အပင်တွေအတွက် သစ်ကြံပိုးရဲ့အကျိုးကျေးဇူး ၅ခု

0
19

သစ်ကြံပိုးဟာ ရှေးအကျဆုံး ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။ လူသားတွေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် သဘာဝဆေးအဖြစ်လည်း နှစ်ထောင်ပေါင်းများစွာထဲက အသုံးပြုခဲ့ကြပါတယ်။ သစ်ကြံပိုးကို စွယ်စုံအသုံးပြုလို့ရပါတယ်။ အပင်လေးတွေ ကျန်းမာနေစေဖို့ အန္တရာယ်ရှိဓါတုပစ္စည်းတွေ သုံးစရာမလိုပဲ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးအစားထိုးအဖြစ် သစ်ကြံပိုးကို သုံးစွဲလို့ရပါတယ်။ 100% Eco-friendly ဖြစ်ပြီး အန္တရာယ်ကင်းပါတယ်။ ဒါ့ကြောင့် ဥယျာဉ်ထဲက အပင်လေးတွေကို ကျန်းမာစွာ စောင့်ရှောက်ဖို့အတွက် သစ်ကြံပိုးကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပိုးမွှားတွေကို ထိန်းချုပ်ပေးပါတယ်
ဈေးကြီးတဲ့ အဆိပ်သင့်ဓါတုပိုးသတ်ဆေးတွေကို ဝယ်ယူမယ့်အစား သစ်ကြံပိုးမှုန့်နည်းနည်းကို အသုံးပြုပါ။ ၎င်းရဲ့စူးရှတဲ့အနံ့နဲ့ ဂုဏ်သတ္တိများက သင့်နားက ခြင်တွေကို ဖယ်ရှားပေးပြီး အပင်လေးတွေပေါ်မှာ စားသောက်တတ်တဲ့ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ်။
ဘယ်လိုသုံးမလဲ?
သစ်ကြံပိုးမှုန့် လိုသလောက်ပမာဏကို ယူပြီး အပင်တစ်ဝိုက် ဒါမှမဟုတ် ပိုးကောင်တွေ စုစည်းတတ်တဲ့နေရာမှာ ဖြူးပေးပါ။ ၂ပတ် ဒါမှမဟုတ် ၃ပတ်တိုင်းပြုလုပ်ပေးပါ။

၂။ anti-fungal ဂုဏ်သတ္တိရှိပါတယ်
ဥယျာဉ်ထဲက အပင်လေးတွေ ကျန်းမာနေစေဖို့ မှိုတားဆီးပေးတဲ့ product တစ်ခုမရှိမဖြစ် လိုအပ်ပါတယ်။ သစ်ကြံပိုးမှာ မှိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ၊ ပိုးသတ်ဆေးဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ဒီသေးငယ်တဲ့ ဇီဝသက်ရှိတွေကို ဆန့်ကျင်ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်လိုသုံးမလဲ?
မှိုလက္ခဏာ သိသိသာသာ ပြနေတဲ့အပင်တွေပေါ်မှာ သစ်ကြံပိုးမှုန့်အနည်းငယ်ကို ဖြန်းပါ။ ထပ်ခါထပ်ခါလုပ်ပေးမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

၃။ ဟင်းသီးဟင်းရွက်များကို ကာကွယ်ပေးပါတယ်
ဟင်းသီးဟင်းရွက်တွေ ပိုးကိုက်မှာကို ဘယ်သူမှမလိုချင်ကြပါဘူး။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်တွေ ပိုးမွှားကင်းစင်စေဖို့ သစ်ကြံပိုးကို ဓါတ်မြေသြဇာတစ်ခုအဖြစ် သုံးနိုင်ပါတယ်။
ဘယ်လိုသုံးမလဲ?
အပင်ရဲ့အောက်ခြေပတ်ပတ်လည် မြေကြီးပေါ်မှာ သစ်ကြံပိုးမှုန့်အနည်းငယ်ကို ဖြူးပါ။ တစ်ပတ်ကို တစ်ကြိမ်သုံးပါ။

၄။ ဖြတ်ထားတဲ့ အပင်တွေကို ထိန်းသိမ်းဖို့အတွက်
တချို့အပင်တွေကို ကိုင်းကူးစိုက်တဲ့အခါ အမြစ်မထွက်လာတာ၊ မအောင်မြင်တာ ရှိပါတယ်။ အပင်မစိုက်ခင်မှာ ဖြတ်ထားတဲ့ ပင်စည်ကို သစ်ကြံပိုးသုတ်ပေးပါ။ နောက်ထပ်တစ်ခုက သစ်ကြံပိုးနဲ့ အက်စပရင်ကို ပေါင်းစပ်သုံးလို့ရတာပဲဖြစ်ပါတယ်။ သစ်ကြံပိုးမှုန့် စားပွဲတင်ဇွန်း (၁)ဇွန်း၊ ရေ၂ခွက်(၅၀၀မီလီ)၊ အက်စပရင်ပြား၂ပြား လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲထည့်ပြီး ကောင်းစွာရောနှောသွားတဲ့အထိ မွှေပေးပါ။ ၁၂နာရီလောက်ထားပြီးမှ ဖြတ်ထားတဲ့ အပင်ကို ၂နာရီလောက် စိမ်ထားပေးပါ။ ပြီးမှ ပုံမှန်အတိုင်း စိုက်ပျိုးပါ။

၅။ Indoor အပင်တွေ
သစ်ကြံပိုးကို အိမ်တွင်းမှာစိုက်ထားတဲ့ အပင်တွေ ကျန်းမာနေစေဖို့ ရွေးချယ်စရာတစ်ခုအဖြစ် သုံးနိုင်ပါတယ်။ ၎င်းရဲ့ဂုဏ်သတ္တိများနှင့် အာဟာရဓါတ်များက အပင်တွေကို ညိုးနွမ်းခြင်းမှ တားဆီးနိုင်ပါတယ်။ အပင်စိုက်ထားတဲ့ အိုးထဲမှာ သစ်ကြံပိုးမှုန့်ပမာဏအနည်းငယ်ကို တိုက်ရိုက်ဖြူးထားနိုင်ပါတယ်။ ၂ပတ် သုံးပတ်လောက်လုပ်ပေးရင် အပင်လေးတွေ ကျန်းမာပြီး စိန်းလန်းနေမှာပါ။

#LM_Nandar

#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here