အပုနဲ့ အရှည် ချစ်သူတွေဖြစ်ရင် အခြားအတွဲတွေထက် ပိုပြီး ချစ်နိုင်တဲ့အကြောင်းအရင်း
0
720
ချစ်နိုင်တဲ့အကြောင်းအရင်း
ချစ်နိုင်တဲ့အကြောင်းအရင်း
အခြားလေ့လာမှုတစ်ခုကို ထပ်ပြုလုပ်ကြည့်တဲ့အခါမှာတော့ အမျိုးသမီးပေါင်း ၆၀၁ ယောက်ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ အရပ်ရှည်ရှည်ယောက်ျားလေးတွေကို ဘာကြောင့်ကြိုက်လဲဆိုတဲ့ ထင်မြင်ချက်အချို့ကို ဖော်ပြပေးထားပါတယ်။
၂။ အရပ်ရှည်တဲ့ ယောက်ျားလေးတွေကို တွဲတဲ့အခါ သူတို့ ကြိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ရတာကြောင့် အရပ်ရှည်တဲ့ ယောက်ျားလေးတွေကို ပိုပြီး သဘောကျပါတယ်။
#Lifestyle_Myanmar
#Thar_Nage
လက်တွဲဖော်ကို နေ့စဉ်နမ်းခြင်းဟာ တကယ်ပဲသင့်ကိုအသက်ရှည်စေသလား
Unicode
သုတေသနပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ အရပ်ရှည်တဲ့ ကောင်လေးနဲ့ အရပ်ပုတဲ့ ကောင်မလေးတွေ အတွဲဖြစ်သွားရင် သာမန်အတွဲတွေထက် ပိုပြီး ပျော်ရွှင်မှုရှိတယ်လို့ ဆိုပါတယ်။
သုတေသနပညာရှင် Kita Sohn ရဲ့ အဆိုအရ အရပ်ပုတဲ့ ကောင်မလေးနဲ့ အရပ်ရှည်တဲ့ ကောင်လေး လက်ထပ်ထိမ်းမြားတဲ့အခါ သာမန်စုံတွဲတွေထက်ပိုပြီး ပျော်ရွှင်မှုရှိတယ်လို့ ဆိုပါတယ်။ Kita Sohn ဟာ အရပ်ရှည်တဲ့ အမျိုးသားတွေကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ရ၈၅၀ ယောက်လောက်ကို လေ့လာစမ်းစစ်မှုတွေပြုလုပ်ခဲ့ပြီးမှာတော့ အရပ်ရှည်တဲ့ အမျိုးသားတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ သာမန်ထက်ပိုပြီး ပျော်ရွှင်မှုရှိတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Kita Sohn ရဲ့ အဆိုအရ အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ ပင်ကိုစရိုက်ဟာ အရပ်ရှည်တဲ့ ယောကျ်ားလေးတွေအတွက် စွဲဆောင်မှုပိုရှိနေလို့ပဲဖြစ်ပါတယ်။ များသောအားဖြင့် အရပ်ရှည်တဲ့ ယောက်ျားလေးတွေက အရပ်ပုပုလေးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေကို ပိုပြီး စိတ်ဝင်စားမှုရှိတာကြောင့်ပဲဖြစ်ပါတယ်။
အခြားလေ့လာမှုတစ်ခုကို ထပ်ပြုလုပ်ကြည့်တဲ့အခါမှာတော့ အမျိုးသမီးပေါင်း ၆၀၁ ယောက်ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ အရပ်ရှည်ရှည်ယောကျ်ားလေးတွေကို ဘာကြောင့်ကြိုက်လဲဆိုတဲ့ ထင်မြင်ချက်အချို့ကို ဖော်ပြပေးထားပါတယ်။
၁။ သူတို့နဲ့ စကားပြောတဲ့အခါ / တစ်ယောက်နဲ့တစ်ယောက်ကြည့်တဲ့အခါ အရပ်ရှည်တဲ့ ယောက်ျားလေးတွေဟာ အရပ်ရှည်တဲ့အတွက် မျက်လွှာအောက်ချပြီး ပြောဆိုတာ/ ကြည့်တာကို ပိုကြိုက်ကြပါတယ်။
၂။ အရပ်ရှည်တဲ့ ယောကျ်ားလေးတွေကို တွဲတဲ့အခါ သူတို့ ကြိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ရတာကြောင့် အရပ်ရှည်တဲ့ ယောက်ျားလေးတွေကို ပိုပြီး သဘောကျပါတယ်။
၃။ ပွေ့ဖက်တဲ့အခါ အများနဲ့ မတူတဲ့ ပွေ့ဖက်မှုမျိုးနဲ့ ro ရတာကို ကြိုက်နှစ်သက်ပါတယ်။ ဥပမာ – အရပ်ပုတဲ့ ကောင်မလေးက မမှီတမှီနဲ့ အရပ်ရှည်တဲ့ ယောက်ျားလေးရဲ့ရင်ခွင်ထဲကိုဝင် လည်ပင်းကို ခုန်ပြီး ပွေ့ဖက်နမ်းရတာမျိုး၊ ခြေဖျားလေးထောက်ပြီးနမ်းရတာမျိုးကို မိန်းကလေးအများစုက ပိုကြိုက်ကြပါတယ်။
၄။ အရပ်ရှည်တဲ့ ယောက်ျားလေးကို တွဲရတာ နူးညံ့သိမ်မွေ့မှုရှိတယ်လို့ ခံစားရပြီး ပိုပြီး မိမိအပေါ် လုံခြုံမှုပေးနိုင်တယ်လို့ မိန်းကလေးအများစုက ယုံကြည်ကြလို့ပဲဖြစ်ပါတယ်။
၅။ နောက်ထပ်တစ်ချက်ဟာ အရပ်ရှည်တဲ့ ကောင်လေးတွေက ဘယ်လိုအဝတ်အစားဝတ်ဝတ် စမတ်ကျတဲ့အတွက် ဒီအချက်ကိုလည်း အမျိုးသမီးအများစုက သဘောကျကြပါတယ်။
၆။ သုသေသနပညာရှင်တွေရဲ့ စစ်ဆေးချက်အရ များသောအားဖြင့် အရပ် ၅’ ၅” ရှိတဲ့သူထက် အရပ် ၆’ ရှိတဲ့သူတွေဟာ ဝင်ငွေ ၂% ကနေ ၂.၅% ထိ ပိုများကြောင်းလေ့လာတွေ့ရှိပါတယ်။
၇။ အရပ်ရှည်တဲ့ ယောကျ်ားလေးတွေဟာ လူမှုရေးအဆင့်အတန်းမြင့်မားတယ်လို့ ဆိုပါတယ်။ အရပ်ရှည်တဲ့ အမျိုးသားအများစုဟာ လူမှုရေးလှုပ်ရှားမှုမှာ ပိုမိုတက်ကြွစွာပါဝင်တတ်ပြီး သူတို့ရဲ့မြင့်မားတဲ့ ရည်မှန်းချက်အောင်မြင်ဖို့လူမှုရေးက အရေးပါတဲ့အတွက် အလိုက်အထိုက်နေတတ်ကြပါတယ်။
ဒီအချက်တွေဟာ အရပ်ရှည်တဲ့ ကောင်လေးနဲ့ အရပ်ပုတဲ့ကောင်မလေးအတွက် ပိုပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here