အပေးအယူ မျှတတဲ့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ဖို့ စောင့်ထိန်းရမဲ့ အပြုအမူအချို့

0
664
အိမ်ထောင်ရေးတစ်ခုတည်ဆောက်ဖို့ စောင့်ထိန်းရမဲ့အပြုအမူအချို့
အိမ်ထောင်ရေးတစ်ခုတည်ဆောက်ဖို့ စောင့်ထိန်းရမဲ့အပြုအမူအချို့

၁။ အိပ်ရာဝင်ချိန် ဖုန်းသုံးခြင်း

ညားခါစ စုံတွဲ ဒါမှမဟုတ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် နှစ်ယောက်အတူတူရှိနေတဲ့အချိန်မျိုးမှာ နှစ်ယောက်စလုံး ဖုန်းသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုအပြုအမူက သင့်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကိုပျက်ပြားစေတဲ့အပြင် တခါတလေမှ ပြဿနာတတ်တဲ့အဆင့်ထိဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးအတူတူရှိနေတဲ့အချိန်မျိုးမှာ သင်တို့ရဲ့ ကိုယ်ပိုင်ဟန်းဖုန်းတွေကို ပိတ်ထားတာမျိုး ဒါမှမဟုတ် အလွန်းဆုံး ၉နာရီလောက်ထိပဲအသုံးပြုတာမျိုးပြုလုပ်သင့်ပါတယ်။ အိမ်တစ်အိမ်မှာ အထိုင်ဖုန်းတစ်လုံးတော့ အမြဲရှိသင့်ပြီး သင်တို့ရဲ့ ကိုယ်ပိုင်ဖုန်းတွေ စက်ပိတ်ထားတဲ့အခါမျိုးမှာ အရေးကြီးကိစ္စရှိလာလျှင် ဆက်သွယ်နိုင်အောင် ဆောင်ထားသင့်ပါတယ်။

၂။ အလုပ်ကိစ္စကို ခဏမေ့ထားလိုက်ပါ။

နှစ်ဦးစုံတွေ့နေတဲ့အချိန်မျိုးမှာ စိတ်ဖိစီးစရာရှိတဲ့အလုပ်တွေကို ခဏမေ့ပျောက်ထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အဆိုပါ စိတ်ဖိစီးမှုတွေရှိတဲ့ ကိစ္စတွေက သင်တို့နှစ်ဦးဆုံတွေ့တဲ့အချိန်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ နှစ်ဦးသားဆုံတဲ့အချိန်မျိုးမှာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးသထက်ရင်းနှီးလာအောင်၊ စိတ်ခံစားမှုတွေ၊ ကြည်နူးမှုတွေပိုမိုရရှိနိုင်အောင်၊ ပင်ပန်းလာသမျှ အမောတွေကို ဖြေပျောက်ပေးနိုင်အောင် ဖန်တီးပေးတဲ့ အချိန်ဖြစ်တာကြောင့် အရမ်းကိုတန်းဖိုးရှိတယ်။ ဒီလိုအချိန်တွေကို စိတ်ရှုပ်စရာကောင်းတဲ့ ကိစ္စတွေနဲ့ ရောထွေးလိုက်ရင် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကိုလည်း လျော့နည်းစေပြီး သင့်ကိုလည်း စိတ်ပင်ပန်းမှုကို ပိုရစေပါတယ်။

၃။ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အိပ်ယာအတူတူဝင်ခြင်း။

ဇနီးနဲ့ ယောက်ျားက တစ်အိမ်ထဲမှာ အတူတူနေပေမဲ့ တစ်နေ့တာဖြတ်သန်ပုံခြင်းက တူခြင်မှတူညီပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွေရဲ့ တစ်နေ့တာအလုပ်၊ တစ်နေ့တာဖြတ်သန်းပုံခြင်းက မတူညီကြပါဘူး။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ပန်းခြင်း၊ စိတ်ဖိစီးခြင်းက ကွာခြားမှုရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်အိပ်ယာဝင်ချိန်လည်း မတူညီနိုင်တော့ပါဘူး။ ပင်ပန်းတဲ့အခါ စောစောအိပ်မယ်၊ အလုပ်ရှိလို့ မအိပ်သေးဘူး စတဲ့ မတူညီတဲ့အချက်တွေက ကြာလာတဲ့အခါမှာ သင့်တို့ရဲ့ ဆက်ဆံရေးကို မှေးမှိန်လာစေပါတယ်။ စိတ်ပညာရှင် Curt Smith ရဲ့အဆိုရ ညဘက်အိပ်ယာအတူတူဝင်ခြင်း၊ အတူတူ သွားတိုက်ခြင်း၊ အတူတူအိပ်ယာထခြင်း စတဲ့အပြုအမူတွေကသင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုမိုနွေးထွေးမှုရှိစေပါတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်နားလည်မှုပေးပြီး အိပ်ယာဝင်၊ အိပ်ယာထ စတဲ့အချိန်တွေကို ညှိယူဖို့လိုအပ်ပါတယ်။

၄။ နှလုံးသားခြင်း စကားပြောနိုင်အောင်ဖန်တီးခြင်း။

နှလုံးသားခြင်းစကားပြောတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ခံစားချက်တွေကို အာရုံစိုက်တာကိုဆိုလိုပါတယ်။ တစ်ခါတလေမှာ ပါးစပ်ကနေထုတ်ပြောတာထက် မျက်လုံး၊ အမူအရာ စတဲ့ Body language ကပိုပြီး ထိရောက်မှုရှိပါတယ်။ ဒါ့ကြောင့် နှစ်ဦးသားတွေ့တဲ့အချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက် စကားတွေအများကြီးပြောနေတာထက် ဂရုဏာသက်တဲ့အကြည့်မျိုး၊ ကြည်နူးမိတဲ့ခံစားမှုအမူအရာမျိုး၊ တစ်ယောက်ရဲ့မျက်နှာကိုတစ်ယောက်က မြင်လိုက်တာနဲ့အလိုလိုပျော်ရွှင်နေတာမျိုး စတဲ့ ခံစားမှုမျိုးကိုဖော်ပြတဲ့ body language မျိုးကို ဖန်တီးလိုက်ပါဒါက သင်တို့ရဲ့ဆက်ဆံရေးကို ပိုပြီး နွေးထွေးမှုကိုဖြစ်ပေါ်စေပါတယ်။

၅။ အိပ်ယာဝင်ချိန် ငြင်းခုန်ခြင်းမျိုးနဲ့ စကားအချေအတင်ပြောဆိုခြင်းရှောင်ကြဉ်ပါ။

စိတ်ပညာရှင် Curt Smith ကတော့ အိပ်ယာဝင်ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားရန်ဖြစ်ခြင်းကို မပြုလုပ်ဖို့ ဆိုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီပြဿနာလေးတစ်ခုက သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အပြင် ကျန်းမာရေးနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိိုမိုဖြစ်ပေါ်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဥပမာအားခြင့် အိပ်ခါးနီးမှ ပြဿနာဖြစ်တဲ့အခါ နှစ်ယောက်စလုံး အိပ်မရတာမျိုး၊ စိတ်ဓာတ်ကျတာမျိုး စတဲ့ ကျန်းမာရေးဆိုးကျိုးတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

၆။ ကလေးအတွက် သီးသန့်အိပ်ခန်းထားထားပေးပါ။

စိတ်ပညာရှင် Michael Viner Davis ရဲ့ အဆိုအရ သင့်ကလေးကို သီးသန့်အခန်းဖြင့် သိပ့်ဖို့ အကြုံပြုထားပါတယ်။ ကျွန်တော်တို့ မြန်နိုင်ငံမှာတော့ အများစုက မွေးခါစကနေ – ၁၀နှစ်လောက်ထိ ကလေးက မိဘနဲ့အတူတူအိပ်တာများပါတယ်။ အနောက်နိုင်ငံအများစုကတော့ ကလေးကို သီးသန့်ခွဲသိပ့်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမရှိတဲ့အတွက် သင်တို့နှစ်ဦးရဲ့ဆံဆက်ရေးကို ယခင်ကလိုပဲ ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

၇။ အိမ်မွေးတိရစ္ဆာန်များနဲ့အတူမအိပ်ပါနဲ့။

ယောကျ်ားလေးနဲ့ မိန်းကလေး ယှဉ်လိုက်လျှင် မိန်းကလေးအများစုက ပိုပြီး တိရစ္ဆာန်ချစ်တတ်ကြပါတယ်။ ဒါ့ကြောင့် တစ်ခါတလေမှာ ဒီအိမ်မွေးတိရစ္ဆာန်အပေါ်မှာ အာရုံပိုစိုက်ပြနေလျှင် သင့်ရဲ့ လက်တွဲဖော်က စိတ်ကျေမယ်မထင်ပါဘူး။ အထူးသဖြင့် အိပ်ယာဝင်တဲ့အချိန်မျိုးမှာ အိမ်မွေးတိရစ္ဆာန်ကို အိပ်ခန်းထဲ ခေါ်သိပ့်ခြင်း၊ ဂရုစိုက်ခြင်းစတဲ့ အပြုအမူတွေက နှစ်ဦးသားဆက်ဆံရေးကို ပျက်ပြားစေတဲ့ ပြဿနာအစဖြစ်ပါတယ်။ Kansas ပြည်နယ်ရှိ သုတေသနတက္ကသိုလ်ရဲ့အဆိုအရ အိမ်မွေးတိရစ္ဆာန်ဖြင့်အတူတူအိပ်စက်သူ ၆၃% ဟာ အိပ်စက်မှုလုံလုံလောက်လောက်မရှိစေဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ဒီလိုအပြုအမူတွေက သင့်အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်မှုမရှိဘူးလို့ ထင်ပါတယ်။

၈။ အရက်၊ ဆေးလိပ်သောက်ပြီး အိပ်စက်ခြင်း

မိန်းကလေးတွေကတော့ အရက်၊ ဆေးလိပ် အနံ့ကို ကြိုက်တဲ့သူရှားပါတယ်။ အိပ်ထောင်ကျတဲ့အခါမျိုးမှာ ယောက်ျားတွေအနေနဲ့ ဒီအချက်ကိုရှောင်ကြဉ်သင့်ပါတယ်။ အရက်၊ ဆေးလိပ်သောက်သုံးပြီး ကိုယ့်ရဲ့ ဇနီးမယားနဲ့အတူတူအိပ်တဲ့အခါ သင့်ရဲ့ အရက်နံ့၊ ဆေးလိပ်နံ့ကြောင့် ဒါမှမဟုတ် ဟောက်ခြင်း စတဲ့အချက်တွေကြောင့် တစ်ဖက်သူ အိပ်စက်နိုင်မှာမဟုတ်ပါဘူး။ ထိုကဲ့သို့အပြုအမူမျိုးကို ခဏခဏပြုလုပ်လာတဲ့အခါ သင့်ရဲ့ ဇနီးမယားက သင့်အပေါ်မှာ စိတ်ပျက်လာနိုင်ပြီး သင်နဲ့လည်း အတူတူအိပ်စက်တော့မှာမဟုတ်ပါဘူး။ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပြေလည်စေချင်ရင်တော့ ဒီအချက်ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ လိုက်နာဖို့မေ့လျော့နေတတ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လောကဝတ်စည်းမျဉ်း ၁၀ ချက်

#Lifestyle_Myanmar

#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here