လူအတော်များများဟာ ရေနွေးပူ၊ ဟင်းအိုးအပူ၊ မီးပူ၊စသဖြင့် အပူလောင်မှုအမျိုးမျိုးကို နေ့တိုင်းနီးပါး ကြုံတွေနေကြရပါတယ်။ ပြင်းထန်မှုအဆင့်အမျိုးမျိုးနှင့်အတူ အပူလောင်မှုပုံစံအမျိုးမျိုးရှိပါတယ်။
First degree burns- အရေပြားရဲ့အပြင်အလွှာကိုပဲ လောင်တာပါ။ အဖြစ်အများဆုံးလက္ခဏာတွေကတော့ နာကျင်ခြင်း ၊နီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းတို့ဖြစ်ပါတယ်။
Second degree burns- အပေါ်ဆုံးအလွှာနှင့် နောက်အလွှာအောက်ကို လောင်တာပါ။လက္ခဏာများက နာကျင်ခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုနှင့် မီးလောင်ရာတို့ပါဝင်ပါတယ်။
Third degree burns- အရေပြားရဲ့ နက်ရှိုင်းတဲ့အလွှာအထိ သက်ရောက်ပါတယ်။ သူတို့ကို full thickness burns လို့ခေါ်ပါတယ်။ လက္ခဏာတွေက အရေခွံလန်ပြီး ဖြူဆုတ်သွားတာ ၊မည်းသွားတာ တို့ပါဝင်ပါတယ်။ အဲ့ဒီနေရာက ထုံနေပါလိမ့်မယ်။ ဒီအဆင့်ဆိုရင် ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။ ယနေ့မှာ သာမန်အပူလောင်တာတွေအတွက် မုန့်ဖုတ်ဆိုဒါကို နည်းလမ်းများစွာနဲ့ ဘယ်လိုအသုံးပြုလို့ရသလဲဆိုတာ မျှဝေပေးချင်ပါတယ်။
အကြံပြုချက်များ
လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ အပူလောင်မှုပုံစံမျိုးစုံကို ကြုံတွေရနိုင်ပါတယ်။ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာဆိုရင် ချက်ချင်းဆေးကုသဖို့ လိုအပ်ပါတယ်။ ဒါက အမာရွတ်ကျန်ခဲ့ခြင်း၊ မသန်စွမ်းခြင်း သို့မဟုတ် ပုံပျက်မှုတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာတွေ၊ ခြေထောက်နှင့်လိင်အင်္ဂါတွေပေါ်မှာ လောင်ကျွမ်းပါက ဆိုးဝါးစေနိုင်ပါတယ်။
အိမ်မှာဖြစ်ပွားတဲ့ ထိခိုက်ဒဏ်ရာအမျိုးအစားဆိုရင် အနည်းဆုံး ၅မိနစ်လောက် ဖြစ်တဲ့နေရာပေါ်မှာ ချက်ချင်းရေအေးဖြင့် လောင်းပါ။ ရေအေးဖြည့်ထားတဲ့ စည်ပိုင်း၊ ရေပုံးထဲမှာလည်း စိမ်ပေးထားနိုင်ပါတယ်။
နာကျင်မှုကို မသက်သာစေပဲ ဆန့်ကျင့်ဘက် သက်ရောက်မှု ရရှိနိုင်တာကြောင့် လောင်တဲ့နေရာမှာ ရေခဲကို တိုက်ရိုက်လိမ်းခြင်း ရှောင်ပါ။ အအေးရဲ့အပူချိန်က သင့်အသားအရေကို ပိုပြီးတောင်မှ လောင်ကျွမ်းစေပါလိမ့်မယ်။
လောင်ကျွမ်းတဲ့ ဒဏ်ရာကို သန့်ရှင်းတဲ့အခါ သေချာဂရုစိုက်ရပါမယ်။ အရေကြည်ဖုတွေရှိပါက သွားမဖောက်ပါနဲ့။
နေအရမ်းပူတဲ့နေရာတွေကို ခရီးသွားမယ်ဆိုရင် သင့်အသားအရေကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်စောင့်ရှောက်ဖို့ sunblock သုံးစွဲပေးပါ။
အပူလောင်ခြင်းအတွက် မုန့်ဖုတ်ဆိုဒါ
ပထမအဆင့် အပျောစားလောင်ကျွမ်းမှုအတွက် ပိုက်ဆံအများကြီးကုန်စရာမလိုပဲ သင့်အိမ်မှာရှိပြီးသား ပါဝင်ပစ္စည်းများနှင့် ကုစားနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါဟာ ချက်ပြုတ်ခြင်းနှင့် သဘာဝဆေးဘက်ဆိုင်ရာနှစ်ခုလုံးမှာ နာမည်ကြီးပါတယ်။ ၎င်းဟာ အနာပျောက်စေပြီး သန့်ရှင်းရေး ဂုဏ်သတ္တိတွေ ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ သဘာဝ exfoliant ဖြစ်တာကြောင့် လောင်ကျွမ်းခဲ့ပြီးတဲ့ အရေပြားဆဲလ်သေတွေကိုဖယ်ရှားရာမှာ ကူညီပေးပါတယ်။ သင့်အသားအရေကို သန့်ရှင်းနူးညံစေအောင်လည်း ထိန်းသိမ်းပေးပါတယ်။ ဒီအစွမ်းထက်တဲ့ ရွေးချယ်မှု၏ အားသာချက် ကိုယူဖို့ နည်းလမ်း ၂ခုရှိပါတယ်။
၁။ အပူလောင်နာအတွက် မုန့်ဖုတ်ဆိုဒါ
ပထမဆုံး မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ဇွန်းကို ရေ စားပွဲတင်ဇွန်း ၅ဇွန်းဖြင့် ခပ်ပျစ်ပျစ်ဖျော်ပါ။ အရေပြားကို ထပ်ပြီးပျက်စီးမှုမဖြစ်အောင် ဂရုတစိုက်နဲ့ အပူလောင်တဲ့ နေရာမှာ လိမ်းပေးပါ။ မိနစ်၂၀လောက်နေရင် ရေအေးများများနှင့် ဆေးပေးပါ။
၂။ မုန့်ဖုတ်ဆိုဒါဖြင့် ရေချိုးပေးခြင်း
အပူလောင်ခြင်းအတွက် မုန့်ဖုတ်ဆိုဒါဖြင့် ကုသတဲ့နေရာမှာ ရေချိုးကန်ကို သုံးနိုင်ပါတယ်။ ခန္ဓာကိုယ်နေရာအတော်များများမှာ လောင်ကျွမ်းခဲ့ရင် ရေချိုးကန်ကို အသုံးပြုဖို့အကြံပြုပါတယ်။ ရေချိုးကန်ထဲမှာ ရေအေးဖြည့်ပြီး မုန့်ဖုတ်ဆိုဒါ ၃၇ဂရမ်ထည့်ပါ။ ၁နာရီ သို့ နာရီဝက်လောက်စိမ်ပါ။ ပြီးနောက် ရေအေးများများနှင့် လောင်းပါ။ အရေးကြီးဆုံးအရာက အထက်ဖော်ပြပါအကြံပြုချက်အတိုင်း လိုက်နာရန်ဖြစ်ပါတယ်။ အပူလောင်မှုပြင်းထန်ပါက ဆေးရုံကို တိုက်ရိုက်သွားသင့်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source- steptohealth