အနံ့မွှေးမွှေးနဲ့ စားလို့အလွန်ကောင်းတဲ့ ပိန္နဲသီးရဲ့အစေ့က ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ

0
41

ပိန္န္န္နဲသီးကိုစားလို့ရသလို ပိန္န္န္နဲစေ့ကိုလည်းစားလို့ရတယ်ဆိုတာ စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။ ဘာမှမလိုဘူး ပိန္န္န္နဲစေ့ကို ရေနဲ့နူးနေအောင်ပြုပ်ပြီးစားရင်တောင် အရမ်းအရသာရှိပါတယ်။ ပိန္န္န္နဲစေ့မှာ ပရိုတင်းဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် A, C, B အမျှင်ဓါတ်တွ ကာဘွန်ဟိုက်ဒရိတ်ဓါတ်တွေပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး ကယ်လ်ဆီယမ်နဲ့ သွပ်ဓါတ်လည်းပါဝင်လို့ အရိုးကို သန်မာစေပါတယ်။ အခုလို အကျိုးကျေးဇူးမြောက်မြားစွာရှိတဲ့ ပိန္နဲစေ့ကို စားပေးခြင်းရဲ့ ကောင်းကျိုးတွေကတော့-

-Advertisement-

သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း

ပိန္နဲစေ့တွေဟာ သံဓာတ်ကြွယ်ဝတာကြောင့် သင့်တင့်လျှောက်ပတ်အောင် စားသုံးပေးပါက သွေးအားနည်းရောဂါကို ကုသနိုင်ပြီး သွေးနီဆဲလ်တွေထုတ်လုပ်မှုကို တိုးအားဖြစ်စေလို့ ကိုယ်ခံအားတွေကို တိုးတက်စေပါတယ်။

အစာချစနစ်ကောင်းမွန်စေခြင်း

ပိန္န္န္နဲစေ့ဟာ အစာမကြေတာကို သက်သာပျောက်ကင်းစေမှာဖြစ်သလို အမျှင်ဓါတ်တွေပါဝင်လို့လည်း ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

အမြင်အာရုံအားကောင်းစေခြင်း

ပိန္န္န္နဲစေ့ဟာ အမြင်အာရုံအတွက် အထူးကောင်းမွန်တဲ့ ဗီတာမင် A ပါဝင်လို့လည်း မျက်စိအမြင်အာရုံကို ကြည်လင်စေပါတယ်။ ထိုမျှသာမက မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

သွေးထုံးခြင်းဖြစ်နိုင်ခြေကို လျှော့ချနိုင်ခြင်း

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သုတေသနတွေ အများကြီးလုပ်ရဦးမှာဆိုပေမယ့်လည်း တချို့တွေ့ရှိချက်များအရတော့ ပိန္နဲစေ့မှာပါဝင်တဲ့ မဂ္ဂနိစ်က သွေးကြောထုံးခြင်းကို ပုံမှန်ဖြစ်စေပါတယ်။

ကြွက်သားတည်ဆောက်ရာမှာ ကူညီပေးခြင်း

ပိန္နဲစေ့ရဲ့ ပရိုတင်းတွေက ကြွက်သားတည်ဆောက်ခြင်းအတွက် အကူအညီဖြစ်စေပါတယ်။ ဒါကြောင့် အချိန်ရရင်ရသလို ပိန္နဲစေ့လေးတွေ ပြုတ်စားပေးခြင်းဖြင့် ပရိုတင်းဓာတ်ကို ဖြည့်တင်းနိုင်ပါတယ်။

အရေးအကြောင်းတွေ သက်သာစေခြင်း

ပိန္နဲသီးမှာပါဝင်တဲ့ Antioxidants တွေက အရွယ်မတိုင်ခင် အရေးအကြောင်းတွေကို ဖြစ်စေနိုင်တဲ့ Free Radicals တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ပိန္နဲစေ့ကို ညက်ညက်ကြေအောင်ကျိတ်ပြီးတော့ နွားနို့အေးအေးနဲ့ရောကာ အနှစ်ရအောင်မွှေပေးပါ။ ရလာတဲ့အနှစ်ကို တစ်ရက်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မျက်နှာပေါ်မှာ မှန်မှန်လိမ်းပေးမယ်ဆိုရင်တော့ ရလဒ်ကောင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- stylecraze

LEAVE A REPLY

Please enter your comment!
Please enter your name here