အပျင်းထူတဲ့မိန်းကလေးတိုင်း သဘောတွေ့မှာသေချာတဲ့ အလှအပထိန်းသိမ်းနည်းများ

0
55355

အလှအပဆိုတာ အမျိုးသားတွေရော အမျိုးသမီးတွေအတွက်ပါ အင်မတန်အရေးကြီးလို့ ယနေ့အချိန်မှာဆိုရင် ပိုက်ဆံအများကြီးအကုန်ကျခံပြီး၊ အချိန်တွေအများကြီးပေးပြီးတော့ ထိန်းသိမ်းနေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုသိပ်မသိသေးတာကတော့ ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေမလိုအပ်ဘဲနဲ့လည်း ပြီးပြည့်စုံတဲ့အသွင် ရရှိနိုင်သေးတယ်ဆိုတာပါပဲ။ အရေးကြီးတာက လူအများစုစမ်းသပ်ပြီးသားဖြစ်တဲ့ နည်းလမ်းကောင်းလေးတွေကို သိထားဖို့ပဲဖြစ်ပါတယ်။

-Advertisement-

မျက်ကွင်းညိုတာတွေအတွက် သခွားသီးရေခဲကပ်မယ်

မျက်နှာအသားအရေအတွက် ရေခဲကိုအကျိုးရှိရှိ အသုံးပြုနိုင်တယ်ဆိုတဲ့အကြောင်းကို ကြားဖူးကောင်းကြားဖူးလောက်မှာပါ။ ဒါပေမယ့် ဒီလိုပုံစံနဲ့ ရေခဲကိုတိုက်ရိုက်အသုံးပြုတဲ့ နည်းလမ်းမျိုးက အထိမခံတဲ့ အသားအရေမျိုးအတွက်ဆိုရင်တော့ ပြင်းထန်နိုင်ပါတယ်။ ပိုပြီးလုံခြုံတဲ့နည်းလမ်းတစ်ခုကတော့ သခွားသီးကိုအသုံးပြုခြင်းပါပဲ။

သခွားသီးကိုအခွံခွာ အတုံးလေးတွေတုံးကာ ကြိတ်စက်ထဲမှာ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့အတူ ရောကြိတ်လိုက်ပါ။ အနှစ်ဖြစ်သွားပြီဆိုရင် ရေခဲပုံစံခွက်ထဲထည့်ပြီးတော့ ရေခဲသေတ္တာထဲမှာ လေးငါးနာရီလောက် အေးခဲထားပါ။ ရေခဲတုံးလေးတွေ ဖြစ်သွားပြီဆိုရင်တော့ မျက်နှာတစ်ဝိုက် အထူးသဖြင့် မျက်လုံးတစ်ဝိုက်ကို ပွတ်သပ်ပြီး နှိပ်နယ်ပေးပါ။

ပျက်စီးနေတဲ့ဆံကေသာအတွက် ပျားရည်-အုန်းဆီပေါင်းတင်နည်း

ခန္ဓာကိုယ်၊ မျက်နှာ၊ လက်သည်းတို့လို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ အုန်းဆီဟာဆိုရင်လည်း ဆံကေသာမှာအသုံးပြုတာက ပိုပြီးအကျိုးဖြစ်စေပါတယ်။ ပျော့ပျောင်းနူးညံ့တဲ့ ပိုးသားလေးလို ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အုန်းဆီနဲ့ပျားရည်ကို အသုံးပြုပါ။

Cold-pressed အုန်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကို အိုးတစ်ခုထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲကို စက္ကန့် ၂၀ ထည့်ပါ။ ပြီးရင် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေပါ။ ထို့နောက် ရေစိုဆံပင်ပေါ်ကို ရလာတဲ့အနှစ်သုတ်လိမ်းပြီး မိနစ် ၄၀ လောက်ပေါင်းထားပါ။ အချိန်ပြည့်ပါက ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ တစ်ပတ်လျှင်တစ်ကြိမ် အသုံးပြုပေးပါက အံ့ဩစရာကောင်းတဲ့ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်။

ဆားဝက်ခြံတွေကို Vaseline နဲ့ဖယ်ရှားမယ်

နည်းလမ်းမျိုးစုံသုံးပေမယ့်လည်း နှာခေါင်းနဲ့မျက်နှာပေါ်က ဆားဝက်ခြံတွေက မပျောက်ဘူးဖြစ်နေပါသလား။ Vaseline ကို အသုံးပြုနိုင်ပါတယ်။ Vaseline ကို ခြောက်တဲ့အသားပေါ်မှာ တစ်လွှာလိမ်းပေးလိုက်ပြီး ပလတ်စတစ်နဲ့အုပ်ပေးလိုက်ပါ။ အဝတ်တစ်ခုယူပြီး ရေနွေးနွေးထဲနှစ်ကာ ရေတွေညှစ်ထုတ်၍ ပလတ်စတစ်ပေါ် တင်ပေးထားပါ။ အချိန်အနည်းငယ်ကြာပြီဆိုပါက အဝတ်နဲ့ပလတ်စတစ်ကိုဖယ်ပြီး ရေအေးနဲ့မျက်နှာသစ်၍ အသားအရေကိုသန့်စင်ကာ Moisturizing Lotion လူးပေးလိုက်ပါ။ နေ့တိုင်းတော့မလုပ်ပေးပါနဲ့။

အက်ကွဲရာတွေမရှိဘဲ နှုတ်ခမ်းနီလိမ်းနိုင်ဖို့

နှုတ်ခမ်းသားလေးကို ပိုပြီးဆွဲဆောင်မှုရှိစေဖို့ နှုတ်ခမ်းနီက ဆိုးကိုဆိုးပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ခြောက်သွေ့လွန်းလို့ နှုတ်ခမ်းမှာအက်ကွဲရာတွေရှိနေပါသလား။ ဒါဆိုရင် အစိုဓာတ်ဖြည့်တင်းဖို့ လိုအပ်နေပါပြီ။ အရောင်မပါတဲ့ Lip Balm လေးကို နှုတ်ခမ်းပေါ်လိမ်းလိုက်ပြီး စုပ်ယူသွားအောင်ခဏစောင့်ကာ ပုံမှန်သုံးနေကျ Wet Tissue လေးနဲ့ နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် Sponge ကိုအသုံးပြုကာ Lip Balm ကို နှုတ်ခမ်းပေါ်ထပ်လိမ်းပေးပြီး ဖောင်ဒေးရှင်းပါးပါးလေးနဲ့ ဖုံးပေးလိုက်ပါ။ နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကိုဆိုးနိုင်ပါပြီ။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi

အပ်င္းထူတဲ့မိန္းကေလးတိုင္း သေဘာေတြ႕မွာေသခ်ာတဲ့ အလွအပထိန္းသိမ္းနည္းမ်ား

အလွအပဆိုတာ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြအတြက္ပါ အင္မတန္အေရးႀကီးလို႔ ယေန႔အခ်ိန္မွာဆိုရင္ ပိုက္ဆံအမ်ားႀကီးအကုန္က်ခံၿပီး၊ အခ်ိန္ေတြအမ်ားႀကီးေပးၿပီးေတာ့ ထိန္းသိမ္းေနၾကရတာျဖစ္ပါတယ္။ ဒါေပမယ့္ လူအမ်ားစုသိပ္မသိေသးတာကေတာ့ ေဈးႀကီးေပးဝယ္ရတဲ့ အလွကုန္ပစၥည္းေတြမလိုအပ္ဘဲနဲ႔လည္း ၿပီးျပည့္စုံတဲ့အသြင္ ရရွိႏိုင္ေသးတယ္ဆိုတာပါပဲ။ အေရးႀကီးတာက လူအမ်ားစုစမ္းသပ္ၿပီးသားျဖစ္တဲ့ နည္းလမ္းေကာင္းေလးေတြကို သိထားဖို႔ပဲျဖစ္ပါတယ္။

မ်က္ကြင္းညိဳတာေတြအတြက္ သခြားသီးေရခဲကပ္မယ္

မ်က္ႏွာအသားအေရအတြက္ ေရခဲကိုအက်ိဳးရွိရွိ အသုံးျပဳႏိုင္တယ္ဆိုတဲ့အေၾကာင္းကို ၾကားဖူးေကာင္းၾကားဖူးေလာက္မွာပါ။ ဒါေပမယ့္ ဒီလိုပုံစံနဲ႔ ေရခဲကိုတိုက္႐ိုက္အသုံးျပဳတဲ့ နည္းလမ္းမ်ိဳးက အထိမခံတဲ့ အသားအေရမ်ိဳးအတြက္ဆိုရင္ေတာ့ ျပင္းထန္ႏိုင္ပါတယ္။ ပိုၿပီးလုံၿခဳံတဲ့နည္းလမ္းတစ္ခုကေတာ့ သခြားသီးကိုအသုံးျပဳျခင္းပါပဲ။

သခြားသီးကိုအခြံခြာ အတုံးေလးေတြတုံးကာ ႀကိတ္စက္ထဲမွာ ေရ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔အတူ ေရာႀကိတ္လိုက္ပါ။ အႏွစ္ျဖစ္သြားၿပီဆိုရင္ ေရခဲပုံစံခြက္ထဲထည့္ၿပီးေတာ့ ေရခဲေသတၱာထဲမွာ ေလးငါးနာရီေလာက္ ေအးခဲထားပါ။ ေရခဲတုံးေလးေတြ ျဖစ္သြားၿပီဆိုရင္ေတာ့ မ်က္ႏွာတစ္ဝိုက္ အထူးသျဖင့္ မ်က္လုံးတစ္ဝိုက္ကို ပြတ္သပ္ၿပီး ႏွိပ္နယ္ေပးပါ။

ပ်က္စီးေနတဲ့ဆံေကသာအတြက္ ပ်ားရည္-အုန္းဆီေပါင္းတင္နည္း

ခႏၶာကိုယ္၊ မ်က္ႏွာ၊ လက္သည္းတို႔လို အလွကုန္ပစၥည္းေတြမွာ ထည့္သြင္းအသုံးျပဳေလ့ရွိတဲ့ အုန္းဆီဟာဆိုရင္လည္း ဆံေကသာမွာအသုံးျပဳတာက ပိုၿပီးအက်ိဳးျဖစ္ေစပါတယ္။ ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ ပိုးသားေလးလို ဆံသားကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အုန္းဆီနဲ႔ပ်ားရည္ကို အသုံးျပဳပါ။

Cold-pressed အုန္းဆီ စားပြဲတင္ဇြန္း ၄ ဇြန္းကို အိုးတစ္ခုထဲထည့္ၿပီး မိုက္ခ႐ိုေဝ့ဖ္ထဲကို စကၠန႔္ ၂၀ ထည့္ပါ။ ၿပီးရင္ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ၿပီး ေမႊပါ။ ထို႔ေနာက္ ေရစိုဆံပင္ေပၚကို ရလာတဲ့အႏွစ္သုတ္လိမ္းၿပီး မိနစ္ ၄၀ ေလာက္ေပါင္းထားပါ။ အခ်ိန္ျပည့္ပါက ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်လိုက္ပါ။ တစ္ပတ္လွ်င္တစ္ႀကိမ္ အသုံးျပဳေပးပါက အံ့ဩစရာေကာင္းတဲ့ရလဒ္ေတြကို ရရွိမွာျဖစ္ပါတယ္။

ဆားဝက္ၿခံေတြကို Vaseline နဲ႔ဖယ္ရွားမယ္

နည္းလမ္းမ်ိဳးစုံသုံးေပမယ့္လည္း ႏွာေခါင္းနဲ႔မ်က္ႏွာေပၚက ဆားဝက္ၿခံေတြက မေပ်ာက္ဘူးျဖစ္ေနပါသလား။ Vaseline ကို အသုံးျပဳႏိုင္ပါတယ္။ Vaseline ကို ေျခာက္တဲ့အသားေပၚမွာ တစ္လႊာလိမ္းေပးလိုက္ၿပီး ပလတ္စတစ္နဲ႔အုပ္ေပးလိုက္ပါ။ အဝတ္တစ္ခုယူၿပီး ေရေႏြးေႏြးထဲႏွစ္ကာ ေရေတြညႇစ္ထုတ္၍ ပလတ္စတစ္ေပၚ တင္ေပးထားပါ။ အခ်ိန္အနည္းငယ္ၾကာၿပီဆိုပါက အဝတ္နဲ႔ပလတ္စတစ္ကိုဖယ္ၿပီး ေရေအးနဲ႔မ်က္ႏွာသစ္၍ အသားအေရကိုသန႔္စင္ကာ Moisturizing Lotion လူးေပးလိုက္ပါ။ ေန႔တိုင္းေတာ့မလုပ္ေပးပါနဲ႔။

အက္ကြဲရာေတြမရွိဘဲ ႏႈတ္ခမ္းနီလိမ္းႏိုင္ဖို႔

ႏႈတ္ခမ္းသားေလးကို ပိုၿပီးဆြဲေဆာင္မႈရွိေစဖို႔ ႏႈတ္ခမ္းနီက ဆိုးကိုဆိုးေပးသင့္ပါတယ္။ ဒါေပမယ့္လည္း ေျခာက္ေသြ႕လြန္းလို႔ ႏႈတ္ခမ္းမွာအက္ကြဲရာေတြရွိေနပါသလား။ ဒါဆိုရင္ အစိုဓာတ္ျဖည့္တင္းဖို႔ လိုအပ္ေနပါၿပီ။ အေရာင္မပါတဲ့ Lip Balm ေလးကို ႏႈတ္ခမ္းေပၚလိမ္းလိုက္ၿပီး စုပ္ယူသြားေအာင္ခဏေစာင့္ကာ ပုံမွန္သုံးေနက် Wet Tissue ေလးနဲ႔ ႏွိပ္နယ္ေပးလိုက္ပါ။ ၿပီးရင္ Sponge ကိုအသုံးျပဳကာ Lip Balm ကို ႏႈတ္ခမ္းေပၚထပ္လိမ္းေပးၿပီး ေဖာင္ေဒးရွင္းပါးပါးေလးနဲ႔ ဖုံးေပးလိုက္ပါ။ ေနာက္ဆုံးမွာေတာ့ ႏႈတ္ခမ္းနီကိုဆိုးႏိုင္ပါၿပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here