရမလဲဆိုတဲ့ အခြေအနေကို ကယ်တင်နိုင်ပါတယ်နော်။ ဂျင်းဘောင်းဘီ၊ စကတ်ဖြင့် တွဲဝတ်နိုင်ပြီး လက်ဝတ်ရတနာ၊ ဘယ်ဖိနပ်အမျိုးအစားနှင့်မဆို ပေါင်းစပ်နိုင်ပါတယ်။ Alexa Chung ဝတ်သလို ဒေါက်မြင့်ဖိနပ်နှင့် စကတ်အတို သို့မဟုတ် ဘောင်းဘီရှည်နဲ့ အပေါ်က ဆွယ်တာတစ်ထပ်နှင့်အတူ ဝတ်ဆင်လို့ရပါတယ်။
အဖြူရောင်ရှပ်အင်္ကျီက မိန်းကလေးတိုင်းရဲ့ အဝတ်ဗီဒိုထဲမှာ တစ်ထည်လောက်တော့ ရှိထားသင့်ပါတယ်။ Jennifer Lawrence ဝတ်သလို ပိုးသားစကတ်တစ်ထည်၊ ရှပ်အင်္ကျီအဖြူတစ်ထည်ကို ဒေါက်မြင့်ဖိနပ်နှင့် တွဲဝတ်နိုင်ပါတယ်။

၄။ ဂျင်းဂျာကင်

ဂျင်းဂျာကင်တစ်ထည်က ပေါ့ပေါ့ပါးပါးစတိုင် ကြိုက်တဲ့သူတွေအတွက် အမြဲတမ်း မရှိမဖြစ်ပါ။ classic jean color ကိုရွေးချယ်ပြီး သင်ကြိုက်တဲ့ ဘယ်အရောင်နှင့်မဆို ရောဝတ်လို့ရပါတယ်။ ရှပ်တစ်ထည်၊ legging ဘောင်းဘီ တစ်ထည်နှင့်အတူ နွေ၊ မိုး၊ ဆောင်း ဘယ်အချိန်ဖြစ်ဖြစ် ဝတ်လို့ရပါတယ်။
ရီဟားနားလို street look ဒီဇိုင်းဖန်တီးဖို့ ဟူဒီတစ်ထည်နှင့်အတူ ပေါင်းစပ်ဝတ်ဆင်နိုင်ပါတယ်။ ကေတီဟုမ်းစ်ဝတ်သလို ရှပ်အင်္ကျီတစ်ထည်နှင့် ဂျင်းအပြာတစ်ထည်ကို ပေါင်းစပ်ပြီး ဝတ်ကြည့်ပါ။

၅။ အနက်ရောင် ဒေါက်ဖိနပ်

ဒေါက်မြင့်ဖိနပ် အမျိုးအစား မဟုတ်ရင်တောင် အနက်ရောင်ရှုးဖိနပ်တစ်စုံလောက် ဝယ်ထားတာက ဘယ်သွားသွား ဝတ်ဆင်လို့ရပါတယ်။ ဥပမာ- ရုံးမှာဆိုရင် သက်တောင့်သက်သာဖြစ်တဲ့ ရှုးဖိနပ်လေးတွေ အမြဲတမ်းဝတ်ဆင်နိုင်ပြီး သင့်အံဆွဲထဲမှာ client နဲ့သွားတွေ့ဖို့အတွက် အနက်ရောင်ပန့်တစ်ရံတော့ ရှိရပါမယ်။ black pump တွေက တီရှပ်+ဂျင်းတစ်စုံ (သို့ ) ဘယ်အဝတ်အစား နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ ဂျနီဖာဂါနာ ဝတ်ထားသလို အနက်ရောင် ဒေါက်ဖိနပ်တရံကို ဘောင်းဘီအနက်၊ ဘလောက်အနက်ဖြင့် တွဲဝတ်လို့ရပါတယ်။

၆။ အဖြူရောင် sneaker

sneaker တစ်စုံတော့ သင့်ဖိနပ်စင်ပေါ်မှာ ရှိထားသင့်ပါတယ်။ အဖြူရောင် sneaker က အထူးသဖြင့် သင့်ကို စတိုင်ကျပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ စကတ်၊ ဂါဝန်လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

၇။ monochromatic တီရှပ်များ

လုံးစွပ်တီရှပ်လေးတွေက ဘာနဲ့ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင် ၊ အပြာရောင် တီရှပ်တစ်ထည်ကို ဂျင်းဘောင်းဘီတွေ၊ leggingတွေ၊ စကတ်တွေနှင့်အတူ ဝတ်ဆင်နိုင်သလို ထမီနှင့်လည်း ဝတ်ဆင်လို့ လိုက်ပါတယ်။ ဒီလုံးစွပ်တီရှပ်လေးတွေက စျေးသက်သာတာကြောင့် ရောင်စုံဝယ်ထားရင် သင့်အတွက် အဆင်ပြေမှာပါနော်။

၈။ အနက်ရောင် ဘောင်းဘီ

ဂျင်းတစ်စုံ လိုအပ်သလိုပဲ အနက်ရောင် ဘောင်းဘီတွေက ဘယ်အဝတ်အစား၊ ဘယ်အရောင်နှင့်မဆို လိုက်ဖက်တာကြောင့် အဝတ်ဗီဒိုထဲမှာ ရှိထားသင့်ပါတယ်။ slim-fitting ပုံစံ၊ cropped ပုံစံ သို့မဟုတ် high-waisted တစ်စုံကို ရွေးချယ်နိုင်ပါတယ်။ အလုပ်အင်တာဗျူးသွားတဲ့အခါ အနက်ရောင် ဘောင်းဘီရှည်က သင့်အတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အျပင္သြားခါနီးတိုင္း ဘာဝတ္ရမလဲဆိုတဲ့ ျပႆနာကို ကူညီေပးႏိုင္တဲ့ အေျခခံ အဝတ္အစားမ်ား
အျပင္သြားခါနီးတိုင္း မိန္းကေလးတိုင္း ႀကဳံရတဲ့ ျပႆနာတစ္ခုက ဘာဝတ္ရမလဲလို႔ စဥ္းစားေနရတဲ့ ျပႆနာပဲျဖစ္ပါတယ္။ မိန္းကေလးတိုင္းက အဝတ္ဗီဒိုထဲမွာ အဝတ္ေတြျပည့္ေနေပမယ့္ အဝတ္အစားဝတ္ခါနီးတိုင္း ဘာဝတ္ရမလဲ၊ ဝတ္စရာလည္း မရွိဘူးလို႔ ၿငီးတတ္ၾကပါတယ္ေနာ္။ ကမာၻေပၚက အေအာင္ျမင္ဆုံးသူတစ္ခ်ိဳ႕ဟာ ေန႔တိုင္းတူညီတဲ့ ဝတ္စုံပဲဝတ္ဖို႔ ေ႐ြးခ်ယ္တာက တိုက္ဆိုင္မႈတစ္ခု မဟုတ္ပါဘူး။ နာမည္ႀကီး ဖက္ရွင္ဒီဇိုင္နာ Michael Korsကေတာင္ သူ႔အဝတ္အစားေတြနဲ႔ ပတ္သတ္လာတဲ့အခါ ယူနီေဖာင္းတစ္စုံလိုပဲ စြဲစြဲၿမဲၿမဲဝတ္ရတာကို ႏွစ္သက္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာထားပါတယ္။ မိန္းကေလးတိုင္းက အလွအပႀကိဳက္တဲ့သူေတြဆိုေတာ့ တစ္မ်ိဳးတည္းေတာ့ ဘယ္ဝတ္ခ်င္ပါ့မလဲေနာ္၊ ဒါ့ေၾကာင့္ ပ်ိဳေမတို႔ရဲ႕ေန႔စဥ္ ဘာဝတ္ရမလဲဆိုတဲ့ ျပႆနာကို ေျဖရွင္းေပးႏိုင္လိမ့္မယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးပါမယ္ေနာ္။

၁။ Skinny jeans

Skinny jeans ဘယ္ေတာ့မွမ႐ိုးတဲ့ ဖက္ရွင္ျဖစ္ပါတယ္။ ဒီလိုဂ်င္းေတြကို ဝယ္တဲ့အခါ ကိုယ္နဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္ျဖစ္ၿပီး သက္ေတာင့္သက္သာျဖစ္မယ့္ဟာမ်ိဳးကို ေသခ်ာေ႐ြးခ်ယ္ဖို႔ လိုပါတယ္။ အေရာင္အမ်ိဳးမ်ိဳးရွိသလို ေစ်းႏႈန္းေတြလည္း မတူၾကပါဘူး။ ေပါ့ေပါ့ပါးပါး ဝတ္ဆင္မယ္ဆိုရင္ Skinny jeans ေတြကို sneakers ဖိနပ္ရယ္၊ ဘယ္တီရွပ္ရယ္မဆို အလြယ္တကူ ေပါင္းစပ္ႏိုင္ပါတယ္။ night out ထြက္ဖို႔ စတိုင္က်က်ဝတ္မယ္ဆိုရင္ေတာ့ ေဒါက္ဖိနပ္ရယ္၊ blazer တစ္ထည္ရယ္ တြဲဝတ္ႏိုင္ပါတယ္။
Skinny jeans ေတြဝတ္တဲ့အခါ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရရွိေစပါတယ္။ ပိုၿပီးစတိုင္က်ခ်င္ရင္ေတာ့ ရွပ္အက်ႌကို ဂ်င္းေဘာင္းဘီထဲ ထည့္ဝတ္ဖို႔ ေ႐ြးခ်ယ္ပါ။

၂။ အနက္ေရာင္ ဂါဝန္

ဘယ္ေတာ့မွ ႐ိုးမသြားတဲ့ အနက္ေရာင္ဂါဝန္ကို ေဒါက္ျမင့္ဖိနပ္ သို႔ ႀကိဳးသိုင္းဖိနပ္ႏွင့္အတူ ဘယ္အခ်ိန္ျဖစ္ျဖစ္၊ ဘယ္ေနရာျဖစ္ျဖစ္ ဝတ္ဆင္ႏိုင္ပါတယ္။ Kate Hudson လိုခႏၶာကိုယ္ပုံစံကို ေပၚလြင္ဖို႔ bodycon style ဝတ္ဆင္ႏိုင္သလို၊ ခါးစပ္ေနရာကေန ေအာက္ပိုင္းကားသြားတဲ့ A-line ဒီဇိုင္းမ်ိဳးကို ဝတ္ဆင္ႏိုင္ပါတယ္။ ေပါ့ေပါ့ပါးပါးဝတ္ဆင္ဖို႔ဆိုရင္ေတာ့ ခ်ည္သားကို ေ႐ြးခ်ယ္သင့္ၿပီး ဒင္နာပြဲေတြအတြက္ဆိုရင္ေတာ့ လည္သာ၊ ဇာ သို႔မဟုတ္ ပိုးသားပိတ္ထည္ေလးေတြ ေ႐ြးခ်ယ္ပါ။ အနက္ေရာင္ဂါဝန္တစ္ထည္ရွိထားရင္ အေပၚေအာက္ လိုက္လား မလိုက္လား စဥ္းစားစရာမလိုသလို အလြယ္တကူေကာက္ဝတ္သြားလို႔ ရပါတယ္။

၃။ အျဖဴေရာင္ ရွပ္အက်ႌ

႐ိုးရွင္းတဲ့ ရွပ္အျဖဴေရာင္တစ္ထည္က ဘာဝတ္ရမလဲဆိုတဲ့ အေျခအေနကို ကယ္တင္ႏိုင္ပါတယ္ေနာ္။ ဂ်င္းေဘာင္းဘီ၊ စကတ္ျဖင့္ တြဲဝတ္ႏိုင္ၿပီး လက္ဝတ္ရတနာ၊ ဘယ္ဖိနပ္အမ်ိဳးအစားႏွင့္မဆို ေပါင္းစပ္ႏိုင္ပါတယ္။ Alexa Chung ဝတ္သလို ေဒါက္ျမင့္ဖိနပ္ႏွင့္ စကတ္အတို သို႔မဟုတ္ ေဘာင္းဘီရွည္နဲ႔ အေပၚက ဆြယ္တာတစ္ထပ္ႏွင့္အတူ ဝတ္ဆင္လို႔ရပါတယ္။
အျဖဴေရာင္ရွပ္အက်ႌက မိန္းကေလးတိုင္းရဲ႕ အဝတ္ဗီဒိုထဲမွာ တစ္ထည္ေလာက္ေတာ့ ရွိထားသင့္ပါတယ္။ Jennifer Lawrence ဝတ္သလို ပိုးသားစကတ္တစ္ထည္၊ ရွပ္အက်ႌအျဖဴတစ္ထည္ကို ေဒါက္ျမင့္ဖိနပ္ႏွင့္ တြဲဝတ္ႏိုင္ပါတယ္။

၄။ ဂ်င္းဂ်ာကင္

ဂ်င္းဂ်ာကင္တစ္ထည္က ေပါ့ေပါ့ပါးပါးစတိုင္ ႀကိဳက္တဲ့သူေတြအတြက္ အၿမဲတမ္း မရွိမျဖစ္ပါ။ classic jean color ကိုေ႐ြးခ်ယ္ၿပီး သင္ႀကိဳက္တဲ့ ဘယ္အေရာင္ႏွင့္မဆို ေရာဝတ္လို႔ရပါတယ္။ ရွပ္တစ္ထည္၊ legging ေဘာင္းဘီ တစ္ထည္ႏွင့္အတူ ေႏြ၊ မိုး၊ ေဆာင္း ဘယ္အခ်ိန္ျဖစ္ျဖစ္ ဝတ္လို႔ရပါတယ္။
ရီဟားနားလို street look ဒီဇိုင္းဖန္တီးဖို႔ ဟူဒီတစ္ထည္ႏွင့္အတူ ေပါင္းစပ္ဝတ္ဆင္ႏိုင္ပါတယ္။ ေကတီဟုမ္းစ္ဝတ္သလို ရွပ္အက်ႌတစ္ထည္ႏွင့္ ဂ်င္းအျပာတစ္ထည္ကို ေပါင္းစပ္ၿပီး ဝတ္ၾကည့္ပါ။

၅။ အနက္ေရာင္ ေဒါက္ဖိနပ္

ေဒါက္ျမင့္ဖိနပ္ အမ်ိဳးအစား မဟုတ္ရင္ေတာင္ အနက္ေရာင္ရႈးဖိနပ္တစ္စုံေလာက္ ဝယ္ထားတာက ဘယ္သြားသြား ဝတ္ဆင္လို႔ရပါတယ္။ ဥပမာ- ႐ုံးမွာဆိုရင္ သက္ေတာင့္သက္သာျဖစ္တဲ့ ရႈးဖိနပ္ေလးေတြ အၿမဲတမ္းဝတ္ဆင္ႏိုင္ၿပီး သင့္အံဆြဲထဲမွာ client နဲ႔သြားေတြ႕ဖို႔အတြက္ အနက္ေရာင္ပန္႔တစ္ရံေတာ့ ရွိရပါမယ္။ black pump ေတြက တီရွပ္+ဂ်င္းတစ္စုံ (သို႔ ) ဘယ္အဝတ္အစား နဲ႔ပဲျဖစ္ျဖစ္ လိုက္ဖက္ပါတယ္။ ဂ်နီဖာဂါနာ ဝတ္ထားသလို အနက္ေရာင္ ေဒါက္ဖိနပ္တရံကို ေဘာင္းဘီအနက္၊ ဘေလာက္အနက္ျဖင့္ တြဲဝတ္လို႔ရပါတယ္။

၆။ အျဖဴေရာင္ sneaker

sneaker တစ္စုံေတာ့ သင့္ဖိနပ္စင္ေပၚမွာ ရွိထားသင့္ပါတယ္။ အျဖဴေရာင္ sneaker က အထူးသျဖင့္ သင့္ကို စတိုင္က်ၿပီး သက္ေတာင့္သက္သာ ရွိေစပါတယ္။ ေဘာင္းဘီရွည္၊ ေဘာင္းဘီတို၊ စကတ္၊ ဂါဝန္ေလးေတြနဲ႔ တြဲဝတ္ႏိုင္ပါတယ္။

၇။ monochromatic တီရွပ္မ်ား

လုံးစြပ္တီရွပ္ေလးေတြက ဘာနဲ႔ျဖစ္ျဖစ္ လိုက္ဖက္ပါတယ္။ အျဖဴေရာင္၊ အနက္ေရာင္၊ မီးခိုးေရာင္ ၊ အျပာေရာင္ တီရွပ္တစ္ထည္ကို ဂ်င္းေဘာင္းဘီေတြ၊ leggingေတြ၊ စကတ္ေတြႏွင့္အတူ ဝတ္ဆင္ႏိုင္သလို ထမီႏွင့္လည္း ဝတ္ဆင္လို႔ လိုက္ပါတယ္။ ဒီလုံးစြပ္တီရွပ္ေလးေတြက ေစ်းသက္သာတာေၾကာင့္ ေရာင္စုံဝယ္ထားရင္ သင့္အတြက္ အဆင္ေျပမွာပါေနာ္။

၈။ အနက္ေရာင္ ေဘာင္းဘီ

ဂ်င္းတစ္စုံ လိုအပ္သလိုပဲ အနက္ေရာင္ ေဘာင္းဘီေတြက ဘယ္အဝတ္အစား၊ ဘယ္အေရာင္ႏွင့္မဆို လိုက္ဖက္တာေၾကာင့္ အဝတ္ဗီဒိုထဲမွာ ရွိထားသင့္ပါတယ္။ slim-fitting ပုံစံ၊ cropped ပုံစံ သို႔မဟုတ္ high-waisted တစ္စုံကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ အလုပ္အင္တာဗ်ဴးသြားတဲ့အခါ အနက္ေရာင္ ေဘာင္းဘီရွည္က သင့္အတြက္ ၿပီးျပည့္စုံတဲ့ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္ႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here