အသက်မွေးဝမ်းကြောင်းအလုပ်ရွေးချယ်ကြတဲ့အခါ လူအများစုအတွက် တစ်ဘဝစာရည်ရွယ်ကြတာဖြစ်တာကြောင့် စနစ်တကျရွေးချယ်သင့်ပါတယ်။ လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်ပြီးတဲ့အခါမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ထွက်ခွာဖို့က အဆင်မပြေပါဘူး။ ဒါ့အပြင် လူတစ်ယောက်ဟာ ကျွမ်းကျင်မှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ရှိထားသင့်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်မဝင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေလုပ်ရပါမယ်။ Career Coach တစ်ယောက်ဖြစ်တဲ့ Nancy Collamer က ကိုယ့်ကိုယ်ကိုယ်ဒီမေးခွန်း (၄) ခုကို မေးကြည့်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
၁။ သင့်ကို အကောင်းဆုံးဖော်ပြပေးနိုင်မယ့် စကားလုံး (၅) လုံးက ဘာတွေဖြစ်မလဲ

ဒီအချက်လေးက ပျော်စရာလေ့ကျင့်ခန်းတစ်ခုလို့ ထင်ရပေမယ့် တကယ် ကိုယ့်အတွက် အနှစ်ချုပ်စာလုံး( ၅) လုံးကို ဖော်ပြဖို့က ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုပြုလုပ်ခြင်းက ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရှာဖွေဖို့ အခြေခံလိုအပ်ချက်တွေကို နားလည်ဖို့ ကူညီနိုင်ပါတယ်။
၂။ သင်ဟာ ဘယ်အရာကို လုပ်နေရင် ထမင်းမေ့ဟင်းမေ့လုပ်လေ့ရှိသလဲ

သင့်မှာ တစ်ခါတလေ ငွေကြေးကြောင့်မဟုတ်ဘဲ (သို့) တစ်ခြားဆုပေးဒဏ်ပေးဘယ်အရာကြောင့်မှ မဟုတ်ဘဲ တစ်ခုခုကို မရပ်မနားလုပ်နေဖူးတာမျိုး ရှိပါသလား? တစ်ခါတရံမှာ ကိုယ့်ရဲ့ မသိစိတ်က အလိုလိုလုပ်မိတဲ့အရာတွေက ကိုယ်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကို ပြောင်းလဲသွားနိုင်ပါတယ်။
၃။ မအောင်မြင်နိုင်ဘူးဆိုရင်ရော ဘာဆက်လုပ်မှာလဲ

လူအများစုဟာ ရှုံးနိမ့်မှာစိုးရိမ်တာကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်အတွက် စွန့်စားမှုတွေ မလုပ်ရဲကြတာမျိုးပါ။ အကယ်၍ ရှုံးနိမ့်မယ်ဆိုရင်ရော သင်အခုအလုပ်ကို ဆက်လုပ်မှာပဲလားဆိုတဲ့မေးခွန်းဟာ တကယ့်ကို မေးသင့်တဲ့ မေးခွန်းမျိုးပါ။
၄။ ရှေ့ဆက် ဘာဆက်လုပ်ရမှာလဲ
အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုပြောင်းလဲခြင်းက ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအလုပ်ကနေ မသေချာမရေရာဘဲ ချက်ချင်း အသက်မွေးဝမ်းကျောင်းပြောင်းလိုက်တာထက် သေးငယ်တဲ့အရာတစ်ခုခုကို အာရုံစိုက်ပြီး စလုပ်ကြည့်ပါ။

၅။ နောက် ငါးနှစ်နေရင် ဘာတွေပြောင်းလဲပစ်နိုင်မလဲ
လူတွေက မျှော်လင့်ချက်နဲ့ပဲ အသက်ရှင်နေတာမို့ တစ်ခုခုရည်ရွယ်ချက် (ရေတို/ရေရှည်) ထားတာက ကိုယ့်အတွက် ဘယ်လိုဆိုးကျိုးမှ မရှိပါဘူး။ ဒီအရာကပဲ သင့်ကို ဘဝရဲ့ အဓိပ္ပာယ်ရှိသော အလုပ်တွေအကြောင်း နားလည်ဖို့ ကူညီ့ပေးပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
Ref- introvertdear