စာဖတ်သူတွေထဲမှာ အလုပ်အကိုင် ရှာလို့မရသေးရင်၊ အိမ်ထောင်ရေးအဆင်မပြေရင်၊ ဒါမှမဟုတ် ကျောင်းပြန်တက်လို့ရှိရင် ဘယ်လိုအကြောင်းကြောင့်မို့ဖြစ်ဖြစ် အပြင်မှာသွားနေဖို့၊ အဆောင်နေဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်မိဘနှင့်အတူနေတာလောက် ဘယ်အရာကမှ ကိုယ့်အတွက် ကောင်းကျိုးဖြစ်မလာနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်စေဖို့အတွက် မိဘတွေနဲ့အတူနေခြင်းရဲ့ အကျိုးကျေးဇူးတွေ မကုန်နိုင်မခန်းနိုင်အောင်ရှိတယ်ဆိုတာကို ပြောပြပေးလိုပါတယ်။
(၁) ပိုက်ဆံစုဖြစ်မယ်။

အိမ်မှာနေခြင်းအားဖြင့် ရရှိမယ့် အကြီးဆုံးသော အားသာချက်တစ်ခုကတော့ ပိုက်ဆံအများကြီး စုဖြစ်သွားတာပါ။ ကိုယ့်က အခုမှ ကျောင်းပြီးထားလို့ အလုပ်မရသေးတဲ့အခြေအနေမျိုးမှာ ကိုယ့်မှာ ဘာမှ သုံးစရာစွဲစရာတွေကလည်း မရှိတဲ့တဲ့အခြေအနေမျိုးမှာ အိမ်မှာနေတာဟာ တစ်နေ့တာတိုင်းအတွက် ဘာမှ ပူစရာမလိုအပ်တော့တဲ့အပြင် ရှာရမယ့်အလုပ်ကိုလည်း စိတ်အေးလက်အေး ရှာဖွေလို့ရပါတယ်။
(၂) အိမ်အလုပ်အားလုံးကို လုပ်စရာမလိုတော့ဘူး။

ကိုယ့်အဝတ်ကိုယ်လျှော်တာ၊ အိမ်သာသန့်ရှင်းရေးတွေလုပ်တာ၊ ရေတင်တာ၊ အိမ်သန့်ရှင်းရေးတွေလုပ်တာ တွေဟာ အိမ်မှာနေရင် တစ်နေ့တာ လုပ်သင့်တဲ့၊ လုပ်ရမယ့် အရတွေ ဖြစ်ပါတယ်။ အမေ့အိမ်မှာ နေတယ်ဆိုရင်တော့ ဒီအလုပ်တွေ အားလုံးလုပ်စရာမလိုတော့ဘဲနဲ့ သင့်ကိုယ်ပိုင် လုပ်ရမယ့်အရာလေးတွေကိုပဲ လုပ်ဖို့လိုအပ်တော့တာပါ။ ဒါဟာ သင့်ကိုယ်ပိုင်အိမ် ငှားနေတာထက်စာရင် အလုပ်များစွာ လျော့သွားစေတဲ့ အလုပ်တွေပါ။
(၃) စားဖို့သောက်ဖို့ စိတ်သောက ရောက်နေစရာ မလိုတော့ပါဘူး။

သင်ကျောင်းတက်ရင်း ပိုက်ဆံ ပျက်ဖူးတယ်မို့လား။ ပိုက်ဆံပျက်ရင် စပြီးစိတ်ပူနေရတာက နံနက်စာ ညစာပါ။ ဒီတော့ အိမ်မှာနေတယ်ဆိုရင်တော့ ဒါတွေကို လုံးလုံးပူစရာ မလိုတော့ပါဘူ။ အမေချက်တဲ့ အိမ်ထမင်း၊အိမ်ဟင်းတွေကို ကြိုက်တဲ့အချိန် ကြိုက်သလို ခူးခပ်စားသောက်နိုင်ပါတယ်။
(၄) မိသားစုစိတ်ဓာတ်အပြည့်ရှိခြင်း။

အဖေ့အိမ်မှာနေခြင်းအားဖြင့် သင်ဟာ အင်မတန် ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုစိတ်ဓာတ်ကို ရရှိမှာ ဖြစ်ပါတယ်။ ငယ်က ကြီးပြင်းလာခဲ့ရတာ မိဘအိမ်ဟာ ကိုယ့် လုံခြုံစိတ်ချစေတဲ့ ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်လို့ပါ။
(၅) အဖေနဲ့အမေကို ကူညီခွင့်ရခြင်း။

အိမ်မှာနေတဲ့သူတွေပဲ၊ နေခွင့်ရတဲ့သူတွေကပဲ ကိုယ့်အဖေအမေရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ဖို့ အခွင့်အရေး ရရှိကြတာပါ။ သူတို့တွေ အသက်ကြီးလာတဲ့အခါ၊ ဖျားနာနေမကောင်းတဲ့အခါ၊ ဈေးဝယ်ထွက်တဲ့အခါ စတဲ့အချိန်တွေမှာ ကိုယ့်အပြည့်အဝ ကူညီနိုင်ခွင့် ရတာလဲ သိပ်ကုသိုလ်ရတဲ့ အလုပ်တွေပါ။
#Lifestyle_Myanmar
#Thinzar
Ref- brightside