အပူအပင်တွေမရှိဘဲ လွတ်လွတ်လပ်လပ်နဲ့ တစ်ကိုယ်တော်ခရီးသွားခြင်းရဲ့ ကောင်းကျိုးများ

0
10

ခရီးသွားရတာကြိုက်ပါသလား။ တစ်နှစ်မှာ ဘယ်နှစ်ခါ ခရီးထွက်ဖြစ်ပါသလဲ။ တစ်ယောက်တည်းရော ခရီးသွားဖြစ်ပါသလား။ စာရေးသူအတွက်တော့ ဒီလိုမေးခွန်းလေးတွေ သူများကမေးလာချိန်မှာ Yes ဖက်ကနေ ပြန်ပြီးမဖြေနိုင်ပါဘူး။ အခုဒီဆောင်းပါးလေးကို ဖတ်နေကြတဲ့ စာဖတ်သူတစ်ချို့လည်း အတူတူဖြစ်နိုင်ပါတယ်။ ခရီးသွားတာလို့ ဆိုလိုက်တာနဲ့ လူအများစုသိကြတာ၊ တွေးထင်ကြတာက အုပ်စုလိုက်ခရီးသွားကြခြင်းပါပဲ။ အထူးသဖြင့် မြန်မာမိန်းကလေးအများစုအတွက်တော့ မိဘမလွှတ်လို့၊ လည်လည်ဝယ်ဝယ်မရှိလို့၊ သူစိမ်းရန်ကိုကြောက်လို့ စတဲ့အကြောင်းအရင်းတွေကြောင့် တစ်ကိုယ်တော်ခရီးသွားဖို့ဆိုတာ သိပ်ပြီးမဖြစ်နိုင်ပါဘူး။

အခုတစ်ခါမှာတော့ တစ်ကိုယ်တော်ခရီးသွားခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြပေးမှာဖြစ်တာကြောင့် အခုကစပြီး သွားဖို့စီစဥ်နေသူတွေရှိတယ်ဆိုရင် အသုံးဝင်စေဖို့မျှော်လင့်ပါတယ်နော်။

၁။ ကိုယ့်အကြောင်း ပိုသိလာခြင်း

တစ်ကိုယ်တော်ခရီးသွားခြင်းဟာ မလွယ်ကူတဲ့ကိစ္စတစ်ရပ်ဆိုပေမယ့်လည်း သွားကြည့်မယ်ဆိုရင် သင့်ရဲ့လုပ်နိုင်စွမ်းအားနဲ့ တတ်နိုင်စွမ်းအားကို သက်သေပြနိုင်မှာဖြစ်ပါတယ်။ မရေတွက်နိုင်တဲ့ အတွေ့အကြုံတွေ၊ ဆုံးဖြတ်ချက်တွေ၊ လှုပ်ရှားမှုတွေကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီးတော့ ထိုအရာတွေရဲ့အဖြေအတွက် ကိုယ့်ကိုယ်ကို အားကိုးရမှာဖြစ်ပါတယ်။

၂။ တခြားသူတွေနဲ့ခရီးသွားတာထက် ချွေတာနိုင်ခြင်း

ကိုယ့်ဘာသာ တစ်ယောက်တည်း ခရီးသွားတာက တခြားသူတွေနဲ့အတူသွားတာထက် အသုံးစရိတ်ကို အများကြီးချွေတာနိုင်မှာဖြစ်ပါတယ်။ တခြားသူတွေနဲ့ ဘာတိုင်ပင်ဆွေးနွေးမှုမှမရှိဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်တာကြောင့် ပိုက်ဆံကိုလည်း ကိုယ့်စိတ်တိုင်းကျ စုဆောင်းနိုင်မှာဖြစ်ပါတယ်။

၃။ သူငယ်ချင်းအသစ်တွေ လွယ်လွယ်တွေ့နိုင်ခြင်း

တစ်ယောက်တည်းခရီးသွားတဲ့အခါ ဒေသခံတွေနဲ့ ထိထိတွေ့တွေ့ ပြောဆိုဆက်ဆံနိုင်မှာဖြစ်သလို ပိုပြီးသက်သောင့်သက်သာနဲ့ သူငယ်ချင်းတွေလည်းဖြစ်နိုင်မှာပါ။ ဒါ့အပြင် ဒေသခံအများစုက တစ်ယောက်တည်းခရီးသွားသူတွေနဲ့ဆိုရင် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုတတ်ကြပါတယ်။ အကြောင်းရင်းကတော့ ကိုယ့်အခက်အခဲတွေ၊ တွေ့ကြုံရတာတွေကို စပ်စုကြချင်လို့ဖြစ်ပါတယ်။

၄။ ဘယ်သွားမလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်နိုင်ခြင်း

ကိုယ်ဘာလုပ်ချင်လဲ၊ ဘယ်အချိန်မှာ ဘယ်သွားမလဲ စသဖြင့် ဘယ်သူနဲ့မှ အတိုက်အခံလုပ်၊ ညှိနှိုင်းနေစရာမလိုတော့ဘဲ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာဖြစ်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုတိုးစေခြင်း

ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နေရာသစ်ကိုသွားကြည့်ခြင်းဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့်လည်း ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသစ်တွေ၊ ဗဟုသုတတွေကို သင်ယူနိုင်မှာဖြစ်တာကြောင့် ပိုပြီးတွေးခေါ်တတ်၊ ရိုကျိုးတတ်လာမှာဖြစ်သလို အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာခြင်းပါပဲ။

Lifestyle_Myanmar

Thinzar

Source-villageofmayville

Zawgyi

အပူအပင္ေတြမရွိဘဲ လြတ္လြတ္လပ္လပ္နဲ႔ တစ္ကိုယ္ေတာ္ခရီးသြားျခင္းရဲ႕ ေကာင္းက်ိဳးမ်ား

ခရီးသြားရတာႀကိဳက္ပါသလား။ တစ္ႏွစ္မွာ ဘယ္ႏွစ္ခါ ခရီးထြက္ျဖစ္ပါသလဲ။ တစ္ေယာက္တည္းေရာ ခရီးသြားျဖစ္ပါသလား။ စာေရးသူအတြက္ေတာ့ ဒီလိုေမးခြန္းေလးေတြ သူမ်ားကေမးလာခ်ိန္မွာ Yes ဖက္ကေန ျပန္ၿပီးမေျဖႏိုင္ပါဘူး။ အခုဒီေဆာင္းပါးေလးကို ဖတ္ေနၾကတဲ့ စာဖတ္သူတစ္ခ်ိဳ႕လည္း အတူတူျဖစ္ႏိုင္ပါတယ္။ ခရီးသြားတာလို႔ ဆိုလိုက္တာနဲ႔ လူအမ်ားစုသိၾကတာ၊ ေတြးထင္ၾကတာက အုပ္စုလိုက္ခရီးသြားၾကျခင္းပါပဲ။ အထူးသျဖင့္ ျမန္မာမိန္းကေလးအမ်ားစုအတြက္ေတာ့ မိဘမလႊတ္လို႔၊ လည္လည္ဝယ္ဝယ္မရွိလို႔၊ သူစိမ္းရန္ကိုေၾကာက္လို႔ စတဲ့အေၾကာင္းအရင္းေတြေၾကာင့္ တစ္ကိုယ္ေတာ္ခရီးသြားဖို႔ဆိုတာ သိပ္ၿပီးမျဖစ္ႏိုင္ပါဘူး။

အခုတစ္ခါမွာေတာ့ တစ္ကိုယ္ေတာ္ခရီးသြားျခင္းရဲ႕ အက်ိဳးေက်းဇူးေလးေတြကို ေျပာျပေပးမွာျဖစ္တာေၾကာင့္ အခုကစၿပီး သြားဖို႔စီစဥ္ေနသူေတြရွိတယ္ဆိုရင္ အသုံးဝင္ေစဖို႔ေမွ်ာ္လင့္ပါတယ္ေနာ္။

၁။ ကိုယ့္အေၾကာင္း ပိုသိလာျခင္း

တစ္ကိုယ္ေတာ္ခရီးသြားျခင္းဟာ မလြယ္ကူတဲ့ကိစၥတစ္ရပ္ဆိုေပမယ့္လည္း သြားၾကည့္မယ္ဆိုရင္ သင့္ရဲ႕လုပ္ႏိုင္စြမ္းအားနဲ႔ တတ္ႏိုင္စြမ္းအားကို သက္ေသျပႏိုင္မွာျဖစ္ပါတယ္။ မေရတြက္ႏိုင္တဲ့ အေတြ႕အႀကဳံေတြ၊ ဆုံးျဖတ္ခ်က္ေတြ၊ လႈပ္ရွားမႈေတြကို ရင္ဆိုင္ႀကဳံေတြ႕ရမွာျဖစ္ၿပီးေတာ့ ထိုအရာေတြရဲ႕အေျဖအတြက္ ကိုယ့္ကိုယ္ကို အားကိုးရမွာျဖစ္ပါတယ္။

၂။ တျခားသူေတြနဲ႔ခရီးသြားတာထက္ ေခြၽတာႏိုင္ျခင္း

ကိုယ့္ဘာသာ တစ္ေယာက္တည္း ခရီးသြားတာက တျခားသူေတြနဲ႔အတူသြားတာထက္ အသုံးစရိတ္ကို အမ်ားႀကီးေခြၽတာႏိုင္မွာျဖစ္ပါတယ္။ တျခားသူေတြနဲ႔ ဘာတိုင္ပင္ေဆြးေႏြးမႈမွမရွိဘဲ ကိုယ့္ဘာသာ ဆုံးျဖတ္ခ်က္ခ်ႏိုင္မွာျဖစ္တာေၾကာင့္ ပိုက္ဆံကိုလည္း ကိုယ့္စိတ္တိုင္းက် စုေဆာင္းႏိုင္မွာျဖစ္ပါတယ္။

၃။ သူငယ္ခ်င္းအသစ္ေတြ လြယ္လြယ္ေတြ႕ႏိုင္ျခင္း

တစ္ေယာက္တည္းခရီးသြားတဲ့အခါ ေဒသခံေတြနဲ႔ ထိထိေတြ႕ေတြ႕ ေျပာဆိုဆက္ဆံႏိုင္မွာျဖစ္သလို ပိုၿပီးသက္ေသာင့္သက္သာနဲ႔ သူငယ္ခ်င္းေတြလည္းျဖစ္ႏိုင္မွာပါ။ ဒါ့အျပင္ ေဒသခံအမ်ားစုက တစ္ေယာက္တည္းခရီးသြားသူေတြနဲ႔ဆိုရင္ ပိုၿပီးေတာ့ ပြင့္ပြင့္လင္းလင္း စကားေျပာဆိုတတ္ၾကပါတယ္။ အေၾကာင္းရင္းကေတာ့ ကိုယ့္အခက္အခဲေတြ၊ ေတြ႕ႀကဳံရတာေတြကို စပ္စုၾကခ်င္လို႔ျဖစ္ပါတယ္။

၄။ ဘယ္သြားမလဲဆိုတာ ကိုယ့္ဘာသာဆုံးျဖတ္ႏိုင္ျခင္း

ကိုယ္ဘာလုပ္ခ်င္လဲ၊ ဘယ္အခ်ိန္မွာ ဘယ္သြားမလဲ စသျဖင့္ ဘယ္သူနဲ႔မွ အတိုက္အခံလုပ္၊ ညႇိႏႈိင္းေနစရာမလိုေတာ့ဘဲ စိတ္တိုင္းက် လြတ္လြတ္လပ္လပ္ သြားလာႏိုင္မွာျဖစ္ပါတယ္။

၅။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ပိုတိုးေစျခင္း

ဘယ္သူမွမပါဘဲ တစ္ေယာက္တည္း ေနရာသစ္ကိုသြားၾကည့္ျခင္းဟာ စိန္ေခၚမႈတစ္ခုျဖစ္ေပမယ့္လည္း ကိုယ့္အတြက္ အဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံသစ္ေတြ၊ ဗဟုသုတေတြကို သင္ယူႏိုင္မွာျဖစ္တာေၾကာင့္ ပိုၿပီးေတြးေခၚတတ္၊ ႐ိုက်ိဳးတတ္လာမွာျဖစ္သလို အေကာင္းဆုံးကေတာ့ ကိုယ့္ကိုယ္ကိုယုံၾကည္မႈတိုးလာျခင္းပါပဲ။

Lifestyle_Myanmar

Thinzar

Source-villageofmayville

LEAVE A REPLY

Please enter your comment!
Please enter your name here