အနားမှာ သူစိမ်းတွေရှိတဲ့အခါ အရှက်အကြောက်ကြီးတတ်ကြတဲ့ အိုင်ဒေါ (၉)ယောက်

0
84

အများက အိုင်ဒေါတွေကို (extrovert) လွတ်လပ်ပွင့်လင်းသူတွေ ဖြစ်ဖို့ မျှော်လင့်ထားကြပါတယ်။ အထူးသဖြင့် သူတို့အလုပ်က အများပြည်သူကို ဖျော်ဖြေရတဲ့အလုပ်ဖြစ်တာကြောင့်ဖြစ်ပါတယ်။ အိုင်ဒေါအများစုက ပေါင်းသင်းဆက်ဆံရေးကောင်းကြပေမယ့် တချို့အိုင်ဒေါတွေကတော့ introvert လေးတွေဖြစ်ပြီး ကင်မရာရှေ့မှာ၊ စင်မြင့်ပေါ်မှာဆို နေတတ်ကြပေမယ့် လူကြားထဲရောက်ပြီဆို၊ တစိမ်းတွေနဲ့ တွေ့ပြီဆို အရမ်းရှက်တတ်ကြပါတယ်။ ကျော်ကြားသူတွေ ဖြစ်ပေမယ့်လည်း သူစိမ်းတွေရှိတဲ့အခါ ကသိကအောက်ဖြစ်တတ်ကြတဲ့ ကိုရီးယား အိုင်ဒေါလေးတွေ ရှိတာကြောင့် ဘယ်သူတွေလည်းဆိုတာ ကြည့်လိုက်ပါဦးနော်။

-Advertisement-

၁။ Red Velvet အဖွဲ့ဝင် Irene

Irene ဟာ သူစိမ်းတွေ နားမှာနေတဲ့အခါ ရှက်တတ်သူလို့ အများကသိကြပါတယ်၊ ဂီတဘဏ်တစ်ခုအတွက် MCတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တုန်းကဆိုရင် သူမဟာ တွဲဖက် MC ဖြစ်တဲ့ Park Bogumနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ပါဘူး။ သူတို့နှစ်ယောက်ဟာ ရင်းနှီးမှုရဖို့ အချိန်ကြာကြာ ယူခဲ့ရပါတယ်။ ဒီအိုင်ဒေါနဲ့ ဖုန်းနံပါတ်တောင် ဖလှယ်ဖို့ ခက်ခဲမယ်လို့ လူအများစုက ပြောကြပါတယ်။

၂။ EXO အဖွဲ့ဝင် D.O

ရင်းနှီးတဲ့လူတွေနားမှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက်စနောက်ပြီး တရင်းတနှီးနေတတ်ပေမယ့် သူစိမ်းတွေအလယ်မှာဆိုရင် ရုပ်တည်လေးနဲ့ နေတတ်ပြီး အသံပါပြောင်းသွားတာကြောင့် D.O ဟာ introvert တစ်ယောက်လို့ဆိုရမှာပါ။ Pure Love ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးတုန်းက သူဟာ ခေါင်းဆောင် မင်းသမီး Kim So Hyunနဲ့ ခင်မင်သိကျွမ်းခဲ့ပါတယ်၊ ဒါကလည်း သူ့အတွက် လွယ်ကူတဲ့အလုပ် မဟုတ်ခဲ့ပါဘူး။ ဒါရိုက်တာက မင်းသမီးနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံဖို့ D.O ကိုပြောယူရတဲ့အထိပါပဲ။

၃။ Girls’ Generation အဖွဲ့ဝင် Taeyeon

Taeyeon ဟာ အသံလွှင့်တဲ့နေရာမှာ၊ variety showsတွေမှာ တတ်တတ်ကြွကြွနဲ့ နေသော်လည်း သူမဟာ တစ်ယောက်တည်း အွန်လိုင်းဂိမ်းဆော့ရတာ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လက်သည်းပုံဖော်နေရတာကို ချစ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်၊ သူမဟာ ရင်းနှီးတဲ့သူတွေဆိုရင် တွယ်ဖက်ထားတတ်သူဖြစ်ပြီး မရင်းနှီးတဲ့သူဆိုရင် ဝေးဝေးမှာနေတဲ့သူ ဖြစ်ပါတယ်။

၄။ B1A4 အဖွဲ့ဝင် Jinyoung

Jinyoung ဟာပင်ကိုစရိုက်ကိုက အနေအေးသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အချိန်ယူရပေမယ့် လူတိုင်းက သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေကို ကြွေကြပါတယ်။

၅။ EXID အဖွဲ့ဝင် Hani

Hani လေးဟာ variety shows တွေမှာ တတ်ကြွလှုပ်ရှားပုံရသော်လည်း သူမရဲ့ အရှက်အကြောက်ကြီးတဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် အနုပညာရှင်မိတ်ဆွေတွေ အများကြီး မရှိခဲ့ပါဘူး၊

၆။ BTS အဖွဲ့ဝင် Jungkook

Jungkook ဟာအဖွဲ့ဝင်တွေနဲ့ အဆင်ပြေပြီး ထက်ထက်မြတ်မြတ်ရှိပေမယ့် BTS မန်ဘာဖြစ်လာဖို့ သူရဲ့ ရှက်တတ်တာရယ် ကို့ရို့ကားယားနိုင်တာရယ်ကို ကျော်လွှားဖို့ အချိန်ကြာကြာယူခဲ့ရပါတယ်။

၇။ Apink အဖွဲ့ဝင် Naeun

Apink အဖွဲ့ဝင် Naeun ဟာသူမရဲ့ ပွဲဦးထွက်ရက်တွေမှာ ပရိတ်သတ်ဝန်ဆောင်မှုတွေ လုပ်ရတုန်းက အဆင်မပြေသလို ခံစားရတာကြောင့် introvert တစ်ယောက်ဖြစ်ပါတယ်။ သူမဒါကိုကျော်လွှားဖို့ အရမ်းခက်ခက်ခဲခဲလုပ်ခဲ့ရပြီး ယခုတော့ ပရိတ်သတ်တွေနဲ့ အကျွမ်းတစ်ဝင်ဖြစ်လာပြီး ပရိတ်သတ်ဝန်ဆောင်မှုရဲ့ ဘုရင်မကြီးလို့တောင် ခေါ်ကြပါတယ်။

၈။ Highlightအဖွဲ့ဝင် Doojoon

variety shows တွေမှာ တတ်တတ်ကြွကြွနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းသော်လည်း ဒီအိုင်ဒေါဟာ တကယ်တော့ တည်ငြိမ်သူကြီးဖြစ်ပြီး လူကြားထဲမှာ ဘာသိဘာသာနေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တစိမ်းတွေနဲ့ တွေ့ရင် ရှိုးတိုးရှန့်တန့် ဖြစ်တတ်သူဖြစ်တာကြောင့် သူမှာ အနုပညာမိတ်ဆွေ အများကြီးမရှိပါဘူး။

၉။ INFINITE အဖွဲ့ဝင် Sunggyu

Sunggyu ဟာ introvert တစ်ယောက်ဖြစ်ကြောင်း ၊ သူ့ကိုယ်သူဖော်ပြဖို့ ခက်ခဲတယ် ဆိုတာဝန်ခံခဲ့ပါတယ်။ သူဟာ တခြားသူတွေနဲ့နေရတာထက် တစ်ယောက်ထဲနေရတဲ့အချိန်ကို ပိုနှစ်သက်ကြောင်း ဖော်ပြခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-koreaboo

LEAVE A REPLY

Please enter your comment!
Please enter your name here